ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက

တစ်နေ့တာ လှုပ်ရှားမှုတွေကို စိတ်လက်ကြည်ကြည်သာသာနဲ့ လုပ်ချင်သူတွေအတွက် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေမယ့် အစားအသောက်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတစ်ယောက်က အမြဲစိတ်ခံစားမှု ကောင်းနေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အခုပြောပြမယ့် အစားအစာတွေကတော့ စိတ်ဖိစီးမှု နဲ့ စိတ်ပူပန်မှုကို လျော့ကျစေနိုင်ပြီး စိတ်ဓာတ်ကျမှုကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိ ပါတယ်။ ကဲ  ...... စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက ကတော့ ရေ ရေက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေဖို့အတွက်တော်တော်လေးကို အရေးပါတာပါ။ ခန္ဓာကိုယ်မှာရေဓာတ်အနည်းငယ်ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာ အများကြီးထိခိုက်စေနိုင်ပါတယ်။ရေဓာတ်နည်းလာတဲ့အခါ အာရုံစိုက်နိုင်စွမ်းလျော့ကျလာနိုင်ပါတယ်။ ဒါကြောင့် အမြဲလိုလိုတက်တက်ကြွကြွနေနိုင်ဖို့အတွက် ရေလုံလောက်အောင်သောက်ပေးပါ။ ချောကလက် ဒါကတော့ အရမ်းထူးဆန်းတာမဟုတ်ပါဘူး။ ချောကလက်စားရင် စိတ်ခံစားမှုကောင်းတယ်ဆိုတာကို လူတိုင်းလိုလိုသိထားပြီးသားပါ။ သိပ္ပံနည်းကလေ့လာမှုတွေအရတော့ အနက်ရောင်ချောကလက်ကိုနေ့စဉ် စားသုံးပေးတာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေ စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြာစေ့လေးတွေ စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

မိုး တွေရွာလာပြီဆိုရင် ကန်တွေထဲမှာပေါက်နေတဲ့ ကြာတွေလည်း တဖြည်းဖြည်းနဲ့ ရှင်သန်ကြီးထွားလာပါတယ်။ ကြာပင်တွေရှင်သန်ကြီးထွားလာမှုက မြင်ရတဲ့သူတွေအတွက် စိတ်အေးချမ်းမှုကိုပေးနိုင်သလို ကြာပင်က ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းပေးပါသေးတယ်။ ကြာပင်ရဲ့ ကြာရိုး၊ ကြာစွယ်နဲ့ ကြာစေ့တွေကို စားသုံးလို့ရပါတယ်။ အခုတစ်ခေါက်ကတော့ ကလေးလေးတွေကစလို့ လူကြီးတွေအထိ ကြိုက်နှစ်သက်ကြတဲ့ ကြာစေ့လေးတွေ စားရင်းရရှိမယ့် အကျိုးကျေးဇူးတွေအကြောင်းကို ပြောပြပေးချင်တာပါ။ ကြာစေ့လေးတွေကို အစိမ်းလိုက်စားသုံးလို့ရသလို ဟင်းချက်ပြီးတော့လည်း စားသုံးလို့ရပါတယ်။ တရုတ်လူမျိုးတွေနဲ့ ဂျပန်လူမျိုးတွေရဲ့ ရိုးရာဟင်းလျာတွေထဲမှာ ကြာစေ့၊ ကြာစွယ်၊ ကြာရိုး နဲ့ ကြာရွက်တို့ကို ထည့်သွင်းချက်ပြုတ်စားသုံးကြပါတယ်။ ကြာစေ့‌လေးတွေ မှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေတာလဲ ကြာစေ့ ဆိုတာက ကြာပန်း အလယ်ပိုင်းက ဝတ်ဆံလေးတွေ ရင့်မာသွားတာဖြစ်ပြီး အပြင်ခွံစိမ်းစိမ်းလေးနဲ့ အတွင်းက အဆံလေးကတော့ ဖြူဖြူလေးပါ။ ကြာစေ့ကို စားတဲ့အခါ ဖန်တွန့်တွန့် အရသာရှိတဲ့ အပြင်ခွံစိမ်းစိမ်းလေးကိုဖယ်ပြီး အတွင်းက […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ်

Detox water ကိုတော့တော်တော်များများသိကြမှာပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဓာတ်တွေကင်းစင်စေတယ်၊ အလုံးစုံကျန်းမာရေးအတွက်ကောင်းတယ်၊ အဆီကျတယ် စတဲ့ သဘာဝအကျိုးကျေးဇူးတွေကြောင့် လူကြိုက်များကြတာပါ။ ခုခေတ်စားနေတဲ့ အဆီချအစားအသောက်အစီအစဉ်တွေမှာလည်း Detox water မပါလို့မဖြစ်ပါဘူး။ အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ် သူက ဘာတွေထူးခြားနေလို့များလဲ။ ရေဓာတ်တော့အပြည့်အဝရမှာသေချာတယ်။ ရေနဲ့စိမ်ထားရတာကိုး။ အမှန်တော့ Detox water ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေမှန်သမျှကို ကင်းစင်စေတဲ့အပြင် ဝိတ်ချဖို့အစားဆင်ခြင်နေရချိန်မှာ ကျန်းမာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေဖြည့်တင်းပေးနိုင်တဲ့သောက်စရာတစ်ခုဖြစ်ပါတယ်။ အဆီကျလို့ ပိုလည်းလှစေ၊ ခွန်အားလည်းပြည့်စေနိုင်စွမ်းရှိပါတယ်။ Detox water ဘယ်လိုလုပ်ရလဲ သူများဆီက ဝယ်သောက်ရတာDetox water ကနည်းနည်းဈေးကြီးပါတယ်။ ပြုပြင်စီမံထားခြင်းမရှိ၊ တာရှည်ခံဓာတုပစ္စည်းမပါဝင်ဘဲ သဘာဝပစ္စည်း၊ အသီးအရွက်တွေနဲ့ပြုလုပ်ထားတာဖြစ်လို့ organic သို့မဟုတ် homemade စသည်ဖြင့် အာမခံပြီးဈေးကောင်းကောင်းနဲ့ရောင်းကြပါတယ်။ အွန်လိုင်းမှာလည်းရောင်းချနေတာဆိုတော့ အိမ်အရောက်ပို့ခနဲ့ဆို ပိုတောင်ကုန်ဦးမယ်။ ဒါဆို အဆီကျကျစ်လျစ်ချင်လို့ အစားလျှော့ Diet […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အာဟာရမျှတတဲ့ အစားအသောက်ဆိုတာဘာလဲ

ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဆိုတာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေအားလုံးပါဝင်တဲ့စားသောက်မှုပုံစံဖြစ်တယ်။ အသက်အရွယ်အမျိုးမျိုးအတွက် အာဟာရလိုအပ်ပုံ အချိုးအစားက ကွဲပြားပါလိမ့်မယ်။ ထို့အတူပဲ အမျိုးသားနဲ့ အမျိုးသမီးမှာလည်း မတူနိုင်သလို၊ တစ်ဦးချင်းစီရဲ့ကျန်းမာရေးအခြေအနေပေါ်လိုက်ပြီးလည်းကွဲပါတယ်။ ယေဘုယျအားဖြင့် သင့်ကလေးငယ်အပါဝင် မိသားစုတစ်ခုလုံးကို ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဖန်တီးပေးဖို့အတွက် အောက်ပါစားစရာတွေကို ထည့်သွင်းစားသင့်ပါတယ်။ ၁။ နို့နှင့်နို့ထွက်ပစ္စည်းများ နွားနို့၊ ထောပတ်၊ ဒိန်ခဲ နဲ့ တခြားနို့ဖြင့်ပြုလုပ်ထားသော စားစရာများပါဝင်တယ်။ နို့နှင့်နို့ထွက်ပစ္စည်းတွေဟာ ဗီတာမင်ဒီနဲ့ မကောင်းတဲ့ကိုလက်စရောတွေကိုနည်းစေသော ပြည့်ဝဆီကြွယ်ဝတာကြောင့် ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နို့ထွက်ပစ္စည်းများအစားထိုးကတော့ ပဲပုပ်ပါဝင်သောအထောက်အပံ့စားစရာများနဲ့ အခွံမာသီးများ ဖြစ်တယ်။ ၂။ အသားဓါတ် အသားဓါတ်ဟာ အသားမျိုးစုံကနေရနိုင်ပါတယ်။ ကြက်၊ ဝက်၊ အမဲ စတဲ့အသားတွေကနေ အသားဓါတ်အရနိုင်ဆုံးဖြစ်တယ်။ ငါး၊ ဥတွေအပြင် ပဲမျိုးစုံ၊ တို့ဖူး တို့မှလည်း အသားဓါတ်ကောင်းကောင်းရနိုင်ပါတယ်။ ဒါပေမယ့် တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း ကြက်အူချောင်းတွေကတော့ သင့်ကလေးစားသောက်မှုထဲမှာ မပါသင့်ပါဘူး၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင် နေကြာစေ့ဆိုတာနဲ့နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကိုမြင်ယောင်မိကြမှာပါ။နေကြာစေ့ကို ရုပ်ရှင်ရုံထဲမှာလည်းတော်တော်များများ စားကြပြီး ဆားအငန်ပါတာနဲ့ မပါတာနဲ့ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဆားအငံပါတာနဲ့ မပါတာက အရမ်းတော့ မကွာပါဘူး။သွေးတိုးရှိတဲ့သူတွေကတော့ ဆားအငန်ပါတာကိုရှောင်စားကြပါတယ်။ နေကြာစေ့သေးသေးလေးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရင်းမြစ်ဆိုရင် အံ့သြသွားလောက်ပါတယ်။နေကြာစေ့မှာကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့phytosterolsတွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာသွေးတွင်းမှာ ကိုလက်စထရောလျှော့နည်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့နေကြာစေ့လေး စားပေးဖို့ လိုပါတယ်။ နေကြာစေ့ စားတဲ့အခါမှာ ခွာရတဲ့အရသာ၊ အစေ့လေးတွေခက်ခက်ခဲခဲ ထုတ်ရပြီး စားရတဲ့ ခံစားချက်ကိုတော်တော်လေး နှစ်သက်တဲ့သူတွေ ရှိပါတယ်။နေကြာစေ့ကို ခံစားချက်ကောင်းမွန်ဖို့ စားတဲ့သူတွေလည်း ရှိပါတယ်။နေကြာစေ့မှာ စိတ်ခံစားချက်ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အများကြီး ပါဝင်ပါတယ်။နေကြာစေ့မှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်ထဲသွေးလည်ပတ်စီးဆင်းမှုကိုကောင်းမွန်စေတာကြောင့်ပါ။ လေ့လာသူတွေကတော့နေကြာစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အခါမှာ စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်းစတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာသော အမျှင်ဓါတ်စားသုံးခြင်း

ကျောင်း၊ သင့်မိဘ ၊ကျန်းမာရေးသမားများက အဘယ်ကြောင့်အမျှင်ဓါတ်များများစားရန်ပြောနေသည်ဟုထင်ပါသဘဲ။ ရင်းနှီးပြီးဖြစ်သော်လည်း အကျိုးကျေးဇူးကိုလူတော်တော်များများမသိကြပေ။ အမျှင်ပါသောအစာကိုရွေးချယ်ခြင်းကမခက်ပါ သင်မိးဖိုချောင် ဈေးတွင်လွယ်ကူစွာရှာနိုင်သည်။ သင်ဘာကြောင့်အမျှင်ဓါတ်ကိုစားသင့်သလဲ ဘယ်မှာရှာနိုင်သလဲကိုဆက်လက်ဖတ်ရှုနိုင်ပါသည်။ အမျှင်အစာဆိုတာဘာလဲ။ သင်ခန္ဓါကိုယ်က သင်စားသမျှ အစာအာဟာရကိုမစုပ်ယူနိုင်ပါ။ ထိုကြောင့် အစားအသောက်ပါသောအမျှင်များ အပင်မှရသောအစာက သင်ကျန်းမာရေးအတွက်အရေးပါလှသည်။ သင်ခန္ဓါကိုယ်မှ အမျှင်ကိုအခြားအာဟာများကဲ့သို့(ပရိုတင်း ဗီတာမင် အဆီ စသည်) တိုက်ရိုက်မစုပ်ယူနိုင်ပါ။ သို့သော် အစာအိမ်တောက်လျောက်ဖြတ်သွားနိုင်သည်။ ရေတွင်ပျော်ဝင်သောအရာ နှင့် ရေတွင်မပျော်ဝင်နိုင်သောအရာဟုခွဲထားပြီ အမျှင်က အစာအိမ်မှ အူလမ်းကြောင်းသိုရောက်ပြီး ခန္ဓါကိုယ်မှထွက်သွြးခြင်း သို့ဟုတ် ပျော်ဝင်သွာခြင်းဖြစ်နိုင်သည်။ မတူသောအမျှင်ပါသော အပင်အစားသောက်မတူသောကြောင့် မတူညီသောအမျှင်တိုင်းအကုန်မျိုးစုံစားရန်လိုအပ်သည်။ ပျော်ဝင်နိုင်သော အမျှင်ဓါတ်။ ထိုအမျှင်ဓါတ်က အခွံမာသိပဲသီး ပန်းသီး အချဉ်ပါသောအသီးများ မှန်လာဥ ဘာလီသီးစသည်တို့တွင်ပါဝင်သည်။ ရေတွင်စိမ်ပါက ပျော်ဝင်သည်။ သကြားဓါတ်နှင့်ကိုလက်စတောကိုကျစေသည်။ မပျော်ဝင်နိုင်သောအမျှင်။ ထိုအရာက အရွက်များ(ဥပမာ ဂေါ်ဖီ ပဲသီး အာလူး အစရှိသည်) အသီများ အစေ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိုကောင်းတဲ့ အာဟာရ ပိုနည်းတဲ့ကိုလက်စထရော

ကိုလက်စထရောပါသောအစားများကိုနေ့စဉ်အစာအဖြစ်မစားရန်အကြံပေးခြင်းကိုကြားနိုင်သည်။ သို့သော် ဘာကြောင့်စားသင့်သည် ဘယ်အစားအသောက်ကသင်လိုအပ်ချက်ပြည့်ဝစေသည်ကို သင်သိလိုပါသလား။ ကိုလက်စတေများသောအစာများကို အသား တိရစ္တာန်အတွင်းအဂါီ ကြက်ဥ နှင့်ပင်လယ်စာများတွင်ပိုတွေ့နိုင်သည်။ ထိုအစာများက ပြည့်ဝဆီမှ ကိုလက်စထရောများအောင်လုပ်ပြီး နှလုံးရောဂါနှင့်ခန္ဓါကိုယ်အလေးချိန်ပြသာနာများကိုပိုဖြစ်စေနိုင်သည်။ သို့သော် အဆီတိုင်းကမကောင်းသည်တော့်မဟုတ်ပါ။ မပြည့်ဝဆီကိုစားသုံးရန်လိုအပ်ပြီး ထိုအရာက ခန္ဓါကိုယ်အလေးချိန်ကိုထိန်းပေးသည်။ ကိုလက်စထရောနည်းသောအစာများကိုရှာဖွေစားသောက်ခြင်းဖြင့် သင့်ကျန်းမာရေးကောင်းမှုကိုထိန်းသိမ်းနိုင်သည်။ ၁။ အုတ်ဂျုံ။ အုတ်ဂျုံ တွင် သတ္ထုဓါတ်များစွာနှင့် အမျှင်ဓါတ်များစွာပါဝင်သည်။ ထိုအရာက မကောင်းသောကိုလက်စထရောဟုခေါ်သည့် အယ်ဒီအယ်ကိုကျစေသည်။ သွေးထဲသို့ကိုလက်စထရောစုပ်ယူအားကိုလျော့ချစေခြင်းဖြင့် ပျော်ဝင်နိုင်သောအမျင်များက နှလုံးနှင့်ပတ်သတ်သောရောဂါဖြစ်ခြင်းကိုလျော့ချပေးနိုင်သည်။ တစ်ခွက်ခွဲအုတ်ဂျုံတွင် အမျှင်ဓါတ် ၆ဂရမ်ပါဝင်သည်။ အခြားအမျှင်များသောအစားများ ဥပမာ ပဲသီးပန်းသီး ငှက်ပျော်သီး ပန်းသစ်တော်စသည် တို့က အမျှင်ဓါတ်ကို အနည်းဆုံး ၄ ဂရမ်ထိမြင့်စေသည်။ ၅မှ ၁၀ဂရမ်စားခြင်းဖြင့် မကောင်းသောကိုလက်စတောနှင့် ကိုလက်စထရောပေါင်းကိုနှစ်ဆခန့်လျော့ချပေးနိုင်သည်။   ၂။ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါသောငါးကိုစားပါ။ ကျန်းမာရေးအတွက်ကောင်းသောနောက်ထပ်အရာက အိုမီဂါ ၃ ဖက်တီးအက်စစ်ဖြစ်ပြီး ငါး ဥပမာ […]


အဝလွန်ခြင်း

သင် အရမ်းဝနေပြီလား

လူတော်တော်များများက အခြားသူကိုယ်အလေးချိန်အပေါ်ဝေဖန်တတ်ကြသည်။ ထိုပြင် အဝလွန်ခြင်းက နာတာရှည်ရောဂါ များ ဥပမာ အမျိုးအစား-၂ ဆီးချို၊ နှလုံးရောဂါနှင့် ကင်ဆာပုံစံများကိုဖြစ်စေသည်။ ဝိတ်တက်စေသော အရာများစွာ ပတ်ဝန်းကျင် မိသားစုသမိုင်း နှင့် မျိုးရိုး အစရှိသည်တို့ရှိသော်လည်း အဝလွန်ခြင်းကို နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့်လုပ်နိုင်သည်။ သင်ခန္ဓါကိုယ်အလေးချိန်ရှာနိုင်သော အသုံးများဆုံးနည်းလမ်းမှာ ဘီအန်အိုင်တွက်ခြင်းဖြစ်သည်။ ဘီအန်အိုင်သည် သင်ခန္ဓါကိုယ် သင်အရပ် နှင့် သင့်အဆီပမာဏကိုတွက်ပေးနိုင်သည်။ ထိုတွက်နည်းက ဖို၊မ နှစ်ခုလုံးတွင်သုံးနိုင်သော်လည်း အချို့သူများတွင်အကန့်အသတ်တော့ရှိသည်။ဥပမာ အားကစားသမားခန္ဓါကိုယ်အဆီ နှင့် ကြွက်သားလေ့ကျင့်နေသောသူ၏အဆီ က ပုံမှန် အလုပ်လုပ်သောသူနှင့်မတူနိုင်ပါ။ ဘီအန်အိုင်က ကလေးများ ဆယ်ကျော်သက်နှင့် အသက်ကြီးသူများတွင် မှားနိုင်သည်။ ဘီအန်အိုင်အဓိပ္ပါယ်များရှိသည်။ ဘီအန်အိုင်။ ခန္ဓါကိုယ်အခြေအနေ ၁၈.၅-၂၄.၉။ ပုံမှန်ကိုယ်အလေးချိန် ၂၅.ဝ-၂၉.၉။ ပုံမှန်ထက်ပိုခြင်း ၃၀.ဝ-၃၉.၉ ။ ဝခြင်း ၄၀ နှင့်အထက်အလွန်အဝလွန်ခြင်း သင်မှန်ကြည့်ချိန်တွင် အဆီများစွာရှိနေသည်ဟုထင်ပါက သင်ခန္ဒါကိုယ်မှ သင်အလေးချိန် ကိုဖော်ပြနေခြင်းဖြစ်နိုင်သည်။ အောက်ပါအချက်များက သင်အဝလွန်နေသည်ကိုဖော်ပြသည်။ ၁။ လေ့ကျင့်ခန်းလုပ်ရန်စိတ်မသက်မသာဖြစ်သည်။ ပုံမှန်လှုပ်ရှားမှုလုပ်ဆောင်ခြင်းက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အအေးမိခြင်းနှင့် တုပ်ကွေးမိခြင်းကို တိုက်ထုတ်ပေးမယ့် အကောင်းဆုံးအစားအစာ ၆ မျိုး

သင်လည်ချောင်းယားနေသည် သို့မဟုတ် သင်နှာရည်ယိုနေသည် ခံစားနေရသောအခါ အဖျားမဖြစ်အောင်လုပ်နိုင်မှုအရမ်းနည်းနေပါသလား။ နိုးပါ။ သင့်ခုခံအားစနစ်ကိုများစေသော အစားငါးမျိုးကိုဖော်ပြလိုပါသည်။ ကြက်စွပ်ပြုတ်။ လေ့လာချက်များအရ ကြက်သားစွပ်ပြုတ်က ယောင်ခြင်းကိုသက်သာစေသည်။ အဘယ်ကြောင့်ဆိုသော် ကြက်ထဲတွင်ပါသော စစ်စတင်း အမိုင်နိုအက်စစ် ကြောင့်ဖြစ်သည်။ ထိုအရာက နှာခေါင်း ရင်ဘတ် လည်ချောင်း ယောင်ခြင်းကြောင့်ဖြစ်သည့်အချွဲကိုပါးစေသည်။ ခေါက်ဆွဲ ဟင်းသီးဟင်းရွက်ထည့်ခြင်းက စွပ်ပြုတ်ရှိ အနာကျက်စွမ်းအားကိုပိုမြန်စေပြီး သင့်အင်အားကိုပိုများစေသည်။ ဟင်းသီးဟင်းရွက်က အာဟာရပမာဏကိုမြင့်စေပြီး ခုခံအားစနစ်ကိုပိုးကောင်းစေသည်။ ကြက်သွန်။ ကြက်သွန်က သင့်အရသာခံမှုကိုမြင့်စေသည်။ ဓါတ်တိုးပစ္စည်းဆန့်ကျင်သော အရာက ဗိုင်းရပ်ကိုဆန့်ကျင်နိုင်စွမ်းရှိပြီး အဖျားကိုကာကွယ်နိုင်ခြင်းဖြစ်သောအချိန်ကိုတိုစေသည်။ အဆီပါသောကွန်ပေါင်း အလီစင်ကလဲ အဖျားတိုက်သောစွမ်းဆောင်ရည်ရှိသည်။ ကြက်သွန်ကို သဘာဝအတိုင်းစားရန်မလိုအပ်ပါ။ ကြက်သွန်ဖြည့်စွက်စာများဥပမာ ပေါင်ဒါ အဆီများက လည်းအနာသက်သာနှုန်းကိုပိုများစေသည်။ နေ့တိုင်းရှူးရှူးမူးမူးစားရန်တော့မလိုပါ။ တစ်ရက် တခါနှစ်ခါက ဆရာဝန်ကိုမလိုသည်ထိကျန်းမာနိုင်သည်။ ပျားရည်။ သင်လည်ချောင်းနာနေပါက သင်အဖွားက ပျားရည်တိုက်တာကိုသင်မှတ်မိနိုင်သည်။ လေ့လာချက်များအရ ပျားရည်က လည်ချောင်းကိုကာပေးခြင်း ယားခြင်းကိုသက်သာစေခြင်းဖြင့် ချောင်းဆိုးခြင်းကိုသက်သာစေသည်။ တကယ်ဆို ပျားရည်က […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လိမ္မော်သီးထက် ဗီတာမင် စီ ပိုပါသော အစားအသောက် ၅ မျိုး

ကျန်ုပ်တိုငယ်စဉ်က မိဘများ ဗီတာမင်ပြည့်ဝစွာပါသောအသီးအရွက်များစားရန် ပြောသည်ကိုခဏခဏကြားဖူးပေလိမ့်မည်။ လူအတောမများများက ဖျားခြင်းကာကွယ်ရန်သံပရာသီးသို့မဟုတ် လိမော်သီးတစ်ခွက်သောက်မှုကိုပိုကြိုက်တတ်သည်။ တနေ့တနေ့ ဗီတာမင်စီ ၇၅ဂရမ် စားရန်သဘာဝပစ္စည်များမှစားသုံးရန်လိုအပ်သည်။ဥပမာ ဗီတာမင်စီပြည့်ဝသောလိမ္မော်သီး တစ်ကဒ်( ၉၈မီလီဂရမ်)။ သို့သော် လိမော်သီးထက် ဗီတာမင်စီပိုပေးနိုင်သောအခြား အသီးအရွက် ငါးမျိုးရှိသေးသည်။ ၁။ ငရုတ်ပွသီး။ နေ့တိုင်းစားဖို့အရသာရှိခြင်းအရောင်လှခြင်(သုံးမျိုး အနီ အဝါ နှင့်အစိမ်း)အနံကအလွန်ကောင်း နာမည်ကြီးအစားလည်းဖြစ်သည်။ ငရုတ်ပွသီးအနီတစ်ခွက်တွင် ၁၉၀မီလီဂရမ်နည်းပါးပါဝင်ပြီး လိမော်သီးထက် သုံးဆခန့်ပိုများသည်။ အဝါရောင်တွင် ၁၅၅ မီလီဂရမ် ဗီတာမင်စီပါဝင်သည်။ အစိမ်းရောင်က အခြားနှစ်ခုထက်ပါဝင်မှုပိုနည်းသည်။ သို့သော် လိမော်သီးတစ်ခွက်ထက် ၃၀%ထက်ပိုများသည့် ၁၂၀မီလီဂရမ်ကိုပေးစွမ်းနိုင်သည်။။ ထိုပြင် ဗီတာမင်အေ နှင့်အမျှင်ဓါတ်များစွာလည်းပါဝင်ပြီး သင်ကျန်းမာရေးကောင်းစေရုံမက အခြားရောဂါများကိုလည်းကာကွယ်ပေးနိုင်သည်။ ၂။ သင်္ဘောသီး။ အရသာကောင်းပြီးချိုသည်။ ထိုအသီး အကြီးတစ်စိတ်က ၂၃၈မီလီဂရမ်ဗီတာမင်စီပါဝင်သည်။ အစိမ်းစားလဲရသည် ဖျော်ရည်လည်းလုပ်သောက်နိုင်သည်။ သင်္ဘောသီးတွင် အမျှင်ဓါတ်နှင့် ဗီတာမင်အေလည်းများစွာပါဝင်သည်။ သင်္ဘောသီးတစိတ် နေ့တိုင်းစားခြင်းက သင်အရေပြားကိုလှစေခြင်း သန့်စင်စေသခြင်း ဆံပင်သန်စေခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း