၁၂။ လက်သည်းပေါ်က အဖြူကွက်လေးတွေဟာ ကယ်လ်ဆီယမ်ချို့တဲ့လို ဖြစ်နေတာ မဟုတ်ပါဘူး။
လက်သည်းပေါ်က အဖြူကွက်လေးတွေ၊ အဖြူရောင်လိုင်းလေးတွေဟာ လက်သည်းကိုက်တဲ့အခါမျိုးကြောင့် ဖြစ်ပေါ်တဲ့ အသေးစားဒဏ်ရာလေးတွေကြောင့် ဖြစ်ရတာပါ။ ဒီအဖြူကွက်လေးတွေဟာ ပုံမှန်အားဖြင့် ဘာ အန္တရာယ်မှ မရှိဘဲ မကြာခင်မှာ ပြန်ပျောက်ကင်းသွားတတ်ပါတယ်။
၁၃။ စိတ်ဖိစီးမှုက လက်သည်း၊ ခြေသည်းတွေအပေါ်သက်ရောက်မှု ရှိပါတယ်။
စိတ်ဖိစီးမှုက သင့်ရဲ့ လက်သည်းတွေရှည်လျားနှုန်းကို နှေးကွေးစေပြီး ရှည်လျားနှုန်းကို ယာယီမျှ ရပ်တန့်သွားစေနိုင်ပါတယ်။ လက်သည်း၊ ခြေသည်းတွေ ပြန်လည် ရှည်လျားလာတဲ့ အခါမှာတော့ အလျားလိုက် အဖြူရောင်လိုင်းတွေ ဖြစ်ပေါ်လာတာကိုတွေ့ရမှာပါ။ ဒီအဖြူရောင်လိုင်းတွေက ပုံမှန်အားဖြင့် အန္တရာယ်မရှိဘဲ မကြာခင်မှာပဲ ပျောက်သွားတတ်ပါတယ်။
၁၄။ လက်သည်းကိုက်တဲ့အကျင့်က စိတ်လှုပ်ရှားတဲ့အတွက်ကြောင့် လုပ်မိတဲ့ အကျင့်တစ်မျိုး ဖြစ်ပါတယ်။
လက်သည်းကိုက်တတ်တဲ့ အကျင့်ကို onychophagia လို့ခေါ်ပြီး ရေရှည် ကျန်းမာရေး ထိခိုက်မှု ကို မဖြစ်စေပါဘူး။ ဒါပေမဲ့ ဒီလို လက်သည်းကိုက်တဲ့ အခါ လက်သည်းမှ ရောဂါပိုးမွှားများက ပါးစပ်ထဲရောက်နိုင်တဲ့ အတွက် တစ်ခါတစ်ရံမှာ ဖျားနားနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းနားတစ်ဂိုက်က ဒဏ်ရာ ရသွားတဲ့ အရေပြားတွေမှာလည်း ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ပါသေးတယ်။
၁၅။ အမြဲတမ်း လက်သည်း၊ ခြေသည်း ဆိုးဆေးတွေ မသုံးပါနဲ့။
လက်သည်းတွေ အမြဲတမ်း ကျန်းမာရေးကောင်းမွန်နေစေဖို့ လက်သည်းဆိုးဆေးတွေ၊ အရောင်တင်ဆေးတွေ၊ လက်သည်းအတုတွေကို အမြဲတမ်း မသုံးပါနဲ့။ ဒီလိုပစ္စည်းတွေကိုသုံးစွဲခြင်းနဲ့
ဖျက်ခြင်းတို့လုပ်တဲ့အခါ လက်သည်း၊ ခြေသည်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဒီလို ပစ္စည်းများကို အမြဲတမ်း မသုံးစွဲဘဲ မကြာခဏ နားပေးခြင်းဖြင့်လက်သည်း၊ ခြေသည်း တွေကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။
၁၆။ သင့် လက်သည်း၊ ခြေသည်း တွေရဲ့ အထူအပါးဟာ သင့်ရဲ့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။
လက်သည်း၊ ခြေသည်းတွေရဲ့ရှည်လျားနှုန်းနဲ့ တစ်ခြားသော ပုံပန်းသွင်ပြင်တွေဟာ သင့်ရဲ့ မျိုးရိုးဗီဇအပေါ် တစ်စိတ်တစ်ပိုင်းမှီခိုနေပါတယ်။ လက်သည်း၊ ခြေသည်းတွေရဲ့ ရှည်လျားနှုန်းနဲ့ တစ်ခြား ပုံပန်းသွင်ပြင်တွေကို သက်ရောက်နိုင်တဲ့ အကြောင်းအရာတွေကတော့ သင့်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေတို့ ဖြစ်ပါတယ်။
၁၇။ လက်သည်း၊ ခြေသည်းအရင်းရှိ အရေမာ အရစ် (ပန်းကုံး) ရဲ့ လုပ်ဆောင်ချက်။

လက်သည်း၊ ခြေသည်းအရင်းရှိ အရေမာ အရစ် (ပန်းကုံး) (cuticle) လေးတွေဆိုတာ လက်သည်း၊ ခြေသည်းတွေရဲ့ အရင်းပိုင်းက အရေပြား အမာလေးတွေကိုခေါ်တာ ဖြစ်ပါတယ်။ လက်သည်းတွေက အဲ့ဒီနေရာကနေပြီး စတင်ကြီးထွားလာတယ်လို့ထင်ရပေမဲ့ တကယ်တမ်းက လက်သည်းတွေ ကြီးထွားတဲ့ နေရာက အရေမာတွေထက် ပိုပြီး အတွင်းကျတဲ့နေရာမှာ ရှိပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ လက်သည်း၊ခြေသည်းနဲ့ အရေပြား အပေါ်ယံ အလွှားကြား ဧရိယာကို ဘတ်တီးရီးယားတွေ မဝင်လာအောင် တားဆီးပေးထားတာ ဖြစ်ပါတယ်။ ဒီ အရေမာ အရစ် (ပန်းကုံး) (cuticle) လေးတွေ ဟာ ရောဂါပိုးတွေကို တားဆီးပေးထားတဲ့ အရာ ဖြစ်တာကြောင့် ဒါတွေ ညှပ်ပစ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ဖို့ လိုပါတယ်။
၁၇။ တစ်ခြားနို့တိုက်သတ္တဝါတွေနဲ့ အဆင့်မြင့်ဆုံး နို့တိုက်သတ္တဝါတို့ရဲ့ လက်သည်းတွေက မတူကြပါဘူး။
လူအပါအဝင် အဆင့်မြင့်ဆုံး နို့တိုက်သတ္တဝါ (Primates) တွေမှာ တိရစ္ဆာန်တွေရဲ့ လက်သည်းခြေသည်းတွေလို မဟုတ်ဘဲ ပါးလွှာတဲ့ လက်သည်းခြေသည်းတွေ အပြင် လားမရာမတူတဲ့ လက်မ ပါဝင်နေပါတယ်။ ဒီလို လက်သည်းနဲ့ လက်မတွေကြောင့် အရာဝတ္ထုတွေကို ပိုပြီး ကိုင်ဆုပ်နိုင်စွမ်းကောင်းမွန်စေပါတယ်။
သင့်ရဲ့ လက်သည်းတွေဟာ သင်ရဲ့ ခန္ဓါကိုယ်ကျန်းမာရေးကို ပုံဖော်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးဆိုင်ရာ ရောဂါ တစ်ခုခု ခံစားနေရတဲ့ အခါ၊ အာဟာရချို့တဲ့တဲ့ အခါ၊ စိတ်ဖိစီးမှု များပြားတဲ့ အခါ လက်သည်းတွေက အရောင် ပြောင်းနိုင်လို့ပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ လက်သည်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်တာက အကောင်းဆုံးပါပဲ။ လက်သည်းကျန်းမာရေးအတွက်လုပ်ဆောင်သင့်တဲ့ အရာတွေကတော့-
လက်သည်း အလှပြင်ပစ္စည်းတွေကို ပိုးသတ်ထားပါ။ ( သင်အလှပြင်ဆိုင်တွေသွားရင်လည်း ပိုးသတ်ထားမှ အသုံးပြုပါ) လက်သည်းကိုက်တာမျိုး၊ ဝါးတာမျိုး မလုပ်ပါနဲ့။ လက်သည်းထိပ်တွေပဲ့နေပြီဆိုရင်လည်း ကိုက်ပြီး ဆွဲထုတ်တာမျိုး မလုပ်ဘဲ ပိုးသတ်ထားတဲ့ လက်သည်းညှပ်တွေကိုအသုံးပြုပြီး ဖယ်ရှားပါ။ Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။