အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပထမအကြိမ် အပျော်ခရီး စခန်းချသူများအတွက် မရှိမဖြစ် လိုအပ်သော အရာ ၁၀ ခု

ပထမဆုံးအကြိမ် အပျော်ခရီးစခန်းချခြင်းသည် အမှန် တကယ် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါသည်။ သို့သော် လည်း ပထမဆုံး အတွေ့အကြုံ ဖြစ်သည့်အတွက် အရေးပါ သောအရာများ ယူရန် မေ့နိုင်သည်။ အောက်ပါ ဆောင်းပါး တွင် ပထမအကြိမ် အပျော်ခရီး စခန်းချခြင်းအတွက် ယူရမည် ဖြစ်သော အကောင်းဆုံး အရာ ၁၀မျိုးကို ဖော်ပြထားပါသည်။   ရေကြောင်း၊ လေကြောင်းသွားလာခြင်း မြေပုံနှင့် သံလိုက်အိမ်မြှောင်သည် စခန်းချ အပျော်ခရီး အတွက် ယူရမည်ဖြစ်သော အရေးအကြီးဆုံး အရာများဖြစ် သည်။ သင်၏ တစ်ကိုယ်ရည်သုံး စမတ် ပစ္စည်းများကို အလွန် အားမကိုးပါနှင့်။ တစ်ခါတစ်ရံ သင်သွားမည့်နေရာသည် လျှပ်စစ်မရနိုင်ပါ။ အင်တာနက်နှင့် ဖုန်းလိုင်းလဲ မမိနိုင်ပါ။   နေရောင် ကာကွယ်ခြင်း စခန်းချ အပျော်ခရီးတွင် သင်သည် အပြင်မှာနေရမည်။ ထို့ကြောင့် နေကာမျက်မှန် ယူကိုယူရမည်။ […]


ရောဂါလက္ခဏာများ

ချွေးစေးထွက်ခြင်း နှင့် ညဘက်ချွေးထွက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတွေက ဘာတွေလဲ

ပူသော ရာသီဥတုတွင် သို့မဟုတ် အားကစားလုပ်ချိန်တွင် ချွေးထွက်ခြင်းသည် ခန္ဓာကိုယ်ကို အေးမြစေသည်။ သို့သော်လည်း စိုးရိမ်ပူပန်ခြင်း၊ အပြင်းအထန် နာကျင်ခြင်း စသော အရင်းခံ အကြောင်းရင်းများကြောင့် ချွေးထွက်သော အချိန် များလည်း ရှိသည်။ ထိုအခြေအနေကို ချွေးစေးထွက်ခြင်း ဟု ခေါ်သည်။ ချွေးစေးထွက်ခြင်း ဆိုတာ ဘာလဲ။ ခန္ဓာကိုယ် အပူချိန်မြင့်တက်လာပြီး အေးရန် လိုသော အချိန်များတွင် ပုံမှန်ချွေးထွက်ခြင်း ဖြစ်ပွားသည်။ သို့သော် ချွေးစေးထွက်ခြင်းသည် အရင်းခံ ကျန်းမာရေးပြဿနာများ ခံစားနေရသောကြောင့် ထွက်ခြင်းဖြစ်သည်။ တိုက်ခိုက်မလား ထွက်ပြေးမလား တုံ့ပြန်မှုကို ဖြစ်စေသော အရာရာသည် ချွေးစေးထွက်ခြင်းကို ဖြစ်စေနိုင်သည်။ ပြင်းထန်စွာ စိတ်ဖိစီးခြင်း စိုးရိမ်ပူပန်ခြင်း ကြောက်လန့်ခြင်း ချွေးထွက်ခြင်းသည် ညဘက်တွင် အဓိကဖြစ်ပါက ညဘက် ချွေးထွက်ခြင်းဟု ခေါ်သည်။ ချွေးစေးထွက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများ အလွန်အမင်း ချွေးထွက်ခြင်းကို […]


အခြေခံကျန်းမာရေး

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဓါတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာ ဘာလဲ။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများတွင် free radicals များကို တိုက်ထုတ်နိုင်သော စွမ်းရည်ရှိသည်။ Free radicals ဆိုသည် မှာ အတွဲမရှိသော အီလက်ထရွန်တစ်လုံး အနည်းဆုံး ပါဝင် သော အက်တမ် သို့မဟုတ် မော်လီကျူးများကို ခေါ်သည်။ ၎င်းတို့သည် အလွန် ဓါတ်သတ္ထု ကြွသည်။ ဓါတ်တိုးခြင်း ဖြစ်စဉ်အတွင်း ထို free radicals များသည် အဆီ၊ ပရိုတိန်း သို့မဟုတ် ဆဲလ်အမြှေး စသော အခြား မော်လီကျူးများမှ အီလက်ထရွန်များကို ဆွဲယူသည်။ ဓါတ်တိုးခြင်းသည် ဆဲလ် ပျက်စီးမှုကို ဖြစ်စေသည်။ အိုမင်းရင့်ရော်ခြင်းနှင့် ဆေးမတိုး သော ရောဂါများကို ဖြစ်စေသည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း များကို သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့နိုင် သည်။ ဖြည့်စွက်စာများမှလည်း ရနိုင်သည်။ […]


အခြေခံကျန်းမာရေး

ပန်းသီးအစေ့များတွင် ဆိုင်ယာနိုဒ် အဆိပ် ပါဝင်သည်။

လူတိုင်းနီးပါး ပန်းသီးကြိုက်ကြသည်။ ပန်းသီးမှာ မကြိုက် စရာ ဘာရှိလို့လဲ။ သူတို့သည် အရသာရှိပြီး free radicals များကို တိုက်ထုတ်ပေးသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ သို့သော်လည်း ချိုသော အသီးကိုစားပြီးပါက amygdalin ပါသော အနက်ရောင် အစေ့သေးများ တွေ့ပါ လိမ့်မည်။ Amygdalin သည် လူ၏ အစာခြေလမ်းကြောင်း ထဲရောက်သွားပါက အင်ဇိုင်းများနှင့် ဓါတ်ပြုပြီး ဆိုင်ယာနိုဒ် အဆိပ်ထွက်စေသည်။   ဆိုင်ယာနိုဒ်အဆိပ် ဆိုတာဘာလဲ။ ဆိုင်ယာနိုဒ်သည် သေစေတတ်ဆုံး အဆိပ်တစ်မျိုး ဖြစ်သည်။ စစ်သုံး ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး သေကြောင်း ကြံသော နည်းတစ်မျိုးလည်း ဖြစ်သည်။ ဆိုင်ယာနိုဒ်၏ ဒြပ်ပေါင်းများ ( amygdalin အပါအဝင်) ကို သဘာဝအားဖြင့် သစ်သီးအစေ့များတွင် တွေ့ရသည်။ ပန်းသီးအစေ့များကို အစာခြေအင်ဇိုင်းများ မဖောက်နိုင်သော မာသော […]


အခြေခံကျန်းမာရေး

သွေးအုပ်စုများ၊ သွေးအုပ်စုနှင့် ပင်ကိုယ်စရိုက် ဆက်စပ်မှု

သွေးအမျိုးအစားသည် ပင်ကိုယ်စရိုက် လက္ခဏာများ နှင့် ဆက်စပ်မှုရှိသည်ဟု ဂျပန်က ယူဆပြီး သွေးအမျိုးအစား လေ့လာမှုများကို ဂျပန်မှ အစပြုလုပ်ဆောင်လာသည်။ ယနေ့ခေတ်တွင် ဂျပန်အပြင် အခြားနိုင်ငံများမှ ထိုအယူအဆ အကြောင်း သုတေသနများ လုပ်ဆောင်နေပါသည်။ သွေးအမျိုးအစားသည် သင်၏ ပင်ကိုယ်စရိုက်ကို ဖော်ပြရုံ သာမက အချို့ရောဂါများ ရနိုင်ချေကိုပါ ဖော်ပြကြောင်း သိပ္ပံနည်းကျ ကောက်ချက်ချနိုင်ခဲ့သည်။ ထိုလေ့လာမှုများ စတင်ခဲ့သော ဂျပန်တွင် သင်၏ ဇီဝလက္ခဏာများသည် သင်၏ အလုပ်ကို လွဲချော်နိုင် စေသည်ဟု ယုံကြည်ကြသည်။ သင်သည် အလုပ်တစ်ခုတွင် အခြား အလုပ်များထက် ဘယ်လိုသင့်တော်သလဲ ဆုံးဖြတ် ပေးသည်ဟု ယုံကြည်ကြသည်။ အလုပ်ရှင်များသည် အလုပ် သမားများကို ရွေးချယ်ရန်၊ စစ်ဆေးရန် သွေးအမျိုးအစားကို အချက်အလက်တစ်ခုအဖြစ် အသုံးပြုသည်။ ကြင်ဖက်ရှာ ပေးသော ကိုယ်စားလှယ်များသည် […]


ဆေးစစ်ချက်များ

ဆရာဝန်မှ ရင်သားအား ကိုင်တွယ်စမ်းသပ်ခြင်း

ရင်သားအားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းအား အမျိုးသမီးတိုင်းသည် အိမ်မှာ မိမိဘာသာပြုလုပ်နိုင်သော်လည်းဆရာဝန်တစ်ယောက်၏ ရင်သားစစ်ဆေးမှုမှာ ဆေးပညာအရ ရင်သားအားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းဟုခေါ်ပြီး ကျန်းမာရေးကျွမ်းကျင်ပညာရှင်တစ်ဦးမှသာပြုလုပ်နိုင်သည်။ ထိုဆရာဝန်သည် ပုံမှန်မဟုတ်သောရင်သား၏ရောဂါ သတိပေးလက္ခဏာရပ်များကိုသိရှိနိုင်ရန်လည်းလေ့ကျင့်သင်ကြားခံထားရသူဖြစ်သည်။ ထိုရင်သားစမ်းသပ်စစ်ဆေးခြင်းသည် ရင်သားကင်ဆာကို စောစီးစွာစမ်းသပ်တွေ့ရှိနိုင်ရန်အရေးကြီးသည်။ မိန်းမတိုင်းသည် အမျိုးသမီးအထူးကုဆရာဝန်မှ ဖြစ်စေ မိသားစုဆရာဝန်မှဖြစ်စေ ထိုစစ်ဆေးမှုကို 1နှစ်(သို့)3နှစ်တိုင်း အသက်20မှ စ၍ခံယူသင့်ပြီး အသက်လေးဆယ်နှင့်အထက်ဖြစ်ပါက တစ်နှစ်တစ်ကြိမ်ခံယူသင့်ပါသည်။ ဆရာဝန်မှပြုလုပ်ပေးသောရင်သားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းအားမည်သည့်အချိန်တွင် ပြင်ဆင်ထားရမည်နည်း။ ရင်သားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းဖြင့် အကျိတ်လုံးအများစုကို တွေ့ရှိသွားနိုင်သော်လည်း အတွေ့ကြုံရှိဆရာဝန်၏စမ်းသပ်မှုမှတဆင့်သာ လူနာမှ မဖော်ပြထားသော သံသယရှိနိုင်သည့် ရောဂါနေရာနှင့် လက္ခဏာရပ်များကိုတွေ့ရှိနိုင်သည်။ အောက်ပါ အခြေအနေများတွေ့ရှိရပါက သင်သည် သင်၏ဆရာဝန်ကို ရင်သားစစ်ဆေးဖို့ပြင်ဆင်ပေးရန် အကြောင်းကြားသင့်ပါသည်။ သင်၏ရင်သားတွင် အကျိတ်တခုခုပေါ်လာခြင်း (သို့)ပြောင်းလဲမှုတခုခုဖြစ်နေခြင်း ဥပမာ ပုံစံပြောင်းနေခြင်း(သို့)နို့မှ ပုံမှန်မဟုတ်သော အရည်များထွက်နေခြင်း၊နို့သီးခေါင်းများချိုင့်ဝင်နေခြင်း။ (အချို့မိန်းမများတွင် နဂိုကတည်းက နို့သီးခေါင်းချိုင့်ဝင်နေတတ်ပြီး ထိုအရာမှာ ပုံမှန်ဖြစ်သည်။ သို့သော်သင်၏နို့သီးခေါင်းများတွင် နဂိုပုံမဟုတ်ပဲပြောင်းလဲမှုရှိပါက သင်၏ဆရာဝန်ကိုပြောပါ။) သင်၏ရာသီကြောင့်မဟုတ်ပဲရင်သားတစ်ဖက် (သို့) နှစ်ဖက်လုံးတွင် နာကျင်ခြင်း၊ကိုယ်ဝန်ရှိနေခြင်း၊နို့တိုက်ရခြင်း၊ရင်သား အစားထိုးထားခြင်း၊ရင်သား၏အသားစအားထုတ်ယူစစ်ဆေးထားရခြင်း၊ရင်သားကင်ဆာမျိုးရိုးရှိခြင်း စသည်ဖြင့် ဖြစ်ကြသည်။ ရင်သားအားစစ်ဆေးရန်အကောင်းဆုံးအချိန်မှာ သင်၏ရာသီပြီးပြီးချင်း 1ပတ်2ပတ်အကြာတွင်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်ရာသီလာနေစဉ်အတွင်းတွင် […]


ရောဂါလက္ခဏာများ

အလုပ်မှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်ကြောင်းပြတဲ့ လက္ခဏာ ၅ ခု

အကောင်းဆုံးအလုပ်တောင်မှ အားအင်ကုန်ခမ်း နွမ်းနယ်မှု (Burn-out) ကို ဖြစ်စေနိုင်ပါတယ်။ ပိုပြီး ကြိုးကြိုးစားစား လုပ်လေလေ၊ စိတ်အားထက်သန်မှု ပိုရလေလေ၊ သင့်ခေါင်းထဲကို ဝင်ရောက်လာဖို့ ပိုလွယ်ကူလေလေ ပါပဲ။ Burn-out ဆိုတာ သင့်ဆီမှာ ဘာမှပေးစရာ မကျန်တော့သလိုမျိုး ခံစားမှုပါ။ နာတာရှည် (chronic) Burn-out က ခံစားမှုနဲ့ဆိုင်တဲ့ ကိစ္စတွေ ဖြစ်စေနိုင်ပြီး သင့်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကျဆင်းစေပါတယ်။ သင် Burn-out ကို ကိုင်တွယ်ဖြေရှင်းမှု မလုပ်ခင်၊ ကြိုတင်ပြီး မကာကွယ်မှုတောင် မလုပ်ခင်၊ ဘယ်အချိန်မှာ ပြုလုပ်ရမလဲဆိုတာ သိအောင် သူ့ရဲ့ သတိပေး လက္ခဏာတွေကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ၁။ ကျန်းမာရေး ပြဿနာများ Burn-out မှာ သင့်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ဆံပင်အရောင်ကပြောပြတဲ့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး

သင့်ဆံပင်အရောင်ကို မယ်လနင်လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးက ဖန်တီးပေးတာဖြစ်ပြီး ဒီပစ္စည်းကို ဆံပင်အမြစ်ပိုင်းမှာရှိတဲ့ မယ်လနိုဆိုက်ခေါ် ဆဲလ်လေးတွေက ထုတ်လုပ်တာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဆံပင်အရောင်ဟာ အဲဒီလူရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး တစ်ခုခုပြောပြနိုင်လိမ့်မယ်လို့ လက်ခံယုံကြည်သူတွေ အများကြီးရှိပါတယ်။   အနီရောင်ဆံပင် ခရိုမိုဆုမ်းအမှတ် ၁၆မှာ သန္ဓေပြောင်းမျိုးဗီဇတစ်ခု ရှိနေတဲ့ အနီရောင်ဆံကေသာပိုင်ရှင်တွေဟာ အခြားသူတွေအမြင်မှာ အမြဲလိုလို စွဲမက်ဖွယ်ကောင်းနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဥရောပတိုက်သားတွေဟာ အနီရောင်ဆံကေသာကို တန်ဖိုးထားမြတ်နိုးကြသလို စကော့တလန်နဲ့ အင်္ဂလန်နိုင်ငံ လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းခန့်ဟာ ဆံပင်အနီရောင်ရှိသူတွေ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ အာရှဒေသ အချို့နေရာတွေမှာလည်း ရှားရှားပါးပါးဆိုသလို အနီရောင်ကေသာပိုင်ရှင်တွေ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယူကေနိုင်ငံမှာတော့ ဆံပင်အနီကို တန်ဖိုးထားစရာအဖြစ် မသတ်မှတ်ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ အနီရောင်ဆံပင်ကို ရမယ်ရှာပြီး အနိုင်ကျင့်ခံရ၊ စနောက်ခံရတာမျိုးတွေ ကြုံကြရလို့ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်ကာလတော်တော်ကြာတဲ့အထိ အနီရောင်ဆံပင်ကို မကောင်းဆိုးဝါးရဲ့ […]


အခြေခံကျန်းမာရေး

ကိုယ်နံ့ဆိုးတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ

ကိုယ်နံ့ဆိုးဆိုးထွက်ရခြင်းရဲ့ အဓိကတရားခံကတော့ သင့်ချွေးထဲမှာပါတဲ့ အက်ဆစ်ဓါတ်တွေကို ဖြိုခွဲနိုင်တဲ့ သင့်အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အရေပြားအတွင်းလွှာနဲ့ အဆီပြင်ကြားက ချွေးဂလင်းတွေ ဖွံ့ဖြိုးလာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအရွယ်မှာ ကိုယ်နံ့ထွက်တာကို စတင်ရင်ဆိုင်ကြရပါတယ်။ ဒီဂလင်းတွေကထွက်တဲ့ ချွေးဟာ ဖြိုခွဲရလွယ်ကူပြီး အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေက ချွေးပိုထွက်တဲ့အတွက် ကိုယ်နံ့ပိုထွက်လေ့ရှိပါတယ်။ ဘယ်အရာတွေက ကိုယ်နံ့ဆိုးဆိုး ထွက်စေသလဲ ကိုယ်နံ့ဆိုးစေတဲ့ အကြောင်းအရင်းတွေကတော့ ကိုယ်အလေးချိန်လခြင်း အပူအစပ်နှင့် အရက်သေစာသောက်စားခြင်း ဆေးဝါးများ (ဥပမာ စိတ်ကျဝေဒနာ သက်သာဆေး) ရောဂါများ (ဥပမာ သွေးချိုဆီးချို ဝေဒနာရှင်များ၏ ခန္ဓါကိုယ်မှ သစ်သီးနံ့ထွက်တတ်ပြီး၊ အသည်း၊ ကျောက်ကပ်ရောဂါ ရှိသူများမှာ အရောင်ချွတ်ဆေးကဲ့သို့ ကိုယ်နံ့ထွက်တတ်ပါတယ်) ချွေးထွက်ခြင်းဟာ ဘယ်အချိန်မှာ စိတ်ပူစရာ ဖြစ်လာမလဲ Hyperhidrosis လို့ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် ပုံမှန်ထက် ချွေးထွက်လွန်ကဲခြင်း၊ ခြေဆီထွက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အချို့သော ရှုးဖိနပ်တွေ၊ ခြေအိတ်တွေဟာ ခန္ဓါကိုယ်ကထွက်လာတဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မျက်ခုံးပုံဖော်ထိုးခြင်း၏ အကျိုးအပြစ်များ

မျက်ခုံးပုံဖော်ထိုးခြင်းဟာ အနောက်နိုင်ငံတွေမှာ အကြီးအကျယ်ရေပန်းစားလာတဲ့ အလှအပရေးရာ ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ မွေးရာပါ မျက်ခုံးမွှေးနဲ့မတူဘဲ ပိုထူ၊ ပိုထင်း၊ ပိုလှတဲ့ မျက်ခုံးပုံစံမျိုး ရရှိစေတဲ့အတွက် လူကြိုက်များရခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မျက်ခုံးပုံဖော်ထိုးခြင်းအကြောင်း သိကောင်းစရာတွေနဲ့ အားနည်းချက် အားသာချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ မျက်ခုံးပုံဖော်ထိုးခြင်းဟာ အလှအပရေးရာ စီးပွားရေးလုပ်ငန်းတွေ အားကောင်းတဲ့ အာရှဒေသကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မလေးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကနေ စတင်ခေတ်စားလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုအထိ ထိုးဖောက်နိုင်ခဲ့ပါတယ်။ မျက်ခုံးပုံဖော်ထိုးခြင်းကို 3D မျက်ခုံးထိုးခြင်း၊ မျက်ခုံးအရောင်သွင်းခြင်း၊ မျက်ခုံးတက်တူးထိုးခြင်း၊ မျက်ခုံးအနုစိတ်ပုံဖော်ခြင်း စသည်ဖြင့် အမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ ၁၉၆၀၊ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ခေတ်စားခဲ့တဲ့ နက်ပြာရောင်မင်နဲ့ မျဉ်းတစ်ဖြောင့်ထဲ ထိုးရပြီး အချိန်ကြာလာတာနဲ့အမျှ အရောင်ပြယ်လာတဲ့ မျက်ခုံးတက်တူးနဲ့ မတူဘဲ ခေတ်ပေါ်မျက်ခုံးပုံဖော်ထိုးခြင်းဟာ သင့်အသားအရောင်၊ ဆံပင်အရောင်နဲ့ လိုက်ဖက်မယ့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း