backup og meta

ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့

ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့

လေ့ကျင့်ခန်း လုပ်တာက အသက်အရွယ်တိုင်းကို သန်မာစေနိုင်ပါတယ်။ ကလေးကစလို့ လူကြီးတွေအထိ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ် ကြံ့ခိုင်သလို စိတ်ရော လန်းဆန်း ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ပျော်ရွှင်ကျန်းမာနေစေဖို့ ဘယ်လို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရမလဲဆိုတာ ပြောပြပေးသွားမယ်နော်။

ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့

ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့ အကြောင်း အတူတူလေ့လာကြည့်လိုက်ရအောင်နော်။ အသက်အရွယ်ကြောင့် လျော့ကျလာတဲ့ ကြံ့ခိုင်သန်စွမ်းမှုကို အားဖြည့်ဖို့ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် မမေ့မလျော့ လုပ်သင့်တာတစ်ခုက အကြောလျှော့ဖို့ပါ။ အကြောလျှော့တာက ကြွက်သားတွေကို ပြေလျော့စေသလို ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုလည်း ကောင်းစေပါတယ်။

လမ်းလျှောက်ပါ

ဒီလေ့ကျင့်ခန်းက အပန်းမကြီးသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ပုံမှန် လမ်းလျှောက်ပေးတာက ကောင်းကောင်း အိပ်ပျော်စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။

လမ်းလျှောက်တဲ့အခါ သက်သောင့်သက်သာ ဖြစ်တဲ့ ဖိနပ်ကို စီးဖို့နဲ့ ချော်လဲနိုင်တဲ့ နေရာတွေကို ရှောင်ဖို့တော့ သတိထားစေချင်ပါတယ်။

Chair Squat

ဒါကလည်း လူ​ကြီးတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ အပန်းမကြီးပါဘူး။ ထိုင်ခုံတစ်လုံး ရှိရုံနဲ့ လုပ်ဆောင်လို့ရမယ့် လေ့ကျင့်ခန်းပါ။

  • လက်တန်းမပါတဲ့ ထိုင်ခုံတစ်လုံးကို ရွေးပါ။
  • ထိုင်ခုံရှေ့မှာ မတ်မတ်ရပ်လို့ ခြေထောက်ကို ပခုံးအကျယ်အတိုင်း ချဲထားပါ။
  • ဟန်ချက်ထိန်းဖို့အတွက် လက်မောင်းတွေကို ရှေ့တည့်တည့်ကို ဆန့်ထုတ်ပါ။ ဒူးကွေးလို့ ခါးမတ်မတ်ထားပြီး ခုံပေါ်ကို ထိုင်ချလိုက်ပါ။
  • ပြီးရင် ပြန်ထပါ။ ၁၂ ခေါက်လောက် ပုံမှန် လုပ်ပေးပါ။

Tricep Extension

ဒီလေ့ကျင့်ခန်းကို လုပ်ဖို့ ကျောမှီပါတဲ့ ထိုင်ခုံတစ်လုံးနဲ့ သားရေ ဘောလုံးတစ်လုံး လိုပါမယ်။

  • ထိုင်ခုံပေါ်မှာ ခါးမတ်မတ်ထိုင်ပါ။
  • လက်ထဲမှာ ဘောလုံးကို ကိုင်ရင်းလက်တွေကို ပခုံးနဲ့ တပြေးညီ အပေါ်ဘက်ကို ဆန့်ထုတ်ပေးပါ။
  • ပြီးရင် တံတောင်ဆစ်တွေကိုကွေးလို့ ဦးခေါင်းနောက်ဘက်ကို ဘောလုံးကို ပို့ပါ။ (၉၀ ဒီဂရီ ဖြစ်ပါစေ)
  • ပြီးရင် လက်ကို ပြန်ဆန့်ပါ။ ပြီးရင် ပြန်ကွေးပါ။
  • ၁၂ ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။
  • ဘောလုံးက အလေးချိန် အနေနဲ့ အမျိုးသမီးတွေအတွက်ဆိုရင် ၄ ပေါင် ကနေ ၁၀ ပေါင်အတွင်း ရှိရမှာဖြစ်ပြီး အမျိုးသားတွေအတွက်ဆိုရင် ၈ ပေါင်ကနေ ၁၅ ပေါင်အထိ ရှိရမှာ ဖြစ်ပါတယ်။

Wall Push-Ups

ဒါကတော့ နံရံကို အသုံးပြုပြီး လုပ်ရမယ့် လေ့ကျင့်ခန်းပါ။

  • နံရံရှေ့မှာ မတ်မတ်ရပ်ပါ။
  • လက်နှစ်ဖက်ကို ရှေ့ကို ဆန့်လို့ နံရံကို ထောက်လိုက်ပါ။
  • ပြီးရင် လက်ကိုကွေးလို့ ခန္ဓာကိုယ်ကို နံရံဆီကို ကိုင်းပါ။
  • ပြီးရင် ပြန်မတ်ပါ။
  • ၁၂ ကြိမ်လောက် ပုံမှန် လုပ်ပေးပါ။

ဦးခေါင်းလှည့် လေ့ကျင့်ခန်း

ဒီ လေ့ကျင့်ခန်းက ဦးခေါင်းနဲ့ ဇက်ကြောက ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အရင်ဆုံး

  • ပခုံးကြွက်သားတွေကို ဖြေလျော့ထားပါ။
  • ထိုင်ရင်ဖြစ်ဖြစ်၊ မတ်တတ်ရပ်ရင်းဖြစ်ဖြစ် ခါးကို မတ်ထားပါ။
  • ခေါင်းကို ဘယ်ဘက်ကို ဖြည်းဖြည်းချင်း လှည့်ပါ။ အကြောတွေ ပြေလျော့တယ်လို့ ခံစားရတဲ့ အနေအထားမျိုးထိ လှည့်ပါ။
  • ပြီးရင် ခေါင်းကို တည့်တည့်ပြန်နေပါ။
  • ​နောက်တကျော့ကတော့ ခေါင်းကို ညာဘက်ကို ဖြည်းဖြည်းချင်း လှည့်ပါ။ ခုနကလိုပဲ ပြေလျော့တယ်လို့ ခံစားရတဲ့ အနေအထားမျိုးထိ လှည့်ပါ။
  • ပြီးရင် ပုံမှန်အတိုင်းပြန်ထားပါ။
  •  ပြီးရင် အပေါ်ကို မော့ပါ။ ခဏနေပါ။
  • ဦးခေါင်းကို ပုံမှန် အတိုင်းထားလို့ ခေါင်းကို အောက်ဘက်ကို ဖြည်းဖြည်းချင်း ငုံ့ပါ။
  • ၅ ကြိမ်လောက် ပုံမှန် လုပ်ပေးပါ။

    [embed-health-tool-bmi]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Total Body Strength Workout for Seniors https://www.verywellfit.com/total-body-strength-workout-for-seniors-1230958 Accessed Date 24 August 2020

    Exercise after age 70 https://www.health.harvard.edu/staying-healthy/exercise_after_age_70 Accessed Date 24 August 2020

    Exercise Plan for Seniors https://www.healthline.com/health/everyday-fitness/senior-workouts Accessed Date 24 August 2020

    ယခုပုံစံ

    05/10/2022

    Aye Thi Mon မှ ရေးသားသည်။

    မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

    Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


    ဆက်စပ် အကြောင်းအရာများ

    ရေနွေးကြမ်း ကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျနိုင်ခြေနည်း

    ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement