အသက်ကြီးလာခြင်းဟာ ရှောင်လွှဲမရနိုင်တဲ့ သဘာဝ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးလာဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတွေအားလုံးကတော့ ကျန်းမာတဲ့ အသက်ကြီးခြင်းကို မရရှိကြပါဘူး။ အောက်ဖေါ်ပြပါအချက်တွေကို လိုက်နာရင် သင့်ကို ပိုမိုအောင်မြင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ခန္ဓါရဲ့ တိုင်းတာမှုတွေကို စစ်ဆေးပါ။
သင့်ရဲ့ သွေးပေါင်၊ သွေးသကြားဓါတ်၊ အခြားစစ်ဆေးမှုတွေကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဒီစစ်ဆေးမှုတွေကို ရိုးစင်းတဲ့ စစ်ဆေးမှုတွေသုံးပြီး ဆေးရုံ၊ ပြင်ပ ကျန်းမာရေးဌာနတွေမှာ စစ်ဆေးနိုင်ပါတယ်။ သွေးပေါင်တက်ခြင်းဟာ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နှလုံးရပ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးသကြားဓါတ်များခြင်းဟာ ဆီးချိုရဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုကို မကုပဲထားမယ်ဆိုရင် ဒါက သင့်အရေပြား၊ ခြေဖဝါးနဲ့ မျက်လုံးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒီလိုတိုင်းတာမှုတွေကို တစ်နှစ်မှာ နှစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ သင့်မှာ ရောဂါတစ်ခု ရှိပြီးသားဆိုရင်တော့ မကြာခဏ စစ်ဆေးသင့်ပါတယ်။ ဒါမှသာ သင့်မှာ ရောဂါရှိနေလား၊ ရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနေလားဆိုတာ ဆရာဝန်က သိရှိမှာ ဖြစ်ပါတယ်။ သူတို့က သင့်ကို လျင်မြန်စွာ ကုသပေးနိုင်ပြီး သင့်မှာ ရောဂါပျောက်ဖို့ ရာနှုန်းများမှာ ဖြစ်ပါတယ်။
ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပါ။
ကိုလက်စထရောဟာ ကိုယ်ခန္ဓါ နေရာအနှံ့မှာ ရှိတဲ့ အဆီနဲ့ တူတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓါက သွေးကြော နံရံတွေကို ထိန်းသိမ်းဖို့နဲ့ ကိုယ်အင်္ဂါတွေပြုလုပ်ဖို့ ကိုလက်စထရော လိုအပ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောများခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။ ကိုလက်စထရော အပိုရှိခြင်းဟာ သွေးကြောတွေထဲမှာ စုပြုံနေစေပြီး သွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ HDL ကတော့ ကောင်းမွန်တဲ့ ကိုလက်စထရော ဖြစ်ပြီး LDL ကတော့ မကောင်းတဲ့ ကိုလက်စထရော ဖြစ်ပါတယ်။
ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
တကယ်လို့ သင်ဟာ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းတွေ ရှိနေရင် ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ဆီးချို အမျိုးအစား၂၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ သွေးပေါင်တက်ခြင်း၊ အရိုးပွခြင်းတွေဖြစ်နိုင်ပါတယ်။
အသီးအရွက်များပြားစွာ ပါတဲ့ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအသောက်တွေ စားသုံးခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိဖို့ ကူညီပေးနိုင်ပါတယ်။
လှုပ်လှုပ်ရှားရှားနေပါ။
လေ့ကျင့်ခန်းဟာ သင့်ကိုယ်အလေးချိန်၊ သွေးသကြားဓါတ်နဲ့ သွေးပေါင်တွေကို ထိန်းပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ခန္ဓါအတွင်း သွေးစီးဆင်းမှုကို တိုးတက်စေနိုင်ပါတယ်။ သင့်လျော်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အသက်အရွယ်တိုင်းတအတွက် ကောင်းမွန်ပါတယ်။ သင့်အတွက်သင့်လျော်တဲ့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် ကျွမ်းကျင်တဲ့ပညာရှင်ရဲ့ အကူအညီလိုအပ်နိုင်ပါတယ်။
အရက်သောက်ခြင်းကို ရှောင်ကျဉ်ပါ။
အရက်သောက်ခြင်းဟာ အသက်အန္တရာယ် ရှိတဲ့ အချက်ဖြစ်ပါတယ်။ အရက်သောက်ခြင်းဟာ အသည်းကင်ဆာ၊ လည်ချောင်း ကင်ဆာ၊ ဦးနှောက်ပျက်စီးခြင်း၊ လမ်းမှာ မတော်တဆဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရက်ကို အလယ်အလတ်ပမာဏ သောက်ခြင်းဟာ အန္တရာယ် မရှိပေမယ့် အရက်အလွန်အကျွံသောက်ခြင်းကတော့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာဖြစ်ပွားမှုကို မြင့်တက်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အခြားရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေကတော့ အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ မွေးကင်းစ ကလေးငယ်တွေမှာ ကိုယ်အလေးချိန်နည်းခြင်းတွေပဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရေပြားကိုလည်း မြန်ဆန်စွာ အိုမင်းစေပါတယ်။ င်လွှဲမရနိုင်တဲ့ သဘာဝ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးလာဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတွေအားလုံးကတော့ ကျန်းမာတဲ့ အသက်ကြီးခြင်းကို မရရှိကြပါဘူး။ အောက်ဖေါ်ပြပါအချက်တွေကို လိုက်နာရင် သင့်ကို ပိုမိုအောင်မြင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
အသက်ကြီးလာခြင်းကို ရှောင်လွှဲလို့မရပဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်းက ရင်ဆိုင်ရတာဖြစ်လို့ ဒါကို စိတ်ပူစရာ မလိုပါဘူး။ သင်ဟာ အသက်ကြီးရင့်ခြင်းကို အောင်မြင်စွာ ရင်ဆိုင်နိုင်မယ့် အချက်တွေကို သိရှိပြီး ဖြစ်တာကြောင့် ပိုကံကောင်းတယ်လို့ ဆိုနိုင်ပါသေးတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။