Anaesthetic For Caesarean Section (ဗိုက်ခွဲမွေးဖွားခြင်းအတွက် မေ့ဆေးပေးခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အခြေခံအကြောင်းအရာများ

ဗိုက်ခွဲမွေးဖွားခြင်းအတွက် မေ့ဆေးပေးခြင်းဆိုတာ ဘာလဲ

ဗိုက်ခွဲမွေးဖွားခြင်းအတွက် မေ့ဆေးပေးခြင်းပုံစံများဟာ များသောအားဖြင့် ဘေးကင်းပြီး ထိရောက်မှု ရှိပါတယ်။ ခွဲစိတ်ခန်းထဲမှာ လုံးဝအိပ်ပျော်အောင် မေ့ဆေးသုံးမလား၊ နိုးနေအောင် ခါးဆစ်ရိုးထုံဆေး သုံးမလားဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ မေ့ဆေးနဲ့ယှဉ်ရင် ခါးဆစ်ရိုး ထုံဆေးဟာ မိခင်အတွက်ရော ကလေးအတွက်ပါ ကောင်းကျိုးတွေ ရှိပါတယ်။

နိုးနေတဲ့အတွက်ကြောင့် သင်နဲ့ သင့်အဖော်ဟာ မွေးဖွားစဉ်မှာ အတူရှိနေနိုင်ပြီး ကလေးကိုလည်း မွေးပြီးပြီးချင်း ကြည့်ရှုနိုင်ပါတယ်။ သင်နဲ့ သင့်ကလေး အတွက် ကြီးမားတဲ့ ဆိုးကျိုးမရှိပါဘူး။ ခွဲစိတ်မှုပြီးတဲ့အခါ နို့တိုက်နိုင်ပါတယ်။ ခါးဆစ်ရိုးထုံဆေးဟာ မေ့ဆေးထက် ဘေးကင်းပြီး ပိုပြီးချောမွေ့ မြန်ဆန်စွာ သက်သာ လာနိုင်ပါတယ်။

ဗိုက်ခွဲမွေးဖွားခြင်းမှာ မေ့ဆေးပေးခြင်း ဘာကြောင့် လုပ်ဆောင်သလဲ

တခါတရံမှာ မိခင်ရော ကလေးအတွက်ပါ ဘေးအကင်းဆုံး ဖြစ်အောင် ဗိုက်ခွဲမွေးကြပါတယ်။ ၂မြွှာပူး ၃မြွှာပူး စသဖြင့် ရှိနေပြီဆိုရင် ဗိုက်ခွဲမွေးသင့်ပါတယ်။ သင့်ရဲ့ကိုယ်ဝန် တိုးတက်မှု ဘယ်လိုရှိသလဲ၊ ကလေးအနေအထား ဘယ်လိုရှိသလဲ ကလေးတွေဟာ အချင်းတခုထဲကိုပဲ မျှသုံးနေသလား စတာတွေအပေါ် မူတည်ပါတယ်။

ဖြစ်နိုင်ခြေအန္တရာယ်များ

ဗိုက်ခွဲမွေးဖွားခြင်းမှာ မေ့ဆေးသုံးခြင်းရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ

မေ့ဆေးတချို့ဟာ မိခင်ဆီကနေ ကလေးဆီကို ရောက်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် သင့်ကလေးဟာ တခဏမျှ အိပ်ငိုက်နိုင်ပါတယ်။ ရေရှည် သက်ရောက်မှုတော့ မရှိပါဘူး။ သင့်အနေနဲ့ ကောင်းကောင်းမနိုးသေးခင် ကလေးချီခြင်း၊ နို့တိုက်ခြင်း မလုပ်သင့်သေးပါဘူး။ အောက်ပါ နောက်ဆက်တွဲ ပြသနာအချို့ ကြုံနိုင်ပါတယ်။

  • ယားယံခြင်း
  • ဆီးသွားရခက်ခြင်း
  • သွေးပေါင်ကျခြင်း
  • ခေါင်းကိုက်ခြင်း
  • နောက်ကျောအောင့်ခြင်း
  • လည်ပင်းနာခြင်း စတာတွေ ဖြစ်ပါတယ်။

ခွဲစိတ်မှု မခံယူခင် ဖြစ်နိုင်ခြေအန္တရာယ်တွေ၊ နောက်ဆက်တွဲပြသနာတွေ သိနားလည်ထားဖို့ အရေးကြီးပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ဆရာဝန်နဲ့ဖြစ်ဖြစ်၊ ခွဲစိတ်ဆရာဝန်နဲ့ ဖြစ်ဖြစ် တိုင်ပင်နိုင်ပါတယ်။

ပြင်ဆင်ခြင်း

ဗိုက်ခွဲမွေးဖွားခြင်းအတွက် ဘယ်လိုပြင်ဆင်ရမလဲ

ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဆရာဝန်ဟာ ဒီနည်းလမ်းကို ဘာကြောင့်ရွေးချယ်ရတယ်ဆိုတာ၊ ဘေးထွက်ဆိုးကျိုး ဘာတွေရှိတယ်ဆိုတာ ရှင်းပြပါလိမ့်မယ်။ သိချင်တာတွေရှိရင် မေးဖို့ မတုံ့ဆိုင်းပါနဲ့။

ခွဲစိတ်စဉ်ဘာတွေဖြစ်နိုင်လဲ

ဆရာဝန်ဟာ မေ့ဆေးပေးပါလိမ့်မယ်။ ကောင်းကောင်း အိပ်ပျော်စေမယ့် ဆေးများကို ပေါင်းစပ်ပေးခြင်း ဖြစ်ပါတယ်။ ပြီးရင်တော့ ဘာဖြစ်တယ်ဆိုတာ သင်မှတ်မိမှာ မဟုတ်တော့ပါဘူး။

အများစုကို သွေးပြန်ကြောထဲ မေ့ဆေးထိုးပေးခြင်းဖြင့် အိပ်ပျော်စေပါတယ်။ မေ့ဆေးအာနိသင်ပြဖို့ စက္ကန့်၃၀လောက် ကြာပါတယ်။ ပြီးရင် မေ့ဆေးငွေ့များကို အသက်ရှူကိရိယာမှတဆင့်ပေးပြီး ဆက်လက် အိပ်ပျော်စေပါလိမ့်မယ်။

မေ့ဆေးဆရာဝန်ဟ သင့်ကိုယ်ထဲမှာရှိတဲ့ မေ့ဆေးပမာဏကို စောင့်ကြည့်နေပါလိမ့်မယ်။ ဘာတွေဖြစ်နေတယ်ဆိုတာ သင်မသိရအောင် မေ့ဆေးပမာဏကို ထိန်းထားပါလိမ့်မယ်။

ခါးဆစ်ရိုးထုံဆေးမှာတော့ ခါးဆစ်ရိုးကြားအလွှာထဲကို ထုံဆေးထိုးသွင်းခြင်း ပြုလုပ်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် အာရုံကြောတွေကို နာကျင်မှု ခံစားရခြင်းမှ သက်သာစေပါတယ်။

မေ့ဆေးဆရာဝန်အနေနဲ့ အပ်ထည့်ပြီး ဆေးသွင်းပြီးတဲ့အခါ အပ်ပြန်နုတ်ရုံပါပဲ။ သက်တောင့်သက်သာသိပ်မရှိပေမယ့် နာကျင်မှု မရှိပါဘူး။

မွေးဖွားနေစဉ်မှာ သင့်အနေနဲ့ ဘာမှမခံစားရအောင် မေ့ဆေးဆရာဝန်ဟာ ဆေးထပ်ပေးနိုင်ပါတယ်။

တခြားနည်းလမ်းတခုကတော့ ခါးဆစ်ရိုးနေရာမှာ ထိုးသလို epidural အလွှာမှာလည်း တချိန်တည်း ထိုးထားခြင်း ဖြစ်ပါတယ်။

သင့်ဝမ်းဗိုက်တာ လုပ်ကိုင်နေတာတွေ သိရှိနိုင်ပါတယ်။ ရင်ခေါင်းက အာရုံကြောတွေထုံနေတာကြောင့် အသက်ရှူခက်တာမျိုး ဖြစ်နိုင်ပါတယ်။ မွေးပြီးချိန်မှာ ရင်ဘတ်ပေါ်မှာ လေးလံနေတာမျိုး ခံစားရပါလိမ့်မယ်။

သိလိုတဲ့အချက်တွေ စိုးရိမ်ပူပန်တာတွေရှိရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ပြန်လည်သက်သာလာခြင်း

ခွဲစိတ်မှုပြိးရင် ဘာဖြစ်မလဲ

အိမ်မှာ အကူအညီ ဘယ်လောက်ရမလဲ ဆိုတာပေါ် မူတည်ပြိး ၂ရက်ကနေ ၄ရက်အတွင်း အိမ်ပြန်နိုင်ပါတယ်။

အိပ်ရာထဲလှဲမနေဘဲ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေဖို့ တိုက်တွန်းပါလိမ့်မယ်။ ပြန်ပြီးနေကောင်းလာဖို့ မွေးဖွားပြီးချိန် ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်ပါတယ်။

နာကျင်မှုမရှိဘဲ ကောင်းကောင်းလှုပ်ရှားနိုင်ပြီဆိုရင်၊ အရေးပေါ် ရပ်တန့်နိုင်မယ်ဆိုရင် ကားမောင်းနိုင်ပါပြီ။ ၆ပတ်လောက်တော့ အချိန်ယူရနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်မိသားစုဝင် နှင့် မိတ်ဆွေများကို မေ့ဆေးအတွက် ပြင်ဆင်နိုင်အောင် ကူညီပေးခြင်း

လူများစွာသည် ခွဲစိတ်ရန် လိုအပ်သော ကျန်းမာရေး ပြဿနာများ ရှိတတ်ကြသည်။ ဆေးရုံတွင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
ရေးသားသူ Dr. Su Sandy

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်ချိန်နဲ့ကလေးမွေးပြီးနောက်ပိုင်း စိတ်အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်မလဲ

ကိုယ်ဝန်ဆောင်မိခင်တိုင်း တွေးတွေးကြောက်ကြတဲ့ အရာတွေက ဘာတွေလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 26, 2018 . 2 mins read
General Anaesthetic (မေ့ဆေးပေးခြင်း)

General Anaesthetic (မေ့ဆေးပေးခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 12, 2017 . 3 mins read
Caesarean Section (ဗိုက်ခွဲမွေးဖွားခြင်း)

Caesarean Section (ဗိုက်ခွဲမွေးဖွားခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 12, 2017 . 3 mins read
မေ့ဆေးပေးပြီးနောက် ပြန်လည် သတိရလာချိန်တွင် လူနာ၏ အခန်းကဏ္ဍ

မေ့ဆေးပေးပြီးနောက် ပြန်လည် သတိရလာချိန်တွင် လူနာ၏ အခန်းကဏ္ဍ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Su Sandy
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 11, 2017 . 2 mins read