ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့
ဆောင်းရာသီရောက်ပေမယ့် ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်ချက်က ရှိနေတုန်းပါပဲ။ ဒါကြောင့် တခြားရာသီတွေလိုမျိုးပဲ ရေဓာတ်ဖြည့်ဖို့ လိုပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက်က ပိုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတာ၊ အာဟာရချို့တဲ့တာတွေကို နည်းနည်းမှ ခံနိုင်စွမ်း မရှိတော့လို့ပါပဲ။ ဒါကြောင့် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့ ဆိုရင် အောက်ပါ အချက်တွေကို လုပ်ပေးဖို့ လိုပါတယ်။ ဆောင်းတွင်းမှာရော ရေဓာတ်ဆုံးရှုံးနိုင်သေးလို့လား ဆောင်းတွင်းမှာ ချွေးမထွက်လို့ ရေဓာတ်မဆုံးရှုံးဘူးလို့ တွေးလို့ မရပါဘူး။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကနေ ရေဓာတ်က ပုံမှန်ဆုံးရှုံးနေသလို ကိုယ်သတိမထားမိတဲ့အချက်တွေကနေလည်း ရေဓာတ်ဆုံးရှုံးနိုင်ပါသေးတယ်။ ဘိုးဘိုးဘွားဘွားတွေဆိုရင်လည်း ဆောင်းတွင်းမှာ ရေဓာတ်ဆုံးရှုံးနိုင်တဲ့ အချက်တွေ အများကြီးပါ။ ဥပမာ ပြောရရင် ရာသီဥတု တောင်ပေါ်ဒေသတွေကလွဲရင် မြန်မာနိုင်ငံရဲ့ ဆောင်းက အရင်ကလို မအေးတော့ပါဘူး။ မနက်အစောပိုင်းနဲ့ ညဦးပိုင်းတွေလောက်ပဲ အေးပြီး […]