backup og meta

ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ကျန်းမာရေးဆိုးကျိုးများ


Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ကျန်းမာရေးဆိုးကျိုးများ

    ဒေါက်မြင့်ဖိနပ်တွေဆိုတာက အမျိုးသမီးတွေခေတ်မီဆန်းသစ်တဲ့အဆင်တန်ဆာတစ်ရပ်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မာရီလင် မွန်ရိုး ကနေစလို့Carrie Bradshawခေတ်အထိကိုဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျတာကို နှစ်သက်တဲ့ အမျိုးသမီးတွေက ဝတ်ဆင်လာခဲ့တာ အခုချိန်ထိပဲဖြစ်ပါတယ်။ဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျဖို့အတွက်သာမက အဆင်တန်ဆာတစ်ရပ်အနေနဲ့ပါ ဝတ်ဆင်အသုံးပြုလာကြပါတယ်။

    စီးတဲ့ ဖိနပ်ရဲ့အရည်အသွေးပေါ်မှာမူတည်ပြီးတော့ ခန္ဓါကိုယ်အပေါ် သက်ရောက်မှုပုံစံကွာခြားပါတယ်။ အမြဲလိုလို ၃ လက်မ (သို့) ၃ လက်မထက်နိမ့်တဲ့ဒေါက်ကို စီးနေတာက သိပ်ပြီးပြဿနာမရှိနိုင်ပေမယ့် အဆိုပါအမြင့်ထက် ပိုမြင့်တာကိုစီးမယ်ဆိုရင်တော့ လမ်းလျှောက်တဲ့အခါ ခန္ဓါကိုယ်အပေါ်သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေ စီးတဲ့အခါဖြစ်ပေါ်ခံစားရနိုင်တဲ့ ကျန်းမာရေးအခြေအနေအချို့ကိုမျှဝေပေးလိုက်ပါတယ်။

    ခါးနာခြင်း

    ခါးမှာဒဏ်မရှိဘဲ ဘာကြောင့်မျန်းမသိခါးနာနေပြီဆိုရင်တော့ သင့်ရဲ့ဒေါက်မြင့်ဖိနပ်ကြောင့်ဆိုတာသိလိုက်ပါ။ဒေါက်မြင့်ဖိနပ်စီးတဲ့အခါခြေဖဝါးပေးမှာ ဝန်ပိစေပြီး တင်ပါးဆုံရိုးက အရှေ့ဘက်ကိုရောက်စေပါတယ်။ အဆိုပါအနေအထားမျိုးမှာ ခန္ဓါကိုယ်ကို ဟန်ချက်ညီအောင် ခါးကပုံမှန်ထက်အားစိုက်ပြီး ထိန်းရသလိုဖြစ်တာကြောင့် ခါးနာတာမျိုးခံစားရနိုင်ပါတယ်။

    ဒေါက်ပိုမြင့်လေလေ ခါးကပိုအားစိုက်ရလေလေဖြစ်တာကြောင့် အရမ်းမြင့်တဲ့ဒေါက်ဖိနပ်တွေက ခါးပိုနာစေပါတယ်။

    အာရုံကြော နာကျင်ပျက်စီးစေနိုင်ခြင်း

    အာရုံကြောစနစ်က ခန္ဓါကိုယ်ရဲ့ အရမ်းကိုနူးညံ့တဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ မိမိစီးတဲ့ ဖိနပ်တွေက အာရုံကြောအပေါ်မှာတော်တော်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေက ကျောရိုးဆစ်တွင်းက အာရုံကြောကျဉ်းမြောင်းလာတာ (foraminal stenosis) လို့ခေါ်တဲ့ အာရုံကြောဆိုင်ရာရောဂါတစ်မျိုးကိုခံစားရနိုင်ပါတယ်၊ လို့Spine Health Institute ရဲ့ အစီရင်ခံစာဖော်ပြပါရှိပါတယ်။

    အဆိုပါအခြေအနေ အပြင် တင်ပါးကနေစလို ပခြေထောက်အောက်ပိုင်းတစ်လျှောက်လုံးမှာ နာကျင်တာ၊ ကြွက်တက်တာ၊ တစစ်စစ် နာကျင်တာ၊ ကြွက်သားထဲမှာ အားမရှိသလိုဖြစ်တာ၊ ကိုက်ခဲတာ၊ ထုံကျဉ်တာနဲ့ စူးခနဲအောင့်တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။

    အသံကြိုးတွေကို ထိခိုက်စေနိုင်ခြင်း

    ဒေါက်မြင့်ဖိနပ် စီးတာကြောင့် အသံကြိုးတွေကိုထိခိုက်စေနိုင်တယ်ဆိုတာကတော့တော်တော်ကို အံ့အားသင့်စရာကောင်းပါတယ်။ ဒါပေမယ့်ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ အသက်ရှုသွင်း ရှုထုတ်တာကပုံမှန်အနေအထားမဟုတ်တာကြောင့် အရမ်းကိုနူးညံ့တဲ့ အသံကြိုးတွေကို ထိခိုက်စေနိုင်တာဖြစ်ပါတယ်။ တစ်နေ့တာလုံးဒေါက်ဖိနပ်စီးထားတဲ့အခါ အသက်ရှုတာက ပုံမှန်ထက်မြန်မြန်နဲ့ ခပ်ပြတ်ပြတ်ဖြစ်နေတာကြောင့် အသံကြိုးတွေကို ထိခိုက်စေတာဖြစ်ပါတယ်။

    ဒူးနာခြင်း

    အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေကဒူးနာကျင်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ဒေါက်မြင့်ဖိနပ်တွေက အရိုး – အရိုးချင်းအပေါ်မှာ ဖိအားတွေများစေနိုင်ပါတယ်။ အထူးသဖြင့် ဒူးပေါ်မှာ ဖိအားအရမ်းများစေတာဖြစ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဒူးအဆစ်မှာ (osteoarthritis) အရိုးအဆစ်ရောင်ရောဂါဖြစ်နိုင်ခြေပိုများပါတယ်၊ လို့ သုတေသီတွေကတွေ့ရှိထားပါတယ်။

    ခြေချောင်းပုံသဏ္ဍန်ပျက်ယွင်းခြင်း၊ အသားမာဖြစ်ခြင်း၊ အနာစိမ်းထွက်ခြင်း

    အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်စီးတဲ့အခါချော်လဲတာမျိုးမဖြစ်အောင်ခြေထောက်ကို ကုတ်အားယူထားရတာကြောင့်ခြေချောင်းလေးတွေ ပုံသဏ္ဍာန်ပျက်ယွင်းတာ ၊ အသားမာဖြစ်တာ၊ အနာစိမ်းဖြစ်တာနဲ့ခြေဖနောင့်နာရောဂါ လိုမျိုးခြေထောက်မှာ ဒဏ်ပိတဲ့ဝေဒနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။

    ကင်ဆာဖြစ်စေနိုင်တဲ့ရောင်ရမ်းမှုတွေကိုဖြစ်စေနိုင်ခြင်း

    ဒေါက်မြင့်ဖိနပ်စီးခြင်းက ကင်ဆာဖြစ်တာနဲ့ဆက်စပ်မှုရှိနေပါတယ်၊လို့ ကင်ဆာ အထူးကုဒေါက်တာDavid Agus ကပြောပြပါတယ်။

    ဒေါက်မြင့်ဖိနပ်တွေကရောင်ရမ်းမှုကိုဖြစ်စေပြီး ကင်ဆာအပါအဝင် အခြားပြင်းထန်တဲ့ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

    အချို့သောရောင်ရမ်းမှုတွေက နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s)၊ ဆီးချိုရောဂါတွေအပါအဝင် နာတာရှည်ပြင်းထန်တဲ့ဝေဒနာတွေကို ခံစားရနိုင်သလို ကင်ဆာဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်းသိသိသာသာတိုးစေနိုင်ပါတယ်။

    ခြေသလုံးကြွက်သားအားနည်းစေနိုင်ခြင်း

    ဒေါက်မြင့်ဖိနပ်စီးတဲ့အခါခြေသလုံးကြွက်သားက အရမ်းကိုခက်ခက်ခဲခဲလုပ်ဆောင်ရတာကြောင့်ခြေသလုံးကြွက်သားက အားနည်းလာတာမျိုးခံစားရနိုင်ပါတယ်။

    ခြေသလုံးကြွက်သားကိုသက်တောင့်သက်သာဖြစ်စေဖို့အတွက်ဒေါက်မြင့ဖိနပ်တွေကို အချိန်ကြာမြင့်စွာစီးတာမျိုးကိုရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ဒေါက်မြင့်ဖိနပ်ကိုအချိန်ကြာမြင့်စွာစီးထားတဲ့အခါ ခြေထောက်နောက်ဘက်ကကြွက်သားတွေက စီးထားတဲ့ဖိနပ်နဲ့ လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲလုပ်ဆောင်ထားရတာကြောင့်ခြေသလုံးကြွက်သားတွေထဲမှာ ကျုံ့အားတွေလျော့ကျလာပြီး ကြွက်သားတွေထဲမှာ အားမရှိသလို ခံစားရတာဖြစ်ပါတယ်။

    အဆစ်လွဲခြင်း

    ဒေါက်မြင့်ဖိနပ်စီးသူတွေဟာခြေထောက်အဆစ်တွေအပေါ်မှာ ဖိအားအပိုတွေသက်ရောက်မှုကို ခံစားရနိုင်ခြေကတော်တော့်ကိုများပါတယ်။

    အဆစ်တွေကိုဖွဲ့စည်းမှုမျာ အဆိုပါဖိအားသက်ရောက်မငတွေကို ကာကွယ်နိုင်စာမ်းမပါရျိထားတာကြောင့် ရုတ်တရက် ခလလုတ်တိုက်တာမျိုးချော်လဲတာမျိုးဖြစ်တဲ့အခါခြေထောက်အဆစ်လွဲတာမျိုးဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

    ခြေသည်းတွေကို ပျက်စီးစေနိုင်ခြင်း

    ဒေါက်မြင့်ဖိနပ်စီးသူတွေအနေနဲ့ ခြေသည်းတွေကို သန့်စင်အောင်ထားတာထက်ကို ပိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ဒေါက်မြင့်ဖိနပ်စီးသူတွေမှာ ပုံမှန်ထက်ခြေစွယ်ငုပ်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ဒေါက်ဖိနပ်စီးတဲ့အခါ ဖိအားသက်ရောက်မှုကခြေထောက်တစ်ခုလု့းကကြွက်သားတွေအဆစ်တွေပေါ်အပြင်ခြေသည်းတွေပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ခြေမခြေသည်းက အရေပြားထဲကို ကုတ်ဝင်နေတာမျိုးဖြစ်ပေါ်ခံစားရနိုင်သလိုခြေသည်းတွေမှာ မှိုပိုးဝင်တာမျိုးတွေလည်းခံစားရနိုင်ပါတယ်။

    အရိုးအဆစ်ရောင်ရောဂါ ခံစားရနိုင်ခြေတိုးစေနိုင်ခြင်း

    ဒေါက်ကို ၃ လက်မခွဲ (သို့) ၃လက်မခွဲအထက်စီးသူတွေမှာ အရိုးအဆစ်ရောင်ရောဂါ (osteoarthritis) ခံစားရနိုင်ခြေပိုများနေသလို မစန်မစွမ်းဖြစ်တာမျိုးအထိဖြစ်ပေးခံစားရနိုင်ပါတယ်။ဒေါက်မြင့်မြင့်ဝတ်လေလေ အရိုးအဆစ်ရောင်ရမ်းမှုကိုခံစားရနိုင်ခြေများလေလေပဲဖြစ် ပါတယ်။

    အထက်ပါအကြောင်းအရာလေးတွေကို ဖတ်ရှုပြီး ဒေါက်ဖိနပ်ကြိုက်နှစ်သက်သူတွေအနေနဲ့ မိမိမှာခံစားနေရတဲ့ ဒေါက်ဖိနပ်ကြောင့်ဖြစ်တဲ့လက္ခဏာတွေကိုသတိထားနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement