home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သီးတင်းကျွတ် ကန်တော့တော့မယ်ဆိုရင်

သီတင်းကျွတ်ကာလရောက်လာရင် လူကြီးမိဘတွေကို ကန်တော့ကြတာကမြန်မာလူမျိုးတွေရဲ့ ချစ်စရာဓလေ့လေးတစ်ခုပါ။ ဖိုးဖိုးဖွားဖွားတွေ။ဖေဖေမေမေတွေနဲ့ ဆရာသမားတွ လူကြီးမိဘတွေကို လိုက်ကန်တော့ကြရပါတယ်။ ဒီအချိန်မှာ စဉ်စားရကြပ်တာတစ်ခုရှိတယ်နော်။ ဒါကတော့ ဘာနဲ့များ ကန်တော့ရမလဲ ဆိုတဲ့ကိစ္စပါ။ သီတင်းကျွတ်တိုင်းလိုလိုကြုံနေရတဲ့ပြဿနာလေးကို ဒီဆောင်းပါးလေးကနေဖြေရှင်းပေးပါရစေ။

သီတင်းကျွတ်ကန်တော့ဖို့ စဉ်းစားရခက်နေသူတွေအတွက် အကြံကောင်း

သီတင်းကျွတ်ကာလက အဝေးရောက်နေရင်တောင် မိဘတွေရှိရာဆီကိုပြန်လာပြီး ကန်တော့ရတဲ့အချိန်ပါ။ ဒီအချိန်မှာ အသင့်တော်ဆုံးလည်းဖြစ် ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် ကန်တော့ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေက အဆင်ပြေစေမှာပါ။

စားစရာတွေ

ဒါကတော့တော်တော်များများစဉ်းစားမိတတ်တဲ့အချက်တစ်ခုပါ။ စားလို့ကောင်းတဲ့ မုန့်တွေနဲ့ အဓိကထား ကန်တော့ကြတတ်ကြပါတယ်။ သီးတင်းကျွတ်ကာလမှာရွေးချယ်စရာမုန့်တွေကလည်း အစုံပါပဲ။ ဒါပေမယ့် သတိထားရမှာက လူကြီးမိဘတွေနဲ့ သင့်တော်မှုရှိရဲ့လားဆိုတာပါ။ လူကြီးတွေအတွက် စားစရာတွေဝယ်ပေးတော့မယ်ဆိုရင် အာဟာရပါဝင်မှု၊ အဆီနဲ့ အချိုဓါတ်ပါဝင်မှု၊ အငန်ပါဝင်မှုနဲ့ တာရှည်ခံဆေးတွေ ပါဝင်နေလားဆိုတာကိုသေချာလေး ဂရုစိုက်ရပါမယ်။ အချို၊ အငန်အရမ်းမကဲဘဲ ပရိုတင်းကြွယ်ဝတဲ့ စားစရာတွေကအဆင်ပြေဆုံးဖြစ်မှာပါ။

သစ်သီးတွေ

နေ့စဉ်ခန္ဓါကိုယ်က လိုအပ်တဲ့ အမျှင်ဓါတ်ကိုဖြည့်ပေးနိုင်ပါတယ်။နေ့ခင်းအဆာပြေ အနေနဲ့စားစား၊ ညစာ စားပြီးချိန်မှာပဲ အချိုတည်းတည်း အဆင်ပြေစေမှာပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သဘာဝသစ်သီးတွေက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်တွေကိုထောက်ပံ့ပေးနိုင်ပါတယ်။ အသားအရေကစလို့ ခန္ဓါကိုယ် ကျန်းမာစေဖို့ပါ အထောက်အပံ့ပေးနိုင်မှာပါ။

အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ

ဒါတွေကလည်း အသက်အရွယ်ကြီးရင့်လာတဲ့ လူကြီးမိဘတွေ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။ အရိုးတွေကျန်းမာစေဖို့ ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်ပေးနိုင်ပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ အယ်လ်မွန်စေ့ အပါအဝင် အခြားသော အခွံမာသီးတွေနဲ့ အစေ့အဆန်တွေက အဆာပြေအနေနဲ့ စားလို့သင့်တော်မှာပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ

သီးတင်းကျွတ်ကို အစားအသောက်တွေနဲ့ပဲကန်တော့ရမယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ ဒါကြောင့် သီတင်းကျွတ်မှာ လူကြီးတွေအတွက် အသုံးဝင်မယ့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့လည်း ကန်တော့လို့ရပါတယ်။ ဒါက လူကြီးတွေကို ကျန်းမာစေဖို့လည်း အထောက်အကူပြုပေးနိုင်မှာပါ။ရေချိုးဆပ်ပြာရည်ကနေစလို့ သွားတိုက်ဆေး၊လက်သန့်စင်ဆေးရည်နဲ့ သွားပွတ်တံအပါအဝင် တစ်နေ့တာမှာ လိုအပ်မယ့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကို ကန်တော့လို့ရပါတယ်။

သောက်စရာ

စားစရာမုန့်တွေပဲဆိုရင် မကောင်းဘူး။သောက်စရာလေးတော့ထည့်ဦးမှ ဘာထည့်ရမလဲ မသိဘူးဆိုရင်တော့ အကောင်းဆုံး အကြံပေးပါရစေနော်။ ဒါကတော့ အချိုရည်တွေ ဝယ်မယ့်အစား လူကြီးတွေနဲ့သင့်တော်မယ့် အာဟာရပြည့်ဝတဲ့သောက်စရာတွေ။အားဖြည့်အာဟာရ သောက်စရာတွေကို ဝယ်ပေးလို့ ရပါတယ်။ တကယ်လို့ဖျော်သောက်ရမှာ မကြိုက်ဘူး။ အလုပ်ပိုမှာစိုးတယ်ဆိုရင် အသင့်ဖျော်စပ်ပြီးသား အားဖြည့်အာဟာရဗူးတွေကန်တော့လို့ရပါတယ်။ ဒီအားဖြည့်အာဟာရတွေထဲမှာ လူကြီးတွေအတွက်လိုအပ်တဲ့ အာဟာရတွေပြည့်ဝအောင်ဖြည့်စွက်ထားတာကြောင့် လူကြီးတွေမှာဖြစ်တတ်တဲ့ အာဟာရလိုအပ်ချက်ကို အကောင်းဆုံးဖြည့်ပေးနိုင်မှာပါ။

ဆေးဝါးတွေ

ဒါကလည်း ကန်တော့လို့ သင့်တော်တဲ့အရာတစ်ခုပါ။ အသက်ရလာတဲ့အခါ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့ သောက်ရတဲ့ အားဆေးတွေ၊ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ လိမ်းဆေးတွေ၊ အသေးစားထိခိုက်မှုတွေနဲ့ နာဖျားမှုတွေအတွက် သင့်တော်မယ့်ဆေးတွေကိုသေချာလေးစိစစ်လို့ ဝယ်ယူပြီး ကန်တော့လို့ရပါတယ်။ တကယ်လို့ စဉ်းစားရခက်မယ်ဆိုရင် အိမ်တိုင်းလိုလိုမှာထားသင့်တဲ့ဆေးသေတ္တာလေးတစ်ခု ဝယ်ပေးတာကလည်း အဆင်ပြေစေမှာပါ။

ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေ

ကျန်းမာရေးက လူတိုင်းအတွက် ဘုရားပေးတဲ့ ဆုတစ်ခုဆိုပေမယ့် ကိုယ်တိုင်ကစောင့်ရှောက်ဖို့လိုမှာပါ။ ဒီတော့နေအိမ်မှာလည်းသွေးတိုးတတ်တဲ့သူရှိမယ်ဆိုရင်သွေးပေါင်ချိန်စက်၊ ဆီးချိုသွေးချိုရောဂါခံစားနေရသူရှိမယ်ဆိုရင်သွေးချိုတိုင်းစက်တို့ဝယ်ယူကန်တော့လို့ရပါတယ်။ပေါင်ချိန်စက်ကလည်း ကျန်းမာရေးအတွက်လိုအပ်တဲ့ အရာတစ်ခုဖြစ်သလို အသက်အရွယ်ကြီးရင့်လာတဲ့ လူကြီးမိဘတွေအတွက်လည်း လိုအပ်မှာပါ။

ကဲ….. သီတင်းကျွတ်ကို ဘာနဲ့ကန်တော့ရမှန်းမသိဘူးဆိုရင် ဒီအချက်လေးတွေထဲက အဆင်ပြေဆုံးနဲ့ အလိုအပ်ဆုံးဖြစ်မယ့် အရာလေးတွေနဲ့ ဂါရဝပြုလိုက်ပါ၊ လို့ အကြံပြုပါရစေ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 7 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။