backup og meta

အသက်ရွယ်ကြီးသူတွေ ချော်မလဲအောင် အကူအညီပေးနိုင်တဲ့အချက် (၅)ချက်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရွယ်ကြီးသူတွေ ချော်မလဲအောင် အကူအညီပေးနိုင်တဲ့အချက် (၅)ချက်

    ချော်လဲခြင်းဟာ အရိုးကျိုးခြင်းအပါအဝင် ပြင်းထန်တဲ့ ပြဿနာ အတော်များများကို ဖြစ်စေနိုင်ပါတယ်။ အရိုးကျိုးခြင်းဟာ နာကျင်မှုနဲ့ လှုပ်ရှားမှု လျော့နည်းခြင်းတွေကို ဖြစ်စေပါတယ်။ သင်အသက်ကြီးလာရင် ကိုယ်ခန္ဓါ ညီမျှမှုကို မထိန်းနိုင်တော့တာကြောင့် ချော်လဲဖို့ ရာနှုန်းများပါတယ်။ ကိုယ်ခန္ဓါကလည်း အရိုးသိပ်သည်းဆ နည်းပါးတာကြောင့် ပြင်းထန်တဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေကို သေချာစွာ လိုက်နာရင် ချော်လဲခြင်းကနေ သင့်ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

    သင့်ကိုယ်သင်အရင်ချစ်သင့်ပါတယ်။ သန်စွမ်းတဲ့ ကိုယ်ခန္ဓါဟာ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    • အမြင်အာရုံ၊ အကြားအာရုံတွေကို ပုံမှန်စစ်ဆေးပါ။ ပြီးရင်တော့ သင့်မှာ အခြားပြဿနာရှိမရှိ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။ သင်နဲ့ သင့်ဆရာဝန်ဟာ သင့်လျော်တဲ့ကုသမှုတွေ အကြောင်းကို ဆွေးနွေးသင့်ပါတယ်။ ဒီပြဿနာတွေကို မကုသပဲထားမယ်ဆိုရင် အရာဝတ္ထုတွေကို မရှောင်နိုင်ပဲ ချော်လဲနိုင်ပါတယ်။
    • အရိုးတွေကို သန်မာအောင်လုပ်ပါ။ သင့်အရိုးသိပ်သည်းဆဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာနိုင်ပါတယ်။ အရိုးသိပ်သည်းဆကျဆင်းခြင်းဟာ အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် ဒီ (သို့) ကယ်စီယမ် အားဖြည့်စေတွေကို သောက်နိုင်ပါတယ်။
    • ခေါင်းမူးတာမျိုးရှိရင် ရုတ်တရက် မထသင့်ပါဘူး။ အရာရာကို ဖြည်းဖြည်းချင်း လုပ်သ်င့ပါတယ်။ သင်အိပ်ရာနိုးရင် မထိုင်ခင်မှာ ၁၀စက္ကန့်လောက် စောင့်သင့်ပါတယ်။ ထိုင်ပြီးရင်လည်း မတ်တပ်မရပ်ခင် ၁၀စက္ကန့်လောက် စောင့်သင့်ပါတယ်။ မတ်တပ်ရပ်ပြီးရင်လည်း မလှုပ်ရှားခင် ၁၀စက္ကန့်လောက် စောင့်သင့်ပါတယ်။
    • ပင်ပန်းနေရင် လျှောက်မသွားသင့်ပါတယ်။
    • ရေများပြားစွာ သောက်သင့်ပါတယ်။
    • တစ်ယောက်တည်းနေရင် အရေးပေါ်ကိရိယာကို လိုအပ်နိုင်ပြီး မိသားဝင်တွေနဲ့ အမြဲအဆက်အသွယ် ပြုသင့်ပါတယ်။

    ညီမျှမှုကို ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတွေကို လေ့ကျင့်သင့်ပါတယ်။

    ညီမျှမှုကို ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ကြွက်သားတွေကို သန်စွမ်းစေပြီး ညီမျှမှုကို ထိန်းညှိပေးပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ ရိုးရှင်းတာမို့ လုပ်ချင်သလောက် အကြိမ်များများ တစ်နေ့မှာ ပြုလုပ်နိုင်ပါတယ်။ ဥပမာ ခြေထောက်တစ်ဖက်တည်းဖြင့် ရပ်ခြင်း၊ ခြေဖျားထောက်ပြီး လမ်းလျှောက်ခြင်း၊ ဘေးကို လျှောက်ခြင်း၊ ခြေထောက်မြှောက်ခြင်း တွေဟာ အကျိုးရှိပါတယ်။

    ဒီလေ့ကျင့်ခန်းတွေကို ပြုတ်ကျမှာ စိုးတဲ့အတွက် ထိုင်ခုံနား၊ နံရံနားမှာ ပြုလုပ်သင့်ပါတယ်။

    သင့်အိမ်ကို စိတ်ချရအောင် ပြုလုပ်ပါ။

    သင့်အိမ်မှာ သင့်ကို ပြုတ်ကျစေတဲ့ ထောင်ချောက်တွေ ရှိနိုင်ပါတယ်။

    • သင့်အိမ်ကို မီးသီးတွေနဲ့ လင်းအောင်ပြုလုပ်ပါ။ အမှောင်ထဲမှာ ရှေ့မှာ ခံနေတဲ့ အရာတွေကို မြင်ရမှာ မဟုတ်ပါဘူး။ အိပ်ရာဘေးမှာ လက်နှိပ်ဓါတ်မီးကို ထားရှိပါ။
    • သင့်ကို ချော်လဲစေနိုင်တဲ့ အရာတွေဖြစ်တဲ့ လျော့ရဲနေတဲ့ ကော်ဇောတွေကို လွှင့်ပစ်ပါ။
    • ပစ္စည်းတွေကို အောက်ဘက် သင်လက်လှမ်းမီနိုင်လောက်တဲ့နေရာမှာ ထားပါ။
    • ရေချိုးခန်းကို ခြောက်သွေ့အောင်ထားပါ။ သင့်ကို ချော်မလဲစေပဲ လမ်းကောင်းကောင်းလျှောက်ဖို့ ကူညီပေးနိုင်တဲ့ ကိရိယာတွေ လိုအပ်နိုင်ပါတယ်။
    • အရာရာကို သူတို့ရဲ့ နေရာတွေမှာသာ ထားပါ။
    • အိမ်မွေးတိရိစ္ဆာန်တွေ ရှိခဲ့ရင် သူတို့ကို ညဘက်မှာ လမ်းမလျှောက်စေသင့်ပါဘူး။ သင်ဟာ သူတို့ကို မှောင်နေရင် မြင်နိုင်မှာ မဟုတ်ပါဘူး။

    သင့်လျော်တဲ့ ဖိနပ်တွေကို ဝတ်ပါ။

    သင့်လျော်တဲ့ ဖိနပ်တွေကို ဝတ်ပါ။ ခြေညှပ်ဖိနပ်တွေဟာ ဒေါက်မြင့်ဖိနပ်တွေထက် ပိုပြီး သင့်လျော်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ခြေထောက်ရှိချိန်မှာ ညီမျှမှုကိုပိုပြီး ထိန်းနိုင်ပါတယ်။ ချောင်နေတဲ့ ဖိနပ်တွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ သူတို့ဟာ သင်ပြေးချိန်၊ လမ်းလျှောက်ချိန်တွေမှာ သင့်ကို ပြုတ်ကျစေနိုင်ပါတယ်။ ရာဘာ ဖိနပ်တွေဟာ သင့်ကို ချော်လဲခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

    ဆေးတွေကို သိပါ။

    အချို့ဆေးတွေက သင့်ရဲ့ ညီမျှမှုနဲ့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဆရာဝန်က ဒီလိုဆေးတွေ သောက်ခိုင်းတယ်ဆိုရင် သင်ပိုပြီး သတိထားသင့်ပါတယ်။ ဆရာဝန်သောက်ခိုင်းတဲ့ဆေးတွေက ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း ဖြစ်စေတယ်ဆိုရင် ဒီဆေးတွေအကြောင်းကို ဆရာဝန်ကို ပြောသင့်ပါတယ်။

    ချော်လဲခြင်းနဲ့ ချော်လဲခြင်းကြောင့် ဖြစ်တဲ့ ဒဏ်ရာရရှိမှုတွေဟာ အသက်ကြီးချိန်မှာ အဖြစ်များပေမယ့် ဒါကို ကာကွယ်နိုင်ပါတယ်။ အထက်ဖေါ်ပြပါ အချက်တွေဟာ ဒီပြဿနာတွေဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement