အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

မက်မန်းသီးရဲ့ အစွမ်းအာနိသင်တွေ သိထားပြီးပြီလား

မက်မန်းသီးဆိုရင် မက်မန်းပေါင်းထုပ်တွေကိုပဲပြေးမမြင်ကြနဲ့ဦး။ အခုဆိုရင် အချဉ်ပေါင်းတင်မကဘူး၊ မှည့်လေချိုလေ မက်မန်းချိုသီးတွေ ခေတ်စားနေပြီ။ လတ်လတ်ဆတ်ဆတ် ချိုအိနေတာ အရသာကောင်းမှကောင်း။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ်ပါ မက်မန်းသီးက ကျန်းမာရေးမှာ ဘာတွေအကျိုးပြုနေသလဲ ကြည့်လိုက်ရအောင်။ အဆီကျစေခြင်း မက်မန်းသီးမှာ အဆီဆဲလ်တွေအပါအဝင် အဝလွန်ခြင်းနဲ့ရောင်ရမ်းမှုကိုတားဆီးပေးတဲ့ အာနိသင်ရှိ bioactive compounds တွေ၊ flavonoids တွေပါဝင်ပါတယ်။ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုနဲ့နှလုံးသွေးကြောကျဉ်းရောဂါတွေလိုမျိုး အဝလွန်ခြင်းနဲ့ဆက်နွှယ်တဲံပြဿနာတွေ မဖြစ်အောင်ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ဆီးချိုသွေးချိုထိန်းပေးခြင်း သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါအတွက်အထောက်အကူပြု နိုင်ပါတယ်။ မက်မန်းမှာပါတဲ့ flavonoids တွေကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ အဖြစ်များတဲ့ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းပြဿနာကို ကာကွယ်ပေးပါတယ်။ အရိုးပွရောဂါကာကွယ်ပေးခြင်း မက်မန်းသီးခြောက်ကိုစားသုံးခြင်းဖြင့် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့ သိရပါတယ်။ caffeic acid နဲ့ rutin တို့လို flavonoids တွေကြောင့် အရိုးတစ်ရှူးတွေမှာယိုယွင်း ပျက်စီးခြင်းကိုတားဆီးပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးပါတယ်။ မက်မန်းသီးခြောက်မှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ Polyphenols က အရိုးထုထည်ကိုအားဖြည့်ပေးပါတယ်။ အစာခြေစနစ်ကို ကောင်းစေခြင်း အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် sorbitol နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သွန်နီ က အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းပါတယ်

တစ်ခုခုစားရင် ကြက်သွန်နီ မထည့်နဲ့နော်။ ပါးစပ်နံမှာစိုးလို့ မကြိုက်ဘူးဆိုပြီး ပြောနေမိတာ ကိုယ်တိုင်တောင် အစစ်ပါပါတယ်။ ဒါပေမယ့် ကြက်သွန်နီက မီးဖိုချောင်ရဲ့ ဂမုန်းလို့တောင်တင်စားကြတာပါ။ ကြက်သွန်နီက မွှန်တယ်၊ အနံ့ဆိုးတယ်ဆိုပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုတာပါ။ ဒီတော့ ကြက်သွန်နီကို မကြိုက်ပေမယ့်လည်း စားသင့်တဲ့အကြောင်းအရင်းလေးတွေကိုပြောပြပေးမယ်နော်။ ကြက်သွန်နီ အခွံက လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးရှိပြီး အထဲမှာ အရည်ရွှမ်းတဲ့အသားလွှာလေးတွေအထပ်ထပ်ပါ။ ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါး၊ မုန့်တီတို့ထဲထည့်စားတတ်ကြပါတယ်။ အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။ ကြက်သွန်နီကပေးတဲ့ အာဟာရ ကြက်သွန်နီမှာ ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး ဗီတာမင် B ဗီတာမင် C ပိုတက်ဆီယမ် အမျှင်ဓာတ် ပရိုတင်း သကြားဓာတ် မဂ္ဂနိစ် သံဓာတ် ကယ်လ်ဆီယမ် ကာဗိုဟိုက်ဒရိတ်တို့ ကြွယ်ဝစွာပါဝင်နေသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Oatmeal စားခြင်းရဲ့ အကျိုးကျေးဇူးများ

အခုတလော ကျွန်တော့်တို့ဆီမှာ တော်တော်လေး ခေတ်စားလာကြတဲ့ oatmeal နဲ့ ပတ်သက်ပြီးမျှဝေချင်တာလေး တချို့ ရှိပါတယ်။ (၁) Oatmeal ဟာ ကာဗိုဟိုက်ဒရိတ်၊ နှင့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ ဖြစ်တဲ့အပြင် တခြားသောဓါတ်တွေ ဖြစ်တဲ့ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်၊ သွပ်ဓါတ်၊ ဇင့်ဓါတ်၊ သံဓါတ်၊ ဖောလိတ် နှင့် ဗီတာမင် B1 နှင့် B5 တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးကို အဖက်ဖက်ကနေ အထောက်အကူပြု နိုင်စွမ်းရှိပါတယ်။ (၂) Oatmeal မှာ ဓါတ်တိုးဆန့်ကျင် (antioxidants) များစွာ ပါဝင်တဲ့ အတွက် ရောင်ရမ်းခြင်း နှင့် အချို့သော ကင်ဆာများကို လည်း ကာကွယ်ပေးနိုင်တဲ့အပြင် သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကိုပါ တစ်ဖက်တစ်လမ်း ကနေ ကာကွယ်ပေးပါတယ်။ (၃) Beta-glucan […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား

ပုစွန်ခြောက်လေးနဲ့ပဲ နှပ်နှပ်၊ အသားသွပ်ပြီးပဲချက်ချက် စားလိုက်ရင် ချိုချိုလေးလေးအရသာလေးကြောင့် ထမင်းပူပူလေးနဲ့ တွဲစားရင် အရသာအရမ်းရှိတဲ့ ဗုံလုံသီးလေးကို ကြိုက်ကြတဲ့သူတွေများရှိလား။ ဒီစားကောင်းတဲ့ ဗုံလုံသီးလေးက အရသာတင်ကောင်းတာမဟုတ်ဘဲ စားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်အတွက် အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပေါ့။ ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား .... ဒါဆိုရင် ဆောင်းပါးလေးကို အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ ဗုံလုံသီး (ပဲလင်းမြွေသီး) ဆိုတာက သခွား၊ ဗူး၊ ဖရုံအနွယ်ဝင်အပင်တစ်မျိုးပေါ့။ ကျန်းမာရေးအာဟာရများသလို စားရတာလည်း အရသာ ရှိပါတယ်။ အဖြူရောင်ခပ်ရှည်ရှည်အသီးတစ်မျိုးပေါ့။ ဈေးဝယ်တိုင်း နှစ်ပိုင်းချိုးပြီး သယ်လာရတဲ့အသီးလေးပါ။ အပေါ်ယံအလွှာလေးကို ဓါးနဲ့ခြစ်လို့ အရွယ်တော်လေးတွေတုံးပြီးရင် အလယ်အူတိုင်ကို ဇွန်းအမြီးနဲ့ ရစ်ထုတ်ပြီး အလယ်မှာအဆာသွတ်လို့ မေမေချက်ကျွေးလေ့ရှိတဲ့ ဟင်းတစ်မျိုးပေါ့။ ဗုံလုံသီးက ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ

ဖရုံစေ့လှော်က ပိစိလေးမို့ အထင်မသေးလိုက်ပါနဲ့။ ဖရုံစေ့ ဆိုတာ အရွယ်အစားနဲ့မလိုက်အောင် အကျိုးကျေးဇူးများတဲ့ အစားအစာတစ်ခုပါနော်။ သူ့မှာ တန်ဖိုးကြီးတဲ့အာဟာရဓါတ်တွေအပြည့်ပါနေတာပါတဲ့။ နည်းနည်းလောက်ပမာဏကိုပဲ မကြာမကြာစားပေးရင် ကျန်းမာရေးအတွက် အကျိုးပြုအဆီဓါတ်တွေ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တွေကို အတော်များများရရှိနိုင်ပါလိမ့်မယ်။ ဒါက ဥပမာလောက်ပါပဲ၊ နောက်ထပ် ဘယ်လိုတွေဆေးဖက်ဝင်တာလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး... ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ အာဟာရဓါတ်တွေ ကြွယ်ဝတယ် ဖရုံစေ့မှာ အပင်ကရရှိတဲ့မပြည့်ဝဆီ(polyunsaturated fatty acids)တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ်တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကာရိုတီးနွိုက်နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုလည်းများပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းဆဲလ်တွေကို free radicals တွေရန်က ကာကွယ်ပေးပြီး ကင်ဆာတွေကိုကာကွယ်ပေးပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်ကျန်းမာရေးအတွက်ကောင်းတယ် ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်းကို လက္ခဏာတွေလျော့ပါးသက်သာစေတယ်လို့ သုတေသနတွေ့ရှိချက်တွေ ထွက်ပေါ်ထားပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်တွေအရလည်း ဖရုံစေ့က ဆီးအိမ်လုပ်ဆောင်ချက်လွန်ကဲခြင်းကို ကုသပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတယ် ဖရုံစေ့မှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း

မနက်ခင်းကို သူများတွေလို မုန့်ဟင်းခါး၊ အသုပ်တွေစားရတာမကြိုက်ဘဲ Oatmeal လေးကို သစ်သီးလေးတွေနဲ့ တွဲဖက်ပြီးစားရတာကိုဖြစ်ဖြစ် အုတ်ဂျုံနဲပလုပ်ထားတဲ့ မုန့်ကိုဖြစ်ဖြစ်စားရတာကို သဘောကျတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သင့်အတွက်သတင်းကောင်းရှိပါတယ်။ ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ........... Oatmealမှာ မဂ္ဂနီဆီယမ် သံဓါတ် ဖော့စဖရိတ်စ် ဇင့် ဖောလိတ် ကော့ပါး ဗီတာမင် B1 ဗီတာမင် B5 အမျှင်ဓါတ်တို့ပါဝင်နေပါတယ်။ Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့အရသာရှိတဲ့ Oatmealက စားလို့ကောင်းရုံတင်၊ အာဟာရြပည့်စေရုံတင်မဟုတ်ဘဲ။ အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ် ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တစ်ခုပါ။ အပင်ကနေရတဲ့ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်တွင်းမှာ နိုက်ထရစ်အက်ဆစ်ထွက်ရှိမှုတိုးစေပြီးသွေးတိုးကျစေနိုင်သလိုသွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်။ အရေပြားယားယံတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်မှုကောင်းစေတယ် ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ပါဝင်နေတာကြောင့် အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့ စားပေးသင့်ပါတယ်။ အကျိုးပြုကိုလက်စထရောပမာဏ တိုးစေနိုင်တယ် Oatmealမှာbeta-glucan ပါဝင်နေတာကြောင့်သွေးတွင်း အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးထဲမှာ အကျိုးပြုကိုလက်စထရောပမာဏတိုးချင်တယ်ဆိုရင် Oatmeal ကိုစားပေးလို့ရပါတယ်။ အစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးစေတယ် Oatmealမှာပါတဲ့beta-glucan က အစာအိမ်နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကိုယ်ခံအားပါကောင်းစေနိုင်တဲ့ ဆေးဖက်ဝင် ကျွဲကောသီး

အချိုအချဉ်လည်းမပြင်းဘဲ အရည်ရွှမ်းတဲ့ ကျွဲကောသီး လေးစားရတာ ရင်အေးစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝလွန်းလို့ဆေးဖက်ဝင်အစွမ်းတွေအများကြီးရှိတယ်လို့ပြောကြပေမယ့် စားကြည့်တော့ ချိုချဉ်လေးရယ်။ အချဉ်တအားမပြင်းဘဲနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တာ ဘယ်လောက်ကောင်းလိုက်လဲ။ပြောကြတာတော့သွေးတိုးကျတယ်၊ အစာကြေတယ်နဲ့၊ တခြားဘာတွေဆေးဖက်ဝင်သေးလဲ ဆက်ပြီးကြည့်ရအောင်... ကျွဲကောသီး က ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်လဲ ကိုယ်ခံအားကောင်းစေတယ် ကျွဲကောသီး မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီရဲ့ ၆၀၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဗီတာမင်စီက သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်တဲ့free radicalsတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။ သူ့ကြောင့်ပဲချောင်းဆိုး၊ အအေးမိ၊ နာဖျားတာတွေ၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တာတွေကို ကာကွယ်ခုခံနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေကို အားဖြည့်ပေးတာမို့ အအေးမိ၊တုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ (၂) အစာခြေစနစ်ကို ကူညီတယ် အသီးအနှံတွေမှာ အမျှင်ဓါတ်ပါဝင်လေ့ရှိသလိုပဲ ကျွဲကောသီးမှာ တစ်နေ့တာလိုအပ်တဲ့အမျှင်ဓါတ်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းပါဝင်လို့ အစာခြေစနစ်ကိုကျန်းမာစေတယ်။ ဝမ်းလျှောတာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသက်ရှည်ကျန်းမာချင်ရင် နွားနို့ပုံမှန်သောက်ပါ

သဘာဝကရတဲ့ နွားနို့ဟာ ကျွန်တော်တို့လူတွေရဲ့ ခန္ဓါကိုယ်အတွက် တော်တော်လည်း အကျိုးဖြစ်စေပြီး အာဟာရရှိတဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် နေ့စဉ်မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရတွေထဲမှာ နွားနို့ကိုလည်း ထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ နွားနို့ဆိုတဲ့နေရာမှာ နွားကရတဲ့ နို့တစ်မျိုးတည်းကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဆိတ်နို့၊ သိုးနို့၊ ပဲနို့၊ ဒိန်ချဉ် စတာတွေလည်း ပါဝင်ပါတယ်။ ဒီတော့ နွားနို့ကနေ ရနိုင်တဲ့ အာဟာရတန်ဖိုးနဲ့ ဘာကြောင့် တစ်နေ့ကို နွားနို့တစ်ခွက် အနည်းဆုံး သောက်ပေးသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ နွားနို့မှာ အာဟာရဓါတ်ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ နွားနို့တစ်ခွက်မှာ အဓိက ပရိုတင်းဓါတ်၊ အဆီဓါတ်နဲ့ ကယ်လိုရီ အများဆုံးပါဝင်ကြပီး ကယ်လ်စီယမ်ဓါတ်၊ ဗီတာမင် ဒီ၊ ဗီတာမင် ဘီ၊ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဇင့်ဓါတ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မျှစ်ကြိုက်တဲ့သူလေးတွေရှိလား

မျှစ်ကြိုက်တဲ့သူလေးတွေရှိလား ........ ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းရည်ပဲ ချက်စားစား၊ ပြုတ်ပြီးတော့ အတို့အမြှုပ်အနေနဲ့ပဲစားစား စားလို့ကောင်းတဲ့ မျှစ်ကလေးက စားကောင်းရုံမှာတင် ပြီးမသွားပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။ စားလိုက်ရင် ခံတွင်းထဲမှာ ခပ်ရှိန်းရှိန်းလေးဖြစ်သွားတာကြောင့် မျှစ်စားရတာကို ကြိုက်တဲ့သူတိုင်း ဒီဆောင်းပါးလေးကို ဖတ်ကြည့်သင့်တယ်နော်။ မျှစ်ဆိုတာ မြက်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး အကြီးဆုံးနဲ့ အရှည်ဆုံးသော မြက်မျိုးရင်းဝင်အပင်တစ်မျိုးပါ။ ဝါးပင်နုနုလေးပေါ့။ ရက်သတ္တပတ်နှစ်ပတ် အရွယ်မတိုင်ခင် အမြင့် တစ်ပေမပြည့်ခင်မှာ ခူးဆွတ်ထားတဲ့ ဝါးပင်ရဲ့ သားတက်လေးတွေပေါ့။ စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းလှပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း ဆောက်လုပ်ရေးနဲ့ အခြားသောအရာတွေအတွက် အသုံးဝင်တဲ့ ဝါးပင်ဖြစ်လာတာပါ။ အာရှနိုင်ငံအများစုမှာ ပေါက်ရောက်ပြီး အာရှဒေသခံတွေအတွက် တော်တော်လေးအသုံးဝင်တဲ့ အပင်တစ်မျိုးပေါ။ ဘယ်လိုအာဟာရဓာတ်တွေရရှိနိုင်လဲ.......... မျှစ်က ပရိုတင်းကြွယ်ဝသလို ကယ်လ်လိုရီပါဝင်မှု နည်းပါတယ်။ ကာဗိုဟိုက်ဒရိတ်လည်းပါဝင်နေပါတယ်။ သကြားဓာတ်ပါဝင်မှုနည်းသလို အဆီဓာတ်လည်းပါဝင်မှုနည်းပါတယ်။ ဒါတွေအပြင် အမျှင်ဓာတ်နဲ့ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီး လေးတွေကို မကြာခဏစားဖြစ်လား။ ဖျော်သောက်ရင်လည်း အနံ့လေးက လူကိုလန်းဆန်းစေပြီး ချိုချဉ်အရသာနဲ့ ခံတွင်းရှင်းစေပါတယ်။ ကယ်လိုရီနည်းပြီး ဗီတာမင် C ၊ ဗီတာမင် E နဲ့ K တို့အပြင် ပိုတက်စီယမ် နဲ့ဖောလိတ်ဓါတ်တွေအပါအဝင် အရေးပါတဲ့အာဟာရဓါတ်တွေကြွယ်ဝတာက သူ့ရဲ့အားသာချက်ပါ။ အမျှင်ဓါတ်ပါဝင်မှုလည်းမနည်းသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝတဲ့အတွက် အစာခြေစနစ်အတွက်ကောင်းတယ်၊ နှလုံးအတွက်အကျိုးပြုတယ်။ ဒီလိုကောင်းတဲ့အသီးအနှံလေးတွေကို အခုဆို စူပါမားကတ်တွေမှာ လွယ်လွယ်ကူကူ ရာသီမရွေးရနိုင်နေပြီဆိုတော့ ကျန်းမာရေးအတွက်ဖြည့်စွက်စားသုံးဖို့ မခက်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမှာက အသား၊ အသီးအရွက်နဲ့ သီးနှံလေးတွေပါရမယ်ဆိုတာ အခြေခံအချက်ပဲမဟုတ်လား။ ကီဝီသီးက ဘာများကောင်းလို့လဲ ဘာတွေကောင်းလဲသိချင်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၆) ခုကိုအောက်မှာဆက်ပြီးဖတ်ကြည့်လိုက်နော် - (၁) ကိုယ်ခံအားကောင်းစေတယ် ကီဝီသီးက အရွယ်အစားသာသေးတာ၊ ကီဝီတစ်လုံးဆို အနေတော်လိမ္မော်သီးတစ်လုံးလောက်နီးနီး ဗီတာမင် C ပါဝင်ပါတယ်။ ဒီပမာဏဟာ အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏလောက်ရှိပါတယ်။ဗီတာမင် C က […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း