အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ဆံပင်အရောင်ကပြောပြတဲ့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး

သင့်ဆံပင်အရောင်ကို မယ်လနင်လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးက ဖန်တီးပေးတာဖြစ်ပြီး ဒီပစ္စည်းကို ဆံပင်အမြစ်ပိုင်းမှာရှိတဲ့ မယ်လနိုဆိုက်ခေါ် ဆဲလ်လေးတွေက ထုတ်လုပ်တာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဆံပင်အရောင်ဟာ အဲဒီလူရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး တစ်ခုခုပြောပြနိုင်လိမ့်မယ်လို့ လက်ခံယုံကြည်သူတွေ အများကြီးရှိပါတယ်။   အနီရောင်ဆံပင် ခရိုမိုဆုမ်းအမှတ် ၁၆မှာ သန္ဓေပြောင်းမျိုးဗီဇတစ်ခု ရှိနေတဲ့ အနီရောင်ဆံကေသာပိုင်ရှင်တွေဟာ အခြားသူတွေအမြင်မှာ အမြဲလိုလို စွဲမက်ဖွယ်ကောင်းနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဥရောပတိုက်သားတွေဟာ အနီရောင်ဆံကေသာကို တန်ဖိုးထားမြတ်နိုးကြသလို စကော့တလန်နဲ့ အင်္ဂလန်နိုင်ငံ လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းခန့်ဟာ ဆံပင်အနီရောင်ရှိသူတွေ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ အာရှဒေသ အချို့နေရာတွေမှာလည်း ရှားရှားပါးပါးဆိုသလို အနီရောင်ကေသာပိုင်ရှင်တွေ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယူကေနိုင်ငံမှာတော့ ဆံပင်အနီကို တန်ဖိုးထားစရာအဖြစ် မသတ်မှတ်ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ အနီရောင်ဆံပင်ကို ရမယ်ရှာပြီး အနိုင်ကျင့်ခံရ၊ စနောက်ခံရတာမျိုးတွေ ကြုံကြရလို့ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်ကာလတော်တော်ကြာတဲ့အထိ အနီရောင်ဆံပင်ကို မကောင်းဆိုးဝါးရဲ့ […]


အခြေခံကျန်းမာရေး

ကိုယ်နံ့ဆိုးတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ

ကိုယ်နံ့ဆိုးဆိုးထွက်ရခြင်းရဲ့ အဓိကတရားခံကတော့ သင့်ချွေးထဲမှာပါတဲ့ အက်ဆစ်ဓါတ်တွေကို ဖြိုခွဲနိုင်တဲ့ သင့်အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အရေပြားအတွင်းလွှာနဲ့ အဆီပြင်ကြားက ချွေးဂလင်းတွေ ဖွံ့ဖြိုးလာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအရွယ်မှာ ကိုယ်နံ့ထွက်တာကို စတင်ရင်ဆိုင်ကြရပါတယ်။ ဒီဂလင်းတွေကထွက်တဲ့ ချွေးဟာ ဖြိုခွဲရလွယ်ကူပြီး အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေက ချွေးပိုထွက်တဲ့အတွက် ကိုယ်နံ့ပိုထွက်လေ့ရှိပါတယ်။ ဘယ်အရာတွေက ကိုယ်နံ့ဆိုးဆိုး ထွက်စေသလဲ ကိုယ်နံ့ဆိုးစေတဲ့ အကြောင်းအရင်းတွေကတော့ ကိုယ်အလေးချိန်လခြင်း အပူအစပ်နှင့် အရက်သေစာသောက်စားခြင်း ဆေးဝါးများ (ဥပမာ စိတ်ကျဝေဒနာ သက်သာဆေး) ရောဂါများ (ဥပမာ သွေးချိုဆီးချို ဝေဒနာရှင်များ၏ ခန္ဓါကိုယ်မှ သစ်သီးနံ့ထွက်တတ်ပြီး၊ အသည်း၊ ကျောက်ကပ်ရောဂါ ရှိသူများမှာ အရောင်ချွတ်ဆေးကဲ့သို့ ကိုယ်နံ့ထွက်တတ်ပါတယ်) ချွေးထွက်ခြင်းဟာ ဘယ်အချိန်မှာ စိတ်ပူစရာ ဖြစ်လာမလဲ Hyperhidrosis လို့ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် ပုံမှန်ထက် ချွေးထွက်လွန်ကဲခြင်း၊ ခြေဆီထွက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အချို့သော ရှုးဖိနပ်တွေ၊ ခြေအိတ်တွေဟာ ခန္ဓါကိုယ်ကထွက်လာတဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မျက်ခုံးပုံဖော်ထိုးခြင်း၏ အကျိုးအပြစ်များ

မျက်ခုံးပုံဖော်ထိုးခြင်းဟာ အနောက်နိုင်ငံတွေမှာ အကြီးအကျယ်ရေပန်းစားလာတဲ့ အလှအပရေးရာ ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ မွေးရာပါ မျက်ခုံးမွှေးနဲ့မတူဘဲ ပိုထူ၊ ပိုထင်း၊ ပိုလှတဲ့ မျက်ခုံးပုံစံမျိုး ရရှိစေတဲ့အတွက် လူကြိုက်များရခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မျက်ခုံးပုံဖော်ထိုးခြင်းအကြောင်း သိကောင်းစရာတွေနဲ့ အားနည်းချက် အားသာချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ မျက်ခုံးပုံဖော်ထိုးခြင်းဟာ အလှအပရေးရာ စီးပွားရေးလုပ်ငန်းတွေ အားကောင်းတဲ့ အာရှဒေသကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မလေးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကနေ စတင်ခေတ်စားလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုအထိ ထိုးဖောက်နိုင်ခဲ့ပါတယ်။ မျက်ခုံးပုံဖော်ထိုးခြင်းကို 3D မျက်ခုံးထိုးခြင်း၊ မျက်ခုံးအရောင်သွင်းခြင်း၊ မျက်ခုံးတက်တူးထိုးခြင်း၊ မျက်ခုံးအနုစိတ်ပုံဖော်ခြင်း စသည်ဖြင့် အမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ ၁၉၆၀၊ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ခေတ်စားခဲ့တဲ့ နက်ပြာရောင်မင်နဲ့ မျဉ်းတစ်ဖြောင့်ထဲ ထိုးရပြီး အချိန်ကြာလာတာနဲ့အမျှ အရောင်ပြယ်လာတဲ့ မျက်ခုံးတက်တူးနဲ့ မတူဘဲ ခေတ်ပေါ်မျက်ခုံးပုံဖော်ထိုးခြင်းဟာ သင့်အသားအရောင်၊ ဆံပင်အရောင်နဲ့ လိုက်ဖက်မယ့် […]


အခြေခံကျန်းမာရေး

သတ်သတ်လွတ်သမားတွေမှာ သွေးအားနည်းရောဂါဖြစ်နိုင်ခြေများပါတယ်

သားငါးမစားသုံးခြင်းက သွေးအားနည်ရောဂါဖြစ်နိုင်ခြေများစေပါတယ်။ သတင်းကောင်းကတော့ စားသောက်မှုပုံစံကို သေချာဟန်ချက်ညီအောင် ထိန်းညှိပြီး ဖြည့်စွက်အာဟာရတွေ အသုံးပြုပေးတာက လိုအပ်တာတွေကို ဖြည့်စီးပေးနိုင်မှာပါ။ နွားနို့၊ ချိစ်နဲ့ ဥတွေလိုမျိုး အစားအစာတွေနဲ့ အသားငါးတွေကို မစားကြတော့တဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဒါပေမယ့်လည်း အဲ့လိုကျင့်သုံးလိုက်တာက သွေးအားနည်းရောဂါဖြစ်လာစေပါတယ်။ သွေးအားနည်းရောဂါဆိုတာ အောက်စီဂျင်သယ်ဆောင်နိုင်တဲ့ သွေးနီဥနည်းပါးနေတဲ့ အခြေအနေတစ်ခုပါ။ သတ်သတ်လွတ်သမားတွေမှာတော့ သံဓါတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းကြတာပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥတွေနဲ့ ပျားရည်တို့လိုမျိုး အစားအသောက်တွေပါ မစားတော့တဲ့ သတ်သတ်လွတ်သမားတွေဆိုရင်တော့ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့်ပါဖြစ်နိုင်ပါတယ်။ အဖြေကတော့ လိုအပ်တဲ့ သံဓါတ်နဲ့ ဗီတာမင် B12 တို့ကို အခြားအစားအစာတွေကနေ ရယူပြီး မျှတတဲ့စားသောက်မှုပုံစံကို ထားရှိဖို့ပဲဖြစ်ပါတယ်။ ထိုသို့ပြုလုပ်မယ်ဆိုရင်တော့ သတ်သတ်လွတ်သမားတစ်ယောက်အနေနဲ့ဆက်ရှိနိုင်ပြီး သွေးအားနည်းရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါနှင့်ပတ်သက်သည့် အချက်များ သွေးအားနည်းရောဂါရဲ့ အတွေ့ရအများဆုံးအကြောင်းအရင်းကတော့ သံဓါတ်ချို့တဲ့ခြင်းပါပဲ။ ဆိုလိုတာကတော့ စားသောက်မှုပုံစံမှ […]


ကျန်းမာရေး သတင်းများ

ရှမ်းပြည်နယ်

တောင်ကြီးမြို့ရှိ လူမှုကူညီရေးအသင်းများ   (၁) နမ့်ခုံး ရှမ်းများပရဟိတအသင်း Ph: 081202041 ဝေဠုဝန်ကျောင်း(ရှမ်းကျောင်း)ဝန်းအတွင်း၊ဝါးပြားရပ်၊ တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၂) မေတ္တာရှင် နာရေးကူညီမှုအသင်း Ph: 081-205282 နဂါးပွက်ကျောင်း၊ချမ်းမြသာစည်ရပ်၊တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၃) အဖြူရောင်ပရဟိတအသင်း ဖုန်း - ၀၉၂၅၈၂၅၄၀၀၂, ၀၉၅၂၂၈၁၀၈ မင်းကျောင်းပရိယတ္တိပရိပတ္တိစာသင်တိုက်၊ကန်အောက်ရပ် .ဗိုလ်ချုပ်အောင်ဆန်းလမ်း၊တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၄) မင်္ဂလာ ဖုန်း -09428311924 ,09428318562,0936162657, 09254600723 ၁၆/၁၆၈ အမှတ်၄ရပ်ကွက် အောင်ချမ်းသာလမ်း အေးသာယာမြို့၊တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၅) ပအိုဝ်းသွီး Ph: 931733416 မြေဖြူ၊တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၆) မြတ်မနော (ပရဟိတသွေးအလှူရှင်နှင့်မိဘမဲ့ကလေးကူညီစောင့်ရှောက်ရေးအသင်း) Ph: 9250776779 တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်   (၇) သံမဏိပိုးဖလံများအဖွဲ့ Ph: 08124063 ရပ်စောက်မြို့/တောင်ကြီးခရိုင်မီးသတ်တပ်ဖွဲ့မှူ းရုံ ဈေးတန်းရပ်ကွက် လျောင်းတော်မှူ ဘုရားလမ်း၊ရပ်စောက်မြို့ ရှမ်းပြည်နယ်   ညောင်ရွှေမြို့ ပါရမီသွေးလှူရှင်အသင်း Ph: 9428310581 ညောင်ရွှေမြို့၊ ရှမ်းပြည်နယ်   ကွတ်ခိုင်မြို့ ြဗဟ္မစိုရ်နှလုံးသား Ph: 9256056400 ရပ်ကွက် ၅၊တောင်ပေါ်ကျောင်းတိုက်၊မူဆယ်ခရိုင် ၊ကွတ်ခိုင် ရှမ်းပြည်နယ်   မိုးမိတ်မြို့ (၁) ကရုဏာသုခ Ph: 8645190 မိုးမိတ်မြို့၊ ရှမ်းပြည်နယ်   (၂) ပါရမီရှင် Ph: 9256239510 မိုးမိတ်မြို့၊ ရှမ်းပြည်နယ်   နမ့်ခမ်းမြို့ ပါရမီ သွေးလှူရှင် […]


အခြေခံကျန်းမာရေး

သင့်ရဲ့ လက်သည်းတွေ အကြောင်းကို သင်ကောင်းကောင်းသိပြီလား

သင့်ရဲ့ လက်သည်းတွေ အကြောင်းကို သင်ကောင်းကောင်းသိပြီလား လက်သည်းတွေဟာ ခန္ဓါကိုယ်ရဲ့ အဓိကအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ မဟုတ်ဘူးလို့ တော်တော်များများက ထင်တတ်ကြပေမဲ့ လက်သည်းတွေဟာ ကျန်းမာရေးရဲ့ လက္ခဏာတွေကို ပြနေတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် အလှအပအတွက်ပါ အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းမဟုတ်ဘူးလို့ ထင်ကြတာကြောင့်ရော ၊ ကျန်းမာရေးပြဿနာ သိပ်ဖြစ်လေ့ မရှိတာကြောင့်ရော လက်သည်းတွေနဲ့ ပတ်သတ်တဲ့ အချက်တွေကို လူတော်တော်များများ မသိကြပါဘူး။ ဒီလို မသိသေးကြတဲ့ လူတွေ အတွက် စိတ်ဝင်စားစရာ အချက်လေးတွေကို ကျွန်တော်တို့ Hello sayarwon မှ စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ လက်သည်းတွေကို ကဲရာတင် (keratin) နဲ့ ဖွဲ့စည်းထားတာပါ။ ကဲရာတင် (keratin) ဆိုတာ ဖိုင်ဘာ ပရိုတင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လွဲမှားနေသော ကျန်းမာရေးအယူအဆများ

လွဲမှားနေသော ကျန်းမာရေးအယူအဆများ အယူတိမ်းရင် နတ်စိမ်းဖြစ်တယ်လို့ စာချိုးလေးကြားဖူးပါတယ်။ တခြားကိစ္စတွေမှာ မပြောတတ်ပေမယ့် ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ အယူအဆလွဲမှားခြင်းဟာ အနှေးနဲ့အမြန် နတ်စိမ်းဘဝကို ပို့ဆောင်ပေးနိုင်တဲ့ အရေးကြီးပြဿနာတွေ ဖြစ်ပါတယ်။ ဒီခေတ်မှာ အင်တာနက် ပိုမိုတွင်ကျယ်လာတာနဲ့အမျှ (ခေတ်စကားနဲ့ ပြောရရင် တရာဖိုး သုံးပုဒ်တန်တွေက) အွန်လိုင်းပေါ်မှာ ဗွက်ပေါက်သလို ပေါက်လာပြီး တချို့သော အရေးအသားတွေဟာ ပညာရှင်ရှုထောင့်က ကြည့်ရင် လွဲချော်နေတာမို့ စာဖတ်သူတွေ အမှတ်မမှား၊အယူအဆမလွဲရလေအောင် စုဆောင်းမျှဝေပေးလိုက်ပါတယ်။   ၁။ တနေ့ကို ရေရှစ်ခွက်တိတိသောက်ပါ။ တနေ့တနေ့ ရေဘယ်လောက်သောက်တယ်ရယ်လို့တော့ တာလီချိုးပြီး မှတ်ထားစရာမလိုပါဘူး။ ရေဆာတဲ့အချိန်တိုင်း၊သင့်ခန္ဓါကိုယ်က တောင့်တတဲ့အချိန်တိုင်း မပျက်မကွက်သောက်ပေးရုံနဲ့ ရေဓါတ်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ပါတယ်။ စွပ်ပြုတ်ရည်တွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေဟာလည်း ရေဓါတ်ပေးစွမ်းနိုင်ပါသေးတယ်။ ဒါပေမယ့် သင့်ဆီးရောင်က ဝါကျင့်ကျင့်ဖြစ်နေတယ်၊ဆီးသွားနည်းတယ်၊ချွေးအထွက်များတဲ့ အလုပ်တွေကို လုပ်နေရတယ်၊ပူအိုက်တဲ့ ရာသီဥတုမှာနေထိုင်တယ်ဆိုရင်တော့ ရေများများပိုသောက်ပေးဖို့ လိုပါလိမ့်မယ်။ […]


အခြေခံကျန်းမာရေး

ခန္ဓါကိုယ်ပေါ်က မထိသင့်တဲ့နေရာလေးများ

ကိုယ့်ခန္ဓါကိုယ် ပိုင်တာပဲ ထိချင်တဲ့နေရာထိမှာပဲလို့များတွေးနေလား။ ထိသင့်လို့ထိတာကပြဿနာမဟုတ်ပေမယ့် မထိသင့်တဲ့နေရာကို ထိမိရင်တော့ရှော့ခ် ရှိတယ်နော်။ ကဲ ဘယ်နေရာတွေကိုများ မထိသင့်တာလဲ။ ဆက်ကြည့်လိုက်ကြမလား။ ခန္ဓါကိုယ်ရဲ့ မထိသင့်တဲ့ အစိတ်အပိုင်းတွေက မျက်နှာ မျက်နှာကို တစ်နေ့တာမှာ မကြာခဏဆိုသလို ထိတွေ့တယ်ဟုတ်။ ဒါဆို ခုကစပြီး မထိမိအောင် စကြိုးစားပါတော့မျက်နှာကို လက်နဲ့ထိတာက မျက်နှာပေါ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သယ်ပို့လိုက်တာပါပဲ။ မျက်နှာမှာ ဓါတ်မတည့်တာတွေဖြစ်တယ်။ ဝက်ခြံတွေထွက်တယ်၊အသားအရေပြဿနာမျာတယ်ဆိုတာ မျက်နှာကို လက်နဲ့ခဏခဏထိနေလို့ပါ။ ထိဖို့တောင် မထိနဲ့ဆိုတော့ ကုတ်တာဖဲ့တာအတွက်ကတော့မေးနေစရာမလိုအောင်ကို နိုးပါနော်။ ပါးစပ် ပါးစပ်ထဲကို လက်ထည့်တတ်လား။ စဉ်းစားနေချိန်မှာ လက်သည်းကိုက်တာမျိုးလေ။ ဒါမှမဟုတ် သွားမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး လက်ချောင်းလေးတွေကို အလါယတကူသုံးတာမျိုးပေါ့။ ဒါမျိုးက တကယ်ကို အဆင်မပြေပါဘူးနော်။ လက်ချောင်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေက ပါးစပ်ကနေတဆင့် ဝမ်းထဲရောက်သွားပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။ အနာပေါက်ပွင့်နေတဲ့ အနာ ဒါကတော့ အထွေအထူးပြောနေစရာမလိုလောက်ပါဘူးနော်။ အနာကိုသေချာအောင်ကာကွယ်မှ ဘက်တီးရီးယားတွေလက်ကနေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကြောဆေး သွင်းကြဦးမလား

အကြောဆေး သွင်းကြဦးမလား ရပ်ကွက်ထဲက၊ရွာထဲက၊လမ်းထဲက ဆေးခန်းတွေမှာ ခေတ်စားတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ ကျွန်တော့်ကို/ကျွန်မကို အကြောဆေးလေးသွင်းပေးပါ၊ပုလင်းချိတ်ပေးပါ၊ဆေးရောင်စုံလေး လွှတ်ပေးပါတဲ့။ ဒါတွေဟာ လူနာပဲဖြစ်ဖြစ်၊ဆရာဝန်ပဲဖြစ်ဖြစ် ရင်းနှီးပြီးသား စကားတွေပါ။ တချို့ဆိုရင် အကြောဆေးလေးများ တလတခါလောက်မှ မ'လွှတ်'လိုက်ရရင် (မသွင်းလိုက်ရရင်) နေမထိထိုင်မသာဖြစ်ပြီး လက်က ကပ်သလိုလို၊ဇက်ကြောက တက်သလိုလို ဖြစ်လာတတ်တယ်လို့လည်း ဆိုပါသေးတယ်။ ဒီအကြောဆေးဆိုတာ ဘာလဲ၊ဘာတွေ ကောင်းကျိုးဆိုးပြစ်ရှိသလဲ၊ဘာလို့ ထိုးကြတာလဲ၊တကယ်ရော ထိုးဖို့ လိုအပ်ရဲ့လား အစရှိတဲ့ မေးခွန်းတွေရဲ့အဖြေကို ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ကြပါစို့။   အကြောဆေးဆိုတာ ဘာလဲ။ ဆေးခန်းတွေမှာ ဆေးထိုးတဲ့အခါ အသားဆေးနဲ့ အကြောဆေးဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်(ယေဘုယျလို့ ထည့်ပြောရတာဟာ အကြောလည်းမဟုတ်၊အသားလည်းမဟုတ်တဲ့ နေရာတွေကို ထိုးရတဲ့ ဆေးတွေရှိနေသေးလို့ပါပဲ။ ဒါပေမယ့် ဆေးပညာရှင်မဟုတ်တဲ့ သာမန်ပြည်သူအတွက်တော့ နှစ်မျိုးပဲသိရင် ရပါပြီ)။ လက်မောင်း (ဥပမာ သုံးလခံဆေး)၊ပေါင် (ဥပမာ ကလေးတွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံး ခြင်ဆေး ရွေးချယ်ကြမယ်

နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခု ပြောပြပေးချင်ပါတယ်။ ရာသီဥတုက မိုးတွင်းစပြီဆိုတော့ ခြင်တွေ ပိုများပြီး ခြင်ကိုက်ခံလာရတာပေါ့။ ခြင်ကိုက်တဲ့အခါ အရေပြားမှာ ယားယံမှုတွေဖြစ်မယ်၊ အဖုအပိမ့်တွေ ထမယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ခြင်တွေ ဆီကနေဇီကာ၊ ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေးလိုမျိုး ရောဂါတွေ ကူးစက်ခံရနိုင်ပါသေးတယ်။ နှစ်စဉ် ခြင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေကြောင့် ကမ္ဘာ့လူဦးရေ သန်း ၇၀၀ကျော် နီးပါး ဝေဒနာ တွေခံစားနေကြရပါတယ်။ ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ရှိပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးဖြစ်မယ့် နည်းလမ်းက ခြင်ဆေး သုံးရမှာပေါ့။ ခြင်ဆေးသုံးပေါ့ ဆိုပေမယ့် ဘယ်လို ခြင်ဆေးမျိုးက ပိုပြီး ထိရောက်မှု ရှိမလဲဆိုတာကတော့ စဉ်းစားရခက်တယ်နော်။ ခြင်ဆေးကို ဘယ်လိုများ ရွေးရမလဲ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း