ဗီတာမင် ဘီက သွေးနီဥ ဖွဲ့စည်းဖို့ လိုအပ်တဲ့ ဓာတ်တစ်ခု ဖြစ်တာကြောင့် ဗီတာမင် ဘီ ချို့တဲ့ရင် သွေးနီဥ ပမာဏ ကျဆင်းသွားပါမယ်။ ဒီအခါ သွေးအားနည်းတဲ့ အခြေအနေပါ ထပ်ဖြစ်လာစေပြီး သွေးနီဥတွေကို ပို မြန်မြန် ပြိုကွဲစေပါတယ်။ အသည်းက ဖြိုခွဲလိုက်တဲ့ သွေးနီဥတွေကနေ bilirubin ဓာတ် ထွက်လာပါတယ်။ ကိုယ်ထဲမှာ bilirubin များလာလေ အသားဝါတာ ပိုဆိုးလေပါပဲ။
၄။ ပင်ပန်းနွမ်းနယ်နေမယ်
သွေးနီဥတွေက ခန္ဓာကိုယ်ဆဲလ်တွေ လိုအပ်တဲ့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးပါတယ်။ သွေးနီဥ လုံလောက်အောင် မဖွဲ့စည်းနိုင်တော့တဲ့အခါမှာ ခန္ဓာကိုယ်လည်း အောက်ဆီဂျင် ကောင်းကောင်း မရရှိတော့ပါဘူး။ ရလဒ်ကတော့ အလွယ်တကူ မောပန်းမှု ခံစားရတာပဲ ဖြစ်ပါတယ်။
၅။ နှလုံးခုန်မြန်မယ်
သွေးအားနည်းရောဂါ ရှိလာပြီဆိုရင် နှလုံးကို ပိုမြန်မြန် အလုပ်လုပ်စေပါတယ်။ ကိုယ်တွင်းမှာ သွေးနီဥ ပမာဏ နည်းနေတာကို ဖြည့်ဆည်းပေးဖို့ နှလုံးက နဂိုထက် ပိုမြန်မြန် ခုန်ပြီး သွေးတွေ ပိုထုတ်ပေးဖို့ ကြိုးစားပါတယ်။ ဒီလို အချိန်မှာ ပုံမှန်ထက် နှလုံးခုန် မြန်လာနိုင်ပါတယ်။
၆။ အော့အန်မယ်၊ ဝမ်းလျှောမယ်
ဗီတာမင် ဘီ ချို့တဲ့ခြင်းက အစာခြေလမ်းကြောင်းကိုလည်း ပြဿနာ ပေးပါတယ်။ သွေးနီဥ ပုံမှန်ထက် နည်းသွားတာကြောင့် အစာခြေလမ်းကြောင်းက သွေးလုံလောက်အောင် မရရှိတော့ပါဘူး၊ လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ် မရတဲ့ အတွက်ကြောင့် သူ့ရဲ့ အလုပ်တွေကို ပုံမှန်အတိုင်း မလုပ်နိုင်တော့ဘဲ ဝမ်းပျက်ဝမ်းလျှောတာ၊ အော့အန်တာတွေ ခံစားလာရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။