Oatmeal စားခြင်းရဲ့ အကျိုးကျေးဇူးများ


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Oatmeal စားခြင်းရဲ့ အကျိုးကျေးဇူးများ

    အခုတလော ကျွန်တော့်တို့ဆီမှာ တော်တော်လေး ခေတ်စားလာကြတဲ့ oatmeal နဲ့ ပတ်သက်ပြီးမျှဝေချင်တာလေး တချို့ ရှိပါတယ်။

    (၁) Oatmeal ဟာ ကာဗိုဟိုက်ဒရိတ်၊ နှင့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ ဖြစ်တဲ့အပြင် တခြားသောဓါတ်တွေ ဖြစ်တဲ့ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်၊ သွပ်ဓါတ်၊ ဇင့်ဓါတ်၊ သံဓါတ်၊ ဖောလိတ် နှင့် ဗီတာမင် B1 နှင့် B5 တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးကို အဖက်ဖက်ကနေ အထောက်အကူပြု နိုင်စွမ်းရှိပါတယ်။

    (၂) Oatmeal မှာ ဓါတ်တိုးဆန့်ကျင် (antioxidants) များစွာ ပါဝင်တဲ့ အတွက် ရောင်ရမ်းခြင်း နှင့် အချို့သော ကင်ဆာများကို လည်း ကာကွယ်ပေးနိုင်တဲ့အပြင် သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကိုပါ တစ်ဖက်တစ်လမ်း ကနေ ကာကွယ်ပေးပါတယ်။

    (၃) Beta-glucan လို့ ခေါ်တဲ့ အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးတွင်းအဆီဓါတ် (ကိုလက်စထရော) ကိုကျစေနိုင်သည့်အပြင် သွေးတွင်းသကြားဓါတ်ကို လည်း ထိန်းညှိပေးနိုင်ပါတယ်။

    (၄) ထို့အပြင် အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားများကိုလည်း ကျန်းမာပေါက်ဖွားစေတဲ့ အတွက် အူလမ်းကြောင်း ကောင်းမွန်စေတဲ့အပြင် ဝမ်းဗိုက်သက်တောင့်သက်သာ ဖြစ်စေပါတယ်။

    (၅) ဝိတ်ချနေတဲ့သူတွေအတွက်လည်း ပမာဏနည်းနည်း စားရုံနဲ့ အမျှင်ဓါတ်များတဲ့ အတွက်ကြောင့် ဗိုက်တင်းသလို ခံစားရပြီး အစာစားတဲ့ပမာဏ ကို သိသိသာသာကျစေနိုင်တဲ့အတွက် ဝိတ်ချတဲ့နေရာမှာ လည်း အကျိုးပြုပါတယ်။

    (၆) ဝမ်းချုပ်နေတဲ့ သူတွေမှာလည်း oatmeal စားပေးသင့်ပါတယ်။ အမျှင်ဓါတ်များတဲ့အတွက်ကြောင့် အမျှင်ဓါတ်က ရေကိုစုပ်ယူပြီး ဝမ်းသွားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဝမ်းလျှောတဲ့ပုံစံ မဟုတ်ဘဲ ဝမ်းမှန်စေတဲ့ ပုံစံမျိုး ဖြစ်စေပါတယ်။

    Oatmeal ကို နို့၊ ဒိန်ချဉ် တို့နှင့်တွဲ စားပေးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။

    လေးစားစွာဖြင့်

    ဒေါက်တာ ညီညီကျော်

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement