အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း ရဲ့ဆိုးကျိုးများ

ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း ဆိုတာ ဘာလဲ ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း (Breast augmentation သို့မဟုတ် augmentation mammoplasty) ဆိုတာ ရင်သားရဲ့ အရွယ်အစားကြီးလာဖို့၊ တင်းရင်းလှပစေဖို့ ပုံသဏ္ဍာန်ပြုပြင်ပေးတဲ့ ခွဲစိတ်မှုတစ်မျိုးဖြစ်ပါတယ်။ ခွဲစိတ်မှုမှာ ဆီလီကွန်(silicone)၊ဆားရည် (saline) သို့မဟုတ် တခြားcomposite ရင်သားအတုပစ္စည်းကို ရင်ဘတ်ကြွက်သား သို့မဟုတ် ရင်သားတစ်ရှူးတွေအောက်မှာ ထည့်သွင်းပေးတာဖြစ်ပါတယ်။ အစားထိုးရင်သားအတုတွေရဲ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၇ နှစ်ကနေ ၁၂ နှစ် အထိ တာရှည်ခံတတ်ပါတယ်။ ဘာကြောင့် ပြုပြင်ကြတာလဲ အမျိုးသမီးတွေ ရင်သား ခွဲစိတ်ရတဲ့ အကြောင်းရင်းတွေကမတူညီကြပါဘူး။ ဒါပေမယ့် ဒီလိုခွဲစိတ်ပြုပြင်သူတွေထဲမှာ ရင်သား ကြီးထွားအောင် အလှခွဲစိတ်ပြုပြင်သူတွေနဲ့ ရင်သားကင်ဆာကြောင့် ခွဲစိတ်ခံရပြီးနောက် ပြန်လည်ပြုပြင်ကြရသူတွေ ပိုများပါတယ်။ ဆိုဒ်သေးနေတဲ့ ရင်သားကို ကြီးလာစေဖို့၊ ကိုယ်ဝန်ဆောင်ပြီးနောက်၊ ခန္ဓါကိုယ်ပိန်သွားပြီးနောက်၊ ဒါမှမဟုတ် ကလေးနို့တိုက်ရပြီးနောက် ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍာန်ပြန်လှပစေဖို့၊ ရင်သားနှစ်ဖက်မညီဖြစ်နေရင်ပြန်အချိုးညှိဖို့၊ ရင်သားခွဲစိတ်မှုခံယူပြီးနောက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပထဝီဓါတ်ယူပါ။မြေကြီးဓါတ်ယူပါလို့ပြောတာကိုကြားဖူးကြမှာဖြစ်ပါတယ်။ ဒီလိုမျိုးမြေကြီးဓါတ်ပြည့်ဝစေဖို့အတွက်လုပ်ဆောင်နိုင် မယ့်အရိုးစင်းဆုံးနည်းလမ်းကတော့ခြေဗလာနဲ့လမ်းလျှောက်တာပဲဖြစ်ပါတယ်။ခြေထောက်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့ပြီးလျှောက်ပေးတာက ခန္ဓါကိုယ်ကို ကမ္ဘာမြေဆီကနေnegative electronsတွေကို စုပ်ယူနိုင်စေသလို ခန္ဓါကိုယ်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို စည်းချက်ညီစေပြီး ကိုယ်တွင်းကbioelectrical ဝန်းကျင်ကိုလည်းဟန်ချက်ညီအောင်လုပ်ဆောင်ပေးပါတယ်။ တိုးတက်လာတဲ့ လူနေမှုဘဝပုံစံကြောင့် ကျွန်မတို့ဟာ မိခင်ကမ္ဘာမြေကြီးနဲ့ ထိတွေ့ခွင့်ကိုတော်တော်လေးကိုဆုံးရှုံးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ပေးပြီး ကမ္ဘာမြေကြီးနဲ့တိုက်ရိုက်ထိတွေ့မှုကို ခံစားကြည့်လိုက်ပါ။ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာအသေအချာပါပဲ။ ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေခြင်း ခြေဗလာနဲ့ လမ်းလျှောက်တာကခြေထောက်ကို သဘာဝအတိုင်းလှုပ်ရှားနိုင်ခွင့်ရရှိစေတာကြောင့်ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေပါတယ်။ ရှုးဖိနပ်တွေက ကြွက်သားတွေကိုချည့်နဲ့စေပြီးခြေဖဝါးတွေကို အားနည်းစေပါတယ်။ခြေချင်းဝတ်တွေနဲ့ခြေဖဝါးတွေက ကြွက်သားတွေကိုမြေကြီးနဲ့မှန်မှန်ထိတွေ့စေမယ်ဆိုရင်ခြေထောက်နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဓါကိုယ်ကို ပိုမိုဟန်ချက်ညီလာစေပြီး ပိုမိုသန်မာလာစေသလို ထိခိုက်ဒဏ်ရာရမှုတွေကနေလည်းပိုမိုခံနိုင်ရည်ရှိစေပါတယ်။ နာကျင်မှု နဲ့ ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်ခြင်း လေ့လာမှုတစ်ရပ်အတွင်း ၈ ပတ်ဆက်တိုက်မြေကြီးမှာခြေဗလာနဲ့ လမ်းလျှောက်စေခြင်းက နာကျင်မှုဗတွကိုလျော့ပါးသက်သာစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်သလို အိပ်ပျော်စေပါတယ်။ စမ်းသပ်မှုကာလပြီးဆုံးတဲ့နောက်လေ့လာမှုမှာပါဝင်သူတွေမှာကော်တီဇော ပမာဏကျဆင်းနေတာကို သိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်။ခြေဗလာနဲ့ ပုံမှန်လမ်းလျှောက်သူတွေကခြေဗလာနဲ့ လမ်းမလျှောက်တဲ့သူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရှိခဲ့ရပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ခြင်း ခြေဗလာနဲ့ လမ်းလျှောက်တာကသွေးဖြူဥဆဲလ်အရေအတွက်ကိုကျဆင်းစေပြီးသွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်တာကြောင့် ကိုယ်ခ့အားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ခြင်း ခြေဗလာနဲ့ လမ်းလျှောက်တာကသွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပြီးသွေးနီဥဆဲလ်တွေရဲ့surface […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်မွေးခြင်းရဲ့ ကောင်းကျိုးများ

အိမ်မွေးတိရစ္ဆာန်တွေက လူတွေရဲ့ဘဝမှာ အရေးပါတဲ့နေရာက ပါဝင်နေပါတယ်။ လမ်းပြခွေးတွေ၊ လူမှုကယ်ဆယ်ရေးအတွက် လေ့ကျင့်ပေးထားတဲ့ ခွေးလေးတွေအပြင် ရောဂါကုသရေး၊ စကားပြောဆိုမှုကုထုံး၊ လူနာတွေရဲ့ ခန္ဓာကိုယ် နာလန်ပြန်ထူရေးတွေမှာပါ တိရစ္ဆာန်တွေကို အသုံးပြုလာကြပါတယ်။ ပုံမှန်တော့ ခွေးလေးတွေ၊ ကြောင်လေးတွေမွေးလေ့ရှိကြပေမယ့် အခုဆို သွက်လက်တဲ့ ရက်ကွန်းဝံ(raccoon)တွေ၊ ပူးလေးတွေ၊ အလှမွေးငါး၊ ငှက်လေးတွေနဲ့ ကြွက်ဖြူလေးတွေအပြင် အလှမြွေတွေ၊ ပုတ်သင်ကြီးမျိုး နဲ့ အိမ်မွေးဝက်အသေးမျိုး (pet pigs)တွေပါ မွေးလာကြပြီဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးခြင်းရဲ့ ကောင်းကျိုးများ တစ်နေ့တာလုံးစိတ်ဖိစီးလာပြီး အိမ်ကိုပြန်လာရင် အမြီးတရမ်းရမ်းနဲ့ ပြေးကြိုတဲ့ခွေးလေး သို့မဟုတ် တညောင်ညောင်နဲ့ကြောင်လေးတွေကိုတွေ့လိုက်ရရင် ရုတ်တရက် အမောပြေသွားတာ တိရစ္ဆာန်ချစ်သူတွေ သိနိုင်တဲ့ခံစားချက်ပါ။ တကယ်လည်း ဒီကောင်လေးတွေက သင့်ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် အကျိုးပြုပါတယ်လို့ သုတေသနတွေက သက်သေထူခဲ့ကြပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေက သခင်ကို အကြွင်းမဲ့ချစ်ခင်ပြီး အမြဲနွေးနွေးထွေးထွေးလက်ခံကြိုဆိုတတ်ကြတယ်။ သခင်လိုအပ်တဲ့အချိန်တိုင်းအမြဲတမ်းအသင့်ရှိနေတတ်တယ်လို့ University […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ထဲမှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်းကို လျော့ကျစေနိုင်ခြင်းနဲ့ သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှုနဲ့ အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း တိုးစေနိုင်ပါတယ်။ ရယ်မောခြင်းက ကြွက်သားအုပ်စုတော်တော်များများအတွက် သဘာဝလေ့ကျင့်ခန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ အဖျားရောဂါအချို့ကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ရောဂါတွေကို တိုက်ဖျက်ပေးနေတဲ့ ဆဲလ်တွေရဲ့ တုံ့ပြန်မှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ ရယ်မောသူတွေက မှတ်ဉာဏ်စွမ်းရည်တိုးတက်သလို တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။ "ပိုပြီး ရယ်မောနိုင်ဖို့ကြိုးစားပါ။" သုတေသီအချို့က ရယ်မောခြင်းက အကောင်းဆုံးသောဆေးဝါးတစ်ရပ်လို့ သတ်မှတ်ထားကြသလို ရယ်မောခြင်းက ခံစားချက်ကို ပိုမိုကောင်းမွန်စေပါတယ်လို့ လက်ခံယုံကြည်ထားကြပါတယ်။ ရယ်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပြောင်းလဲသွားပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်က ကြွက်သားတွေကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး သွေးဖိအားနဲ့ သွေးခုန်နှုန်းကိုလည်း ကောင်းမွန်စေပါတယ်။ အသက်ရှူနှုန်းပိုမြန်လာပြီး ကိုယ်တွင်း တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ

နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ ဆိုတာကို ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်။ ကိုယ်တိုင် လေ့လာလိုက်ပါဦးနော်။ နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ နွေရာသီက ပုံမှန်အားဖြင့်တော့ ခြောက်သွေ့၊ပူနွေးပြီး အိုက်စပ်စပ်နိုင်လှပါတယ်။နွေရာသီဟာလည်း အခြား ရာသီတွေလိုပဲ ရောဂါတွေနဲ့ အတူရောက်လာတတ်ပါ။ ကြိုတင်ကာကွယ်မှုတွေသာ မလုပ်ဆောင်ဘူးဆိုရင်နွေရာသီရဲ့ ပူပြင်းမှုနဲ့ ခြောက်သွေ့မှုတွေက ရောဂါ တော်တော်များများကို ဖြစ်ပေါ်ခံစားရစေပါတယ်။ ကြိုတင်သတိပြု ကာကွယ်စေနိုင်ဖို့ နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အပူရှပ်ခြင်း - ပူပြင်းလှတဲ့ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့မှုကြောင့် ခန္ဓါကိုယ် အပူချိန် မြင့်တက်လာတဲ့အခါ အပူရှပ်တာကို ခံစားရနိုင် ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓါကိုယ် အပူချိန် မြင့်တက်မှု ဖြစ်ပေါ်တဲ့အခါ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ညီးစီစီဖြစ်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာ နဲ့ အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်း - အစာအဆိပ်သင့်တာကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ကျန်းမာရေးဆိုးကျိုးများ

ဒေါက်မြင့်ဖိနပ်တွေဆိုတာက အမျိုးသမီးတွေခေတ်မီဆန်းသစ်တဲ့အဆင်တန်ဆာတစ်ရပ်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မာရီလင် မွန်ရိုး ကနေစလို့Carrie Bradshawခေတ်အထိကိုဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျတာကို နှစ်သက်တဲ့ အမျိုးသမီးတွေက ဝတ်ဆင်လာခဲ့တာ အခုချိန်ထိပဲဖြစ်ပါတယ်။ဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျဖို့အတွက်သာမက အဆင်တန်ဆာတစ်ရပ်အနေနဲ့ပါ ဝတ်ဆင်အသုံးပြုလာကြပါတယ်။   စီးတဲ့ ဖိနပ်ရဲ့အရည်အသွေးပေါ်မှာမူတည်ပြီးတော့ ခန္ဓါကိုယ်အပေါ် သက်ရောက်မှုပုံစံကွာခြားပါတယ်။ အမြဲလိုလို ၃ လက်မ (သို့) ၃ လက်မထက်နိမ့်တဲ့ဒေါက်ကို စီးနေတာက သိပ်ပြီးပြဿနာမရှိနိုင်ပေမယ့် အဆိုပါအမြင့်ထက် ပိုမြင့်တာကိုစီးမယ်ဆိုရင်တော့ လမ်းလျှောက်တဲ့အခါ ခန္ဓါကိုယ်အပေါ်သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေ စီးတဲ့အခါဖြစ်ပေါ်ခံစားရနိုင်တဲ့ ကျန်းမာရေးအခြေအနေအချို့ကိုမျှဝေပေးလိုက်ပါတယ်။   ခါးနာခြင်း ခါးမှာဒဏ်မရှိဘဲ ဘာကြောင့်မျန်းမသိခါးနာနေပြီဆိုရင်တော့ သင့်ရဲ့ဒေါက်မြင့်ဖိနပ်ကြောင့်ဆိုတာသိလိုက်ပါ။ဒေါက်မြင့်ဖိနပ်စီးတဲ့အခါခြေဖဝါးပေးမှာ ဝန်ပိစေပြီး တင်ပါးဆုံရိုးက အရှေ့ဘက်ကိုရောက်စေပါတယ်။ အဆိုပါအနေအထားမျိုးမှာ ခန္ဓါကိုယ်ကို ဟန်ချက်ညီအောင် ခါးကပုံမှန်ထက်အားစိုက်ပြီး ထိန်းရသလိုဖြစ်တာကြောင့် ခါးနာတာမျိုးခံစားရနိုင်ပါတယ်။   ဒေါက်ပိုမြင့်လေလေ ခါးကပိုအားစိုက်ရလေလေဖြစ်တာကြောင့် အရမ်းမြင့်တဲ့ဒေါက်ဖိနပ်တွေက ခါးပိုနာစေပါတယ်။ အာရုံကြော နာကျင်ပျက်စီးစေနိုင်ခြင်း အာရုံကြောစနစ်က ခန္ဓါကိုယ်ရဲ့ အရမ်းကိုနူးညံ့တဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ မိမိစီးတဲ့ ဖိနပ်တွေက အာရုံကြောအပေါ်မှာတော်တော်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေက […]


အခြေခံကျန်းမာရေး

မှိုနဲ့ ဘက်တီးရီးယားကူးစက်ရောဂါတွေကို သဘာဝနည်းလမ်းတွေနဲ့ ဘယ်လိုကုသမလဲ

မှိုနဲ့ ဘက်တီးရီးယားကူးစက်ရောဂါတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက ဝက်ခြံပေါက်ခြင်း၊candida မှိုစွဲခြင်းနဲ့ လိင်အင်္ဂါကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးတွေဖြစ်လာရင် ခရင်မ်၊လိုးရှင်း နဲ့ ဆေးပြားတွေကို သုံးစွဲမယ့်အစား အဆိုပါ ဘက်တီးရီးယားပိုးမွှားတွေကို အောက်ဖော်ပြပါ သဘာဝနည်းလမ်းတွေကို သုံးပြီး နှိမ်နင်းနိုင်ပါတယ်။   အချိုမစားပါနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေရန်က ကင်းဝေးစေဖို့အတွက် carbohydrate ဓါတ်(ကစီဓါတ်)နဲ့ အချိုတွေကို လျှော့စားရပါမယ်။ ဘာလို့လဲဆိုတော့ အဆိုပါ အစားအစာတွေဟာ ဘက်တီးရီးယားတွေ ပိုမိုပေါက်ပွားအောင် အားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ်စားသောက်မှုပုံစံထဲကနေ အချိုဓါတ်ကို လုံးဝဖယ်ထုတ်ပစ်ဖို့ကျတော့ လူအများစုအတွက် ခက်ခဲပါတယ်။ အချိုဓါတ်(သကြား)ဟာ ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေအားလုံးနီးနီးမှာ ပါဝင်နေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သကြားလုံးတွေ၊အချိုတွေ၊ဆိုဒါတွေ၊ချိုတဲ့ အစားအစာတွေ နဲ့ အစာအိမ်ထဲမှာ ချေဖျက်ပစ်လိုက်တဲ့အခါ သကြားဓါတ်အဖြစ် ပြောင်းလဲသွားနိုင်တဲ့ အစားအစာတွေ(ဥပမာ အဖြူရောင် ပတ်စတာ ခေါက်ဆွဲ၊ပေါင်မုန့်ဖြူ နဲ့ အနှံတွေ အားလုံးနီးပါး)ကို တတ်နိုင်သမျှ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိသားစုကို ဘယ်လို ကျန်းမာအောင် ထားမလဲ

အအေးမိ တုပ်ကွေးရာသီရောက်ချိန်မှာ သင့်မိသားစုကို ရောဂါပိုးကင်းစင်အောင် ဂရုစိုက်ခြင်းဟာ လွန်စွာ အရေးကြီးပါတယ်။ တကယ်လို့ ရောဂါပိုးသယ်ဆောင်တဲ့ အကောင်တစ်ကောင်ဟာ မိသားစုဝင်တစ်ဦးဦးကို ကိုက်လိုက်ပြီဆိုရင် သင်တို့အားလုံးကို ကူးစက်နိုင်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေသာမက အခြားရောဂါပိုးတွေနဲ့ ဓါတ်မတည့်စေတဲ့ ပစ္စည်းတွေလည်း အိမ်မှာရှိနိုင်ပါတယ်။ အချို့ရောဂါပိုးတွေဟာ မချက်ရသေးတဲ့ အသားတွေထဲမှာ ရှိနေနိုင်ပြီး အချို့ pertussis ဘက်တီးရီးယားကတော့ အထူးသဖြင့် ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်ကာစ ကလေးတွေကြားမှာ ပြင်းထန်တဲ့ ရောဂါပိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အောက်ဖေါ်ပြပါ အချက်ရှစ်ခုကို လိုက်နာဖို့က အရေးကြီးပြီး ဒီအချက်တွေက ရောဂါပိုးကင်းစင်ဖို့ ကူညီပေးကာ သင့်မိသားစုကို တစ်နှစ်ပတ်လုံးကျန်းမာနေစေမှာ ဖြစ်ပါတယ်။ မနက်စာစားပါ။ ကျန်းမာစေတဲ့ မနက်စာနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ဆက်စပ်မှုဟာ ယုံကြည်ဖွယ်ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ Israeli သိပ္ပံပညာရှင်တွေက ကိုယ်အလေးချိန် များတဲ့ (သို့) အဝလွန်တဲ့ အမျိုးသမီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်တွင်းကျန်းမာရေး၊ ဖျားနာမှု ပျံ့နှံ့တာကို ကာကွယ်ဖို့ အချက်အလက်၊ အကြံဉာဏ်၊ အကောင်းဆုံး အလေ့အကျင့်များ

ရောဂါပိုးမွှား၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေက ကျွန်တော်တို့ ပတ်ပတ်လည်မှာ ရှိနေကြတာပါ။ ဒီ အဏုဇီဝသက်ရှိတွေရဲ့ အဝေးမှာ နေဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် သင့်အနေနဲ့ ဒါကို စိတ်ပူ၊ ထိတ်လန့်တာ မဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့က အန္တရာယ်မရှိပါဘူး၊ တချို့ဆိုရင် ဥပမာအနေနဲ့ အစာချေစနစ်မှာ ကောင်းကျိုးတောင် ပေးနိုင်ပါတယ်။ ဒီမှာ ပိုအရေးကြီးတာက ဖျားနာခြင်း၊ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါများ၊ ရောဂါပိုးမွှားတွေကြောင့် ဖြစ်တဲ့ တခြားကူးစက်မှုတွေရဲ့ ဖြစ်နိုင်ချေကို ဖယ်ရှားဖို့၊ လျှော့ချဖို့ပါ။ ဒါ့ကြောင့် အိမ်တွင်းကျန်းမာရေးက ပစ်ပယ်မထားသင့်ဘဲ စဉ်းစားဆင်ခြင်ရမယ့် အရာတစ်ခုပါ။   ရောဂါပိုးမွှွှားတွေ ဘယ်လို ပျံ့နှံ့လဲ။ မကောင်းတဲ့ ဘက်တီးရီးယားတွေနဲ့ တခြားရောဂါပိုးမွှားတွေဟာ အပြင်ကနေ သင့်အိမ်ထဲသို့ လူ၊ အိမ်မွေးတိရစ္ဆာန်မှတဆင့် သို့မဟုတ် စွန့်ပစ်ရမယ့် အစာရေစာတွေကနေ ရောက်ရှိနေတတ်ပါတယ်။ တခြားနေရာတွေကို ပျံ့နှံ့ဖို့က သင့်ကြောင့်သာ ဖြစ်နိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကယ်လ်စီယမ် စုပ်ယူမှုကို ဘယ်လိုများအောင် လုပ်မလဲ

Calcium ဟာ အရိုးတွေကို သန်စွမ်းစေတဲ့ သတ္တုဓာတ်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ Calcium မလုံလောက်ရင် ကိုယ်ခန္ဓာက လိုအပ်တဲ့ Calcium ကို အရိုးတွေထံမှ ယူနိုင်တာကြောင့် အရိုးအားနည်းခြင်း၊ ကြွတ်ဆတ်ခြင်း၊ ပျော့ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Calcium များတဲ့ အစာတွေ စားသုံးခြင်းဟာ Calcium စုပ်ယူမှုကို အားပေးပြီး Calcium ပမာဏကို ထိန်းသိမ်းဖို့ ဗီတာမင်ဒီ လုံလောက်စွာ ရရှိအောင် လုပ်သင့်ပါတယ်။ ၁။ အစားအသောက်မှ Calcium လုံလောက်စွာ စားသုံးပါ သင့်ကိုယ်ခန္ဓာဟာ ဖြည့်စွက်စာတွေထက် အစားအစာတွေက Calcium တွေကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်ပါတယ်။ Calcium ပါတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးခြင်းအားဖြင့် Calcium စားသုံးမှုကို မြှင့်တင်နိုင်ပါတယ်။ အဆီဓာတ်နည်းတဲ့၊ အဆီမပါတဲ့ နွားနို့တွေကို သောက်သုံးခြင်းအားဖြင့် အဆီမပါဘဲ Calcium စုပ်ယူမှုကို များပြားစေပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း