အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပဲထောပတ် ဆိမ့်ဆိမ့်လေးကြိုက်ကြလား......

နှပ်ပဲစားစား၊ ကြော်ပဲစားစား၊ ချက်ပဲစားစား ဆိမ့်နေတဲ့ပဲထောပတ်လေးကို ကြိုက်တဲ့သူများရှိလား။ ဒါဆိုရင်တော့ သင်က အရသာရှိတဲ့ ပဲထောပတ်လေးကိုစားရင်း အခုလိုအကျိုးကျေးဇူးလေးတွေ ရရှိစေမှာပါ။ ပဲထောပတ်ကပေးတဲ့ ကျန်းမာရေး ပဲထောပတ်ဆိမ့်ဆိမ့်လေးက သွေးတွင်းသကြားဓာတ်ကို ကျစေတယ် ပဲထောပတ်မှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီအမျှင်ဓာတ်တွေက အူနံရံကို ရေဓာတ်နဲ့ အာဟာရဓာတ်တွေစုပ်ယူမှုကောင်းစေပြီး အစားစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်ကိုလျင်မြန်စွာမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ဆီးချိုရှိသူတွေ၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနည်းသူတွေအတွက်အထူးသင့်တော်ပါတယ်။ အရိုးတွေသန်မာစေတယ် ပဲထောပတ်မှာ မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရိုးတွေကြံ့ခိုင်သန်စွမ်းစေနိုင်သလို အရိုးသိပ်သည်းဆကိုလည်း ကောင်းစေပါတယ်။ အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင်ကာကွယ်ရာလည်းရောက်ပါတယ်။ ဆံသားကျန်းမာစေနိုင်တယ် သံဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ ပဲထောပတ်ကဆံသားကို အောက်ဆီဂျင်တွေပံ့ပိုးပေးနိုင်ပါတယ်။ ဒီလိုထောက်ပံ့ပေးမှုက ဆံသားတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အစာကြေစေနိုင်တယ် ပဲထောပတ်မှာ အစာခြေစနစ်အတွက်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်ဆီယမ်က အစာခြေစနစ်ကိုကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။  အသားအရေလှပစေတယ် ပဲထောပတ်မှာ ကော့ပါးကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်ကို အသည်းတွေမှာ အဓိကတွေ့နိုင်တာဖြစ်ပြီး အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်သလို အရေပြားပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။  အင်အားပြည့်စေတယ် ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေမှုက ခွန်အားပြည့်ဝနေစေဖို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ပဲက ပရိုတင်းဓာတ်ရရှိနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ကျန်းမာရေးအတွက်လည်း တော်တော့်ကို အထောက်အကူပြုပေးပါတယ်။ ကုလားပဲက ကြီးထွားဖွံဖြိုးမှုကို တိုးစေနိုင်သလို နှလုံးကိုကျန်းမာစေနိုင်ပါတယ်။ အစာကြေညက်စေနိုင်ပြီး အရိုးတွေသန်မာစေတဲ့အပြင် နာတာရှည်ဝေဒနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ အခုတစ်ခေါက်တော့ ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကုလားပဲကို ပဲကပ်ကြော်ကြော်တယ်၊ ဟင်းရည်၊ချဉ်ဟင်းတွေချက်တယ်၊ သုပ်စားတယ်စသဖြင့် အမျိုးမျိုးလုပ် စားကြပါတယ်။ အသားမစားသူတွေအနေနဲ့လည်း ကုလားပဲစားသုံးပေးမယ်ဆိုရင် အသားဓာတ်အပြည့်အဝရရှိ စေမှာသေချာပါတယ်။ ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ဆိုတော့ ကိုယ်တွင်း ပရိုတင်းဓာတ်ကိုတိုးစေနိုင်ခြင်း ကုလားပဲမှာ ပရိုတင်းပါဝင်မှုများတာကြောင့် သက်သတ်လွတ်စားတဲ့သူတွေအတွက် အသားဓာတ်ရရှိ စေနိုင်မယ့် အစားအစာတစ်ရပ်ပါ။ ကုလားပဲမှာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ပရိုတင်းဓာတ်တွေ အပြည့်အဝပါဝင်နေပါတယ်။ ပရိုတင်းဓာတ်က အနာကျက်စေနိုင်စွမ်းရှိတာကြောင့် ကုလားပဲကိုစားသုံးပေး မယ်ဆိုရင် အနာတွေကို အကျက်မြန်စေမှာသေချာပါတယ်။။ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်း ကုလားပဲမှာ ခန္ဓာကိုယ်ထဲက […]


အာဟာရဆိုင်ရာ အချက်အလက်များ

တည်သီးလေး ရဲ့ အံ့မခန်းအာနိသင်

စားလိုက်ရင် ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိတဲ့ တည်သီးကို ကြိုက်တတ်တဲ့သူတစ်ဦးဆိုရင်တော့ အခုလိုအကျိုးကျေးဇူးလေးတွေ ရရှိစေမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါနော်။ လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံ စိမ်းစိမ်းလေး ဒါမှမဟုတ် ခပ်ညိုညို အရောင်လေးကြောင့် မျက်စိထဲမှာ စွဲဆောင်မှုရှိတဲ့ တည်သီးလေး က ခန္ဓာကိုယ်အတွက် ဘယ်လိုများ အထောက်အကူပြုပေးနိုင်လဲဆိုတာကို တူတူဖတ်ကြည့်ရအောင်လား.... တည်သီးကနေရမယ့် အာဟာရ တည်သီးမှာ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြားဓာတ် ဗီတာမင် A ဗီတာမင် E ဗီတာမင် B ဗီတာမင် K ဗီတာမင် C သံဓာတ် ပိုတက်ဆီယမ် ဆိုဒီယမ် ဖောလိတ် ကိုလင်း မဂ္ဂနီဆီယမ် ရေဓာတ် တို့ပါဝင်နေပါတယ်။ တည်သီးလေး စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူး တည်သီးချိုချိုလေးက ဝိတ်ကျစေတယ် အရွယ်တော် တည်သီးတစ်လုံးမှာ ကာဗိုဟိုက်ဒရိတ်က ၃၁ ဂရမ်သာပါဝင်တာဖြစ်ပြီး ခန္ဓာကိုယ်ကို အဆီတက်စေတာမျိုး မဖြစ်စေပါဘူး။ ဒါကြောင့် ဝိတ်ချချင်တာကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးနဲ့ဇင့်

ခန္ဓာကိုယ်ကျန်းမာနေစေဖို့က အာဟာရပြည့်ဝမျှတဖို့လိုပါမယ်။ ဒီလိုမျိုး အာဟာရပြည့်ဝမျှတတယ်ဆိုတဲ့နေရာမှာလည်း ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို မျှတအောင် စားသုံးမိဖို့လိုပါမယ်လိုမယ်။ ဒါ့ကြောင့် ကိုယ်ခံအားကောင်းပြီး အနာတွေကိုမြန်မြန်ကျက်စေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ဇင့်ဓာတ် ပါဝင်အောင် စားသုံးပေးပါ။ ခန္ဓာကိုယ်မှာ  ဇင့်ရဲ့  အခန်းကဏ္ဍ ဇင့်က ကျန်းမာတဲ့ကိုယ်ခံအားစနစ်ကိုရရှိစေပြီး အဖျားတွေ၊ ရောဂါပိုးတွေကနေလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကျန်းမာပျော်ရွှင်နေဖို့ ဇင့်ဓာတ်က မဖြစ်မနေလိုအပ်နေတာပါ။ ခေါင်းအစခြေအဆုံး ကျန်းမာစေဖို့ နေ့စဉ် သတိထားစားသုံးပေးသင့်တဲ့ အစားအစာတစ်ရပ်ပေါ့။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်အများစုက ဇင့်နဲ့ မကင်းပါဘူး။ အကြောင်းကတော့ ဇင့်သတ္တုဓာတ်က ကိုယ်တွင်းမှာ ရှိနေတဲ့ အင်ဇိုင်း အမျိုး ၁၀၀ လောက်ထွက်ရှိလာစေဖို့ အကောင်းဆုံးလှုံ့ဆော်ပေးနိုင်တာကြောင့်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ကျောင်းနေအရွယ်ကလေးများစုက ဇင့်ဓာတ်ချို့တဲ့နေတာကို ရင်ဆိုင်နေရပါတယ်။ ဒီတစ်ခေါက်တော့ ဇင့်ဓာတ်က ခန္ဓာကိုယ်ကို ဘယ်လောက်တောင် အကျိုးပြုပေးလဲဆိုတာကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသစ်တော်သီးလေး စားပေးပါ

ပန်းသစ်တော်သီးက အရည်ရွှမ်းသလို စားလိုက်ရင်လည်း  ချိုချိုလေးနဲ့အရသာရှိပါတယ်။ ဒီလိုအရသာရှိတဲ့ ပန်းသစ်တော်သီးက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ပန်းသစ်တော်သီး ဆိုတာ ပန်းသစ်တော်သီးက အပေါ်ခွံအဝါရောင်သန်းသန်းလေးရှိပြီး အသားခပ်ပွပွ အရည်ရွှမ်းရွှမ်းလေးနဲ့ ဝါးလိုက်တိုင်း တဂျွတ်ဂျွတ်နဲ့ စားကောင်းပါတယ်။ ရင်ထဲအေးသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်မှာ အားပြည့်စေသလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကိုလည်း အားပြည့်အောင် အားဖြည့်ပေးပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ............. အရသာရှိလှတဲ့ ပန်းသစ်တော်သီးမှာ ကယ်လ်လိုရီ ပရိုတင်း ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ဗီတာမင် C ဗီတာမင် K ပိုတက်ဆီယမ် ကော့ပါး အမျှင်ဓာတ် ဓာတ်တိုးဆန့်ကျင် အာနိသင်တို့ ပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ................. အရသာရှိတဲ့ ပန်းသစ်တော်သီးက ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်လိုရီ အပြည့်အဝရရှိစေတယ် ဝိတ်တက်မှာကို ကြောက်တတ်သူတွေအနေနဲ့ ပန်းသစ်တော်သီးကိုစားပေးလို့ရပါတယ်။ အကြောင်းကတော့ ပန်းသစ်တော်သီးက အမျှင်ဓာတ်​ကြွယ်ဝစေသလို ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်လိုရီတွေကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရှောက်ဘီလူးရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်

ထိုင်းဟင်းလျာတော်တော်များများမှာ အနံ့အရသာပြည့်စုံအောင်ဆိုပြီး ထည့်ချက်ပြုတ်တတ်ကြတဲ့ ရှောက်ဘီလူးရွက် က ဟင်းကိုတင် အနံ့အရသာပြည့်စုံစေတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတော်တော်များများပေး နိုင်ပါသေးတယ်။ ရှောက်ဘီလူးရွက် အာရှနိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့မှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ အနံ့အရသာပြင်းသလို ဆေးဖက်လည်းဝင်ပါတယ်။  ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အော်ဂင်းနစ်ဒြပ်ပေါင်းများစွာပါဝင် နေပါတယ်။ ရှောက်ရွက်နဲ့ ခပ်ဆင်ဆင်တူပေမယ့် အနံ့အရသာပိုပြင်းပါတယ်။ ရှောက်ဘီလူးရွက်ကပေးတဲ့ ကျန်းမာရေးအာနိသင်တွေက ဘာတွေဖြစ်မလဲ………. ရှောက်ဘီလူးရွက် က ခန္ဓာကိုယ်အတွက် အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေပေးစွမ်းနိုင်ပါတယ်။ ခံတွင်းကျန်းမာစေနိုင်တယ် ခံတွင်းကျန်းမာစေနိုင်တဲ့အာနိသင်ရှိပြီး ခံတွင်းအနာနဲ့ သွားဖုံးတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။  ဒါကြောင့် ခံတွင်းထဲမှာဖြစ်တဲ့အနာတွေ သွားဖုံးမှာဖြစ်တဲ့အနာတွေကို သက်သာစေဖို့အတွက် ရေစင်အောင်ဆေးထားတဲ့ ရှောက်ဘီလူးရွက် နဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။ အရည်ညှစ်ပြီး စွတ်ပေးလို့လည်းရသလို ရေနွေးနဲ့စိမ်ပြီး ပလုတ်ကျင်းပေးရင်လည်း အဆင်ပြေပါတယ်။ သွေးသန့်စေတယ် သွေးနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေဖို့အတွက် ရှောက်ဘီလူးရွက်ကို သုံးပေးလို့ရပါတယ်။ နာတာရှည်သွေးနဲ့ပတ်သက် တဲ့ရောဂါတွေသက်သာစေဖို့ စားသုံးပေးလို့ရပါတယ်။ သွေးထဲက ထိခိုက်စေနိုင်တဲ့အရာတွေကို သန့်စင်ပေးနိုင်တာကြောင့် အသည်းကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

စည်သွတ်ဘူးတွေအကြောင်း သိသင့်သမျှ

စည်သွတ်အစားအစာတွေဟာ လတ်ဆတ်တဲ့ စားသောက်ဖွယ်ရာတွေ၊ အေးခဲပြီး သိမ်းဆည်းထားတဲ့ အစားအစာတွေလောက် အာဟာရဓာတ်မရှိဘူးလို့ လူအများစုက ယူဆထားပါတယ်။ တချို့ကတော့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်လို့ ရှောင်ကြဉ်သင့်တယ်လို့ ပြောဆိုကြပါတယ်။ တချို့ကလည်း စည်သွတ်ဘူးဟာ အာဟာရပြည့်ဝတဲ့ ပုံမှန်စားစရာတမျိုးပဲလို့ ဆိုကြပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စည်သွတ်ဘူးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ စည်သွတ်ဘူးဆိုတာ စည်သွတ်ဘူးများဟာ အသီးအနှံ၊ သားငါး၊ ပဲအမျိုးမျိုးစတဲ့ စားသောက်ဖွယ်ရာတွေကို ကြာရှည်ခံအောင် လေလုံတဲ့ဘူးထဲမှာ ထည့်သွင်းသိုလှောင်ထားခြင်းပဲ ဖြစ်ပါတယ်။ ၁၈ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး များသောအားဖြင့် စစ်သားများနဲ့ သင်္ဘောသားများအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လူအများအသုံးပြုနိုင်အောင် ဈေးကွက်မှာပါ ရောင်းချလာတဲ့ အနေအထား ရောက်လာပါတယ်။ စည်သွတ်ဘူးထုတ်လုပ်ရာမှာ ထုတ်လုပ်တဲ့ပစ္စည်းအလိုက် ကွာခြားမှု ရှိနိုင်ပါတယ်။ ဒါပေမယ့် စည်သွတ်ဘူးတခုကို အနည်းဆုံး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖားသားကြိုက်ကြလား

စားလို့ရတဲ့ အသားလို့ပြောလိုက်ရင် တော်တော်များများ ပြေးမြင်ကြမှာက ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတို့လို့ထင်ပါတယ်။ ဒီအသားတွေက ပရိုတင်းလိုအပ်ချက်ကို ဖြည့်ပေးသလို ခန္ဓာကိုယ်အတွက် ကောင်းကျိုးများတယ်ဆိုတာကို လူတိုင်းသိထားပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ လူသိပ်မသိသေးတဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတစ်မျိုးအကြောင်းပြောပြပေးပါရစေလား.... ဘာအသားလည်း ဆိုတာကို မေးခွန်းလေး မေးရင်း စလိုက်ရအောင်နော်။ ဖားသားကြိုက်ကြလား ....... လူစားနည်းပေမယ့် ပရိုတင်းကြွယ်ဝတဲ့ ဖားသား ဖားသားကို လူတိုင်းကတော့ မစားကြပါဘူး။ ဖားသားကနူးညံ့သလို အာဟာရဓာတ်လည်း ပြည့်စုံကြွယ်ဝပါတယ်။ ဖားဆတိုင်းကို စားဖို့မရပေမယ့် စားလို့ရတဲ့ ဖားသားကတော့ ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါသတဲ့။ ဖားသားမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ.... ဖားသားမှာ ပရိုတင်း ဗီတာမင် A omega-3 fatty acids ပိုတက်ဆီယမ် ကာဗိုဟိုက်ဒရိတ် အဆီဓာတ် ဇင့် ဗီတာမင် B1 ဗီတာမင် C ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ ဖားသားစားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်တဲ့ ဖရဲစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဖရဲသီးစားတဲ့အခါ အစေ့ကိုထွေးပစ်ကြပါတယ်။ နှမျောစရာကောင်းတာက ဖရဲစေ့ဟာ အံ့အားသင့်လောက်စရာ အကျိုးအာနိသင်တွေပါရှိနေပြီး ကျန်းမာရေးကို အကျိုးပြုနိုင်လို့ပါပဲ။ ကျန်းမာရေးအတွက် အစေ့အဆန်တွေစားရမယ်ဆိုပြီး အွန်လိုင်းကတောင် တကူးတကမှာစားကြတာ ဈေးကြီးပေးပြီးတော့လေ။ ကိုယ့်အနီးအနားမှာပဲ လွယ်လွယ်ကူကူရနိုင်နေတဲ့ သမားရိုးကျအစေ့အဆန်တွေကလည်း တန်ဖိုးမသေးဘူးဆိုတာ မသိကြရော့သလား။ ဖရဲစေ့က စားလို့ရလို့လား ကွာစေ့လို့သိကြတာ ဖရဲစေ့ပါပဲ။ ဖရဲသီးအစေ့ကိုစားတာာက လုံးဝကိုအန္တရာယ်ကင်းတဲ့အပြင် အလုံးစုံကျန်းမာရေးအတွက်ပါ အရမ်းကောင်းပါတယ်လို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။ ကလေးတွေစားရင် အစေ့တွေမျိုချမိလို့ သီးမှာ နင်မှာကို မိဘတွေကစိုးရိမ်ကြပေမယ့် ဖရဲစေ့ကို ကြိုက်သလောက်စား ဘေးမရှိပါဘူးတဲ့။ ဆေးဖက်ဝင်ဖို့အတွက်ဆိုရင် သည်အတိုင်းမျိုချတာအပြင် ဖရဲစေ့ကိုစားဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဥပမာ- အညှောင့်ဖောက်တာ၊ လှော်တာ၊ အဆီထုတ်တာ တို့ပဲဖြစ်ပါတယ်။ အလွယ်ဆုံးနည်းက လှော်တာဖြစ်ပါတယ်။ ဖရဲစေ့တွေကို ဒယ်အိုးထဲမှာ အပူနည်းနည်းနဲ့ မိနစ် ၃၀ - ၄၅ မိနစ်လောက် ကြွပ်ရွလာတဲ့အထိ လှော်ပါ။ အိုးကို သံလွင်ဆီလေး ဖျန်းပြီးမှလှော်ရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ

ခရမ်းသီးမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တို့အပြည့်အဝပါဝင်ပါတယ်။ ခရမ်းသီးက နှလုံး၊ ဦးနှောက်၊ အရေပြားနဲ့ အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အမျိုးအစား ၂ ဆီးချိုရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်း ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့ကောင်းကျိုးတွေထဲက တစ်ချက်ကတော့ အဆီဓာတ်မပါရှိတာပဲဖြစ်ပါတယ်။ မီးဖုတ်စားတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရတဲ့ ခရမ်းသီးဟာ အဆီချအသားကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်မှာဖြစ်ပါတယ်။ ခရမ်းသီး ဆိုတာ ခရမ်းသီး ဆိုတာက ခရမ်းရောင်ရှိတဲ့ အသီးတစ်မျိုးပါ။ အခွံက ခရမ်းရောင် ရှိပြီး အတွင်းသားက အဖြူရောင် ခပ်ပွပွလေးပါ။ အူတိုင်မှာ အစေ့လေးတွေပါပါတယ်။ ရှည်မြောမြောလေးတွေ ရှိသလို ပုလုံးလုံးလေးတွေလည်း ရှိပါတယ်။ အခွံ အစိမ်းရောင်လည်း ရှိပါတယ်။ ခရမ်းသီးမှာ ဘာတွေပါ ခရမ်းသီးမှာ ကာဗိုဟိုက်ဒရိတ် ပရိုတင်း ဗီတာမင်တွေ သတ္တုဓာတ်တွေ များစွာပါဝင်နေပါတယ်။ ခရမ်းသီး ရဲ့ကောင်းကျိုးများ ဘယ်လိုစားစား အရသာရှိတဲ့ ခရမ်းသီးက (၁) နှလုံးရဲ့လုပ်ဆောင်ချက် ကောင်းစေတယ် နှလုံးကျန်းမာရေးအတွက် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း