အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

ကင်ဆာကာကွယ်နိုင်မယ့် သရက်သီး

ကင်ဆာမဖြစ်အောင်ကာကွယ်နိုင်တယ်လို့ဆိုတဲ့ သရက်သီးတစ်မျိုးကို ထိုင်းနိုင်ငံမြောက်ပိုင်း Nare-suan တက္ကသိုလ်မှ သုတေသီတွေက မျိုးစပ်ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒီသုတေသနကို ထိုင်းနိုင်ငံမှ Royal Golden Jubilee PhD Programme ရဲ့ ထိုင်းသုတေသနရန်ပုံငွေအဖွဲ့ကငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ ၎င်းတက္ကသိုလ်က ချိုင်းမွှေးကိုပါဖယ်ရှားနိုင်မယ့် ချွေးနံ့ပျောက်ဆေး roll-on တစ်မျိုးကိုလည်း အမျိုးသမီးတွေအတွက် ထုတ်လုပ်ခဲ့ြ့ပီးဖြစ်ပါတယ်။ အထူးစီမံပြုပြင်ထားတဲ့ Mahachanok သရက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အန်သိုဆိုင်ရာနင်(Anthocyanin) နဲ့ကာရိုတီးနွိုက်(Carotenoid) တို့တိုးမြှင့် ထည့်သွင်းထားတယ်လို့ စိုက်ပျိုးရေး၊သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာ Peerasak Chaiprasart ကပြောပါတယ်။ အဝါရောင်၊လိမ္မော်ရောင်၊အနီရောင်ရှိတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့ရတတ်တဲ့ ကာရိုတီးနွိုက် ဓါတ်ဟာ ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေတဲ့အပြင် နှလုံးရောဂါ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့မြင်လွှာပျက်စီးမှုနဲ့အတွင်းတိမ်တို့ကို ကာကွယ်ပေးပါတယ်။ အနီရောင်၊ခရမ်းရောင်နဲ့အပြာရောင်တို့မှာပါတဲ့ အန်သိုဆိုင်ရာနင်ဓါတ်ဟာ ဆဲလ်တွေယိုယွင်းပျက်စီးမှုကိုနှေးကွေးစေပြီး နှလုံးရောဂါ၊လေဖြတ်ခြင်းဖြစ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေပြီး အစာအိမ်နဲ့အူလမ်းကြောင်းစနစ်အတွင်းက ရောဂါဖြစ်စေတဲ့အဏုဇီဝပိုးမွှားတွေကိုသေစေနိုင်ပါတယ်။ ထိုင်းသရက်မျိုးNang Klang Wan နဲ့ သြစတြေးလျ သရက်မျိုးSunset […]


အခြေခံကျန်းမာရေး

ကွမ်းစားခြင်းကြောင့် ဘာတွေထိခိုက်နိုင်သလဲ

ကွမ်းစားခြင်းက အာရှကနေရာတော်တော်များများမှာရော နိုင်ငံတကာမှာတော်တော်းလေးပြန့်နှံ့နေပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းတွေမှာဆိုရင် အသင့်ထုတ်ပိုးထားတဲ့ ကွမ်းထုတ်လေးတွေက ဥရောပ၊ အနောက်အမေရိကနဲ့ တစ်ကမ္ဘာလုံးနီးပါးမှာပြန့်နှံ့နေပြီဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့်ပြောရမယ်ဆိုရင် ကမ္ဘာပေါ်ကလူသန်းပေါင်းများစွာဟာ ကွမ်းစားတဲ့အလေ့အထကိုတော်တော်လေးအကျင့်ဖြစ်နေကြပြီဖြစ်ပါတယ်။ ကဖင်း၊အရက်နဲ့နီကိုတင်းပြီးရင် ကွမ်းက စတုတ္ထမြောက်အစွဲလန်းစေဆုံးသောအရာအဖြစ်ရပ်တည်နေပါတယ်။ ကွမ်းစားတယ်ဆိုတဲ့နေရာမှာလည်း ကွမ်းရွက်ကြောင့်ထက် ကွမ်းသီးကြောင့်ဘေးထွက်ဆိုးကျိုးတွေခံစားရတာကပိုများပါတယ်။ ကွမ်းသီးကို အာရှနိုင်ငံတော်တော်များများမျာ စားသုံးကြပြီး ဆယ်ကျော်သက်တွေမှာပါကွမ်းသီးစားတဲ့နှုန်းတိုးလာနေပါတယ်။ ကွမ်းသီးမှာဆေးဘက်ဝင်တဲ့အာနိသင်အချို့လည်းရှိပါတယ်။ ကွမ်းသီးကို ကွမ်းသီးချည်းပဲ သီးသန့်စားသုံးနိုင်သလိုဆေးရွက်ကြီး၊ အခြားရောစပ်ထားတဲ့ဆေးမှုန့်တွေ၊ကွမ်းသီးစိတ်တွေကို ကွမ်းရွက်ထဲထည့်ပြီးတော့စားသုံးတာမျိုးလည်းရှိပါတယ်။ ကွမ်းသီးကို schizophrenia လို့ခေါ်တဲ့ စိတ်ဝေဒနာတွေကို ကုသရာမှာအသုံးပြုနိုင်သလိုglaucoma လို့ခေါ်တဲ့ မျက်စိဝေဒနာကို ကုသရာမျာလည်းအသုံးပြုနိုင်ပါတယ်။ ကွမ်းသီးက အစာချေဖျက်မှုကိုလည်းကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ အချို့ကွမ်းသီးကို ပင်မအာရုံကြောစနစ် (CNS) ကိုတက်ကြွစေဖို့အတွက် အပန်းဖြေတဲ့ဆေးဝါးတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။   ဘာဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ။ ကွမ်းသီးမှာပါတဲ့ ဓါတုဗေဒဓါတ်တွေက ဦးနှောက်နဲ့ ပင်မအာရုံကြောရဲ့ အခြားအစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်ပါတယ်။ မြင်သာတဲ့ ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတစ်ခုက သွားတွေကို အရောင်ပြောင်းစေတာနဲ့ ကွမ်းသီးကြောင့် လက်တွေမှာ အရောင်စွန်းတာတွေဖြစ်ပါတယ်။ ကွမ်းစားတာကဆေးရွက်ကြီးတွေ […]


အခြေခံကျန်းမာရေး

ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့အဆီနဲ့ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့ အဆီတွေရဲ့ကွဲပြားမှုအကြောင်းသိကောင်းစရာ

ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့အဆီနဲ့ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့ အဆီတွေရဲ့ကွဲပြားမှုအကြောင်းသိကောင်းစရာ လူတော်တော်များများက အဆီဆိုတဲ့အရာကခန္ဓါကိုယ်အတွက်မကောင်းဘူးလို့ တရားသေကြီးသတ်မှတ်ထား တတ်ကြပြီးလူအများစုက သူတို့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာပါဝင်တဲ့အဆီတွေကို ချေဖျက်နိုင်ဖို့အတွက် အချိန်ကုန်ငွေကုန်ခံပြီးလုပ်ဆောင်ကြပါတယ်။ အမှန်တော့ ကိုယ်ခန္ဓါအလေးချိန်ကျဆင်းဖို့အတွက်လည်း အဆီကိုလိုအပ်ပါတယ်။ ရှောင်ရှားသင့်တဲ့အဆီအမျိုးအစားတွေက trans fat နဲ့ saturated fat တွေပဲဖြစ်ပါတယ်။ ဒီအဆီတွေကို အသင့်ထုတ်ပိုးပြင်ဆင်ထားတဲ့ အာလူးချောင်းကြော်တွေ၊မာဂျရင်း၊ကိတ်တွေနဲ့အခြားအစားအသောက်တွေ ထဲမှာတွေ့ရှိရနိုင်ပါတယ်။ ဒီအဆီတွေက ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ကိုလက်စထရော (LDL) ကိုတိုးစေပြီး ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ကိုလက်စထရော (HDL) ကိုလျော့ကျစေပါတယ်။ မပြည့်ဝဆီများဖြစ်ကြတဲ့ အိုမီဂါ သရီး၊ အိုမီဂါ ဆစ်၊ oleic acid နဲ့ linoleic acid တွေက ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့အဆီတွေဖြစ်ကြပြီး သည်လိုမျိုးအဆီတွေကို နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာထည့်သွင်းစား သုံးပေးခြင်းဖြင့် ကိုယ်ခန္ဓါအလေးချိန်ကိုကျဆင်းစေမှာဖြစ်ပါတယ်။ ဗီတာမင် အေ၊ဒီ၊အီးနဲ့ကေတွေက အဆီဓါတ် ကိုလိုအပ်ပါတယ်။ ခန္ဓါကိုယ်အနေနဲ့သည်ဗီတာမင်ဓါတ်တွေကိုစုပ်ယူနိုင်ဖို့ဆိုရင် အဆီဓါတ်ကိုလိုအပ်ပါတယ်။ အဆီမရှိဘူးဆိုရင် ခန္ဓါကိုယ်ကသည်ဗီတာမင်တွေကိုစုပ်ယူနိုင်မှာမဟုတ်ပါဘူး။ အဆီမရှိဘူးဆိုရင် ခန္ဓါကိုယ် […]


အခြေခံကျန်းမာရေး

လမစေ့ကလေးငယ်တွေအတွက် အသက်ရှင်သန်နိုင်မည့် သားအိမ်တု

လမစေ့ဘဲမွေးဖွားလာတဲ့သိုးပေါက်လေးတွေကို ကျန်းမာသန်စွမ်းတဲ့ သိုးငယ်လေးတွေအဖြစ်ပေါက်ဖွားလာစေဖို့ အတွက် တစ်ပတ်ကြာ သားအိမ်အတုထဲမှာထည့်ထားပြီးစောင့်ရှောက်ပေးမှုကို အောင်အေြာင်မင်မြင်လုပ်ဆောင် ခဲ့ပြီးတဲေ့နာက်မှာ သုတေသီတွေက အဆိုပါနည်းပညာကို လမစေ့ဘဲမွေးဖွားလာတဲ့လူကလေးငယ်လေးတွေမှာ အသုံးပြုသွားနိုင်မယ်၊လို့ယူဆနေပါတယ်။ မိခင်နဲ့မွေးကင်းစကလေးငယ်သုတေသန ဖောင်ဒေးရှင်း၊ Western Australia တက္ကသိုလ် နဲ့ ဂျပန်နိုင်ငံက Tohoku တက္ကသိုလ်ဆေးရုံက သုတေသီတွေပါဝင်တဲ့ အနောက်သြစတြေးလျအခြေစိုက် အစီအစဉ်တစ်ရပ်က ကိုယ်ဝန်ဆောင်ကာလ ၂၂ ပတ်ကနေ ၂၃ ပတ်အတွင်းမှာမွေးဖွားလာတဲ့ကလေးငယ်တွေအတွက် ထိရောက်တဲ့ ကုသစောင့်ရှောက်မှုတစ်ရပ်အဖြစ်နဲ့ တိုးတက်လာအောင်လုပ်ဆောင်နိုင်ဖို့ကြိုးပမ်းနေပါတယ်။ အဆိုပါတွေ့ရှိချက်တွေကို Obstetrics & Gynecology အမေရိကန်ဆေးပညာဂျာနယ်မှာဖော်ပြခဲ့ပါတယ်။ တွေ့ရှိ ချက်တွေမှာ သားအိမ်တုက ex-vivo uterine environment (EVE) ကုထုံးကိုအသုံးပြုပြီး တစ်ပတ်ကြာ ပြုစုစောင့်ရှောက်မှုအတွင်း လမစေ့ဘဲမွေးလာတဲ့ သိုးပေါက်လေးတွေဟာကျန်းမာပြီး ကူးစက်ရောဂါကင်းစင်စွာနဲ့ ဖွံ့ဖြိုးသန်စွမ်းတဲ့ သားပေါက်လေးတွေအဖြစ်မွေးဖွားလာတယ်၊လို့ဖော်ပြခဲ့ပါတယ်။ သုတေသနကိုဦးဆောင်လုပ်ကိုင်နေတဲ့ သြစတြေးလျက တွဲဖက်ပါမောက္ခ Matt Kemp က […]


ကျန်းမာရေး သတင်းများ

ထိခိုက်ပျက်စီးသွားတဲ့ ကိုယ်အင်္ဂါတွေပြန်လည်ဖွံ့ဖြိုးလာအောင်အထောက်အကူပြုပေးနိုင်မယ့် ထိုးသွင်းနိုင်တဲ့ တစ်သျှူးအလွှာငယ်

ကိုယ်အင်္ဂါပြန်လည်ဖွံ့ဖြိုးရေးအထောက်အကူပြုတစ်သျှူးလွှာ တော်ရန်တို တက္ကသိုလ်က သုတေသီတွေက သွေးကြောတွေပါဝင်ပြီးသား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲကို ထိုးသွင်းပြီး အသုံးပြုနိုင်မယ့် နှလုံးတစ်သျှူးအလွှာငယ်လေးတစ်ခုကိုတီထွင်ခဲ့ပါတယ်။ Invasive open-heart surgery အန္တရာယ်ရှိတဲ့ နှလုံးဖွင့်ခွဲစိတ်မှု လုပ်တဲ့အခါ အသစ်ဖြစ်ပေါ်လာတဲ့ ဆဲတွေ (သို့) တစ်သျှူးကိုအသုံးပြုပြီး ရုတ်တရက်နှလုံးရပ်တာနဲ့အခြားရောဂါတွေကြောင့် ပျက်စီးသွားတဲ့နှလုံးတစ်သျှူးတွေကို ပြန်လည်ဖွံ့ဖြိုး လာအောင်လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ Nature Materials ဂျာနယ်မှာ သြဂုတ်လ ၁၄ ရက်နေ့ကဖော်ပြခဲ့တဲ့ လေ့လာမှုသစ်တစ်ရပ်မှာ တော်ရန်တို တက္ကသိုလ်က biomedical engineering ဇီဝဆေးသိပ္ပံပြုပြင်ပြောင်းလဲခြင်း သုတေသီတွေတီထွင်ခဲ့တဲ့ 3D နည်းပညာကိုအသုံးပြုပြီးပြုလုပ်ထားတဲ့ လူ့တစ်သျှူးအလွှာတွေကိုအသုံးပြုထားတဲ့ နည်းပညာတစ်ရပ်က ခွဲစိတ်စရာမလိုဘဲ လူသားတွေရဲ့နှလုံး တစ်သျှူးတွေကိုပြန်လည်ဖွံ့ဖြိုး လာအောင်လုပ်ဆောင်ပေးနိုင်တယ်၊ လို့ဖော်ပြခဲ့ပါတယ်။ သုတေသနအဖွဲ့က နှလုံးကုသမှုပေးဖို့အတွက် လူနာရဲ့ရင်ဘတ်ကိုခွဲစိတ်တာမျိုးလုံးဝမလုပ်ဘဲ ဆဲလ် နဲ့တစ်သျှူးတွေကို ပြန်လည်ဖွံ့ဖြိုးလာစေမယ့် တစ်သျှူးအလွှာလေးကို ထိုးသွင်းနိုင်ဖို့အတွက် အပ် အသေးစားလေးတွေကိုပဲအသုံးပြုသွားမှာဖြစ်ပါတယ်။ “နှလုံးအစားထိုးကုသဖို့အတွက် ဆိုရင် ခွဲစိတ်မှုလုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်၊ ဒီကုသမှုကိုလူနာတွေ ကိုကုသရာမှာတွင်တွင်ကျယ်ကျယ်အသုံးမပြုနိုင်သေးပါဘူး။” […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

"ကာကွယ်တာက ကုသတာထက် ပိုကောင်းတယ်"ဆိုတဲ့ ဆိုရိုးလေးအတိုင်း ကိုယ်ကကျန်းမာတယ်ဆိုရင်တောင်မှ နွေရာသီမှာ ဖြစ်တတ်တဲ့ရောဂါတွေ ကိုယ့်ဆီမဝင်ရောက်စေဖို့ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ထားသင့်ပါတယ်။ နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို  သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အောက်ပါအကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ နွေရာသီမှာအဖြစ်များတဲ့ရောဂါများ အပူလျှပ်ခြင်း မြင့်မားတဲ့အပူချိန်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာကြောင့် ကိုယ်ခန္ဓာ အပူချိန်မြင့်တက်တာ ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အပူချိန်မြင့်တက်မှုကြောင့် ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာနဲ့ အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်း  အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေကြောင့်ဖြစ်တတ်ပြီး အစားအသောက်တွေကနေတဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ပူနွေးစိုထိုင်းတဲ့ရာသီဥတုက အစာအဆိပ်သင့်စေတဲ့ ပိုးတွေပေါက်ပွားအောင် အထောက်အကူပြုပေးနေပါတယ်။ နေလောင်ခြင်း ပူပြင်းလှတဲ့ နေရောင်ကြောင့် အရေပြားက နီရဲခြောက်သွေ့ပြီး ယားယံတာတွေ၊ ပူစပ်ပူလောင်ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ နေလောင်မှုဒဏ်ကနေ ကင်းဝေးစေဖို့အတွက် နေရောင်အောက်ကို မထွက်ခင် နာရီဝက်လောက်ကြိုပြီး SPF […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးတွင်းက ဘာကြောင့်ပျော်ဖို့ကောင်းတာလဲ

မိုးတွင်းက ဘာကြောင့်ပျော်ဖို့ကောင်းတာလဲ ..... အတူတူ လေ့လာလိုက်ရအောင်နော်။ မိုးကိုမျှော်နေသလား ကောင်းကင်မှာ မိုးတွေအုပ်ဆိုင်းလာပြီဆိုရင် မိုးရာသီကိုကြိုဆိုရမယ့်အချိန်ရောက်ပြီလို့ သိကြပါတယ်။ ပူပြင်းတဲ့ နွေအပူဒဏ်အောက်မှာ လပေါင်းများစွာ ပင်ပင်ပန်းပန်းနေခဲ့ရပြီးမှ ခြောက်သွေ့နေတဲ့ရာသီကို မိုးရေပက်ဖျန်းပေးတော့မှာပါ။ အပူဒဏ်ကိုလျော့ပါးစေဖို့မျှော်လင့်နေတဲ့ ကလေး၊လူကြီးတွေအပြင် စိုက်ပျိုးရေးတောင်သူဦးကြီးတွေပါမကျန် မိုးရွာဖို့ကို တောင့်တကြပါတယ်။ မိုးတွင်းက ဘာကြောင့်ပျော်ဖို့ကောင်းတာလဲ အချိန်အတော်ကြာစောင့်စားခဲ့ရတဲ့ မိုးရေစက်တွေရဲ့အသံကိုပဲ သံစဉ်လိုလို ထင်မှတ်ပြီးပျော်ရွှင်ကြပါတယ်။ မိုးတွင်းရောက်ရင် ရာသီဥတုက မပူလွန်းမအေးလွန်း၊ နေလို့ကောင်းတဲ့အခြေအနေရှိနေတာကြောင့် လူတွေရဲ့စိတ်မှာပျော်ရွှင်မှုဘက်ကိုပြောင်းလဲစေ ပါတယ်။ အများစုက အကြောင်းအမျိုးမျိုးကြောင့် မိုးရာသီကိုတောင့်တ၊ပျော်ရွှင်ကြပေမယ့် မနှစ်သက်သူတွေလည်းရှိပါတယ်။ မနှစ်သက်သူတွေအတွက်ကတော့ မိုးတွင်းဆိုတာ သူတို့ရဲ့ အိမ်အပြင်ဘက် သွားလာလှုပ်ရှားမှုတွေကို ဟန့်တားနေတဲ့ အဆက်မပြတ်ရေသွန်းမှု အဖြစ်ပဲမြင်ကြမှာပါ။ တကယ်တော့ ရာသီတိုင်းမှာ လောကဝန်းကျင်ကိုအကျိုးပြုမှုအသီးသီးရှိကြသလို ရာသီဥတုပြင်းထန်လွန်းတဲ့အခါသဘာဝဘေးအန္တရာယ်တွေလည်းရှိတတ်ပါတယ်။ ဒါပေမယ့် မုတ်သုံမိုးဟာ သင်သတိမထားမိလောက်တဲ့ပျော်စရာလေးတွေ နှစ်စဉ် ဖန်တီးပေးနေခဲ့တယ်ဆိုတာကို သိပါရဲ့လား။ မိုးရာသီဟာ သင့်ကို ကန့်သတ်ချုပ်ချယ်မှုရဲ့ဘောင်အတွင်းကနေ လွတ်မြောက်မှုကိုခံစားမိစေမယ့်အချိန်ကာလတစ်ခုဖြစ်ပြီး လှပတဲ့ရာသီဥတုလည်းဖြစ်ပါတယ်။ ငယ်ငယ်ကပျော်ခဲ့ဖူးတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Moon Facies (လဝန်းမျက်နှာ)

အခြေခံအချက်များMoon Facies (လဝန်းမျက်နှာ) ဆိုတာ ဘာလဲ။ မျက်နှာက ဖောပြီး ဝိုင်းဝိုင်းကြီးဖြစ်လာပြီဆိုရင်တော့ Moon Facies ရှိနေပါပြီ။ Moon Facies ကို လပြည့်ဝန်းမျက်နှာလို့လည်း ခေါ်ပါတယ်။ စိုးတော့ မစိုးရိမ်ရပါဘူး။ ဒါပေမယ့်လည်း မလုံမလဲကြီးတော့ ဖြစ်နေတာပေါ့။ လပြည့်ဝန်းမျက်နှာဟာ အဆီတွေ မျက်နှာရဲ့ တစ်ဖက်တစ်ချက်မှာ စုပုံလာလို့ ဖြစ်လာရတာပါ။ တော်တော်များများကတော့ အဝလွန်ခြင်းကြောင့်ဖြစ်ပေမယ့် Cushing’s syndrome ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း Cushingoid ပုံစံလို့လည်း ပြောကြပါသေးတယ်။ Cushing’s syndrome ဆိုတာဟာ ခန္ဓါကိုယ်က Cortisol ဆိုတဲ့ ဟော်မုန်းကို အချိန်ကြာကြာ ထိတွေ့တဲ့ အခါမှာ ဖြစ်လာတဲ့ ရောဂါပါ။   Moon Facies(လဝန်းမျက်နှာ)က ဘယ်လောက်အဖြစ်များလဲ။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရှောင်သည့်များကို ရှောင်၊ ဆောင်သင့်သည်များကို ဆောင်ပြီး ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါလိမ့်မယ်။ […]


ရောဂါလက္ခဏာများ

Chest Pain (ရင်ဘတ်အောင့်ခြင်း )

Chest Pain (ရင်ဘတ်အောင့်ခြင်း ) အကြောင်း လေ့လာလိုက်ရအောင်နော်။ အခြေခံသိသင့်သည်များကိုသိရှိခြင်း ။ Chest Pain (ရင်ဘတ်အောင့်ခြင်း ) ဆိုတာဘာလဲ ။ ရင်ဘတ်အောင့်ခြင်းဆိုသည်မှာ ရင်ဘတ်ကိုဖိထားသလို ၊ မီးလောင်နေသလိုခံစားရခြင်း ဖြစ်ပါသည် ။ တစ်ချို့လူများတွင် နာကျင်မှုသည် လည်ပင်းမှ အရိုးများ ၊ ကျောရိုးများ နှင့် လက်မောင်းတစ်ဖက် (သို့) နှစ်ဖက်စလုံးအထိပျံနှံ့နိုင်ပါတယ် ။ ရင်ဘတ်အောင့်စေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ် ။ အန္တရာယ်အများဆုံးဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အဆုတ် သို့ နှလုံးနဲ့ဆက်စပ်နေတဲ့ရောဂါတွေပဲဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းဟာ အရမ်းခန့်မှန်းရခက်သောကြောင့် ဆရာဝန်နဲ့သေချာပြပြီး စစ်ဆေးသင့်ပါတယ် ။ ရင်ဘတ်အောင့်ခြင်းဟာ ဘယ်လိုအဖြစ်များတာလဲ။ ရင်ဘတ်အောင့်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ သို့သော် နှလုံးနဲ့ဆက်စပ်နေတာနဲ့အသက်အန္တရာယ် စိုးရိမ်ရတာကတော့ ရှားပါးပါတယ် ။ အန္တရာယ်ရှိတာတွေကိုလျှော့ချပြီး ရင်ဘတ်အောင့်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိရဖို့တော့ ဆရာဝန်နဲ့ဆက်လက်တိုင်ပင်သင့်ပါတယ် ။ လက္ခဏာများကို သိရှိခြင်း ။ ရင်ဘတ်အောင့်ခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ။ ရင်ဘတ်အောင့်ခြင်းရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း) ကဘာလဲ။ မုန့်ချိုအိတ်ရောင်ခြင်းသည် မုန့်ချိတ်ဖောင်းပြီး ရောင်ရမ်းသောရောဂါဖြစ်သည်။ မုန့်ချိုအိတ်ဆိုသည်မှ ရှည်လျားပြားချပ်သော ဂလင်းတစ်ခုဖြစ်ပြီး ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်၏နောက်တွင် တည်ရှိပါသည်။ ၎င်းသည် အစာချေအင်းဇိုင်းများအား အူသိမ်ထဲသို့ထုတ်လွှတ်ပေးပြီး အစာချေရာတွင် အကူအညီပေးသလို အင်ဆူလင်ဟော်မုန်းနှင့် ဂလူဂါဂွန်ဟော်မုန်းထုတ်ကာ ခန္ဓါကိုယ်၏သကြားဓါတ် (ဂလူးကို့စ်)ကို ထိန်းချုပ်ပေးသည်။ မုန့်ချိုအိတ်ရောင်ခြင်း နှစ်မျိုးရှိပါသည်။ ရုတ်တရတ်ပြင်းထန်နှင့် နာတာရှည်ဖြစ်ခြင်း။ ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းသာ အချိန်ခဏသာကြာတတ်၏။ ၎င်းသည် ခပ်ပျော့ပျော့မှ ပြင်းထန်ပြီး အသက်ခြိမ်းခြောက်သည်အထိ အမျိုးမျိုးဖြစ်နိုင်သည်။ ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်သည့်လူအများစုသည် မှန်ကန်သောကုသမှုခံယူပါက လုံးဝပျောက်ကင်းနိုင်သည်။ ပြင်းထန်သောအခြေအနေတွင် ရုတ်တရတ်ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းသည် ဂလင်းထဲ၌သွေးထွက်စေပြီး ပြင်းထန်သောတစ်ရှူးပျက်စီးမှု၊ ပိုးကူးစက်ခြင်းနှင့် အိတ်ဖြစ်ပေါ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ပြင်းထန်သော မုန့်ချိုအိတ်ရောင်ခြင်းသည် တခြားသော သက်ဖြစ်အင်္ဂါများဖြစ်သည့် နှလုံး အဆုတ်နှင့် ကျောက်ကပ်များကိုပါ ထိခိုက်စေနိုင်ပါသည်။ နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်းသည် အချိန်ကြာမြင့်တတ်သည်။ ၎င်းသည် မကြာခဏဆိုသလို ရုတ်တရတ်ပြင်းထန်သော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း