သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း

    Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း

    မနက်ခင်းကို သူများတွေလို မုန့်ဟင်းခါးအသုပ်တွေစားရတာမကြိုက်ဘဲ Oatmeal လေးကို သစ်သီးလေးတွေနဲ့ တွဲဖက်ပြီးစားရတာကိုဖြစ်ဖြစ် အုတ်ဂျုံနဲပလုပ်ထားတဲ့ မုန့်ကိုဖြစ်ဖြစ်စားရတာကို သဘောကျတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သင့်အတွက်သတင်းကောင်းရှိပါတယ်။

    ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ………..

    Oatmealမှာ

    Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း

    စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့အရသာရှိတဲ့ Oatmealက စားလို့ကောင်းရုံတင်၊ အာဟာရြပည့်စေရုံတင်မဟုတ်ဘဲ။ အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။

    ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်

    ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တစ်ခုပါ။ အပင်ကနေရတဲ့ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်တွင်းမှာ နိုက်ထရစ်အက်ဆစ်ထွက်ရှိမှုတိုးစေပြီးသွေးတိုးကျစေနိုင်သလိုသွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်။ အရေပြားယားယံတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။

    အင်ဆူလင်တုံ့ပြန်မှုကောင်းစေတယ်

    ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ပါဝင်နေတာကြောင့် အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့ စားပေးသင့်ပါတယ်။

    အကျိုးပြုကိုလက်စထရောပမာဏ တိုးစေနိုင်တယ်

    Oatmealမှာbeta-glucan ပါဝင်နေတာကြောင့်သွေးတွင်း အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးထဲမှာ အကျိုးပြုကိုလက်စထရောပမာဏတိုးချင်တယ်ဆိုရင် Oatmeal ကိုစားပေးလို့ရပါတယ်။

    အစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးစေတယ်

    Oatmealမှာပါတဲ့beta-glucan က အစာအိမ်နဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို တိုးစေနိုင်ပါတယ်။
    ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ချတဲ့သူတွေအတွက် အထူးသင့်တော်တဲ့စားစရာတစ်ခုပါ။

    ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေကိုလျော့ကျစေတယ်

    ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းက Oatmealကျွေးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်မှာပါ။

    ဝမ်းမှန်စေနိုင်တယ်

    အမျှင်ဓါတ်ကြွယ်ဝမှုကြောင့်အစာခြေစနစ်ကို ကျန်းမာစေပြီးနေ့စဉ်ဝမ်းမှန်စေပါတယ်။ ဒါကြောင့်ဝမ်းမှန်ချင်သူတွေအနေနဲ့ Oatmealကိုစားပေးလို့ရပါတယ်။

    health-tool-icon

    အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

    အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    9 Health Benefits of Eating Oats and Oatmealhttps://www.healthline.com/nutrition/9-benefits-oats-oatmeal Accessed Date 10 September 2019

    What are the benefits of oatmeal?https://www.medicalnewstoday.com/articles/324176.phpAccessed Date 10 September 2019

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ ခုလေးတင် တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: