အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ကို ချွေးအများကြီးထွက်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ

ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်မှာပဲဖြစ်ဖြစ် အပြင်မှာ အရမ်းပူနေချိန်မှာပဲဖြစ်ဖြစ် ချွေးတွေ တအားထွက်နေတာက ဖြစ်နေကျ ကိစ္စရပ် တစ်ခုပါ။ နေပူတယ် ရာသီဥတု ပူပြင်းမယ်ဆိုရင် ချွေးထွက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် ချွေးက ပုံမှန်ထက် ပိုထွက်နေမယ်။ ချွေးအများကြီး ထွက်နေမယ် ဆိုရင်တော့ အကြောင်းရင်းခံ တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သင့်ကို ချွေးအများကြီးထွက်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ ဆိုတာကို ပြောပြပေးမှာမို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ သင့်ကို ချွေးအများကြီးထွက်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ ရာသီဥတု ပူတာ နဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်မိတာ အပါအဝင် ချွေးအများကြီးထွက်စေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေက သွေးတွင်းသကြားဓာတ်ကျနေတာ ဆီးချိုရောဂါ ခံစားနေသူတွေအပါအဝင် တခြားသူတွေက သွေးတွင်းသကြားဓာတ် ကျဆင်းတဲ့အခါ ပုံမှန်ထက် ချွေးတွေ ပိုထွက်လာတတ်ပါတယ်။ ဒါ့ပြင် ဆီးချိုရောဂါက အာရုံကြောတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ

တစ်နေ့ထက် တစ်နေ့ လေထု ညစ်ညမ်းမှုတွေ ပိုများလာတာကို အားလုံးလိုလို သတိထားမိကြမယ် ထင်ပါတယ်နော်။ စက်မှု လုပ်ငန်းတွေ တိုးတက်လာတာ၊ စက်တပ်ယာဉ်တွေ များလာတာ၊ ဓာတုပစ္စည်း အသုံးပြုမှု များပြားလာတာကြောင့် လေထု ညစ်ညမ်းမှုတွေက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာပြီး လေထု အရည်အသွေးကလည်း ကျဆင်းလာနေပါတယ်။ လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေ၊ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဓာတုပစ္စည်းတွေက လွန်ခဲ့တဲ့ ဆယ်နှစ်တာကလာထက် ပိုများလာနေပါတယ်။ ဒါကြောင့်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရမှုတွေက အရင်ကထက် ပိုများလာနေတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လေထုထဲက မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ လေထုထဲမှာ တကယ်ပဲ ဓာတုပစ္စည်းတွေ ပါဝင်နေသလား လေထုထဲမှာ ပါဝင်နေနိုင်တဲ့ ဓာတုပစ္စည်းတွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့

နွေရာသီမှာ အေးတဲ့လေ၊ အေးပြီး နေရထိုင်ရ သက်သောင့်သက်သာရှိတဲ့ နေရာလေးတွေကို လူတိုင်းလိုလို သဘောကျကျပါတယ်။ အခြားမပြောနဲ့ နွေပူပူ အပြင်က ပြန်လာလို့ သောက်ရေအိုး သဲအိုးအေးအေးလေးက အေးစိမ့်နေရင်တောင် ပါးလေး ကပ်လိုက် လက်လေးကပ်လိုက် လုပ်မိတတ်ကြတယ်ဟုတ်။ နေပူရင် အားအင် ကုန်ခမ်းတာမို့ နေအရမ်းပူချိန်မှာ အေးတဲ့နေရာမှာနေဖို့ အရိပ်ရတဲ့နေရာမှာနေဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ အပြင်က နွေနေပူရင်တောင် ကိုယ့်ရဲ့ အိမ်ကလေးထဲမှာ အေးနေအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဘယ်လိုတွေ စီစဉ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား......... နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဆိုရင် အဲကွန်း ဖွင့်လို့ရတာပဲလို့ ဖြေမယ်လို့များ စိတ်ကူးနေလား...... အခုပြောပြမယ့် နည်းလမ်းက အဲကွန်းဖွင့်စရာ မလိုဘဲ သဘာဝအတိုင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောမသောက်ပါနဲ့

အရက်ကို စွမ်းအားဖြည့် အချိုရည်တွေ နဲ့ ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။ စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း ပါဝင်နေသလို စိတ်ခံစားမှု တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် သောက်ပြီးစမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ စွမ်းအားဖြည့် အချိုရည်ဆိုတာ စွမ်းအားဖြည့် အချိုရည်ဆိုတာက သောက်စရာ တစ်မျိုးပါ။ ကဖင်း ပမာဏ များစွာ ပါဝင်နေသလို taurine၊ guarana၊ သကြားနဲ့ ဗီတာမင် B တို့ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ စွမ်းအားဖြည့်အချိုရည်တွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေ ကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ

နွေအပူဒဏ်ကို အလူးအလဲ ခံရတာက သက်ရှိတိုင်းလိုလိုပါ။ ဒီလို အပူဒဏ်ကို သက်ရှိတိုင်း အလူးအလဲ ခံစားနေရချိန်မှာ အသက်အရွယ်ကြီးရင့်တဲ့ ဘိုးဘိုးဘွားဘွားတွေရော ဘေဘီပေါက်စလေးတွေအပြင် အပြင်ကနေပြန်လာတိုင်း ကိုယ်တွေကို အပြေးအလွှား ပြာပြာသလဲ ဆီးကြိုတတ်တဲ့ ပါပီ၊ ပူစီလေးတွေ က အပူဒဏ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။ လူတွေမှာပဲ နွေအပူချိန် ပြင်းလို့ အပူလျှပ်တတ်တာ မဟုတ်ဘဲ သူတို့လေးတွေမှာလည်း နွေရာသီ အပူပြင်းချိန်မှာ အပူလျှပ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုနွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေ ကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ ရေချွေတာပါ

နွေရောက်လာပြီဆိုရင် ကြားရမယ့် ကိစ္စက ရေရှားလာတာပါ။ ရန်ကုန်လိုနေရာမှာ တော်သေးပေမယ့် အထက်ပိုင်းအညာဒေသတွေမှာ ရေရှားတာက အတော်ရေး ရိုက်ခတ်မှု ပြင်းတဲ့ ပြဿနာပါ။ ဒီပြဿနာကို တစ်ယောက်တစ်လက်နဲ့ ဝိုင်းကူလို့ ရပါတယ်။ ဒီလို ဝိုင်းကူနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ နွေရာသီမှာ ရေချွေတာပါ ဆိုတာလေးကို အကောင်အထည် ဖော်ကြည့်ရအောင်နော်။ နွေရာသီမှာ ရေရှားတာ ပုံမှန်ပါပဲ နွေရာသီမှာ ရေရှားတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားလိုပဲ ရေရှားတာကို ဖြေရှင်းလို့ ရပါတယ်။ ရေရှားတာ မဖြစ်စေဖို့အတွက် မြစ်တွေ ချောင်းတွေ မြေအောင်းရေတွေထဲကို ရေအရင်းအမြစ်တွေ ထည့်စိုက်တာမျိုး မလုပ်နိုင်ပေမယ့် တစ်ယောက်တစ်လက်နဲ့ ချွေတာပေးလို့တော့ ရပါတယ်။ နွေရာသီမှာ ရေကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်သလား နွေရာသီမှာ ရေရှားပါးတာ၊ သန့်ရှင်းတဲ့ ရေကို မရရှိတာကြောင့် ကျန်းမာရေး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေပူပူမှာ သောက်ကြမယ့် ဘော်ဒါတွေ ဖတ်ရန်

တစ်နေ့ထက် တစ်နေ့ အပူချိန်က မြင့်တက်လာနေပြီး မကြာခင်မှာ နွေရက်တွေကို ဖြတ်သန်းရတော့မှာပါ။ ဒီလို နွေပူပူမှာ ရေဓာတ် ဆုံးရှုံးတာ အပါအဝင် အပူရှိန်ကြောင့် အပူလျှပ်တာနဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ခံစားလာရကြပါတယ်။ ဒီလု အပူချိန် ပြင်းချိန်မှာ ပုံမှန်အတိုင်းတောင် ကျန်းမာအောင် အတော်လေး ဂရုစိုက်နေရချိန်မှာ ဘီယာကစ်မယ်။ တစ်ခွက်တစ်ဖလားဆိုပြီး အပီကစ်မယ်လို့ တွေးနေတဲ့ ဘော်ဒါတွေ ရှိကြလား ..... ဒါဆိုရင်တော့ နွေပူပူမှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အပီမကစ်ခင် ဒီစာလေးကို အရင် ဖတ်ကြည့်လိုက်နော်။ နွေရာသီက သောက်လို့ ကောင်းတဲ့ ရာသီ တစ်ခုလား နွေရာသီက အားလပ်ရက်ရှည် ရှိတာကြောင့် ခရီးသွားတာ၊ သူငယ်ချင်းတွေနဲ့ အတူတွေ့ဆုံ စားသောက်တာတွေ ပုံမှန်ထက် ပိုလုပ်ဖြစ်ကြပါတယ်။ ဒီလို တွေ့ဆုံမှုတွေမှာ ဘီယာအပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာလေးတွေကလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေပူထဲ မှာ ရေစိုအဝတ်ဝတ်တာက သင့်ကို ဖျားနာစေမှာလား။

ငယ်ငယ်တုန်းက ပူလွန်းလို့ နေပူထဲ ကို အဝတ်လေး ရေစွတ်သွားတဲ့အခါ ဒါမှမဟုတ် ရေချိုးပြီး ရေခြောက်အောင် မဟုတ်ဘဲ အင်္ကျီကောက်စွပ်လိုက်တဲ့အခါ လူကြီးတွေက အအေးပတ်တော့မယ်၊ ဖျားတော့မယ်၊ အပူလျှပ်မယ် စသဖြင့် ပြောလေ့ရှိပါတယ်။ ဒါဆိုရင် သင်္ကြန်ထွက်လည်တဲ့ သူတွေကရော။ သူတို့လည်း မိုးလင်းက မိုးချုပ် ၄ရက်ဆက်တိုက် ရေပတ်ခံထွက်နေကြတာပဲနော်။ သူတို့ကျ ဘာလို့ ဘာမှမဖြစ်တာပါလိမ့်။ နေပူထဲ မှာ ရေစိုအဝတ်တွေ ဝတ်တာက ဖျားနာစေမှာလား။ တကယ်က မဟုတ်ပါဘူး။ ရေစိုအဝတ်တွေနဲ့ နေနေတာက သင့်ကို အအေးမိဖျားနာတာမျိုး မဖြစ်စေပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက်တွေလည်း မရှိပါဘူး။ အပူလျှပ်တာရော ဖြစ်နိုင်လား။ အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်ပြီး ချွေးလုံးဝမထွက်တဲ့ အခြေအနေပါ။ အပူချိန်များလွန်းလို့ ဖြစ်တာပါ။ ဒါ့ပြင် အပူလျှပ်တဲ့ လူနာကို အရေးပေါ် ပြုစုတဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့

အခါကြီးရက်ကြီးမှာ၊ ဝါတွင်းမှာ ကုသိုလ်ယူမယ် ဥပုသ် စောင့်တော့မယ်ဆိုတဲ့ သူလေးတွေ ရှိလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကုသိုလ်ယူမယ့်သူလေးတွေကို ပြည့်ပြည့်ဝဝ ကုသိုလ်ယူနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကဲ ...... ကျန်းမာရေးကို ထိခိုက်စေမှု မရှိဘဲ ကုသိုလ်ပြည့်ပြည့်ဝဝ ရရှိစေဖို့အတွက် ဥပုသ်စောင့်နိုင်စေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး ထိခိုက်စေနိုင်လား ..... ဥပုသ်စောင့်တာက ကုသိုလ်ရေးဆိုပေမယ့် စနစ်တကျ မလုပ်ဆောင်မိဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပုသ်စောင့်တာက ညနေစား မစားရတာကြောင့် မနက်ခင်းမှာ ပြည့်ပြည့်ဝဝ မစားမိတာမျိုး ဖြစ်မယ်။ နေ့စဉ်ရက်ဆက် အာဟာရ ပြည့်ပြည့်ဝဝ မစားဘဲ ဥပုသ်စောင့်မယ်ဆိုရင် ကိုယ်အလေးချိန် ကျသွားတာ၊ ပိန်သွားတာ မူးလဲတာ အားနည်းတာ ပင်ပန်းနွမ်းနယ်တာ ခြေကုန်လက်ပမ်းကျတာ သွေးတွင်းသကြားဓာတ် ကျဆင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ https://hellosayarwon.com/health/general-health-knowledge/benefits-of-electrolytes-and-other-ingredients-in-sport-drinks/ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့ ဒီတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဓာတ်ဆုံးရှုံးမှု နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား .........

ရေများများသောက်နော်။ ခန္ဓာကိုယ်မှာ ရေဓာတ် နည်းရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး စကားတွေကို ခဏခဏ ကြားဖူးကြမှာပါ။ ဒါဆို ရေဓာတ်ဆုံးရှုံးမှု နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ရေဓာတ် ခန္ဓာကိုယ်အတွက် လိုအပ်သလား .... ရေဓာတ်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးအကြီးဆုံး အရာ တစ်ခုပါ။ ရေဓာတ် ပြည့်ဝမှ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းကောင်း လုပ်ဆောင်နိုင်မှာပါ။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ကြွက်သားတွေ၊ နှလုံးနဲ့ ကျောက်ကပ် အားလုံးက ရေဓာတ်ကို လိုအပ်ပါတယ်။ ရေဓာတ် ပြည့်ဝမှု ရှိမှလည်း ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ရောဂါတွေကို ကောင်းကောင်း ကာကွယ်နိုင်တော့မှာပေါ့။ ရေဓာတ် ခမ်းခြောက်ရင် ဘာတွေ ဖြစ်မလဲ ....... ရေဓာတ် ခမ်းခြောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာပါ။ ကိုယ်ထဲမှာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း