ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း ဆိုတာ ဘာလဲ
ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း (Breast augmentation သို့မဟုတ် augmentation mammoplasty) ဆိုတာ ရင်သားရဲ့ အရွယ်အစားကြီးလာဖို့၊ တင်းရင်းလှပစေဖို့ ပုံသဏ္ဍာန်ပြုပြင်ပေးတဲ့ ခွဲစိတ်မှုတစ်မျိုးဖြစ်ပါတယ်။
ခွဲစိတ်မှုမှာ ဆီလီကွန်(silicone)၊ဆားရည် (saline) သို့မဟုတ် တခြားcomposite ရင်သားအတုပစ္စည်းကို ရင်ဘတ်ကြွက်သား သို့မဟုတ် ရင်သားတစ်ရှူးတွေအောက်မှာ ထည့်သွင်းပေးတာဖြစ်ပါတယ်။ အစားထိုးရင်သားအတုတွေရဲ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၇ နှစ်ကနေ ၁၂ နှစ် အထိ တာရှည်ခံတတ်ပါတယ်။
ဘာကြောင့် ပြုပြင်ကြတာလဲ
အမျိုးသမီးတွေ ရင်သား ခွဲစိတ်ရတဲ့ အကြောင်းရင်းတွေကမတူညီကြပါဘူး။ ဒါပေမယ့် ဒီလိုခွဲစိတ်ပြုပြင်သူတွေထဲမှာ ရင်သား ကြီးထွားအောင် အလှခွဲစိတ်ပြုပြင်သူတွေနဲ့ ရင်သားကင်ဆာကြောင့် ခွဲစိတ်ခံရပြီးနောက် ပြန်လည်ပြုပြင်ကြရသူတွေ ပိုများပါတယ်။
- ဆိုဒ်သေးနေတဲ့ ရင်သားကို ကြီးလာစေဖို့၊
- ကိုယ်ဝန်ဆောင်ပြီးနောက်၊ ခန္ဓါကိုယ်ပိန်သွားပြီးနောက်၊ ဒါမှမဟုတ် ကလေးနို့တိုက်ရပြီးနောက် ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍာန်ပြန်လှပစေဖို့၊
- ရင်သားနှစ်ဖက်မညီဖြစ်နေရင်ပြန်အချိုးညှိဖို့၊
- ရင်သားခွဲစိတ်မှုခံယူပြီးနောက် ပုံမှန်အတိုင်းဖြစ်အောင်ပြန်ပြုပြင်ဖို့ဖြစ်ပါတယ်။
ထည့်သွင်းမယ့် ရင်သားအတုအမျိုးအစားရွေးချယ်ခြင်း
အသုံးများတဲ့ ရင်သားအတုကတော့ ဆီလီကွန်ဂျယ်ဖြစ်ပေမယ့်saline အစားထိုးပစ္စည်းဆိုတာလည်း ရှိပါတယ်။ ဘယ်ပုံသဏ္ဍာန်၊ ဘယ်အမျိုးအစားက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ဆရာဝန်ကဆွေးနွေးအကြံပေးမှာဖြစ်ပေမယ့်အောက်ပါအချက်တချို့ကို သိထားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။