( ၄) ဗိုက်အဆီကျစေချင်တဲ့ ဇောနဲ့ အဆီနည်းတဲ့ အစားအစာတွေချည်းပဲ ရွေးစားတာ။
အဆီနည်းတဲ့ အစားအစားတော်တော်များများက အဆီထုတ်ထားပြီး စားကောင်းအောင် သကြားနဲ့ အခြား အရသာမှုန့်တွေ ထည့်ထားတာများတဲ့အတွက် သူတို့ချည်းအားကိုးစားလို့ မရပါဘူး။ ဒီတော့ အဆင်သင့် အဆီထုတ်ထားတဲ့ အစားအစာတွေအစား ထောပတ်သီး၊ အစေ့အဆံ၊ သံလွင်ဆီ အဆီများတဲ့ငါးတွေနဲ့ ကြက်ဥအနှစ်တို့လိုမျိုး သဘာဝ အစားအစာတွေ ရွေးစားပါ။
( ၅ ) စိတ်ဖိစီးမှု ပြေလျော့အောင် မနေခြင်း။
စိတ်ဖိစီးမှုဟာ အဝလွန်စေတဲ့ပြဿနာ၊ ဗိုက်မှာအဆီစုစေတဲ့ပြဿနာနဲ့ အခြားကျန်းမာရေးပြဿနာအားလုံးရဲ့ အသံတိတ်လူသတ်သမားလို့တောင် ပြောလို့ရပါတယ်။ စိတ်ဖိစီးမှုများလေလေ ခါးတစ်ဝိုက်အဆီတက်အောင် လှုံဆော်တဲ့ cortisol ဟော်မုန်းထွက်လာလေလေဖြစ်ပြီး ပိုပိုဝလာမှာပဲ ဖြစ်ပါတယ်။
( ၆ ) ကယ်လိုရီ အလွန်အကျွံလျှော့စားတာ။
ကယ်လိုရီ လျှော့စားလွန်းတာ၊ အစားအငတ်ခံတာ စတာတွေ ပိန်စေတဲ့ အချက်စေမယ့် အချက်တွေလို့ထင်ရပေမယ့် ဘာကယ်လိုရီမှ မဝင်တာကြာလာတဲ့အခါ ကိုယ်ခန္ဓာမှာ ‘starvation state,’ လို့ခေါ်တဲ့ အဆင့်တစ်ခုကိုရောက်သွားပါတယ်။ ဒီအဆင့်ရောက်သွားပြီဆိုရင် ကိုယ်ခန္ဓာက စွမ်းအင်ထုတ်ဖို့အတွက် ကုန်ကြမ်းမရှိတော့မှာစိုးလို့ ဘာပဲစားစား အဆီအဖြစ်စုထားတဲ အခြေအနေကိုရောက်သွားပါတော့တယ်
( ၇ ) အဆီကျဆေးတွေနဲ့ အဆီကျခါးပတ်တွေ အပေါ် မှီခိုလွန်းတာ။
လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး ပိန်ချင်တဲ့သူတွေ အတွက် အဆီကျဆေးတွေကတော့ အားကိုးစရာ ဆရာတစ်ဆူပါပဲ။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာရှိသေးတယ်လေ။ သဘာဝ အတိုင်းမဟုတ်တဲ့ ဘယ်အရာမှာ ကောင်းတာမရှိတဲ့အတွက် ဗိုက်အဆီချဖို့ ဆေးတွေချည်းအားကိုးနေရင်လည်း မသင့်တော်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။