အဖိုးအဖွား ခံတွင်းပျက် နေသလား ခံတွင်းပျက်နေပြီဆိုရင် အစာစားချင်စိတ် တိုးလာအောင် ဘာတွေလုပ်ပေးရမလဲ
(၁) အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့
တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ အရင်လို မလွယ်ကူတော့တဲ့ အသက်ကြီးသူတွေအတွက်ဆို တစ်ယောက်တည်းစားသောက်ရတဲ့အခြေအနေက သက်ရောက်မှုကြီးမားတတ်ပါတယ်။
၂၀၀၃ ခုနှစ်က “ International Psychogeriatrics” ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အထီးကျန်မှု၊ အဖော်အပေါင်းတွေနဲ့ဝေးကွာမှုတို့ကြောင့်ဖြစ်လာတဲ့ စိတ်ကျဝေဒနာက အစာစားချင်စိတ်နည်းလာရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
ဒါ့ကြောင့် လူကြီးမိဘတွေကို အပေါင်းအသင်းတွေတိုးလာအောင်လုပ်ပေးသင့်သလို မိတ်ဆွေတွေနဲ့အတူ စားသောက်ဖြစ်အောင် တတ်နိုင်သမျှ စီစဉ်ပေးသင့်ပါတယ်။ မိသားစုလူစုံတက်စုံနဲ့ မိသားစုထမင်းဝိုင်းဖြစ်အောင်လည်း စီစဉ်ပါ။ ဒီလိုအချိန်မျိုးမှာ တခါတလေ မိဘတွေရဲ့ မိတ်ဆွေတွေကိုပါ ဖိတ်လို့ရပါတယ်။
လူကြီးမိဘတွေကို သက်တူရွယ်တူတွေနဲ့တွေ့ဆုံဖြစ်စေဖို့ ကျောင်းကန်ဘုရားမှာ၊ တရားပွဲမှာ၊ ရပ်ရွာသာရေးနာရေးကိစ္စတွေမှာ သွားရောက်ဖို့ အားပေးတိုက်တွန်းပေးပါ။
(၂) ထမင်းစားချိန်ကို သတ်သတ်မှတ်မှတ်ထားပါ
လူကြီးတွေရဲ့ ဆာလောင်မှုကို သိရှိနိုင်စွမ်းက အသက်အရွယ်နဲ့လိုက်ပြီး ကျဆင်းလာပါတယ်။ ဆာရင် ဆာမှန်းမသိကြတာများတာကြောင့် သူတို့ဆာတယ်ပြောမှ ပြင်ဆင်ကျွေးတာထက် ထမင်းစားချိန်နဲ့ သရေစာစားချိန်တွေကို သတ်သတ်မှတ်မှတ်ထားရှိပေးတာ ပိုကောင်း ပါတယ်။ အစားစားချိန်ပုံမှန်ရှိတာက လူကြီးတွေကို သင့်လျော်တဲ့ အစားအစာ အမျိုးအစားနဲ့ ထိုက်သင့်တဲ့ပမာဏကို စားမိစေဖို့ အထောက်အကူပေးပါတယ်။
(၃) ပမာဏအနည်းအများထက် အာဟာရဓာတ်ပြည့်ဝဖို့ကိုပဲ အဓိထားပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။