backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ချောကလက်စားရင်း ကောင်းကျိုးတွေအများကြီးရနိုင်တယ်ဆိုတာ သိပြီးပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချောကလက်စားရင်း ကောင်းကျိုးတွေအများကြီးရနိုင်တယ်ဆိုတာ သိပြီးပြီလား

ဟုတ်ပါတယ်။ တကယ်ကို ချောကလက်စားရင်း ကောင်းကျိုးတွေအများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလိုက်တဲ့ ချောကလက်ဟာ Dark Chocolate ဆိုတဲ့ ကိုကိုး (Cocoa) ပါဝင်မှုများတဲ့ ချောကလက်တော့ဖြစ်ရပါမယ်။

ချောကလက်ကို ကိုကိုး ဆိုတဲ့ အပင်ရဲ့ အစေ့ကနေပြီး ပြုလုပ်တာဖြစ်ပါတယ်။ အခုပြောသွားမယ့် Dark Chocolate ကတော့ ကိုကိုး အနည်းဆုံး ၇၀ % ပါဝင်နေတဲ့ အမျိုးအစားကို ရည်ညွှန်းပြီး ပြောသွားမှာပဲ ဖြစ်ပါတယ်။ ကိုကိုးပါဝင်မှုမြင့်မားပြီး Dark Chocolate ဖြစ်လေလေ၊ အာဟာရ ပါဝင်မှုမြင့်မားလေလေပဲဖြစ်ပါတယ်။

ကိုကိုး…

ဒီ Dark Chocolate မှာ ပါဝင်မှုများတဲ့ ကိုကိုးဟာဆိုရင် antioxidants ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ  ရရှိနိုင်တဲ့ အဓိက အရင်းအမြစ်တေွထဲက တစ်ခုပဲဖြစ်ပါတယ်။ Antioxidants ဆိုတာကတော့ လွယ်လွယ်ပြောရရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေ အကြောင်းအမျိုးမျိုးနဲ့ ပျက်စီးမှာကို နှေးကွေးစေတဲ့၊ ဟန့်တားပေးတဲ့ အရာပဲ ဖြစ်ပါတယ်။ Antioxidants ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ blueberries သီးတွေထက်တောင် Dark Chocolate ဆီကနေ antioxidants ကို ပိုမိုရရှိနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုက ဆိုပါတယ်။

Dark Chocolate ကို ဦးဏှောက်အတွက်အစာလို့လည်း ခေါ်ကြပါသေးတယ်။

အကြောင်းကတော့… Dark Chocolate စားပေးခြင်းဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ဟာဆိုရင် တိုးတက်လာနိုင်လို့ပဲဖြစ်ပါတယ်။

– မှတ်ဉာဏ်ကိုလည်း တိုးစေတယ်

– အာရုံစူးစိုက်မှုကိုလည်း ပိုပြီးကောင်းစေတယ်

– ဉီးဏှောက်အတွင်း သွေးစီးဝင်မှုကိုလည်း အားကောင်းစေတယ်

– အကြောအားနည်းပြီး ခြေလက်တုန်သောရောဂါဖြစ်တဲ့ Parkinson’s Disease နဲ့

– ဦး‌နှောက် ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ပီသစွာစကားမပြောနိုင်တော့ခြင်း  စတာတွေဖြစ်ပွားသောရောဂါတစ်မျိုးဖြစ်တဲ့ Alzheimer’s Disease တွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်

– အသက် အိုမင်းလာလို့ဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ်အား လျော့ကျလာမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

စိတ်နဲ့ပတ်သက်ရင်လည်း…

Endorphins အမည်ရ လူကို ပျော်ရွှင်စေတဲ့ ဟော်မုန်းထွက်စေဖို့ တိုက်တွန်းပေးတာကြောင့် စိတ်ပျော်ရွှင်မှုကိုပေးစွမ်းပေးပါတယ်။ Magnesium ပါဝင်လို့လည်း နာကျင်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် စိတ်ကျရောဂါခံစားနေရတဲ့သူတွေအနေနဲ့ Dark Chocolate ကို စားပေးသင့်ပါတယ်။

ခန္ဓာကိုယ် ရောင်ရမ်းမှုနဲ့ ပတ်သက်ရင်လည်း…

လူ့ခန္ဓာကိုယ်ဟာဆိုရင် ပိုးမွှားတွေရယ်၊ ထိခိုက်မှုတွေရယ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အချိန်ကြာမြင့်စွာ ရောင်ရမ်းမှုတွေရှိလာတဲ့အခါမှာတော့ ဆီးချိုရောဂါ၊ အဆစ်ရောင်နာတွေ ဖြစ်လာနိုင်ပါတယ်။ Dark Chocolate ဟာဆိုရင် ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

ဒီ့အပြင်…

Dark Chocoloate ဟာဆိုရင် နှလုံးရောဂါဖြစ်ပွါးနိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ insulin ဟော်မုန်းကိုလည်း တိုးထုတ်စေနိုင်တဲ့အတွက် ဆီးချိုရောဂါကိုလည်း  ကာကွယ်ပေး၊ ထိန်းပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုမှာဆိုရင် Dark Chocolate ကို နေ့စဉ်အနည်းငယ်စားသုံးပေးခြင်းဖြင့် နှလုံးဖောက်ပြန်မှု (Heart Attack) နဲ့ လေဖြတ်ခြင်း ဖြစ်စေမှုကို ၄၀% နီးပါး လျှော့ချပေးနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။

ဒါတင်ပဲလားဆိုတော့…

အသီးအရွက်၊ အသီးအနှံတွေမှာ တွေ့နိုင်တဲ့ Flavonols အမည်ရ Antioxidants တစ်မျိုးကိုလည်း Dark Chocolate ကနေ ရရှိနိုင်ပြီး နေလောင်ခြင်းမှ ကာကွယ်ပေးနိုင်တယ်။ အသားအရေကို ရေဓာတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်သေးတာကြောင့် ကမ်းခြေလိုနေရာမျိုးကို ခရီးထွက်ဖို့ပြင်နေသူတွေအနေနဲ့ ခရီးမသွားခင်အပတ်တွေမှာကတည်းက ကြိုတင်ပြီး Dark Chocolate ကို စားထားပေးသင့်ပါတယ်။

Dark Chocolate မှာက Caffeine တော့ ပါဝင်ပေမဲ့ coffee မှာ ပါဝင်မှုနဲ့ ယှဉ်ရင် ပမာဏအရမ်းနည်းတာဖြစ်လို့ ညအချိန်မှာ အိပ်မပျော်တာမျိုးကိုလည်း မဖြစ်စေပါဘူး။ သို့သော် calories များစွာ ပါဝင်နေတာကိုတော့ သတိထားသင့်ပါတယ်။

ဒါကြောင့် သင့်တော်တဲ့ ပမာဏတစ်ခုကိုပဲ နေ့စဉ်စားသုံးပေးသင့်ပါတယ်။

ဒီစာကိုဖတ်ပြီး Dark Chocolate ကို သွားဝယ်စားဖို့ စဉ်းစားနေပြီဆိုရင်တော့ ကိုယ်ဝယ်စားမယ့် Dark Chocolate မှာ ကိုကိုးပါဝင်မှု အနည်းဆုံး ၇၀% ရှိရမယ်ဆိုတာကိုတော့ မမေ့ပါနဲ့နော်…

ကျေးဇူးတင်ပါတယ်။

ရေးသားသူ – May Kham Eain

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement