backup og meta

ပဲပင်ပေါက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပဲပင်ပေါက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး
    ပဲပင်ပေါက် လို့ပြောလိုက်ရင်ထွေထွေထူးထူးပြောစရာမလိုပဲတောင် လူတိုင်းလိုလို သိထားပြီးဖြစ်မှာပါ။ ပဲပင်ပေါက်ကို ကြော်စားလို့ရသလို အသုပ်တွေထဲမှာပဲထည့်ထည့်၊ သုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဟင်းချိုချက်ပြီးတော့ပဲဖြစ်ဖြစ်၊ အချဉ်စိမ်ပြီးတော့ပဲဖြစ်ဖြစ်စားလေ့ရှိကြပါတယ်။ ဒီလိုမျိုး စားလို့ကောင်းတဲ့ ပဲပင်ပေါက် ကိုနေ့တိုင်းစားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။

    ပဲပင်ပေါက် ဆိုတာ

    ပဲပင်ပေါက်ဆိုတာက ပဲစေ့လေးတွေကနေ စပြီး အပင်ပေါက်လာတဲ့အေ့ခြအနေပါ။ ထိပ်ဖျားမှာ အဝါရောင် အရွက်နှစ်ခုရှိနေပြီး အဖြူရောင်ရိုးတံလေးနဲ့ အမြစ်ခပ်ပါးပါးလေးပါတဲ့ အပင်ငယ်လေးတွေပါ။ ပဲပြားနဲ့ ပဲပင်ပေါက်ကို ရောကြော်စားကြတာများသလို အသုပ်တွေ၊ မုန့်ဟင်းခါးထဲမှာလည်း ထည့်စားကြပါတယ်။ ပဲတီချဉ်သုပ်ကလည်းမြန်မာလူမျိုးတွေကို ခံတွင်းမြိန်စေတဲ့ ဟင်းလျာတစ်မျိုးပါ။

    ပဲပင်ပေါက် စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

    ပဲပင်ပေါက်က အာဟာရဓါတ်ကြွယ်ဝသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကိုကျန်းမာစေနိုင်ပါတယ်။

    ကိုယ်ခံအားကောင်းစေတယ်

    ပဲပင်ပေါက်မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပြီးရောဂါပိုးတွေကူးစက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေပြီး ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်မှာပါ။ ဗီတာမင် A ပါဝင်နေတာကြောင့်လည်း ခန္ဓါကိုယ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ဇီဝကမ္မဖြစ်စဉ်တွေကိုကောင်းမွန်စေနိုင်ပါတယ်

    ပဲပင်ပေါက်မှာ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်ဖို့ထောက်ပံ့ပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေပါတယ်။ ဒီအင်ဇိုင်းကို အခြားစားစရာတွေကနေရရှိဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဆဲလ်တွေဖြစ်ပေါ်မှု၊ ကိုယ်တွင်းအင်္ဂါတွေကျန်းမာအောင်ထောက်ပံ့ပေးမှု နဲ့ ကြွက်သားတွေကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ အရိုးနဲ့ကြွက်သားတွေသန်မာပြီး ကိုယ်တွင်းအင်္ဂါတွေကျန်းမာစေဖို့ စားသုံးပေးသင့်ပါတယ်။

    အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်
    ပဲပင်ပေါက်မှာပါတဲ့ အင်ဇိုင်းက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီ အစာကြေစေနိုင်သလို အူနံရံတွေကို အာဟာရဓါတ်တွေအကောင်းဆုံး စုပ်ယူနိုင်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်တာကနေ ကင်းဝေးအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
    ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓါတ်ပါဝင်မှုကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ချချင်သူတွေ စားသုံးပေးသင့်တဲ့ စားစရာတစ်ခုပါ။ ဝိတ်ကျချင်သူတွေနေ့တိုင်း စားပေးသင့်ပါတယ်။
    သွေးအားနည်းတာကိုသက်သာစေနိုင်တယ်

    ခန္ဓါကိုယ်မှာ သံဓါတ်နည်းလာတဲ့အခါသွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားဖို့လိုပါမယ်။ ဒီတော့ သံဓါတ်ချို့တဲ့မှုကြောင့်သွေးအားနည်းတာ၊ အစာခြေစနစ်ပြဿနာတွေခံစားရတာ၊ခြေကုန်လက်ပမ်းကျတာ၊ အမောမခံနိုင်တာတွေမဖြစ်စေဖို့အတွက် ပဲပင်ပေါက်လေးကို စားသုံးပေးသင့်ပါတယ်။ ပဲပင်ပေါက်မှာပါတဲ့ သံဓါတ် နဲ့ကော့ပါးဓါတ်တွေက ခန္ဓါကိုယ်ထဲမှာသွေးနီဥဆဲလ်တွေဖြစ်ပေါ်စေပြီး ကိုယ်တွင်းသွေးလည်ပတ်မှုကိုကောင်းစေနိုင်ပါတယ်။

    ဗီတာမင် A ကြွယ်ဝတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကို အထိရောကာ်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ မျက်စိအတွင်းတိမ်ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးကို အသုံးပြုပြီး အလုပ်လုပ်နေရသူတွေအနေနဲ့ မျက်လုံးလေးတွေ ကျန်းမာစေဖို့ ပဲပင်ပေါက်ကို စားသုံးပေးသင့်ပါတယ်။

    ကဲ… ခန္ဓါကိုယ်လေး ကျန်းမာစေဖို့ ပဲပင်ပေါက်ကို တစ်ပတ်ကို ၃ ကြိမ်လောက်တော့ စားသုံးပေးဖို့ ပြောပါရစေ။

    ဘာတွေ သတိထားရမလဲ!

    ပဲပင်ပေါက်က လူတိုင်းနဲ့ တည့်တယ်ဆိုပေမယ့် အသက် ၅ နှစ်အောက် ကလေးတွေ၊ အသက် ၇၀ အထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်မေမေတွေ နဲ့ ကိုယ်ခံအားနည်းသူတွေ အများကြီး စားတာမျိုး မလုပ်သင့်ပါဘူး။ နောက်တစ်ချက်က လတ်ဆတ်ပြီး သေချာ ချက်ထားတာကိုပဲ စားပေးပါ။ အစိမ်းစားတာမျိုး မလုပ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 09/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement