အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဖက်ဖယ်ရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်

ထိုင်းဟင်းလျာတိုင်းလိုလိုမှာ ပါတတ်တဲ့ ဖက်ဖယ်ရွက် က ဟင်းခတ်အမွှေးအကြိုင်အနေနဲ့တင်မဟုတ်ဘဲဆေးဖက်လည်းဝင်ပါသေးတယ်။ အာရှနိုင်ငံတော်တော်များများမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုလေ့ရှိတဲ့ ဖက်ဖယ်ရွက်လေး က ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကိုများပေးစွမ်းနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဖက်ဖယ်ရွက် ဆိုတာက ဗီယက်နမ်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး ဟင်းချိုတွေ၊ စတူး နဲ့ အသုပ်တွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အနေနဲ့အသုံးပြုကြပါတယ်။ ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ်အဓိကအသုံးပြုကြတဲ့အရွက်တစ်မျိုးပေါ့။ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်ခပ်ချွန်ချွန်လေးတွေပါ။ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဖက်ဖယ်ရွက် ရဲ့ ကျန်းမာရေးအာနိသင် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ဟင်းလျာတွေရဲ့ အနံ့အရသာကိုတိုးစေနိုင်တဲ့ ဖက်ဖယ်ရွက်လေးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ် အစာကြေစေနိုင်တယ် သွေးတွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ် အအေးမိတုပ်ကွေးဖြစ်တာကို သက်သာစေနိုင်တယ် နှာစေးနှာပိတ်တာကို သက်သာစေနိုင်တယ် အဆိပ်ရှိတဲ့အကောင်တွေ ကိုက်ခံရတဲ့အခါ အဆိပ်ပြေစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ် ဗိုက်အောင့်ဗိုက်နာတာကို သက်သာစေနိုင်ပါတယ် ဝမ်းပျက်ဝမ်းလျှောသက်သာစေနိုင်ပါတယ် သွေးသန့်စေတယ် ဝက်ခြံသက်သာစေတယ် အရေပြားကျန်းမာစေနိုင်တယ် ဆီးချိုသက်သာစေနိုင်တယ် အစာအိမ်ဝေဒနာသက်သာစေနိုင်တယ် ဗောက်သက်သာစေနိုင်တယ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲပင်ပေါက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပဲပင်ပေါက် လို့ပြောလိုက်ရင်ထွေထွေထူးထူးပြောစရာမလိုပဲတောင် လူတိုင်းလိုလို သိထားပြီးဖြစ်မှာပါ။ ပဲပင်ပေါက်ကို ကြော်စားလို့ရသလို အသုပ်တွေထဲမှာပဲထည့်ထည့်၊ သုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဟင်းချိုချက်ပြီးတော့ပဲဖြစ်ဖြစ်၊ အချဉ်စိမ်ပြီးတော့ပဲဖြစ်ဖြစ်စားလေ့ရှိကြပါတယ်။ ဒီလိုမျိုး စားလို့ကောင်းတဲ့ ပဲပင်ပေါက် ကိုနေ့တိုင်းစားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။ ပဲပင်ပေါက် ဆိုတာ ပဲပင်ပေါက်ဆိုတာက ပဲစေ့လေးတွေကနေ စပြီး အပင်ပေါက်လာတဲ့အေ့ခြအနေပါ။ ထိပ်ဖျားမှာ အဝါရောင် အရွက်နှစ်ခုရှိနေပြီး အဖြူရောင်ရိုးတံလေးနဲ့ အမြစ်ခပ်ပါးပါးလေးပါတဲ့ အပင်ငယ်လေးတွေပါ။ ပဲပြားနဲ့ ပဲပင်ပေါက်ကို ရောကြော်စားကြတာများသလို အသုပ်တွေ၊ မုန့်ဟင်းခါးထဲမှာလည်း ထည့်စားကြပါတယ်။ ပဲတီချဉ်သုပ်ကလည်းမြန်မာလူမျိုးတွေကို ခံတွင်းမြိန်စေတဲ့ ဟင်းလျာတစ်မျိုးပါ။ ပဲပင်ပေါက် စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ပဲပင်ပေါက်က အာဟာရဓါတ်ကြွယ်ဝသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကိုကျန်းမာစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတယ် ပဲပင်ပေါက်မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပြီးရောဂါပိုးတွေကူးစက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေပြီး ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်မှာပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင် ဘီ ချို့တဲ့မှု လက္ခဏာတွေ

ကျွန်တော်တို့  ခန္ဓာကိုယ်ကြီး ပုံမှန် လှုပ်ရှားသွားလာနိုင်ဖို့ အာဟာရဓါတ် အစုံအလင် လိုအပ်ပါတယ်။ ဒီ အာဟာရဓါတ်တွေ ထဲမှာ ဗီတာမင် ဘီ ဓာတ်လည်း ပါဝင်ပါတယ်။ ဗီတာမင် ဘီက ဇီဝဖြစ်ပျက်မှု အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်ခု ဖြစ်သလို ခန္ဓာကိုယ်ကလည်း ဗီတာမင် ဘီကို သူ့အလိုလို မဖွဲ့စည်းနိုင်တာကြောင့် ပြင်ပကနေ ဖြည့်တင်းပေးရပါတယ်။ အခုဆောင်းပါးမှာ Hello Sayarwon  စာဖတ်ပရိတ်သတ်တွေကို ဗီတာမင် ဘီ ချို့တဲ့မှု လက္ခဏာတွေ အကြောင်း ပြောပြချင်ပါတယ်။ ဗီတာမင် ဘီ ချို့တဲ့မှု လက္ခဏာတွေ ဗီတာမင် ဘီ ချို့တဲ့မှုလက္ခဏာတွေ  ကတော့ ၁။ ခြေလက်တွေထုံကျဉ်လာမယ် ဗီတာမင် ဘီက ခန္ဓာကိုယ်က အာရုံကြောစနစ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ အာရုံကြော အချက်ပြမှုတွေအတွက်ရော အာရုံကြောတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး

ကိုယ်တွင်းကအစိတ်အပိုင်းတွေအားလုံးပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က သူ့ဖာသာမထုတ်လုပ်နိုင်ပါဘူး။ စားသောက်ရာက ရလာတဲ့ အာဟာရဓာတ်တွေပေါ် မှီခိုရပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်ကျန်းမာရေးဗဟုသုတအနေနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး   ကို ပြောပြပေးပါ့မယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး   ကတော့ ၁။ ပရိုတင်းဓာတ် ကိုယ်လက်ကြံ့ခိုင်ရေးကစားနေတဲ့သူတွေပဲ ပရိုတင်းဓာတ်များများစားဖို့လိုအပ်တာမဟုတ်ပါဘူး၊ တကယ်တော့ ပရိုတင်းဓာတ်က ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပြီး လူတိုင်းစားသုံးပေးဖို့ လိုအပ်ပါတယ်။ ကြွက်သားကစပြီး အရိုး၊ အရေပြားတွေဖွဲ့စည်းတဲ့နေရာမှာရော ဟော်မုန်းတွေ၊ antibodies တွေထုတ်လုပ်ဖို့အတွက်ပါ ပရိုတင်းဓာတ်က မရှိမဖြစ်ပါ။ ပရိုတင်းဓာတ်ကို အသားငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးစားသုံးခြင်းကနေ အဓိက ရရှိနိုင်ပါတယ်။ ၂။ ကာဘိုဟိုက်ဒရိတ် ကာဘိုဟိုက်ဒရိတ်လို့ကြားရင် လူကိုဝစေပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ဓာတ်လို့ပဲ မထင်စေချင်ပါဘူး။ တကယ်တော့ ကာဘိုဟိုက်ဒရိတ်ဓာတ်က ခန္ဓာကိုယ်အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အိုင်အိုဒင်းဆားသုံးသင့်လား

အခုနောက်ပိုင်းမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အိုင်အိုဒင်းဓာတ်ကို ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဆားကနေတဆင့် အလွယ်တကူရရှိလာနိုင်ပြီပဲဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားက မဖြစ်မနေပါဝင်တဲ့ အရာဖြစ်တာကြောင့် ဆားထဲမှာ အိုင်အိုဒင်းထည့်သွင်းထုတ်လုပ်လိုက်မှုက ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အိုင်အိုဒင်းဓာတ်ကို ဖြည့်တင်းပေးပြီးသားဖြစ်သွားပါတယ်။ဒီဆောင်းပါးထဲမှာတော့ အိုင်အိုဒင်းဆားက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာနဲ့ စားသုံးဖို့သင့်တော်ရဲ့လားဆိုတာကို ရှင်းပြပေးမယ်နော်။ အိုင်အိုဒင်းရဲ့ အရေးပါပုံ • အိုင်အိုဒင်းက အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ • အိုင်အိုဒင်းကို များသောအားဖြင့် ပင်လယ်စာတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ကောက်နှံစပါးတွေ နဲ့ ဥအမျိုးမျိုးမှာတွေ့ရှိရ ပါတယ်။ • နိုင်ငံတော်တော်များများမှာ အိုင်အိုဒင်းချို့တဲ့မှုပြဿနာကို ကင်းဝေဒစေဖို့ ဆားထဲမှာ အိုင်အိုဒင်းဓာတ်ထည့်သွင်း ထုတ်လုပ်ထားပါတယ်။ • အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ သိုင်းရွိက်ဟော်မုန်းတွေက တစ်ရှုးတွေပြုပြင်တာ၊ ဇီဝတွင်းဖြစ်စဉ်တွေကို ထိန်းညှိတာနဲ့ ကြီးထွားဖွံ့ဖြိုးမှုတိုးတက် စေဖို့အတွက် အထောက်အကူပြုပေးပါတယ်။ • သိုင်းရွိုက်ဟော်မုန်းက ခန္ဓာကိုယ်အပူချိန်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆီးချိုသမားတွေပါ စားလို့ရတဲ့ စိမ်းစားဥ

စိမ်းစားဥဆိုရင် ချိုအေးတဲ့အရသာလေးကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အတော်များများရဲ့အတွေးမှာ စွဲနေအောင်နေရာယူထားတာက စိမ်းစားဥက မတည့်တာများတယ်ဆိုပြီး သိပ်မစားရဲကြတာပါ။ အမှန်က သူ့ရဲ့အပင်တစ်ပင်လုံးမှာ စိမ်းစားဥက စားလို့ဘေးအကင်းဆုံးပါ။ အရွက်၊ အပွင့်၊ အပင်နွယ်တွေမှာက သဘာဝပိုးသတ်ဆေးအာနိသင်ရှိတဲ့ rotenone ပါလို့ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အရည်ရွှမ်းပြီး စားလို့ကောင်းတဲ့ စိမ်းစားဥဟာ အာဟာရဓါတ်တွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြည့်ပါနေတာလည်း စိမ်းစားဥကြိုက်သူတွေအတွက် ဆုလာဘ်တစ်ခုပါ။ စိမ်းစားဥ အကြီးတစ်လုံးမှာ ၄၉ ကယ်လိုရီ၊ အမျှင်ဓါတ် ၆ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၁ ဂရမ်၊ သကြားဓါတ် ၂ဂရမ်၊ ဗီတာမင် C ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၁၈၀ မီလီဂရမ်၊ မဂ္ဂနိစ် ၁ မီလီဂရမ်၊ သံဓါတ် ၇ မီလီဂရမ်၊ မဂ္ဂနီဆီယမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချောကလက်စားရင်း ကောင်းကျိုးတွေအများကြီးရနိုင်တယ်ဆိုတာ သိပြီးပြီလား

ဟုတ်ပါတယ်။ တကယ်ကို ချောကလက်စားရင်း ကောင်းကျိုးတွေအများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလိုက်တဲ့ ချောကလက်ဟာ Dark Chocolate ဆိုတဲ့ ကိုကိုး (Cocoa) ပါဝင်မှုများတဲ့ ချောကလက်တော့ဖြစ်ရပါမယ်။ ချောကလက်ကို ကိုကိုး ဆိုတဲ့ အပင်ရဲ့ အစေ့ကနေပြီး ပြုလုပ်တာဖြစ်ပါတယ်။ အခုပြောသွားမယ့် Dark Chocolate ကတော့ ကိုကိုး အနည်းဆုံး ၇၀ % ပါဝင်နေတဲ့ အမျိုးအစားကို ရည်ညွှန်းပြီး ပြောသွားမှာပဲ ဖြစ်ပါတယ်။ ကိုကိုးပါဝင်မှုမြင့်မားပြီး Dark Chocolate ဖြစ်လေလေ၊ အာဟာရ ပါဝင်မှုမြင့်မားလေလေပဲဖြစ်ပါတယ်။ ကိုကိုး… ဒီ Dark Chocolate မှာ ပါဝင်မှုများတဲ့ ကိုကိုးဟာဆိုရင် antioxidants ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ  ရရှိနိုင်တဲ့ အဓိက အရင်းအမြစ်တေွထဲက တစ်ခုပဲဖြစ်ပါတယ်။ Antioxidants ဆိုတာကတော့ လွယ်လွယ်ပြောရရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေး ရှုထောင့်မှ Chocolate တစ်တောင့်

ယုံဖို့ခက်မလား မသိပေမဲ့ ချောကလက်က ကျန်းမာရေးအတွက် ကောင်းပါတယ်။ ချောကလက်တောင့်ထဲမှာ ကိုကိုးမှုန့် ပိုပါလေလေ ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်လေလေပါ။ ဒါဆို အမေတွေက ကလေးတွေကို ချောကလက်စားတာ မကောင်းဘူးလို့ ဘာကြောင့်များ ပြောကြတာပါလိမ့်။ ၁။   ချောကလက်က သွားပိုးစားစေတယ် သွားပိုးစားတယ် ဆိုတာက ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးတဲ့အခါမျိုးမှာ ခံတွင်းထဲ အချဉ်ပေါက်လာလို့ဖြစ်တာပါ။ ဒီကာဘိုဟိုက်ဒရိတ်တွေက သွားထဲမှာ အချိန်ကြာကြာ ကျန်နေတဲ့အခါ အက်ဆစ်ထွက်ပါတယ်။ အဲဒါက သွားကြွေလွှာကို ပျက်စီးစေနိုင်ပြီး သွားကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ ဆိုတော့ ချောကလက်စားမှ သွားပိုးစားတာမဟုတ်ပါဘူး။ ဘာပဲစားစား၊ စားပြီးတိုင်း ပလုတ်ကျင်းပေးရင် ဒီပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ တကယ်တော့ ချောကလက်မှာ သွားအခေါင်းပေါက်တွေ မဖြစ်အောင် တားဆီးပေးတဲ့ တန်နင် (tannin) ဓာတုပစ္စည်းဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် နောက်ဆို အမေတို့ရေ ကလေးကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

Beetroot (ဗီတွတ်) ၏ ကျန်းမာရေးအတွက် ပေးစွမ်းနိုင်သော ကောင်းကျိုးများ

ခရမ်းရောင်ကြွယ်ဝတဲ့ ဒီ Beetroot ရဲ့ ကောင်းကျိုးလေးတွေကို အနည်းငယ် ပြောပြပါရစေ။ တကယ်က Beetroot ကို အဖြူရောင်အနေနှင့်သော်လည်းကောင်း၊ ရွှေရောင်အနေဖြင့်သော်လည်းကောင်း မြင်တွေ့နိုင်ပါသေးတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ စားသုံးမှု သိပ်မရှိကြပေမဲ့ အနောက်နိုင်ငံတွေမှာတော့ ကင်ခြင်း၊ ပေါင်းခြင်း၊ သုပ်ခြင်း စသည့်နည်းအမျိုးမျိုးကိုအသုံးပြုပြီး ဟင်းပွဲအဖုံဖုံမှာ ထည့်သွင်းကြပါတယ်။ Beetroot ကိုကြိတ်ပြီး Juice အနေနဲ့လည်း သောက်ကြပါသေးတယ်။ ဒါကလည်း Beetroot ဟာ ချိုတဲ့အရသာကို ပေးစွမ်းရုံတင်မက ကျန်းမာရေးအတွက် အထူးကောင်းမွန်လို့ ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။  အကြောင်းကတော့ ဗီတာမင် နှင့် သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်… (၁) နိုက်ထရိတ်ဓာတ်ဆား ကြွယ်ဝစွာပါဝင်တာကြောင့်… - သွေးပေါင်ချိန်ကို မှန်စေတယ်။ အထူးသဖြင့် အပေါ်သွေးတိုးတဲ့သူတွေ အတွက် အရမ်းကို ကောင်းတဲ့ ဆေးတစ်လက်လို့ ပြောလို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခေတ်စားလာသော Matcha ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများအကြောင်း တစေ့တစောင်း

ယနေ့ခေတ်အချိန်မှာဆိုရင် Matcha ဆိုတဲ့ အစားအစာက ယခင်ကထက် ခေတ်စားလာတာကို တွေ့မြင်ရပါတယ်။ Matcha ကို လက်ဖက်ရည်ကြမ်းလို ရေးနွေးနဲ့ ဖျော်သောက်ကြတဲ့အပြင် ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံး၊ ဝေဖာ၊ ရေခဲမုန့်၊ latte၊ frappe၊ Matcha shot စသည်ဖြင့် မျိုးစုံအောင် တွေ့မြင်လာနိုင်ပြီး လူကြိုက်များလာတာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။ ဒါကြောင့် Matcha အနေနဲ့ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေရှိနေလဲ ဆိုတဲ့အချက်ကို အနည်းငယ် ဝေမျှပေးချင်ပါတယ်။ Matcha ဆိုတာ ဘာလဲ တကယ်တော့ ကျွန်မတို့သိထားတဲ့ လက်ဖက်ခြောက် (အကြမ်းခြောက်) ရရှိတဲ့ အပင်ကနေပဲ ရရှိတာဖြစ်ပါတယ်။ စိုက်ပျိုးပုံခြင်းပဲ ကွာခြားသွားတယ်လို့ ပြောလို့ရပါတယ်။ Matcha ကိုရရှိဖို့ တောင်ယာစိုက်ပျိုးသူတွေဟာ အရွက်ကို မခူးဆွတ်ခင် ရက် ၂၀ မှ ၃၀ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း