backup og meta

အသက်အရွယ်ကြီးရင့်လာတဲ့ မိဘများနဲ့အတူ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးလေ့ကျင့်ခန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်အရွယ်ကြီးရင့်လာတဲ့ မိဘများနဲ့အတူ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးလေ့ကျင့်ခန်းများ

    ကျွန်မတို့ချစ်ခင်ရတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနဲ့လူမှုဆက်ဆံရေးတွေကိုကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းနေအောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်သလိုလူကြီးတွေကို စိတ်ဖိစီး တာတွေနဲ့အထီးကျန်တာတွေကနေကင်းဝေးစေမှာဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေကို ကျန်းမာသန်စွမ်းစေဖို့အတွက် မိဘတွေနဲ့အတူလုပ်ဆောင်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုပါတယ်။

    ကျွန်မတို့အနေနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေနဲ့အတူ ရက်သတ္တပတ် တစ်ပတ်ကို မိနစ် ၁၅၀ လောက် လမ်းလျှောက်တာ၊ရေကူးတာ၊ စက်ဘီးစီးတာလိုမျိုးကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာကြောင့် လူကြီးမိဘတွေကို ခွန်အားတိုးတက်စေမှာဖြစ်သလိုကိုယ်ခန္ဓါကိုလည်းဟန်ချက်ညီစေမှာဖြစ်ပါတယ်။

    ဝမ်းဗိုက်ကြွက်သားတွေသန်စွမ်းစေဖို့အတွက် အသက်ကိုပြင်းပြင်းရှုသွင်းပြီး ဝမ်းဗိုက်ကြွက်သားတွေကို တောင့်တင်းနေအောင်လုပ်ဆောင်လိုက်ပါ။ အသက်အောင့်တဲ့လေ့ကျင့်မှုကို ၃ ကြိမ်လုပ်ဆောင်ပေးပါ၊ အဲ့နောက်မှာကြွက်သားတွေကိုပြန်လည်လျှော့ချပေးလိုက်ပါ။

    နံရံတွန်းတဲ့လေ့ကျင့်ခန်း – ရင်ဘတ်နဲ့ပခုံးမှာအင်အားတွေတိုးလာစေဖို့အတွက် နံရံတွန်းတဲ့လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးနိုင်ပါတယ်။ နံရံနဲ့ ၃ ပေအကွာမှာနံရံဘက်ကိုမျက်နှာမူပြီးမတ်မတ်ရပ်ပါ၊ ပခုံးကိုခြေထောက် ခွဲရပ်ထားတဲ့အကွာအဝေးအတိုင်းထားပါ။ လက်တွေကိုနံရံပေါ်မှာပခုံးနဲ့တညီတည်းတင်ထားပါ။ ခန္ဓါကိုယ်ကို ကျောရိုးနဲ့တညီတည်းမတ်မတ်ထားရပါမယ်။ ကိုင်းမနေရပါဘူး။ အဲ့နောက် ခန္ဓါကိုယ်ကိုနံရံဆီကို လက်တွေ ကွေးညွတ်ပြီးကပ်ချရပါမယ်။ ပြီးတဲ့နောက် ကိုယ်ကိုပြန်မတ်ရပါမယ်။

    Pelvic Tilts လေကျင့်ခန်း – နောက်ကျောကြွက်သားတွေသန်မာစေဖို့အတွက်နဲ့ကြွက်သားတွေပြေလျော့စေဖို့ လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှိုက်ရှုပြီးတင်ပါးကိုတင်းနေအောင်ထားရပါမယ်။ အဲ့နောက် ပက်လက် အနေအထားနဲ့ တင်ပါးကို ဖြည်းဖြည်းချင်းကြမ်းပြင်ကနေ ၃ စက္ကန့်ကြာကြွအောင်လုပ်ဆောင် ရမှာဖြစ်ပြီး ကြမ်းပြင်နဲ့ပြန်ထိပေးရမှာဖြစ်ပါတယ်။

    Shoulder Blade Squeeze လေ့ကျင့်ခန်း – ခန္ဓါကိုယ်နောက်ဘက်ခြမ်းကြွက်သားတွေနဲ့သန်မာစေဖို့နဲ့ ရင်အုပ်ပိုင်း ကြွက်သားတွေပြေလျော့စေဖို့လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာခြေထောက်ကိုစင်း ပြီးမတ်မတ်ထိုင်ရပါမယ်။ လက်တွေကိုပေါင်ပေါ်တင်ထားရပါမယ်။ ပခုံးကြွက်သားတွေကိုညှစ်ပေးရပါမယ်။ လက်တွေကိုပခုံးအထက်ကိုမကျော်စေဘဲ ပခုံးကြွက်သားတွေကို ၃ စက္ကန့်ကြာညှစ်ပေးရမှာဖြစ်ပါတယ်။

    Toe Taps လေ့ကျင့်ခန်း – ခြေထောက်အောက်ပိုင်းတွေသန်စွမ်းစေဖို့လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကုလားထိုင်တစ်လုံးပေါ်မှာထိုင်ပြီး ခြေဖနောင့်တွေကို ကြမ်းပြင်နဲ့ထိထားပေးပါ၊ အဲ့သည့်နောက် ညို့သကျည်း တလျှောက်ကကြွက်သားတွေကို ထိရောက်မှုရှိတယ်လို့ ခံစားရတဲ့ အထိခြေချောင်းလေးတွေကို မတင်ပေးပါ။ ဒီလိုမျိုးလုပ်ဆောင်ပေးတာက ခြေထောက်တွေမှာသွေးလည်ပတ်မှု ကောင်းမွန်စေမှာဖြစ်သလိုခြေထောက် အောက်ပိုင်းကိုလည်းကြံ့ခိုင်စေမှာဖြစ်ပါတယ်။

    ဒူးမတင်တဲ့လေ့ကျင့်ခန်း – ပေါင်တွေကိုသန်မာစေပါတယ်။ ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ပြီး လက်မောင်းတွေကို သက်တောင့်သက်သာဖြစ်တဲ့အနေအထားမျိုးထားပေးပါ။ ဒူးနဲ့ပေါင်နောက်ဘက်ခြမ်းကို ခုံကနေ ၃ လက်မ လောက်ကြွပေးပြီး ၃စက္ကန့်ကြာထားပြီးမှာ ခြေထောက်ကိုဖြည်းဖြည်းချင်းပြန်ချပေးပါ။ တစ်ဖက်ပြီးတစ်ဖက် လုပ်ပေးပါ။

    ပခုံးနဲ့နောက်ကျောကြွက်သားတွေကို ပြေလျော့စေဖို့ ပခုံးနဲ့နောက်ကျောအပေါ်ဘက်ကြွက်သား ဆန့်ထုတ်ခြင်း လေ့ကျင့်ခန်း၊ခြေသလုံးကြွက်သားတွေသန်မာစေဖို့အတွက်လုပ်ဆောင်ရမယ့် ခြေချင်းဝတ်လေ့ကျင့်ခန်းလိုမျိုး လေ့ကျင့်ခန်းတွေ၊နေ့စဉ်လုပ်ဆောင်နေတဲ့လှုပ်ရှားမှုတွေကိုလုပ်ဆောင်နိုင်စွမ်းတိုးတက်စေမယ့် လည်ပင်း ကြွက်သားတွေ ပြေလျော့အောင်လုပ်ဆောင်ပေးရတဲ့လေ့ကျင့်ခန်းတွေနဲ့နောက်ကျောအပေါ်ဘက် ကြွက်သား တွေနဲ့ ပခုံး ကြွက်သားတွေ တောင့်တင်းနေတာကိုပြေလျော့စေတဲ့လေ့ကျင့်ခန်းတွေနဲ့ လူကြီးမိဘတွေကို အသက်အရွယ် ကြီးရင့်လာတဲ့အခါဟန်ချက်ထိန်းနိုင်အောင်လုပ်ဆောင်ပေးတဲ့လေ့ကျင့်ခန်းတွေလိုမျိုး ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်း စေတဲ့လေ့ကျင့်ခန်းတွေကို မိမိရဲ့မိဘတွေနဲ့အတူလုပ်ဆောင်ပေးနိုင်ပါတယ်။

    လေ့ကျင့်ခန်း နေ့စဉ်လုပ်ဆောင်ပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ၊ကင်ဆာ၊ကိုက်ခဲမှုဝေဒနာ၊ အဆစ်ရောင်နာ၊ဆီးချိုရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေကိုသက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့်ကိုယ်နေဟန်ထားကိုကောင်းမွန်စေပြီး အရိုးသိပ်သည်းစကိုထိန်းသိမ်းပေးနိုင် သလို လှုပ်ရှားသွားလာမှုနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကိုလည်းကောင်းမွန်စေပါတယ်။ ပိုကြည့်ကောင်းပြီး ပိုမိုကျန်းမာလိုရင်တော့ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement