အိမ်မှာနေရင်း တက်ကြွစေဖို့ လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းတွေကတော့ အခြား အခြေအနေတွေထက် ပိုများပါတယ်။ ခွေးကျောင်းခြင်း၊ ကလေးတွေနဲ့ ဆော့ကစားခြင်း စတဲ့ ကိုယ်ဝါသနာပါရာ လုပ်ဆောင်ပါ။ အားကစား တစ်ခုခု လုပ်ပါ။ ဖုန်သုတ်တာ ကြမ်းတိုက်တာ နဲ့ ပန်းကန်ဆေးတာ စတဲ့ ရိုးရှင်းတဲ့ အိမ်အလုပ်တွေက အသုံးဝင် ပါတယ်။ ခြံအလုပ်တွေ ဖြစ်တဲ့ မြက်ရိတ်ခြင်း၊ သစ်ရွက်ခြွေခြင်း နှင့် အသုံးမလိုတော့တဲ့ အမှိုက်တွေ ရှင်းထုတ်ခြင်းတွေ လုပ်နိုင်ပါတယ်။ နောက်ပြီး တီဗီကြည့်ရင်း လေ့ကျင့်ခန်း လုပ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။
ကြမ်းကို ပုံစံမှန်မှန် တိုက်တာက ဗိုက်ကြွက်သားက အဆီတွေကို လျှော့ချပေးနိုင်ပြီး တက်ကြွလန်းဆန်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
(၃) အပြင်သွားနေချိန်ဆိုရင်
ဖျတ်လတ်တက်ကြွစွာနေဖို့ တစ်ခါတစ်လေမှာ အချိန် နဲ့ အား ပိုကုန်ပါတယ်။ ဈေးဝယ်စင်တာမှာ ကားကို အဝေးမှာ ရပ်ပြီး လမ်းလျှောက်နိုင်ပါတယ်။ လေယာဉ်နောက်ကျနေတဲ့ အချိန်မျိုးမှာ လေဆိပ်ထဲမှာ လမ်းပတ်လျှောက်နေနိုင်ပါတယ်။ ခရီးသွားရင် ၁ နာရီ ၂ နာရီလောက် ကားဆက်တိုက် မောင်းပြီးတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်း အနည်းငယ် လုပ်နိုင်ပါတယ်။
ရုံးသွားတဲ့အခါ ကားကို ခပ်လှမ်းလှမ်းမှာ ရပ်ထားခဲ့ရင်း လမ်းလျှောက်တာကလည်း နည်းလမ်းကောင်းပါ။ ရထားစီးပြီး ဘူတာကနေ ကိုယ်သွားချင်တဲ့ နေရာက သိပ်မဝေးဘူးဆိုရင် လမ်းလျှောက်သွားတာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။ ကျောင်းသွားရင် တစ်မှတ်တိုင်လောက် ကြိုဆင်းပြီး လမ်းလျှောက်တာမျိုးလည် ရပါတယ်။
ဒီနည်းလမ်းလေးတွေက တစ်နေ့တာကို လန်းဆန်းတက်ကြွနေစေဖို့ ထောက်ကူပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။