backup og meta

သင် အရမ်းဝနေပြီလား


Nadi မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် အရမ်းဝနေပြီလား

    လူတော်တော်များများက အခြားသူကိုယ်အလေးချိန်အပေါ်ဝေဖန်တတ်ကြသည်။ ထိုပြင် အဝလွန်ခြင်းက နာတာရှည်ရောဂါ များ ဥပမာ အမျိုးအစား-၂ ဆီးချို၊ နှလုံးရောဂါနှင့် ကင်ဆာပုံစံများကိုဖြစ်စေသည်။ ဝိတ်တက်စေသော အရာများစွာ ပတ်ဝန်းကျင် မိသားစုသမိုင်း နှင့် မျိုးရိုး အစရှိသည်တို့ရှိသော်လည်း အဝလွန်ခြင်းကို နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့်လုပ်နိုင်သည်။

    သင်ခန္ဓါကိုယ်အလေးချိန်ရှာနိုင်သော အသုံးများဆုံးနည်းလမ်းမှာ ဘီအန်အိုင်တွက်ခြင်းဖြစ်သည်။ ဘီအန်အိုင်သည် သင်ခန္ဓါကိုယ် သင်အရပ် နှင့် သင့်အဆီပမာဏကိုတွက်ပေးနိုင်သည်။ ထိုတွက်နည်းက ဖို၊မ နှစ်ခုလုံးတွင်သုံးနိုင်သော်လည်း အချို့သူများတွင်အကန့်အသတ်တော့ရှိသည်။ဥပမာ အားကစားသမားခန္ဓါကိုယ်အဆီ နှင့် ကြွက်သားလေ့ကျင့်နေသောသူ၏အဆီ က ပုံမှန် အလုပ်လုပ်သောသူနှင့်မတူနိုင်ပါ။ ဘီအန်အိုင်က ကလေးများ ဆယ်ကျော်သက်နှင့် အသက်ကြီးသူများတွင် မှားနိုင်သည်။

    ဘီအန်အိုင်အဓိပ္ပါယ်များရှိသည်။

    ဘီအန်အိုင်ခန္ဓါကိုယ်အခြေအနေ

    ၁၈.၅-၂၄.၉။ ပုံမှန်ကိုယ်အလေးချိန်

    ၂၅.ဝ-၂၉.၉။ ပုံမှန်ထက်ပိုခြင်း

    ၃၀.ဝ-၃၉.၉ ။ ဝခြင်း

    ၄၀ နှင့်အထက်အလွန်အဝလွန်ခြင်း

    သင်မှန်ကြည့်ချိန်တွင် အဆီများစွာရှိနေသည်ဟုထင်ပါက သင်ခန္ဒါကိုယ်မှ သင်အလေးချိန် ကိုဖော်ပြနေခြင်းဖြစ်နိုင်သည်။ အောက်ပါအချက်များက သင်အဝလွန်နေသည်ကိုဖော်ပြသည်။

    ၁။ လေ့ကျင့်ခန်းလုပ်ရန်စိတ်မသက်မသာဖြစ်သည်။

    ပုံမှန်လှုပ်ရှားမှုလုပ်ဆောင်ခြင်းက ကျန်းမာသောအလေးချိန်ရောက်ဖို့မဖြစ်မနေလိုအပ်သောအရာဖြစ်သည်။ သင်က လေ့ကျင့်ခန်းလုပ်ရန် စိတ်ပင်ပန်းသည်၊ မလုပ်လိုဘူးဟု ခံစားနေရပါက သင်ဝလာတော့မည်ဟုပြသောလက္ခဏာဖြစ်သည်။ လေ့ကျင့်ခန်းကသင့်အလးချိန်ကိုထိန်းထားပေးရုံမက သင်ကျန်းမာရေးပြသာနာများကိုပါလျော့ချပေးနိုင်သည်။

    ၂။ သင်ဟောက်တာကျယ်ခြင်း။

    ဟောက်တာကျယ်ပြီး ကောင်းစွာမအိပ်ပျော်ခြင်းက အခြေအနေတော်တော်များများ ဥပမာ အိပ်ရင်းအသက်ရှုရပ်ခြင်း နှင့် အဝလွန်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ အဝလွန်ခြင်းက သင့်အသက်ရှုလမ်းကြောင်းကိုပြဿနာပေးသည်။ အဘယ်ကြောင့်ဆိုသော် သင်ဝလာသည်နှင့်အမျှ အဆီကိုသင့်လည်ပင်းတစ်ဝိုက်စုလာပြီး လေဝင်ပေါက်ကိုကျဉ်းစေကာ တခါတရံအသက်ရှုရပ်သည်အထိဖြစ်နိုင်သည်။

    ၃။ သင်တောက်လျောက်ဗိုက်ဆာနေသည်ဟုခံစားရခြင်း။

    သင်နာရီပိုင်းအတိုင်း ဟမ်ဘာဂါအကြီးစားပြီးသွားသော်လည်းနောက်ထပ်စားလိုစိတ်ရှိသေးသည်။ ထိုအရာက အသင့်စားအစာသကြားလုံးတို့စားပြီး ဟန်ဆောင်ပြည့်ဝမှုဖြစ်ခြင်းသက်သာသာဖြစ်သည်။ ထိုကျန်းမာရေးနှင့်မညီသောအစာများတွင် သင်အကြာကြီးဗိုက်ဝနေသည်ဟုခံစားစေသော အမျှင် ပရိုတင်းနှင့်ကျန်းမာသောအဆီများမပါဝင်နိုင်ပါ။

    ၄။ နာသောအစက်များသင့်ခန္ဓါကိုယ်တွင်ပေါ်လာခြင်း။

    ဖက်တီးတစ်ရှုးအောက်တွင်ယောင်ခြင်းက သင်အရေပြားပေါ်တွင် အညိုအမဲစွဲခြင်းကိုဖြစ်စေသည်။

    ထိုအစက်များက အရေပြားမာပြီးနာလာစေသည်။ သင့်ဘီအန်အိုင်က ပုံမှန်ထက်မပိုဘူးဟုဖော်ပြနေပါက တစ်ခါတရံ သင်နေရာတော်တော်များများတွင်နာသည်ခံစားမိနေပါက သင်ဝိတ်ချအစာများ စားခြင်းနဲ့ လေ့ကျင့်ခန်းများကိုစလုပ်သင့်သည်။

    ကျန်းမာသောကိုယ်အလေးချိန်ရရှိနေထိုင်နိုင်ရန် အချိန်များ၊ အားများသုံးရနိုင်သည်။ အဓိကအားဖြင့် အဝလွန်သူတို့အတွက်။ သို့သော် သင်ကျန်းမာသောခန္ဓါကိုယ်သည် စိတ်ပိုင်းရုပ်ပိုင်းကာကွယ်ထောက်ပံ့မှုများစွာလည်းလိုနိုင်သည်။ မှန်ကန်သောအစားအသာက် လေ့ကျင်ခန်းနှင့် ကျန်းမာသောနေထိုင်မှုများဖြင့် သင်ခန္ဓါကိုယ်အလေးချိန်ပါလျော့ချစေနိုင်ပြီး နှာတာရှည်ရောဂါဖြစ်နှုန်းကိုလျော့ချနိုင်သည်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Nadi မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement