အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူဒဏ် အန္တရာယ် ကာကွယ်ပါ

ဒီရက်ပိုင်းမှာ ရာသီဥတု တော်တော်ပူလာတာကို သတိပြုမိမှာပါ။ အထူးသဖြင့် နေလယ်နေခင်းအချိန်တွေက နေပူထဲထွက်ဖို့ မဝံ့ရဲအောင်ပါပဲ။ စာရေးသူလို သန်သန်မာမာ လူငယ်တစ်ယောက်တောင် နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ စာဖတ်ပရိတ်သတ်အတွက် အပူဒဏ် အန္တရာယ် တွေကို သတိပြုမူစေနိုင်ဖို့‌ ဒီဆောင်းပါးကို ရည်ရွယ်ပါတယ် ။ အပူဒဏ် အန္တရာယ် ကို ဘာကြောင့် ကာကွယ်ဖို့ လိုတာလဲ။ အကြောင်းကတော့ အပူဒဏ်ကြောင့် အန္တရာယ်ရှိတဲ့  ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း တွေဖြစ်တတ်ပါတယ် ။ အထူးသဖြင့် မြန်မာနွေက ပိုမိုပူပြင်းတတ်တဲ့အတွက်  သက်ကြီးရွယ်အို ၊ ကလေးသူငယ်များအဝလွန်သူများနဲ့ အရက်သောက်တဲ့လူတွေကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။ အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတွေက ကြွက်တက်ခြင်း မူးဝေခြင်း အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်း […]


အခြေခံကျန်းမာရေး

ဗီတာမင်စီ အကြောင်း သင်ဘယ်လောက်သိလဲ။

ဗီတာမင်စီ ဆိုတာ ဒီခေတ်မှာ တော်တော်များများ သိလာကြပါပြီ။ ငါ stressတွေ ပိနေတယ်ဟယ်။ ဗီတာမင်စီလေးသောက်ဦးမှပါ အစ အသားဖြူဖို့ ဗီတာမင်စီထိုးတဲ့အထိ အသုံးပြုလာကြပါပြီ။ သင်ဗီတာမင်စီနဲ့ ပတ်သတ်ပြီး သင်ဘာသိထားသလဲ။ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာလဲဆိုတာ ဆက်ကြည့်ရအောင်။ ဗီတာမင်စီ ဆိုတာ ဘာလဲ။ ဗီတာမင်စီ ဆိုတာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ချဉ်တဲ့ အသီးအရွက်တွေကနေ အများဆုံးရပါတယ်။ ဥပမာ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွ။ ခန္ဓာကိုယ်က မထုတ်နိုင်တဲ့ အတွက် ပြင်ပက အစားအစာတွေကိုပဲ မှီခိုရတာပါ။ တစ်နေ့တာ လိုအပ်ချက်ကတော့ အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်အတွက် 75mgနဲ့ အမျိုးသားအတွက်ကတော့ 90mgပဲ ဖြစ်ပါတယ်။ ဗီတာမင်စီရဲ့ ကောင်းကျိုးများ ပါးစပ်ပြော ကောင်းကျိုးတွေ အများကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ဘာကွာသလဲ

ဒီ နှစ်ကောင်စလုံးက လူတွေကိုကူးစက်ရောဂါဖြစ်စေနိုင်စွမ်းရှိပါတယ်။ အဓိက ကွာတဲ့အချက်က ဘက်တီးရီးယားပိုးတွေကို ပိုးသတ်ဆေးတွေသောက်ပြီး နှိမ်နင်းနိုင်ပေမဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဒီလိုသတ်ပစ်လို့မရပါဘူး။ နောက်ပြီး ဗိုင်းရပ်စ်နဲ့ ဘက်တီးရီယားတွေမှာ တခြားကွာခြားချက်တွေလည်းရှိပါသေးတယ်။ ပထမဦးဆုံးပြောရရင် သူတို့ နှစ်ကောင်က တည်ဆောက်ပုံကစပြီး ကွဲပြားပါတယ်။ ဘက်တီးရီးယားတွေက ဆဲလ်တစ်လုံးတည်းပါတဲ့၊ မျက်စိနဲ့မမြင်နိုင်တဲ့အဏုဇီဝပိုးကောင်တွေဖြစ်ပြီး မျိုးစိတ်အတော်များများမှာ အပြင်ဖက်အခွံလွှာအမာတစ်ခုနဲ့ဖုံးအုပ်ထားပါတယ်။ ဘက်တီးရီးယားတွေက ဘယ်သူ့ကိုမှမမှီခိုဘဲ အသက်ရှင်နိုင်သလို မျိုးလည်းပွားနိုင်ပါတယ်၊ နောက်ပြီး  ပတ်ဝန်းကျင်မျိုးစုံမှာလည်း နေထိုင်နိုင်ပါသေးတယ်။ တချို့ဘက်တီးရီးယားမျိုးစိတ်တွေဆို အရမ်းပူ၊ အရမ်းအေးတဲ့နေရာတွေမှာတောင် ရှင်သန်နိုင်တာတွေ့ရပါတယ်။ နေတဲ့နေရာစုံတဲ့အတွက် နေရာမျိုးစုံမှာတွေ့နိုင်ပါတယ်။ ကျွန်တော်တို့လူသားတွေရဲ့ အူလမ်းကြောင်းထဲမှာလည်း ဘက်တီးရီးယားတွေရှိသလို နေ့စဉ်ကိုင်တွယ်အသုံးပြုနေတဲ့ တကိုယ်ရည်ပစ္စည်းတွေပေါ်မှာလည်း ရှိတာပါပဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ဘက်တီးရီးယားမျိုးစိတ်၊ မျိုးကွဲတွေအများကြီးရှိပေမဲ့ အတော်များများက လူတွေကို အန္တရာယ်မပေးနိုင်ပါဘူး။ တချို့ဆို အကျိုးတောင်ပြုပါသေးတယ်၊ အခုဈေးကွက်ထဲမှာရောင်းနေတဲ့ ဒိန်ချဉ်တချို့နဲ့ သောက်ဆေးတွေမှာပါဝင်တဲ့ probiotic ဆိုတာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးများ

စတီးရွိုက် ကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ စပ်ဆေးထဲမှာ ပါတဲ့ဆေး၊ ဖောတဲ့ဆေးလို့ လူသိများပါတယ်။ ဘာဆေးမှန်းသာ မသိတာ ဒီဆေးသောက်လိုက်ရင် ပေါ့ပါးနေတာပဲ။ ညောင်းတာ ကိုက်တာလည်း မရှိတော့ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီဆေးက တကယ်ပဲ ဒီလိုသောက်ရတာ ဟုတ်ရဲ့လား။ သေချာ မသုံးတတ်ရင် သေနိုင်လောက်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သိရော သိကြရဲ့လား။ စတီးရွိုက် တွေဘယ်လိုအလုပ်လုပ်လဲ။ စတီးရွိုက်က ကျောက်ကပ်အပေါ်မှာ ရှိနေတဲ့ အယ်ဒရီနယ်ဂလင်းကနေ ထုတ်တဲ့ ဟော်မုန်းတွေနဲ့ ဆင်တူပါတယ်။ ခန္ဓာကိုယ်က ထုတ်နိုင်တဲ့ ပမာဏထက်ပိုပြီး သောက်မိရင် ရောင်ရမ်းတာကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်တို့ အဆစ်ရောင်ရောဂါတို့မှာ သုံးတာပါ။ ပြီးတော့ ခုခံအားကိုလည်း ကျစေတဲ့အတွက် ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။ စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။ စတီးရွိုက်ကို သောက်ဆေးအနေနဲ့ရော၊ ရှူဆေး၊ လိမ်းဆေး၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု

နွေရောက်ပြီလေ… မိုးလေကင်းတဲ့ ပွင့်လင်းရာသီ ရောက်လာခဲ့ပြီဆိုပေမယ့် ခရီးသွားမယ်၊၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်ပေါ့။ ။ ဒါပေမယ့် အခုထိတော့ covid ကို စိုးရိမ်နေရဆဲပါ။  ဒါကြောင့်  COVID-19 ကို ကာကွယ်တာက ကောင်းပါတယ်။ ဒါပေမယ့် နွေရာသီမှာ ပုံမှန်ကို အဖြစ်များလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေ ကိုလည်း မေ့မထားသင့်ပါဘူး။ ဒီတော့ နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ တွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ တွေကတော့ (၁) အပူလျှပ်နိုင်တယ် အပူလျှပ်ခြင်းက အပူချိန်ပြင်းတဲ့ နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ ပုံမှန်မဟုတ်ဘဲ ခန္ဓာကိုယ်အပူချိန် လွန်ကဲတဲ့အခါ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း နဲ့ အဖျားတက်ခြင်း တို့လို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး

မင်္ဂလာပါ ။Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ တေးသီချင်းတွေနဲ့ သင့်ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ ဆိုတာကို ဆွေးနွေးပေးသွားမှာပါ ။ တေးဂီတမှာ သတ်မှတ်ချက်တွေ မရှိပါဘူး ။ လူတိုင်းလူတိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစား ရှိမှာပါ ။ ဂီတနဲ့ တေးသီချင်းတွေမှာ ကိုယ့်ကို စိတ်ရောလူပါ ပျော်ရွှင်နိုင်တဲ့ အစွမ်းရှိတာကို လူတိုင်း သိမှာပါ ။ ကိုယ်နှစ်သက်တဲ့ သီချင်းတစ်ပုဒ် သံစဉ်တစ်ပိုဒ် bass ဂီတာသံလေးတစ်ချက်က စိတ်ညစ်နေရင်တောင်မှ သီချင်းထဲ နစ်မြောသွားစေနိုင်တဲ့ စွမ်းအင်ရှိပါတယ် ။ နိုင်ငံတကာမှာတော့ ဂီတကုထုံးကို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် အသုံးပြုတဲ့နည်းလမ်းတစ်မျိုး အဖြစ် အသုံးပြုကြပါတယ် ။ စာရေးသူကိုယ်တိုင်လည်း စိတ်ဓါတ်ကျနေတဲ့အချိန်မှာ Eminemရဲ့ Lose Yourself သီချင်းကို နားထောင်ပြီး စိတ်ခွန်အားပြန်မွေးပါတယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စာလုပ်နေချိန် အိပ်မငိုက်စေမယ့် နည်းလမ်းကောင်းတွေ ရှိတယ်နော်

ဘာလိုလိုနဲ့ မတ်လထဲတောင် ဝင်လာပြီနော်။ ဒီအချိန်ဆိုရင် တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေလည်း စာမေးပွဲ စနေလောက်ပြီ၊ တက္ကသိုလ် ကျောင်းသားတွေ ဆိုရင်လည်း ပထမနှစ်ဝက် ဖြေနေရလောက်ပြီ၊ အငယ်တန်း ကျောင်းသားတွေကျတော့လည်း တစ်နှစ်စာ စာမေးပွဲကြီး ပြီးလို့ နောက်နှစ်အတွက် သင်ရမယ့် စာတွေကို ကြိုပြီး ကျက်မှတ်နေလောက်ပါပြီ။ ဒီလိုအချိန်မျိုးမှာ ကျောင်းသားတွေအတွက် စာကောင်းကောင်း ကျက်မှတ်လို့ ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။ ၁။ အနေအထား ပြောင်းပြီး စာကျက်ပါ။ ဦးနှောက်ရဲ့ သဘာဝက ငြိမ်ငြိမ်လေး ထိုင်နေရင် ထိုင်းမှိုင်းပြီး လေးလံလာတယ်၊ ပျင်းပြီး အိပ်ချင်လာစေပါတယ်။ ဒါကြောင့် အမြဲတမ်း ထိုင်ပြီး စာကျက်တာထက် မတ်တပ်ရပ် ကျက်တာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ အဲ့လိုမဟုတ်ဘဲ နာရီဝက်လောက် ထိုင်ကျက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ အကြောလျှော့တာမျိုး […]


အခြေခံကျန်းမာရေး

ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက ဘာတွေများလဲ.....

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ရောဂါတိုင်းက ကာကွယ်လို့မရတာ မဟုတ်ပါဘူး။ ရောဂါတိုင်းကို ကာကွယ်လို့မရပေမယ့် အချို့သောရောဂါတွေကိုတော့ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ ဒါတွေက ဘာတွေများဖြစ်မလဲ တူတူကြည့်ပြီး ကာကွယ်လိုက်ရအောင်လား........... ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေက ဘာတွေများလဲ.............. ရောဂါ တော်တော်များများကို မခံစားရစေဖို့ဆိုရင် ကြိုတင်ပြီး ကာကွယ်ဆေး ထိုးနှံထားလို့ ရပါတယ်။ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက ရေကျောက်  အဖုအပိမ့်တွေဟာ စဖြစ်ကာစမှာ အနီရောင် အဖုသေးသေးလေးတွေဖြစ်ပြီး ဝက်ခြံ ဒါမှမဟုတ် အင်းဆက်ကိုက်ခံရတဲ့အရာလေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီလိုအခြေအနေနဲ့ ၂ ရက်ကနေ ၄ ရက်လောက်အထိကြာနိုင်ပါတယ်။ ဒီလိုကနေမှာ အရည်ကြည်ဖုလေးစဖြစ်လာပါလိမ့်မယ်။ ဒီအရည်ကြည်ဖုတွေပေါက်သွားတဲ့အခါမှာ အနာလေးတွေလို စဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေ အနာတွေဖြစ်လာပြီး ခြောက်သွားတဲ့အခါ အညိုရောင် အနာဖေးတွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ကြိုတင်ပြီး ကာကွယ်ဆေးထိုးထားလို့ရပါတယ်။ ဝက်သက် ခန္ဓာကိုယ်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဒစ်ဂျစ်တယ် ခေတ်ရဲ့ ကျန်းမာရေး ဆိုးကျိုးများ

ဒစ်ဂျစ်တယ် အသုံးအဆောင်ပစ္စည်းတွေနဲ့ မကင်းနိုင်တဲ့ ဒီဘက်ခေတ်မှာ သူတို့ဆီက ကောင်းကျိုးရော ၊ ဆိုးကျိုးရော မတောင်းဆိုဘဲ ရနေမှာပါ။ နေရာတကာ အသုံးဝင်လှတဲ့ ဒီအသုံးအဆောင်ပစ္စည်းတွေ မရှိတဲ့ အိမ်၊ ဒစ်ဂျစ်တယ်ပစ္စည်း မရှိတဲ့ ရုံးခန်းရယ်လို့ မရှိပါဘူး။ ဒီပစ္စည်းတွေက သိပ်အကျိုးပြု သလို လူ့ကျန်းမာရေးအတွက် သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ (၁) မျက်စိ ထိခိုက်မယ် အီလက်ထရောနစ်ပစ္စည်းတချို့ကြောင့် ဖြစ်လာစေတဲ့ အဖြစ်များဆုံး ဆိုးကျိုးတစ်ခုပါ။ တီဗီဖန်သားပြင် သို့မဟုတ် လပ်တော့ နဲ့ မျက်နှာပြင်ကျယ်တဲ့ မိုဘိုင်းဖုန်းတွေကို တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် ကြည့်နေရင်ပဲ မျက်သားခြောက်လာတာ၊ မျက်စိယားယံတာ၊ မျက်ကွင်းညိုတာ၊ စတာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျောက်ချနေရပြီဆိုရင်တော့ သင့်မှာ ကွန်ပျူတာမျက်စိရောဂါ (မျက်စိညောင်းခြင်း၊ မျက်စိနီရဲခြင်း၊ စပ်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း) ရှိနေလောက်ပါတယ်။ မျက်စိကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ယစ်ရွှေရည် ကို ဘယ်လို မှီဝဲကြမလဲ

သောက်တတ်စားတတ် ပျော်တတ်ပါးတတ်သူတွေ ဝိုင်းဖွဲ့ကြလို့ ရေချိန်လေး ကိုက်လာရင် အချင်းချင်း အသင်းအပင်းတွေကြား ပြောနေကြစကားလေးရှိတယ်။ “သားကြီး တော်တော့၊ ဒီနေ့တော့ မင်းသောက်တာ အတော်များနေပြီ” ဆိုတာမျိုးပေါ့။ အဲ့တော့ တစ်ဖက်လူက သောက်တာ ရပ်သွားသလား။ နိုးပါ။ အဲ့လိုနဲ့ မိုးလင်းကြရတာပါပဲ။ ဒါကလည်း ယစ်ရွှေရည် နှစ်ခြိုက်သူတွေရဲ့ အလေ့အထလေး တစ်ခုပေါ့။ ယစ်ရွှေရည်ကို ဘယ်လို မှီဝဲကြမလဲ အရွယ်ရောက်ပြီးသူ အတော်များများဟာ အရက်ကို အနည်းအကျဉ်းလောက်တော့ သောက်ဖြစ်တတ်ကြတယ်။ အထူးသဖြင့် အမျိုးသားတွေပေါ့။ ဘယ်လိုပမာဏကို များနေပြီလို့ ဆိုမလဲ။ ဘယ်လိုပမာဏမျိုး နေ့စဉ် သောက်လို့ရနိုင်မလဲ။ တစ်ပတ်ကို ဘယ်လောက် ပမာဏမျိုးသောက်လို့ရသလဲ။ အရက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်သုံးလို့ရနိုင်မလား။ ဒီမေးခွန်းတွေဟာ ယျေဘုယျဆန်တဲ့ မေးခွန်းတွေပါ။ ဒါပေမယ့် ဒီမေးခွန်းတွေရဲ့ အဖြေတွေကိုတော့ ယစ်ရွှေရည် ကိုမှ နှစ်သက်ကြတဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း