backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Malnutrition (အာဟာရ မပြည့်ဝခြင်း )


Hello Sayarwon မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Malnutrition (အာဟာရ မပြည့်ဝခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Malnutrition (အာဟာရ မပြည့်ဝခြင်း ) ကဘာလဲ။

သင့်ခန္ဓါကိုယ်တွင်လုံလောက်သော အာဟာရ မရရှိသည့်အခါ အဟာရ မပြည့်ဝခြင်းဖြစ်လာရသည်။ အာဟာရ မပြည့်ဝခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။

အာဟာရအတော်မပြည့်ဝသော ကလေးများသည် ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့် ဉာဏ်ရည်မပြည့်မီခြင်းတို့ခံစားရသည်။ သူတို့ကို ကုသပြီးသည့်တိုင်အောင် အာဟာရဓါတ်များသည် ချက်ချင်းပြန်မပြည့်လာဘဲ သူတို့ဘဝ၏ကျန်ရှိနေသော အချိန်များတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြသနာများနှင့် အစာချေဖျက်မှုဆိုင်ရာ ပြသနာများကို ခံစားရနိုင်ပါသည်။

အာဟာရအတော်မပြည့်ဝသော အရွယ်ရောက်ပြီးသူများသည် ကုသမှုခံယူပြီးလျှင် လူကောင်းအတိုင်းပြန်လည် ကျန်းမာသွားသည်ကိုတွေ့ရပြီး အောက်ပါတို့သည် ဆက်နွယ်နေသော လက္ခဏာများဖြစ်သည်။

  • ကိုယ်ခံအားကျဆင်းသောကြောင့် ရောဂါဝင်လွယ်ခြင်း
  • အနာကျက်နှေးခြင်း
  • ကြွက်သားများ အားနည်းခြင်းကြောင့် မကြာခဏ ချော်လဲပြီး အရိုးကျိုးခြင်း

ထို့ပြင် အာဟာရချို့တဲ့ခြင်းကြောင့် အစားစားချင်စိတ်မရှိခြင်း၊ ခံတွင်းပျက်ခြင်း စသည်တို့ဖြစ်လာကာရောဂါလက္ခဏာများပိုဆိုးလာစေနိုင်ပါသည်။

Malnutrition (အာဟာရ မပြည့်ဝခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အာဟာရချို့တဲ့ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်သော အတွေ့ရများသော ကျန်းမာရေးပြသနာဖြစ်သည်။ ၎င်းကို ကာကွယ်ရန် ဖြစ်နိုင်ချေရှိသော အရာများကိုလျှော့ချသင့်သည်။ ပိုမိုတိကျစွာ သိရှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

လက္ခဏာများ

Malnutrition (အာဟာရ မပြည့်ဝခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသော ရောဂါလက္ခဏာများမှာ

  • အဆီထုထည်များလျော့နည်းလာခြင်း
  • အသက်ရှုရကျပ်ခြင်း နှင့် အသက်ရှုရပ်နိုင်ချေများခြင်း
  • စိတ်ဓါတ်ကျခြင်း
  • ခွဲစိတ်မှုများခံယူပြီးချိန်တွင်နောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်ချေများခြင်း
  • ခန္ဓါကိုယ်အပူချိန်ကျဆင်းနိုင်ချေများခြင်း
  • သွေးဖြူဥများလျော့နည်းကာ ကိုယ်ခံအားစနစ်ကျဆင်းမှုကြောင့်ရောဂါဝင်လွယ်ခြင်း
  • အအေးဒဏ်မခံနိုင်ခြင်း
  • အနာကျက်နှေးခြင်း
  • ရောဂါကူးစက်ခံရပြီး လွယ်နာလန်ထူရန်ကြာမြင်ခြင်း
  • ကြာရှည်စွာ နေမကောင်းဖြစ်ခြင်း
  • လိင်မှုဆိုင်ရာ ကိစ္စများတွင်စိတ်မပါတော့ခြင်း
  • ကလေးမရနိုင်ခြင်း
  • ကြွက်သားများ သိမ်သွားခြင်း
  • တစ်သျုးများ ထုထည်သေးသွားခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • စိတ်တိုလွယ်ခြင်း တို့ဖြစ်သည်။

ရောဂါသည်းသော သူများတွင်

  • အသားရေခြောက်သွေ့ လျော့ရဲပြီး ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ အေးစက်နေခြင်း
  • မျက်နှာချောင်ကျခြင်း၊ ပါးရိုးများချိုင့်ကာ မျက်တွင်းများချောင်နေခြင်း
  • ဆံပင်များကျဲပါးခြင်း၊ ကျိုးခြင်း၊ ကျွတ်ခြင်း။
  • တခါတရံတွင် အာဟာရမပြည့်ခြင်းကြောင့် ဂယောင်ဂတမ်းဖြစ်ခြင်း၊ တုန့်ပြန်မှုမရှိတော့ခြင်း
  • ကြာရှည်လာပါက နှလုံး၊ အသည်းနှင့် အသက်ရှုလမ်းကြောင်းကိုပါ ထိခိုက်လာနိုင်သည်။
  • လုံးဝအစာမစားဘဲနေလျှင် ၈ ပတ်မှ ၁၂ ပတ်အတွင်းသေနိုင်သည်။ (ခန္ဓါကိုယ်တွင်းသို့မည်သည့်နည်းမျိုးနှင့်မျှ အာဟာရဓါတ်မရသောအခြေအနေမျိုးကို ဆိုလိုသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်များရှိပါက ဆရာဝန်ထံပြသင့်သည်။

  • မူးခနဲမိုက်ခနဲဖြစ်ခြင်း
  • ရာသီသွေးမပေါ်ခြင်း
  • ကလေးငယ်များတွင် ကြီးထွားမှုရပ်သွားခြင်း
  • ဆံပင်များ အချိန်တိုအတွင်းကျွတ်ခြင်း

အကြောင်းရင်းများ

Malnutrition (အာဟာရ မပြည့်ဝခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

အာဟာရမပြည့်ခြင်း ခန္ဓါကိုယ်တွင်အာဟာရဓါတ်များ လုံလောက်လာမရရှိခြင်းကြောင့် ဖြစ်ပြီး ထိုသို့ဖြစ်စေသော အခြေအနေနှင့် အကြောင်းရင်းများစွာရှိပါသည်။

ပိုမို ကြွယ်ဝပြီး စက်မှုဖွံ့ဖြိုးသောတိုင်းပြည်များတွင် အာဟာရမပြည့်ခြင်းသည် အောက်ပါတို့ကြောင့် အဖြစ်များသည်။

  • အစားအသောက်နည်းခြင်း

လူတယောက်သည် လုံလောက်စွာမစားလျှင်၊ သို့မဟုတ် သူစားသော အစာသည် အာဟာရဓါတ်များမရှိလျှင် သူသည် အာဟာရပြည့်ဝမှုမရှိနိုင်ပေ။

အစားအသောက်နည်းခြင်းဖြစ်စေသော အကြောင်းများစွာရှိပါသည်။ဥပမာ- အစာမျိုလျှင်လည်ချောင်းနာကျင်ခြင်းဖြစ်နေသသောသူသည် ရောဂါခံစားနေရသည့်အချိန်တွင် မှန်ကန်သော အာဟာရပမာဏရရှိရန် စားနိုင်မည်မဟုတ်ပါ။

  • စိတ်ကျန်းမာရေး ပြသနာများ

စိတ်ကျရောဂါကဲ့သို့သော စိတ်ကျန်းမာရေး ပြသနာရှိသူများသည် အစာစားချိန်မမှန်နိုင်ပေ။ ထို့ကြောင့် အစာမစားသောကြောင့် မစားချင်တော့သောရောဂါဖြစ်နေသူများ၊ စိတ်ဓါတ်ကျသောကြောင့် စားချင်ရာကို တနင့်တပိုးစားတတ်သူများတွင် မှန်ကန်သော အာဟာရမရရှိခြင်းကြောင့် အာဟာရချို့တဲ့ခြင်းဖြစ်ရသည်။

  • ပုံမှန်လူကဲ့သို့ မလှုပ်ရှားနိုင်သောသူများ

ပုံမှန်လူကဲ့သို့ မလှုပ်ရှားနိုင်သောသူများသည် အစားအစာများကို ကိုယ်တိုင်သွားမဝယ်နိုင်ခြင်း၊ သူတို့အတွက် သူတပါးအားပြင်ဆင်ခိုင်းရန် အားနာခြင်းတို့ကြောင့် အာဟာရချို့တဲ့ရသည်။

  • အစာအိမ်နှင့် အူလမ်းကြောင်းရောဂါရှိသူများ

အချို့သူများသည် လုံလောက်စွာစားသော်လည်း အာဟာရဓါတ်များကို စုပ်ယူနိုင်ခြင်း မရှိသည့်အတွက် အာဟာရချို့တဲ့ရသည်။ ဥပမာ – ခရုန်းအူရောင်ရောဂါနှင့် အူအနာရောဂါများရှိသူများတွင် အူများကို ဖြတ်ထုတ်ထားရသော အခြေအနေများရှိသည့်အတွက်အာဟာရဓါတ်များကို ကောင်းမွန်စွာ စုပ်ယူနိုင်ခြင်း မရှိတော့ပေ။

ကစီဓါတ်နှင့်မတည့်သော celiac မျိုးရိုးလိုက်သောရောဂါသည်လည်းအူနံရံများမကောင်းတော့သောကြောင့် အာဟာရဓါတ်များကို ကောင်းကောင်းစုပ်ယူနိုင်ခြင်း မရှိတော့ပေ။ ထိုလူနာများသည် အန်ခြင်း၊ ဝမ်းလျှောခြင်းများလည်းခံစားရပြီး အာဟာရချို့တဲ့ရသည်။

  • အရက်စွဲခြင်း

အရက်စွဲခြင်းသည် နာတာရှည်ရောဂါဖြစ်ပါသည်။ အရက်သမားများတွင် ဟော်မုန်းအချို့ကြောင့် အစာချေဖျက် စုပ်ယူမှုများမကောင်းမွန်တော့သည့် အတွက် အာဟာရချို့တဲ့ရသည်။

ထို့အပြင် အရက်တွင် ကယ်လိုရီများစွာပါဝင်ခြင်းကြောင့် ဆာလောင်မှုကို နည်းစေသည်။ ထိုအခါ သင့်တော်သော အာဟာရကို မစားတော့သည့်အတွက် အရက်သောက်နေရင်းဖြင့် အာဟာရချို့တဲ့လာရခြင်းဖြစ် သည်။

ဆင်းရဲသော တိုင်းပြည်များတွင် အာဟာရမပြည့်ခြင်းသည် အောက်ပါတို့ကြောင့် အဖြစ်များသည်။

  • အစာရေစာ ပြတ်လပ်ခြင်း

ဆင်းရဲသော နိုင်ငံများတွင် ခေတ်သစ်စိုက်ပျိုးရေးစနစ်တွင် အသုံးပြုသော နိုက်ထရိုဂျင်မြေသြစာ ၊ ပိုးသတ်ဆေးနှင့် ဆည်မြောင်းများ မရှိခြင်းကြောင့် စိုက်ပျိုးရေးမအောင်မြင်ကာ တိုင်းပြည်တွင် အစာရေစာများပြတ်လတ်ခြင်းဖြစ်ရသည်။

အစာရေစာပြတ်လပ်ခြင်းသည် ကမ္ဘာပေါ်တွင်ဖြစ်သော အာဟာရချို့တဲ့မှုများ၏ အဓိကအကြောင်းရင်းတရပ်ဖြစ်လာရသည်။

  • စားသောက်ကုန်နှင့်ဖြန့်ချိမှုဈေးနှုန်းများမြင့်တက်လာခြင်း

ငတ်မွတ်ခေါင်းပါးမှုသည် စားသောက်ကုန်နှင့် ဖြန့်ချိမှုဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ဆက်နွယ်နေကြောင်းအချို့သော စီးပွားရေးပညာရှင်များကဆိုသည်။

  • မိခင်နို့မတိုက်ကျွေးခြင်း
  • မိခင်နို့မတိုက်ကျွေးခြင်းကြောင့်

    အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၁နှစ်အောက်ကလေးများနှင့် အခြားကလေးများတွင် အာဟာရမပြည့်ခြင်းဖြစ်နေရကြောင်း ပညာရှင်အချို့က ဆိုသည်။ ကမ္ဘာပေါ်ရှိ နေရာဒေသအချို့တွင် နို့ဘူးတိုက်ခြင်းသည် မိခင်နို့ထက် ပို အကျိုးရှိသည်ဟုထင်မှတ်နေကြဆဲဖြစ်သည်။

    ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မိခင်နို့မတိုက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကလေးများနှင့် ပက်သက်ပြီးဗဟုသုတနည်းပါးခြင်း၊ နို့တိုက်လျှင်နာကျင်ခြင်းတို့ကြောင့်ဖြစ်သည်။

    ဖြစ်နိုင်ခြေများ

    Malnutrition (အာဟာရ မပြည့်ဝခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    အာဟာရ မပြည့်ဝခြင်းကို ဖြစ်နိုင်ချေများသောအချက်များစွာရှိပါသည်။

    • ဆေးရုံတက်နေရသော၊ ကြာရှည်စွာကုသမှုခံယူနေရသော သက်ကြီးရွယ်အိုများ
    • လူမှုပတ်ဝန်းကျင်နှင့်မနေဘဲ သီးခြားနေသူများ
    • ဝင်ငွေမကောင်းသူများ
    • အစားအသောက်မူမှန်သော ရောဂါများကို ကြာရှည်စွာခံစားနေရသူများ(ဥပမာ-မစားချင်တော့သောရောဂါဖြစ်နေသူများ၊ စိတ်ဓါတ်ကျသောကြောင့် စားချင်ရာကို တနင့်တပိုးစားတတ်သူများ)
    • ပြင်းထန်သော ရောဂါများနှင့်အခြေအနေများမှ နာလန်ထလာသည့်အချိန်

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Malnutrition (အာဟာရ မပြည့်ဝခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဖစ်လာသော အခြေအနေအပေါ်မူတည်ပြီး စစ်ဆေးချက်များပြုလုပ်ရပါသည်။ ကျန်းမာရေးဝန်ထမ်းအများစုသည် အာဟာရဖြစ်သော အစားအသောက်ပုံစံရှိမရှိစစ်ဆေးခြင်း နှင့် သွေးဖောက်ခြင်းတို့ကို လုပ်လေ့ရှိသည်။

    Malnutrition (အာဟာရ မပြည့်ဝခြင်း ) ကို ဘယ်လိုကုသပါသလဲ

    လူနာ၏ရောဂါလက္ခဏာအပေါ်မူတည်ပြီး လိုအပ်သော ကုသမှုများပေးခြင်း၊ လိုနေသော အာဟာရဓါတ်များပြန်ဖြည့်ခြင်း၊ ရောဂါအခံရှိပါက ကုပေးခြင်း စသည့်နည်းများဖြင့် ကုသကြပါသည်။

    အာဟာရချို့တဲ့သောလူနာ၊ သို့မဟုတ် အာဟာရချို့တဲ့ရန်အလားအလာရှိသောလူနာများကို ဆရာဝန် သို့မဟုတ် အာဟာရကျွမ်းကျင်ပညာရှင်များက သတ်မှတ်ထားသော အာဟာရတန်ဖိုးရရှိစေရန် အကြံပေးပါသည်။

    • စောင့်ရှောက်ကုသမှု အစီအစဉ်

    လူနာ၏နဂိုရောဂါအခံ၊ နှင့် ရောဂါဖြစ်စေသော အကြောင်းရင်းများအပေါ်မူတည်ပြီး ကုသမှုပုံစံနှင့် ရည်ရွယ်ချက်များ အမျိုးမျိုးရှိသည်။ ပုံမှန်အားဖြင့် အာဟာ၇ချို့တဲ့သူများကို ကုသရာတွင် စနစ်တကျစီစဉ်ထားသော အစားအစာများကို ကျွေးခြင်းနှင့် ဖြည့်စွက်အာဟာရများကို ကျွေးခြင်းတို့ပါဝင်သည်။ ပြင်းထန်စွာအာဟာ၇ချို့တဲ့နေသူများသည် စားသောက်ခြင်းဖြင့် အာဟာရပြန်မပြည့်နိုင်သောကြောင့် အခြားသောနည်းလမ်းများဖြင့် ထပ်ဖြည့်ရသည်။ ထို့နောက် လူနာ၏ တိုးတက်မှုကို စောင့်ကြည့်နေရပါသည်။ ကုသမှုဖြစ်စဉ်ကို မှန်မှန် ချိန်ဆပေးခြင်း၊သုံးသပ်ခြင်းအားဖြင့် လိုအပ်နေသော အာဟာဓါတ်များကို ကောင်းမွန်စွာ သိရှိပြီး ဖြည့်ပေးနိုင်မည်ဖြစ်သည်။

    • အစားအစာ

    သင်သည် ကျန်းမာရေးဝန်ထမ်းကောင်းတယောက်ဆိုလျင် သင့်လူနာအတွက် ကျန်းမာပြီး အာဟာရပြည့်ဝစေမည့် မှန်ကန်သော စားသောက်မှုပုံစံကို ရွေးချယ်နိုင်ရန် အကြံပေးသင့်သည်။ ဆရာဝန် သို့မဟုတ် အာဟာရကျွမ်းကျင်ပညာရှင်သည် ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓါတ်များ မှညီညွတ်မျှတသော သင့်တနေ့တာအတွက်လိုအပ်သည့် စွမ်းအင်ပမာဏကို စားသုံးရန် အကြံပေးလိမ့်မည်။ အကယ်၍ လူနာသည် သူနေ့စဉ်စားသော အစားအစာများမှ လုံလောက်သောအာဟာရကို မရရှိပါက ဖြည့်စွက်စာများ စားရန်လိုပါသည်။ တနေ့လျှင် ကယ်လိုရီ ၂၅၀ မှ ၆၀၀ အထိဖြည့်ရန်လိုအပ်သည်။

    • စီမံဖော်စပ်ထားသော ဖြည့်စွက်စာများ

    အထူးသဖြင့် ပြင်းထန်စွာအာဟာ၇ချို့တဲ့နေသူများအတွက်စီမံဖော်စပ်ထားသော ဖြည့်စွက်စာ ၂မျိုးရှိပါသည်။

    • နှာခေါင်းမှ ပိုက်ထဲ့ကာ အစာအိမ် ၊ အူသိမ်တွင်းသို့ အစာထဲ့ခြင်း
    • အကြောဆေးသွင်းခြင်း- ပိုးသတ်ထားသော ဓါတ်ပေါင်းအာဟာရရည်ကို သွေးကြောထဲသို့သွင်းခြင်းဖြစ်သည်။ နှာခေါင်းမှ ပိုက်ထဲ့ကာ အစာအိမ် ၊ အူသိမ်တွင်းသို့ အစာထဲ့ခြင်းကို ခံနိုင်ရည်မရှိသူများတွင်ပြုလုပ်သည်။
    • တိုးတက်မှုကိုစောင့်ကြည့်ခြင်း
    • လူနာသည် မှန်ကန်သော ကယ်လိုရီပမာဏနှင့် လိုအပ်သော အာဟာရများရမရကို စောင့်ကြည့်ရန်လိုပါသည်။ ထိုမှသာ လိုအပ်နေသော ဓါတ်များကို ညှိနိုင်မည်ဖြစ်ပါသည်။ စီမံဖော်စပ်ထားသော ဖြည့်စွက်စာများဖြင့်ကုသနေသော လူနာများသည် အခြေအနေတိုးတက်မှုရှိလျှင် အစာကိုပါးစပ်မှစားခိုင်းနိုင်ပါသည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အာဟာရချို့တဲ့သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

    အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

    • အာဟာရတန်ဖိုးများစွာပါဝင်သော အစာများကိုစားရန် တိုက်တွန်းပါ။

    မြေပဲနှင့် အခြားသောအစေ့အဆန်များ၊ပေါင်မုန့်ထောပတ်သုတ်၊ ဘီစကစ်၊ သန့်ရှင်းလတ်ဆတ်သော အသီးများ၊ အရွက်များအစိမ်းစားခြင်းတို့ပြုလုပ်ပါ။ ဒိန်ချဉ်ကို ချေထားသော အစေ့များ၊ ကွေကာမှုန့်များဖြင့်သောက်ခြင်း၊ ကြက်ဥအကာကိုများများထဲ့ကာခေါက်မွှေပြီးကြော်စားခြင်း၊ နို့သောက်ခြင်း ပေါင်မုန့်၊ အသီးအရွက်၊ စွပ်ပြုတ်၊ ထမင်းနှင့် ခေါက်ဆွဲစားရာတွင် တွင်ချိစ်များများထဲ့စားခြင်း စသည်တို့ပြုလုပ်ပါ။

    • အမျှင်ဓါတ်များသော အစားအစာများကို ထဲ့ပြီးစားသုံးပါ။

    သံပုရာသီး၊ ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကိုများများသုံးပါ။ အကယ်၍ အရသာနှင့် အနံ့ကိုမခံနိုင်လျှင် ဟင်းခတ်မှုန့်များနှင့်စားကောင်းအောင်ပြုပြင်ပါ။

    • ထမင်းစားချိန်များကြားတွင် သရေစာများစားပါ။

    အသီးများ၊ အသီးဖျော်ရည်များ၊ချိစ်နှင့် မြေပဲထောပတ် စသည်တို့သည် သင့်အတွက် ကယ်လိုရီတက်စေပြီး အာဟာရပြည့်ဝစေသည်။

    • စားပွဲသောက်ပွဲများ စီစဉ်ပါ။

    အစာစားချိန်များတွင် သင်ရင်နှီးသော သူများကို ဖိတ်ပြီး အိမ်တွင်စားပွဲသောက်ပွဲများပြုလုပ်ခြင်း၊ မုန့်လုပ်စားခြင်းများ ပြုလုပ်ပါ။ ထို့ပြင် အခြားသူများနှင့်လည်း အပြင်ထွက်စားရန် အစီအစဉ်များဆွဲပါ။

    • နေ့စဉ်လေ့ကျင့်ခန်းလုပ်ရန် တိုက်တွန်းပါ။

    နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းသည် အရသာကို ခံတွင်းတွေ့စေပြီး အရိုးနှင့်ကြွက်သားများကိုပါ သန်မာစေသည်။

    • အစားအသောက်ကို မလိုအပ်ဘဲမဝယ်မိအောင်ပြုလုပ်ပါ။

    သင့်အိမ်ထောင်ဖက်က ဈေးသွားပြီးစားစရာများဝယ်မည်ဆိုလျှင် ဝယ်ရမည့်စာရင်းလုပ်ထားရန်၊ လျှော့ဈေးများရှိမရှိကြည့်ရန်၊ ဈေးချိုသောပစ္စည်းကိုရွေးချယ်ရန်ပြောပါ။ မလိုအပ်သည့် ပစ္စည်းများဝယ်ယူခြင်း၊ လူမှုရေးအရအပေါင်းအသင်းများနှင့် စားခြင်း၊ လူကြီးများအတွက် လျှော့ဈေးပေးသောဆိုင်များတွင် ဝယ်စားခြင်းတို့ကို မပြုလုပ်ပါနှင့်။

    သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement