backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကျောက်ဖရုံညွန့် ကျန်းမာစေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျောက်ဖရုံညွန့် ကျန်းမာစေသလား

ကျောက်ဖရုံသီးကိုတော့ လူတိုင်းလိုလို သိထားပြီးဖြစ်သလို ဟင်းခါး ချက်သောက်တာ၊ ချဉ်ရည်ချက်စားတာ၊ ပဲဟင်းထဲထည့်ချက်တာ၊ ယိုထိုးတာနဲ့ အမျိုးမျိုး စားဖြစ် စားဖူးကြပါတယ်။ ကျန်းမာရေးအတွက်လည်း ကျောက်ဖရုံသီးက ကောင်းတယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ဒီ ကျောက်ဖရုံသီးလေးတွေ သီးတဲ့ ကျောက်ဖရုံပင်က ကျောက်ဖရုံညွန့် နုနုလေးတွေက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကျောက်ဖရုံညွန့်ကို ကြော်ချက် ချက်စားတာ၊ ဟင်းခါးချက်စားတာ၊ ပြုတ်တို့ စားတာမျိုး လုပ်စားလို့ ရပါတယ်။ ဒီလို ဟင်းလျာ တစ်ခွက်အနေနဲ့ စားလို့ရတဲ့ ကျောက်ဖရုံညွန့်ရဲ့ ကျန်းမာရေး အာနိသင်လေးကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ကျောက်ဖရုံညွန့် ဆိုတာ

ကျောက်ဖရုံညွန့် ဆိုတာ ကျောက်ဖရုံပင်ရဲ့ အညွန့်ပါ။ အရွက်နုလေးတွေပေါ့။ ကျောက်ဖရုံပင်ကလည်း ဘူးသီးလိုပဲ နွယ်တက်တတ်တဲ့ အပင် တစ်မျိုးပါ။ အရွက်က ဘူးရွက်၊ ရွှေဖရုံရွက်တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။

အရွက်ဖားဖားနဲ့ ရိုးတံ ပွပွလေးပါ။ အရွက်နဲ့ ရိုးတံနုလေးတွေပေါ်မှာ မွှေးညှင်းနုနုလေးတွေ ဖုံးအုပ်နေတတ်ပါတယ်။ စားလိုက်ရင် ချိုချိုလေးနဲ့ အရသာရှိပါတယ်။

ကျောက်ဖရုံညွန့်မှာပါတဲ့ အာဟာရဓာတ်တွေ

ကျောက်ဖရုံညွန့်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ကယ်လ်လိုရီ
  • အဆီ
  • ကာဗိုဟိုက်ဒရိတ်
  • ရေဓာတ်
  • အမျှင်ဓာတ်
  • ပရိုတင်း
  • ဆိုဒီယမ်
  • ပိုတက်ဆီယမ်
  • Phosphorus
  • ကယ်လ်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • သံဓာတ်
  • အိုင်အိုဒင်း
  • ဇင့်
  • မဂ္ဂနိစ်
  • ဗီတာမင် A
  • ဗီတာမင် B6
  • ဗီတာမင် C
  • ဗီတာမင် Eတို့ ပါဝင်နေပါတယ်။
  • ကျောက်ဖရုံညွန့် ကျန်းမာစေသလား

    ကျောက်ဖရုံညွန့် ကျန်းမာစေသလား

    ကျောက်ဖရုံညွန့် ကျန်းမာစေသလား ဆိုတော့ ကျန်းမာစေပါတယ်။ ကျောက်ဖရုံညွန့် စားပေးတာက အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    ဝိတ်ကျစေနိုင်တယ်

    ကျောက်ဖရုံညွန့်က ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဆီပါဝင်မှုလည်း နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေ ဝိတ်ချချင်သူတွေ စားပေးလို့ ရပါတယ်။ အစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

    နှလုံး ကျန်းမာစေတယ်

    ကိုလက်စထရော ပါဝင်မှု နည်းတာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကြွက်သားတွေ သန်မာစေနိုင်ပါတယ်။ နှလုံးရဲ့ လုပ်ဆောင်မှု ကောင်းစေနိုင်ပါတယ်။

    ကျောက်ကပ် ကျန်းမာစေတယ်

    ကိုယ်တွင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ကျောက်ကပ်တွေကို သန့်စင်ပေးနိုင်ပါတယ်။ ဆီးသွားရလွယ်စေဖို့ လုပ်ဆောင်ပေးသလို ဆီးလမ်းကြောင်း ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ကျောက်ကပ်ကျောက်မတည်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းချုပ်တာ၊ လေပွတာ၊ ဗိုက်အောင့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အူမကြီး ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

    အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

    ကျောက်ဖရုံညွန့်က ချွဲပျော်စေပြီး အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အဆုတ် ကျန်းမာစေသလို အသက်ရှူရခက်တာ၊ ဓာတ်မတည့်မှုကြောင့် အသက်ရှူကြပ်တာတွေကို သက်သာစေနိုင်ပါတယ်။

    ဘယ်သူတွေမစားသင့်ဘူးလဲ

    ကျောက်ဖရုံညွန့်က ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမယ့်

    • ဆီးချိုရှိသူတွေ
    • သွေးတိုးရှိသူတွေ
    • ကလေးငယ်တွေ
    • ကိုယ်ဝန်ဆောင်မိခင်တွေ
    • ရောဂါအခံ တစ်ခုခု ရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
    ကဲ …… ကျောက်ဖရုံညွန့်ကလည်း ကျန်းမာရေးကို အခုလို ထောက်ကူပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement