backup og meta

သက်ကြီးရွယ်အိုများအတွက် လေ့ကျင့်ခန်းနည်းလမ်းများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 06/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်ကြီးရွယ်အိုများအတွက် လေ့ကျင့်ခန်းနည်းလမ်းများ

    အထူးသဖြင့် အသက်ကြီးလာရင် လှုပ်လှုပ်ရှားရှားနေဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် မစတင်ခင်မှာ အောက်ပါအချက်တွေကို လေ့လာကြည့်သင့်ပြီး ဒီအချက်တွေက သင့်ကို လေ့ကျင့်ခန်း ဘယ်လို ထိရောက်စွာ လုပ်ရတယ်ဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။

    လေ့ကျင့်ခန်းတွေအကြောင်း စဉ်းစားပါ။

    သင်စဉ်းစားသင့်တဲ့ အဓိက လေ့ကျင့်ခန်း သုံးမျိုး ရှိပါတယ်။ သူတို့ကတော့ အဆုတ်နဲ့ နှလုံးအတွက် ကောင်းမွန်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်း၊ အရိုးနဲ့ ကြွက်သားတွေအတွက် ကောင်းမွန်တဲ့ သန်မာစေတဲ့ လေ့ကျင့်ခန်းနဲ့ ညီမျှမှုကို ထိန်းပေးပြီး ချော်လဲမှုကို ကာကွယ်ပေးတဲ့ ညီမျှစေတဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။

    ဒီလေ့ကျင့်ခန်းတွေကို ဘဝရဲ့ ဘယ်အချိန်မှာမဆို စလုပ်နိုင်ပေမယ့် စောစောလုပ်လေလေ အကျိုးရှိလေလေဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေက သင့်ကို ထိခိုက်မှာ ကို စိတ်မပူသင့်ပါဘူး။ လေ့ကျင့်ခန်းတွေကို သင့်လျော်စွာ လုပ်ရင် အချို့ရောဂါတွေအတွက် ထိရောက်တဲ့ ကုသမှုတစ်ခု ဖြစ်နိုင်ပါတယ်။

    အေရိုးဗစ်လေ့ကျင့်ခန်းများ

    အေရိုးဗစ်လေ့ကျင့်ခန်းတွေနဲ့ စတင်ကြရအောင်။ ဒီလေ့ကျင့်ခန်းတွေဟာ အရိုးနဲ့ အဆစ်တွေပေါ် ဖိအားသက်ရောက်မှုနည်းတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်းတွေကတော့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတွေပဲ ဖြစ်ပါတယ်။

    အေရိုးဗစ် လေ့ကျင့်ခန်းတွေကို လုပ်တဲ့အခါ နှလုံးဟာ ပိုမြန်မြန်ခုန်ပြီး ကိုယ်ခန္ဓာအနှံ့မှာ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေပါတဲ့ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးပါတယ်။ လေ့ကျင့်ခန်းတွေကို အချိန်အပိုင်းအခြား အတိုလေးတွေနဲ့ စတင်သင့်ပြီး တဖြည်းဖြည်း တိုးလုပ်သင့်ပါတယ်။ ပုံမှန်အသက်ရှူခြင်း ထိန်းထားနိုင်တဲ့ အဆင့်နဲ့သာ စတင်သင့်ပါတယ်။

    လိုက်နာရန်အချက်များ

    • လေ့ကျင့်ခန်းမလုပ်ခင် Goals ကို ချမှတ်ပါ။

    • တစ်ပတ်ပြီးတိုင်း အချိန်တိုးလုပ်ပါ။ သင့်ကိုယ်ခန္ဓာက လှုပ်ရှားမှုတွေနဲ့ အသားကျဖို့ အချိန်လိုအပ်ပါယတ်။

    သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေက ဘာတွေလဲ။

    သင့်ကိုယ်ခန္ဓာအသက်ကြီးလာရင် ကြွက်သားတွေ အားနည်းလာကာ အရိုးသိပ်သည်းဆ ကျဆင်းလာပါတယ်။ အရွတ်တွေ၊ အရိုးနုတွေ ပျောက်ဆုံးလာပါတယ်။ ဒီသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ကို အလေးမသမား ဖြစ်အောင် ကူညီပေးတဲ့ လေ့ကျင့်ခန်းတွေလို့ မဆိုလိုပါဘူး။ သူတို့ဟာ အရိုးနဲ့ ကြွက်သားရဲ့ အားအင်ကို ပြန်လည်ပြည့်စေပြီး တတ်နိုင်သမျှ သူများကို မမှီခိုပဲ နေနိုင်မှာ ဖြစ်ပါတယ်။ သန်မာစေတဲ့ လေ့ကျင့်ခန်းတွေဟာ အရိုးကျိုးခြင်းကို ဖြစ်စေတဲ့ ချော်လဲခြင်းနဲ့ အရိုးသိပ်သည်းဆ လျော့နည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    ရိုးစင်းတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ရေဘူးကို ကိုင်ထားခြင်း ကနေ စတင်နိုင်ပါတယ်။ ကြွက်သားတွေရဲ့ အားအင်ကို ပြန်လည်တည်ဆောက်နိုင်ဖို့ တစ်ခုခု ပြုလုပ်ပါ။ လေ့ကျင့်ခန်းပုံစံအမျိုးမျိုးကို ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို အနည်းဆုံးတစ်ပတ်နှစ်ရက် ပြုလုပ်သင့်ပြီး နှစ်ရက်ဆက်တိုက်တော့ မပြုလုပ်သင့်ပါဘူး။ သင်သန်စွမ်းလာချိန်မှာ ပိုမို ပြုလုပ်လာနိုင်ပါတယ်။

    ဒီလေ့ကျင့်ခန်းလုပ်အပြီးမှာ နှစ်ရက်လောက်နားပြီးမှ ပြန်စနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်က သင့်ကို ကူညီပေးနိုင်ပါတယ်။

    လိုက်နာသင့်တဲ့ အချက်များ

    လေးတဲ့ အရာဝတ္ထုတွေအစား အထူးပြုလုပ်ထားတဲ့ သားရေကွင်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒီသားရေကွင်းတွေဟာ ပျော့ပြောင်းသင့်ပြီး သူတို့ကို သင်ဆွဲထုတ်လိုက်ပြီးတဲ့အခါမှာ ပုံမှန်အရွယ်အစားကို ပြန်ရောက်သွားသင့်ပါတယ်။

    ဟန်ချက်ညီစေတဲ့ လေ့ကျင့်ခန်းများ

    ဟန်ချက်ညီစေတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ရဲ့ကိုယ်ခန္ဓာညီမျှမှုကို ထိန်းပေးပြီး ချော်လဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ချော်လဲခြင်းဟာ အရိုးကြွက်သား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကြွက်သားတွေကို ဆန့်တန်းဖို့နဲ့ ကြွက်သားတင်းခြင်းကို ကာကွယ်ဖို့ ပျော့ပျောင်းတဲ့ လေ့ကျင့်ခန်းတွေကို လုပ်နိုင်ပါတယ်။

    ဒီလေ့ကျင့်ခန်းတွေကို အေရိုးဗစ်လေ့ကျင့်ခန်းမလုပ်မီနဲ့ လုပ်အပြီးမှာ သွေးပူ၊ သွေးအေး လေ့ကျင့်ခန်းတွေအဖြစ်လည်း ပြုလုပ်နိုင်ပါတယ်။

    လိုက်နာသင့်တဲ့အချက်များ

    မလိုလားအပ်တဲ့ ဒဏ်ရာရရှိမှုတွေ၊ လဲကျခြင်းတွေ မဖြစ်ရအောင် နံရံ၊ ခုံနားမှာ ပြုလုပ်သင့်ပါတယ်။

    အမြဲတမ်း စိတ်ချရပါစေ။

    • ကိုယ်ခန္ဓာကို အရမ်း အားစိုက်ထုတ်ခြင်းတွေမလုပ်သင့်ပါဘူး။ အလယ်အလတ် လေ့ကျင့်ခန်းလောက်သာ လုပ်သင့်ပါတယ်။ သင်ဟာ အားကစားသမားလောက်အထိ လုပ်နိုင်စရာမလိုပါဘူး။ ကျန်းမာစွာ နေနိုင်အောင်သာ လေ့ကျင့်ခန်းလုပ်သင့်တာ ဖြစ်ပါတယ်။

    • သင့်လျော်တဲ့ ကိရိယာတွေဖြစ်တဲ့ ဖိနပ်၊ စက်ဘီး၊ ရေကူးဝတ်စုံတွေနဲ့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

    • သင့်မှာ ပြင်းထန်စွာ နာကျင်မှု၊ ရင်ဘတ်အောင့်ခြင်း၊ အဆစ်နာခြင်း၊ အသက်ရှူကျပ်ခြင်း၊ အားနည်းခြင်းတွေဖြစ်ခဲ့တယ်ဆိုရင် အားကစားလုပ်ခြင်းကို ချက်ခြင်း ရပ်သင့်ပါတယ်။

    လှုပ်လှုပ်ရှားရှားနေခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာမို့ လေ့ကျင့်ခန်းကို နေ့စဉ်လုပ်သင့်ပါတယ်။ သင်ကြိုးစားသလောက် အရာထင်အောင် အကြံပေးချက်တွေအချို့အတိုင်း ပြုလုပ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 06/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement