အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ

ပေါ့ပါးဖျတ်လက်စွာ နေခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတွင်း အချိုဓါတ် များခြင်း၊ သွေးဖိအား များခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေက ကင်းဝေး စေနိုင်တဲ့အပြင် သင်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်စေနိုင်ပါတယ်။ ကိုယ်ရဲ့ တက်ကြွဖျတ်လက်မှုကို ရိုးရိုးရှင်းရှင်းနဲ့ ဘယ်လို မြှင့်တင်နိုင်မလဲ။ တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ အခု ဖော်ပြသွားမယ့် အချက်တွေကတော့ ဈေးကြီးပေးရတဲ့ အားကစား စင်တာတွေ သွားဖို့ မလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကဲ .... တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ ဆိုတော့ အရင်ဆုံး အပိုင်း (၃) ပိုင်း ခွဲပြီး တစ်နေ့တာလုံးကို ခြုံမိအောင် ပြောပြပေးသွားပါမယ်။ ကဲ ..... နည်းလမ်းကောင်းလေးတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မောပန်းနွမ်းနယ်မှုကို ဘယ်လို တွန်းလှန်မလဲ

ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ဖိစီးမှုဆိုတာ ဘယ်သူနဲ့မဆို သက်ဆိုင်ပြီး လူကြီးတွေနဲ့ ကျောင်းသားအရွယ်တွေမှာလည်း ရှိတတ်ပါတယ်။ ဒီလိုဖြစ်လာရင် ကိုယ့်ရဲ့လုပ်နိုင်စွမ်း ကျလာတတ်ပါတယ်။ ဒါကို ဘယ်လိုတွန်းလှန်ရမလဲဆိုတာ သင့်အနေနဲ့ စဉ်းစားရကြပ်နေနိုင်ပါတယ်။ ယခုဆောင်းပါးမှာတော့ တိကျတဲ့အဖြေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းအရင်းများ • အရက်နှင့် မူးရစ်ဆေးဝါးသုံးစွဲခြင်း • လေယာဉ်စီးလာပြီး နေရာဒေသအပြောင်းအလဲကြောင့် နေ့နဲ့ညမှားခြင်း • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း • အိမ်ချိန်လုံလောက်စွာမရှိခြင်း • ကျန်းမာရေးအတွက်သင့်တော်တဲ့အစားအသောက်မရှိခြင်း လက္ခဏာများ • စိုးရမ်ပူပန်နေရခြင်း • ဆီးချို • အဝလွန်ခြင်း • စိတ်ဖိစည်းခြင်း • နှလုံးရောဂါ • စိတ်ကျရောဂါ • ဟိုက်ပါသိုင်းရွိက် (သိုင်းရွိက်ဟော်မုန်းများခြင်း) • ဟိုက်ပိုသိုင်းရွိက် (သိုင်းရွိက်ဟော်မုန်းနည်းခြင်း) ကုသမှု ၁။ လှုပ်လှုပ်ရှားရှားနေပါ - သင့်အနေနဲ့ ပင်ပန်းနေတယ် အိပ်ချင်နေတယ်လို့ ခံစားနေရရင်တောင် လေ့ကျင်ခန်းလုပ်ပါ။ ဒီနည်းက သင့်ရဲ့ ကိုယ်ခန္ဓါစွမ်းရည်ကို ပြန်လည်မြင့်တက်စေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ခန္ဓါကြံခိုင်သန်စွမ်းစေပြီး နှလုံး၊ အဆုတ်၊ ကြွက်သားတို့ရဲ့ စွမ်းရည်တိုးစေပါတယ်လို့ ပါမောက္ခ ကယ်ရီဂျေစတီးဝဂ် (ဆေးဝါးနှင့်ကိုယ်ကာယ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့ အတူတူ ဖန်တီးလိုက်စို့နော်။ မိတ်ဆွေသူငယ်ချင်းတွေ နဲ့ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေ နဲ့ပဲဖြစ်ဖြစ် အတူတူရှိနေတဲ့ ပါတီတွေ၊ ဧည့်ခံပွဲတွေမှာ ဆေးလိပ် ဒါမှမဟုတ် အရက်ကို သောက်ဖို့ သူတို့က သင့်ကို တိုက်တွန်းတောင်းဆိုနိုင်ပါတယ်။ သင့်အနေနဲ့ ငြင်းဆန်နေရင်တောင် သင်မသောက်မချင်း ထပ်မံပြီး တွန်းအားပေး တိုက်တွန်းတာမျိုးတွေလည်း မကြာခဏ ကြုံရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ လူမှုဆက်ဆံရေးလည်း မပျက်ပြားစေဘဲ ဘယ်လို ကျော်လွှားသင့်သလဲ ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/how-to-use-nicotine-patch-for-smoking-cessation/ ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့ ဆေးလိပ် နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့ဆိုရင် ရိုးရိုးသားသားနဲ့ ထိရောက်အောင်ဖြေပါ။ သင်ပါတီပွဲကို ရောက်လို့ မသောက်တာမြင်ရင် ဘာလို့ မသောက်တာလဲ ဆိုတာ သူငယ်ချင်းတွေက မေးနိုင်ပါတယ်။ ဒါကို ဖြေရင် ရိုးရိုးလေးပဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေအတွက် ဘယ်လို ပြင်ဆင်ထားမလဲ

Motion sickness ကို တစ်ခါတလေ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းလို့ လည်းခေါ်ကြပြီး ဆက်တိုက် ရွေ့လျားမှုတွေကြောင့် ဖြစ်တဲ့၊ အဖြစ်များတဲ့ နားအတွင်း အနှောက်အယှက်တစ်ခု ဖြစ်ပါတယ်။ လူတိုင်းမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ရွေ့လျားမှုတွေအပေါ် လူတွေရဲ့ ခံနိုင်ရည်တော့ ကွာပါတယ်။ များသောအားဖြင့် အသက် ၂ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာမျိုး ဖြစ်လေ့ရှိတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပင်လယ်ခရီး အပြင် motion sickness ဟာ ကားရွေ့လျားမှု၊ လေယာဉ်ပျံ လှုပ်ခါမှု တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို လျှော့ချနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြထားပါတယ်။   ကောင်းမွန်စွာ အနားယူထားပါ အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖွဘွတ်ကြီး၏ ကောင်းခြင်း၊ ဆိုးခြင်း နှင့် အကျည်းတန်ခြင်း

Facebook ဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေအားလုံးပေါ်မှာ စိတ်ပညာသဘောတရားအရ အကောင်းဘက်ကရော အဆိုးဘက်ကပါ လွှမ်းမိုးမှုတွေရှိနေပါတယ်။ ဒါဟာ လှုမှုကွန်ယက်နဲ့ စိတ်ပိုင်းဆိုင်ရာသဘောထားကြားမှာ ဆက်သွယ်မှုတစ်ခုပါ။ အကြောင်းကြောင့် အကျိုးဖြစ်တာမဟုတ်ပါဘူး။ ဒီနည်းညာသစ်ဟာ ကျွန်တော်တို့ရဲ့ မော်ဒန်လောကထဲကို အံ့သြမှင်သက်ဖွယ်ကောင်းကျိုးတွေအများကြီး ယူဆောင်လာပေးပါတယ်။ တီထွင်ဆန်းသစ်မှု အသစ်အသစ်တွေအပြင် ဒီသက်ရောက်မှုမှာ ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။ Facebook ကျွမ်းကျင်ကြသူများ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ facebook ပေါ်မှာပဲ အချိန်ဖြုန်းနေလေလေ အွန်လိုင်းနဲ့ ပြင်ပကမ္ဘာပေါ်မှာထားတဲ့ ကိုယ်ချင်းစာတရားတွေ ကြီးမားလာလေလေပါပဲ။ တစ်နည်းအားဖြင့်တော့ တစ်ဘက်သားက ဘယ်လိုခံစားရမလဲဆိုတာကို ခံစားနားလည်တတ်လာလေလေပါပဲ။ အွန်လိုင်းလူမှုကွန်ယက်ဟာလူငယ်တွေအတွက်တော့ အပြင်မှာသွားတွေ့စရာမလိုဘဲ စမတ်ဖုန်းတစ်လုံးကနေပဲ အပေါင်းအသင်းဆန့်အောင်ကူညီပေးနေသလိုပါပဲ။ ကန့်လန့်တိုက်နေတဲ့ ဂျစ်ကန်ကန်ကလေးငယ်တွေတောင်မှ လူမှုကွန်ယက်ပေါ်က ဆက်ဆံရေးတွေကနေပြီး နှစ်သိမ့်မှုနဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာနိုင်ပါတယ်။ ရှက်တတ်တဲ့ကလေးတွေဟာလည်း အခက်ခဲဆုံး စိန်ခေါ်မှုတွေကို လူမှုကွန်ယက်သုံးပြီး ကျော်လွှားနိုင်ပြီပေါ့။ ပြောရမယ်ဆိုရင် အန္တရာယ်ကင်းတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်အိမ်ကို အလွန်သန့်ရှင်းအောင် ကြိုးစားနေပါသလား

ကလေးများသည် သူတို့ပတ်ဝန်းကျင်ရှိပစ္စည်းများအားလုံးကို ကိုင်ပြီး ပါးစပ်ထဲထည့်တတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ မိဘအများစုသည် ကလေးကထိုသို့ပြုလုပ်တတ်သောကြောင့် ကလေးကျန်းမာစေရန် အိမ်ကိုသန့်ရှင်းအောင် ထားရန်ကြိုးစားတတ်ကြသည်။ သို့သော် အိမ်ကို အလွန်သန့်ရှင်းစေရန် မည်သို့တတ်နိုင်မည်နည်း။ ကလေးကို ကျန်းမာစေရန် ပတ်ဝန်းကျင်ကို မည်မျှသန့်ရှင်းအောင်ထားရန်လိုပါသနည်း။ သန့်ရှင်းမှုနှင့် ကျန်းမာခြင်း သန့်ရှင်းခြင်းသည် ရောဂါပိုးများပျံနှံ့ခြင်းကို တားဆီးပေးရန်အတွက် အရေးကြီးသည်။ သို့သော် လွန်ခဲ့သောနှစ်၂၀ ခန့်က ဓာတ်မတည့်မှုများစတင်ဖြစ်ပေါ်လာပြီး ဘာကြောင့်ဖြစ်သည်ကို ကျွန်ုပ်တို့ မသိခဲ့ပေ။ တုပ်ကွေးအဖြစ်များချိန်တွင် လက်ဆေးခြင်းကို ကျန်းမာရေးဌာနမှ တိုက်တွန်းသည့်အတွက် လက်ဆေးဆပ်ပြာရည်များ အရောင်းတက်ခဲ့ကြသည်။ ဆိုလိုရင်းကတော့ ခေတ်ပေါ်သန့်ရှင်းရေးနည်းများသည် ကျွန်ုပ်တို့ကို ရောဂါပိုးများကို ထိတွေ့ခြင်းကို နည်းစေပြီး ကိုယ်ခံအားကိုလည်း ကောင်းစေပါသည်။ သို့သော် ကူးစက်ရောဂါများသည် အဓိကစိတ်ပူရမည့်အရာများဖြစ်ပြီး ထိုရောဂါများနှင့်ပတ်သက်ပြီး မိခင်များသည်ကလေးများအတွက် အစိုးရိမ်လွန်ကြသည်။ စင်စစ် ကျွန်ုပ်တို့သည် ကိုယ်ခံအားကိုကောင်းစေပြီး ရောဂါများကိုသဘာဝအတိုင်း တွန်းလှန်နိုင်သော စွမ်းရည်တိုးတက်စေရန် အိမ်တွင်းရှိ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ထုံဆေး၊ မေ့ဆေး (Anesthesia) ရဲ့ ရည်ရွယ်ချက်များ

နှစ်တိုင်း ဆေးပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေ ပိုပို လုပ်လာရပါတယ်။ လူတွေကို ကုသဖို့ချည်းပဲတော့ မဟုတ်တော့ပါဘူး။ ကုသနေစဉ် နာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုတို့ကို လျော့ကျစေဖို့ပါ ပါဝင်လာပါတယ်။ ကုသမှုအားလုံးနည်းပါးအတွက် နာကျင်မှုသက်သာစေဖို့ ဘေးကင်းပြီး ထိရောက်တဲ့ Anesthesia ကို ဖန်တီးလိုက်ပါတယ်။ Anesthesia ဆိုတာဘာလဲ။ Anesthesia ဆိုတာ ဆေးကုသနေစဉ် နာကျင်မှုသက်သာစေတာနဲ့ သက်တောင့်သက်သာမဖြစ်မှုကို လျော့ကျစေတာ၊ အဲ့၂ခုအတွက် ဆေးကို ပေါင်းစပ်အသုံးပြုခြင်းပါပဲ။ Anesthesia အသုံးပြုတဲ့အခါမှာ သင်သတိရှိနိုင်သလို သတိမရှိတာလဲ ဖြစ်တတ်ပါတယ်။ သင့်ကျန်းမာရေး အခြေအနေနဲ့ သင့်ပြုလုပ်ရမယ့် အမျိုးအစားပေါ်မူတည်ပြီး အောက်ဖော်ပြပါ Anesthesia အဓိက၃မျိုးထဲက တစ်ခုကို အသုံးပြုရမှာပါ။ General Anesthesia ဒီအမျိုးအစားက သင့်ကို ကုသနေစဉ် သတိမေ့နေစေမှာပါ။ သင့်ဘေးနားမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်သလို ဘာနာကျင်မှုကိုမှလဲ ခံစားရမှာ မဟုတ်ပါဘူး။ Regional Anesthesia ဒီအမျိုးအစားက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခါးအောက်ပိုင်းထုံရန် ကျောအောက်ဘက်ကို ထိုးရသော ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

Epidural လို့သိကြတဲ့ ခါးအောက်ပိုင်းထုံဖို့ ကျောအောက်ကို ထိုးရတဲ့ ထုံဆေး (Epidural Anesthesis) ဟာ အဓိက တစိတ်တပိုင်းထုံဆေး ၂မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ လူနာတွေ ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ကိုယ်ခန္ခါအစိတ်အပိုင်းတွေ အဆင်မပြေတာ နာကျင်တာမရှိအောင် ဆေးပစ္စည်းတွေနဲ့ ထုံအောင် ပြုလုပ်ပေးပါတယ်။ Epidural Anesthesia ဆိုတာဘာလဲ။ Epidural Anesthesia လုပ်ဆောင်ရာမှာ မေ့ဆေးဆရာဝန်တစ်ယောက်ဟာ ဆေးကို အပ်နဲ့ epidural space လို့ခေါ်တဲ့ ကျောနေရာကို ထိုးသွင်းပါတယ်။ ဒီနည်းလမ်းဟာ နေရာတော်တော်များများကို ထုံစေပြီးတော့ ခံစားမှုတွေ၊ နာကျင်မှုတွေကို တားဆီးပေးပါတယ်။ Epidural Anesthesia ကြောင့်ထုံစေနိုင်တဲ့ နေရာတွေက ရင်ဘတ် လူ ခန္ဓါဗေဒ တင်ပဆုံ နေရာ ခြေထောက် ဘေးထွက်ဆိုးကျိုးများ Epidural Anesthesia ဟာ တခါတလေမှာ ကောင်းကောင်းမွန်မွန် အလုပ်မဖြစ်ပါဘူး။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေး၏ နောက်ဆက်တွဲပြဿနာများ

မေ့ဆေး (Anesthesia)ဆိုတဲ့ အသုံးအနှုန်းဟာ ဂရိဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး အာရုံခံစားမှုတွေဆုံးရှုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ နာကျင်မှုတွေနဲ့ အတွင်းပိုင်းထိခွဲစိတ်ရဖို့တွေလုပ်ရမယ်ဆိုရင်တော့ မေ့ဆေးကို လိုအပ်လာပါပြီ။ ခြုံကြည့်မယ်ဆိုရင်တော့ မေ့ဆေးဟာ အန္တရာယ်ကင်းပေမယ့် နောက်ဆက်တွဲပြဿနာအချို့တော့ ဖြစ်ပွားနိုင်ပါသေးတယ်။ Anesthesia ဘယ်နှစ်မျိုးရှိသလဲ မေ့ဆေး (Anesthesia) မှာ အဓိကအားဖြင့် ၃မျိုးရှိပါတယ်။ General Anesthesia : သွေးကြောထဲထည့်ရတဲ့ဆေးတွေနဲ့ ဓါတ်ငွေ့တွေကို သုံးပြီး လူနာကို သက်တောင့်သက်သာနဲ့ တည်ငြိမ်တဲ့ အနေအထားကိုရအောင်လုပ်ပါတယ်။ တစ်ခါတလေမှာတော့ သင့်ကြွက်သားတွေ မလှုပ်ရှားနိုင်တာမျိုးဖြစ်တတ်ပါတယ်။ Regional anesthesia : ဒီဆေးကိုတော့ အဓိကအကျဆုံးလို့ပြောလို့ရတဲ့ ကျောရိုးတစ်ဝိုက် သို့မဟုတ် ကျောရိုးထဲကို တိုက်ရိုက်ဆေးတွေထည့်သွင်းလိုက်တာဖြစ်ပြီး ကျောရိုးအာရုံကြောတွေကို ပိတ်ပင်ထားဆီးထားလိုက်တာပါ။ (ဥပမာ- epidural or spinal anaesthesia) ဒီနည်းလမ်းဟာ အာရုံခံစားမှုတွေကို ပိတ်ပစ်နိုင်စွမ်းတော့ သိပ်ပြီးမြင့်မားလှတာမဟုတ်ပါဘူး။ Regional […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေး အမျိုးအစားများ

ခွဲစိတ်မှုအတောအတွင်းတွင် လူနာကို မေ့ဆေးဆရာဝန်မှ စောင့်ကြပ်ကြည့်ရှုပြီး မေ့ဆေးပေးပါလိမ့်မည်။ မေ့ဆေးဆရာဝန်မှ မည်သည့်ဆေးကို အသုံးပြုမည်၊ ပမာဏမည်မျှသုံးမည်၊ နှင့် မည်ကဲ့သို့ထိန်းချုပ်မည်ကို ဆုံးဖြတ်ပါလိမ့်မည်။ မေ့ဆေးပေးသူ သုံးမျိုးရှိပါသည်။ မေ့ဆေးအထူးကုဆရာဝန် မေ့ဆေးအထူးကုသည် ဆေးကုသမှုဖြစ်စဉ် အတောအတွင်းတွင် မေ့ဆေးပေးခြင်းကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် လေ့ကျင့်ထားသော ဆရာဝန်ဖြစ်ပါသည်။ သူတို့သည် မေ့ဆေးပေးခြင်းအတွက် အကျွမ်းကျင်ဆုံးသော ပညာရှင်များဖြစ်ကြပါသည်။ သူတို့သည် လူနာ၏ စိတ်ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာရေးကို မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်ပိုင်းတွင် တာဝန်ယူကြရသည်။ အောက်ပါတို့သည် သူတို့၏ တာဝန်များဖြစ်ပါသည်။ လူနာ၏ကျန်းမာရေးကို အကဲဖြတ်ရန် ၊ လူ၏အခြေအနေသည် ပြုလုပ်တော့မည့် ခွဲစိတ်မှုအတွက် သင့်တော်၊ မတော်စဉ်စားရန် နှင့် လူနာအတွက် သင့်တော်သော မေ့ဆေးအမျိုးအစားကို ဆုံးဖြတ်ရန်လိုအပ်ပါသည်။ လူနာကို မေ့ဆေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ ပေးရန်လိုပြီး လူနာကို စိတ်သက်သာစေရန် ပြုလုပ်ပေးရပါသည်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း