သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဓါတ်ခွဲခန်းမှာဖန်တီးတဲ့ သွေးကြောနဲ့ ကျောက်ကပ်ဝေဒနာရှင်တွေမှာ အစားထိုးကုသ

    ဓါတ်ခွဲခန်းမှာဖန်တီးတဲ့ သွေးကြောနဲ့ ကျောက်ကပ်ဝေဒနာရှင်တွေမှာ အစားထိုးကုသ

    ဒီသုတေသနကို မြောက်ကယ်ရိုလိုင်းနား မှာရှိတဲ့ နည်းပညာကုမ္ပဏီ Humacyte မှ သုတေသနပညာရှင်တွေက လေ့လာခဲ့ကြတာပါ။

    ဒီကနဦးစမ်းသပ်မှုအဆင့်မှာ သုတေသီတွေက နှလုံးရောဂါကအစ ဒဏ်ဖြစ်ထိခိုက်မှုတွေအထိ အမျိုးမျိုးသော ရောဂါအခြေအနေတွေကြောင့် သွေးကြောထိခိုက်ပျက်စီးနေတဲ့လူနာတွေအတွက် ကုထုံးအသစ်တစ်ခု ကြိုးပမ်းခဲ့တာပါ။

    Science Translational Medicine ဂျာနယ်မှာ မတ်လ ၂၇ ရက်က ဖော်ပြခဲ့တဲ့ ဒီလေ့လာမှုမှာ ကျောက်ကပ်ရောဂါဝေဒနာရှင်တွေကို ဓာတ်ခွဲခန်းထုတ် သွေးကြောတွေ အစားထိုးထည့်သွင်းပေးခဲ့ပြီး ကျောက်ကပ်ဆေးလို့ရစေခဲ့တာဖြစ်ပါတယ်။

    ဓာတ်ခွဲခန်းမှာ သွေးကြောတွေဖန်တီးဖို့က အချိန်နှစ်လယူပြီး မွေးမြူရပါတယ်။

    သွေးကြောကို အစားထိုးထည့်သွင်းလိုက်တာနဲ့ လူနာရဲ့ဆဲလ်တွေက တဖြည်းဖြည်းပွားလာပြီး ခန္ဓာကိုယ်ရဲ့ မူလသွေးကြောတွေနဲ့ ဆင်တူသွားစေမှာဖြစ်တယ်လို့ သုတေသီတွေကပြောပါတယ်။

    သူတို့က ကနဦးလေ့လာမှုမှာပါဝင်ခဲ့တဲ့ လူနာ ၁၃ ဦးဆီက တစ်ရှူးတွေကို သရုပ်ခွဲလေ့လာခဲ့တဲ့အခါ လူနာရဲ့ဆဲလ်တွေနဲ့ သွေးကြောအသေးစားလေးတွေက အစားထိုးသွေးကြောတွေနဲ့ ပေါင်းစပ်သွားတာကို တွေ့ခဲ့ကြပါတယ်။

    “လူနာရဲ့ဆဲလ်တွေက ဒီသွေးကြောတွေပေါ်မှာ ပွားလာနိုင်ပြီး သက်ရှိတစ်ရှူးဖြစ်လာနိုင်တယ်” လို့ သုတေသီတစ်ဦးကပြောပါတယ်။

    ဒါ့အပြင် ဒီသွေးကြောတွေက ပြင်ပဆဲလ်တွေမပါဝင်တာကြောင့် လူနာရဲ့ကိုယ်ခံအားစနစ်က ငြင်းပယ်မှာမဟုတ်ပါဘူး။ ဒီလူနာ ၁၃ ဦးမှာလည်း တစ်ရှူးတွေအတွင်း ကိုယ်ခံအားတုံ့ပြန်မှုရှိတဲ့ လက္ခဏာမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

    ဒါပေမယ့် ဒီထက်ပိုခိုင်မာတဲ့ သုတေသနလေ့လာမှုတွေ ဆက်လုပ်ဖို့လိုနေသေးတယ်လို့ ပညာရှင်တွေက ပြောခဲ့ပါတယ်။

    ထိခိုက်မှုဒဏ်တစ်ခုခု ဒါမှမဟုတ် နှလုံးသွေးကြောရောဂါကြောင့် သွေးလွှတ်ကြောတွေကို ထိခိုက်ပျက်စီးစေတဲ့အခါ လိုမျိုး အခြေအနေတွေအတော်များများမှာ သွေးကြောအစားထိုးကုသမှုတွေ လိုအပ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 28/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: