အနက်ရောင်ချောကလက်
ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ရုတ်တရက်နှလုံးရပ်တာ၊သွေးကြောတွေပိတ်ဆို့တာမျိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။လေ့လာချက်တွေအရလည်း အနက်ရောင်ချောကလက်ကို စားသုံးပေးတာကသွေးတိုးကျစေနိုင်ပြီးလေဖြတ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်၊လို့ သိရပါတယ်။
သံလွင်ဆီ
လူတော်တော်များများက အဆီဆိုရင် ကျန်းမာရေးအတွက် မကောင်းတဲ့အရာလို့ တထစ်ချယုံကြည်ထားတတ်ကြပါတယ်။ တကယ်တော့ သံလွင်ဆီစစ်စစ်က ခန္ဓါကိုယ်ကိုအကျိုးပြုပါတယ်။ သံလွင်ဆီစားသုံးပေးတာက နှလုံးကျန်းမာစေနိုင်သလို နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရတာ၊ ရုတ်တရက် နှလုံးရပ်တာ၊လေဖြတ်တာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။သွေးတိုးကျစေနိုင်သလိုသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ သွေးခဲတာမျိုးမဖြစ်အောင် ကာကွယ်ပေးတာကြောင့် ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။
ဒါတွေအပြင် အသက်အရွယ်ရလာတဲ့ဖေဖေမေမေတို့ရဲ့နေ့စဉ်စားသုံးမှုတွေထဲမှာ ဒိန်ချဉ်၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ဆယ်လ်မွန်ငါး၊ ချယ်ရီသီး၊ ဘယ်ရီသီး၊ အစေ့အဆန်၊ အခွံမာသီး စတာတွေကိုပါထည့်သွင်းပြင်ဆင်ပေးသင့်ပါတယ်။
ကဲ…ဖေဖေမေမေတို့ကို အာဟာရမျှတအောင်ပြင်ဆင်ပေးလို့ ကျန်းမာပျော်ရွှင်စွာနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းနိုင်ဖို့ ကူညီလိုက်ရအောင်လား…….
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။