အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးရှိ လူမှုကူညီရေးအသင်းများ   မအူပင်မြို့ (၁) ကရုဏာလူမှု့ကူညီရေးအသင်း Ph: 045-31126 မြို့လည်ပရိယတ္တိစာသင် တိုက်ဝန်း၊အမှတ်(၄) ရပ်ကွက်,မအူပင်မြို့၊ ဧရာဝတီတိုင်းဒေသကြီး   (၂) ၁၂ရပ်ကွက်နာရေးကူညီမူအသင်း Ph: 09250734200 မအူပင်မြို့/12ရပ်ကွက်/မြို့သစ်2လမ်း၊မအူပင် ဧရာဝတီတိုင်းဒေသကြီး   ချောင်းသာကမ်းခြေ စေတနာ့သွေး (သွေးလှူရှင်လူငယ်များ) Ph: 09422503759 ,0936264431,0925023592,0925301471 ချောင်းသာကမ်းခြေ/ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်ခွဲရုံး၊ရွှေသောင်ယံခွဲ၊ချောင်းသာကမ်းခြေ ရွှေသောင်ယံခွဲ ဧရာဝတီတိုင်းဒေသကြီး   ပန်းတနော်မြို့ (၁) အခမဲ့လူမူကူညီရေးအသင်း Ph: 09422553399 မြို့နယ်ပြည်သူ့ဆေးရုံ၊ ပန်းတနော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး   (၂) အရေးပေါ်လူနာတင် ယာဉ်ကူညီမှု အသင်း Ph :09250232141 ,09250232142 ပန်းတနော်မြို့ ဧရာဝတီတိုင်း။၊ပန်းတနော်မြို့ ဧရာဝတီတိုင်းဒေသကြီး   (၃) ရတနာပုံလူငယ်အဖွဲ့ Ph: 09250121929 ရတနာပုံ(၁)လမ်း၊အ နောက်ပိုင်းရပ်ကွက်၊ပန်းတနော်မြို့ ဧရာဝတီတိုင်းဒေသကြီး   မြန်အောင် (၁) လူငယ် အားမာန် Ph: 09784362185 ဘန်ဘွေးကုန်း၊မြန်အောင် ဧရာဝတီတိုင်းဒေသကြီး   (၂) ပါရမီ Ph: 0931531444 ဗောဓိပင်လမ်း သောကြာပတ်ဆွမ်းသင်း အနီး အမှတ် (၃)ရပ်ကွက်၊မြန်အောင် ဧရာဝတီတိုင်းဒေသကြီး   မော်လမြိုင်ကျွန်း အာရောဂျံ လူမှုကူညီရေးအသင်း Ph: 09422477789 မဟာဗန္ဓုလလမ်းမကြီး ၅လမ်းထိပ်၊မော်လမြိုင်ကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် (၁) မနောဖြူ လူမှုကူညီရေးအဖွဲ့ (ပုသိမ်) Ph: 098550754, 04232216 တိုက်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ရအက(၃)နယ်မြေ ပုသိမ်မြို့၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြေဖနောင့်ကွဲခြင်းနဲ့ ဆားရည်စိမ်ခြင်း

ခြေဖနောင့်ကွဲတာက များလာရင် နာကျင်တာတွေဖြစ်လာနိုင်သလို ဖနောင့်မှာ အစင်းကြောင်းရာတွေဖြစ်လာပြီး ကြည့်ရဆိုးစေပါတယ်။ခြေဖနောင့် ကွဲတာဖြစ်တဲ့အခါမှာဆေးတွေနဲ့ ကုသပြီးပျောက်ကင်းတာ ရှိသလို သဘာဝနည်းလမ်းလေးတွေသုံးပြီး လုပ်ဆောင်လို့ရတာလည်း ရှိပါတယ်။ ခြေဖနောင့်ကွဲခြင်းကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်း၊ ခြေဖနောင့်ကွဲခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများနဲ့ အိမ်တွင်းနည်းလမ်းလေးတွေထဲကမှ ဆားရည်စိမ်ခြင်းအကြောင်းကိုပြောပြမယ်နော်။ ခြေဖနောင့်ကွဲအက်ရတဲ့အကြောင်းရင်း အသားအရေခြောက်သွေ့ခြင်း အိုမီဂါ ၃ နဲ့ ဇင့်ဓာတ် လုံလုံလောက်လောက် မရရှိခြင်းေ နောက်ပိတ်ဖိနပ်အစီးများခြင်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ခြင်း ကိုယ့်ခြေထောက်နဲ့ မတော်တဲ့ခြေအိတ်တွေ ဝတ်ဆင်မိခြင်း ကိုယ်အလေးချိန်များခြင်း ဆီးချိုရောဂါရှိခြင်း ရာသီဥတု အရမ်းပူခြင်း တို့ဖြစ်ပါတယ်။ ခြေဖနောင့်ကွဲအက်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ ပျားရည် ပျားရည်က စိုစွတ်မှုကိုပေးစွမ်းနိုင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တာကြောင့်ခြေဖနောင့်ကွဲအက်ခြင်းတွေကို သက်သာစေပါတယ်။ ပျားရည်လေးတွေခြေဖနောင့်မှာ သုတ်လိမ်းပြီး အိပ်ပါ။ ဒါဟာ ဆိုင်တွေမှာ ပျားရည်နဲ့ပေါင်းတင်သလိုပါပဲ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ ခြေဖနောင့်ကွဲတာတွေ အတော်လေး သက်သာလာတာကိုတွေ့ရမှာပါ။ ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်ကတော့ ဆဲလ်သေတွေ ဖယ်ရှားပေးပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကြောဆေးသွင်းခြင်းနှင့် သတိပြုဖွယ်များ

ဖြစ်စဉ် (၁) ကိုထ ွန်းကျော်။ ကုန်ထမ်းရတာများသွားလို့ထင်သည်။ ညောင်းကိုက်သည်။ ပိုဆိုးသည်မှာ ကိုယ်လက်တွေ မသယ်ချင်လောက်အောင်ဖြစ်နေသည်။ လှုပ်ရှားရတာ အားနည်းသလို ဖြစ်နေတာ ၃-၄ ရက်ရှိပြီ။ အရင်က အလုပ်ပြန်လျှင်ပုံမှန်သောက်နေကျ အရက်လေး ၁ ပုလင်းလောက်သောက်လျှင် ပင်ပန်းတာ သက်သာသလို ဖြစ်သော်လည်း အားနည်းတာက အခုရက်ပိုင်း မသက်သာ။ ညနေတော့ အရက်မသောက်သေးဘဲ သူငယ်ချင်းညွှန်းသလိုလမ်းထိပ်ကဆေးခန်းမှာ အကြောဆေးဝင်သ ွင်းဦးမည်။ အိမ်ရောက်တာနဲ့ကိုထ ွန်းကျော်ဝင်အိပ်ဖြစ်သည်။ အကြောအားဆေးဝင်သ ွင်းလိုက်သော်လည်း သူများတေ ွပြောသလိုလန်းမသ ွား။ နောက်နေ့မနက်ထတော့ကိုထ ွန်းကျော်ခြေထောက်တေ ွ မလှုပ်နိုင်တော့။ လက်ကိုအားပြု ထမည်ကျန်တော့လည်း လက်ပါ ကောင်းကောင်းမလှုပ်နိုင်တော့။ သို့နှင့် ကိုထ ွန်းကျော်တစ်ယောက်အင်းစိန်ဆေးရုံရောက်လာသည်။ ဆရာဝန်တွေကတော့ ပိုတက်စီယမ် (potassium) ခေါ် သက်စောင့်ဓါတ်နည်းတာလို့ပြောသည်။ ဒီထက်နည်းလာရင်အသက်ရှူမရဖြစ်လာ၊ နှလုံးရပ်ပြီးသေတဲ့အထိဖြစ်လာနိုင်မည်ဟုပြောသည်။ ပြီးတော့အကြောဆေးသ ွင်းလိုက်သေးလားဟု […]


ရောဂါလက္ခဏာများ

အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉) ခု

နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ ပတ်ဝန်းကျင်မှာ အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာတွေ ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတွေကလည်း အများသားနော်။ ဒီလိုမျိုး ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေ များနေတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်လှုပ်ရှားနေရသူတွေ အနေနဲ့ ဖျားတာနာတာကို ကြုံတွေ့ရမှာကတော့ အသေအချာပါပဲ။ ဒီတော့ ဖျားနာတဲ့အခါမှာ အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉)ခုကို ဖော်ပြလိုက်ပါတယ်။ အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉) ခု သိပ်မဆိုးလာခင်မှာ ကြိုတင်ကာကွယ်ပါ။ ခန္ဓာကိုယ်မှာ ဖျားနာတဲ့ ဝေဒနာကို စတင်ခံစားရပြီလို့ ထင်တာနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ပါ။ ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေ စားပါ။ ဗီတာမင် စီ သောက်ပါ။ ရေများများသောက်ပါ။ နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ကိုယ်ခံအား ကောင်းစေဖို့အတွက် ကောင်းကောင်း အနားယူပေးပါ။ ဒီလိုတွေလုပ်ပေးတာက […]


ဆေးရုံနှင့် ဆရာဝန် အတွေ့အကြုံ

ဆေးခန်းပြရာဝယ် (၂)

ဆေးခန်းပြရာဝယ် (၂) ၄။ ဆေးခန်းသွားရင် ဘာတွေ ယူသွားရမလဲ။ လူနာတယောက်ကို ကုသတဲ့အခါ ရောဂါရာဇဝင်က အရေးကြီးသလို ဓါတ်ခွဲစမ်းသပ်မှုအဖြေတွေဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ဆေးခန်းသွားတဲ့အခါ အရင်အခေါက်တွေက ပြဖူးတဲ့ ဆေးစာအုပ်တွေ၊ဓါတ်မှန်ရိုက်ထားတာ၊သွေးစစ်ထားတာ၊Ultrasound (အရပ်အခေါ် တယ်လီဗေးရှင်းဓါတ်မှန်)ရိုက်ထားတာတွေကို ပြည့်ပြည့်စုံစုံ ယူသွားဖို့ လိုပါတယ်။ ဒါမှ ဆရာဝန်တောင်းတဲ့အခါ အဆင်သင့် အလွယ်တကူ ပြနိုင်မှာဖြစ်တဲ့အပြင် ကုသပေးသူ ဆရာဝန်အနေနဲ့လည်း ရောဂါအကြောင်းကို ပိုမိုပြီး လွယ်လင့်တကူ အကဲခတ်နိုင်မှာပဲ ဖြစ်ပါတယ်။   ၅။ ဆရာဝန်ကို ဘာတွေမေးရမလဲ၊ဘာတွေပြောပြရမလဲ။ ဒီနေရာမှာ သိထားသင့်တဲ့အချက်က ကိုယ့်အတွက်တော့ ဆရာဝန်တယောက်တည်းနဲ့ အလုပ်လုပ်နေရတာ ဖြစ်ပေမယ့် ဆရာဝန်ကတော့ လူနာအများနဲ့ အလုပ်လုပ်နေရတာပါ။ ဒါကြောင့် မိမိ(လူနာ)အတွက်လည်း အရေးကြီး၊ဆရာဝန်အတွက်လည်း (ရောဂါဖော်ထုတ်ကုသရာမှာ) အရေးပါတဲ့ အချက်လေးတွေကိုပဲ လိုတိုရှင်း ပြောဆိုမေးမြန်းဆွေးနွေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အရေးမကြီးတဲ့အချက်တွေကို ပြောပြီး အချိန်ဖြုန်းမယ်ဆိုရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးခန်းပြရာဝယ် (၁)

ဆေးခန်းပြရာဝယ် (၁) ဒီဖက်နှစ်တွေထဲမှာ လူမှုကွန်ယက်အပါအဝင် နေရာအတော်များများမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတခုက ဘာလဲဆိုတော့ ဆရာဝန်-လူနာ ဆက်ဆံရေးပြဿနာပါ။ တဖက်နဲ့ တဖက် နားလည်မှုလွဲလို့ ဖြစ်ကြတဲ့အပြင် တဖက်ဖက်က ချို့ယွင်းချက်လေးတွေရှိလို့ တက်ကြတဲ့ ပြဿနာလေးတွေလည်း ရှိနေပါတယ်။ ဘာပြဿနာမှ မရှိဘူးဆိုရင်တောင် နေထိုင်မကောင်းလို့ ဆေးခန်းသွားတဲ့အခါ ကိုယ့်ရောဂါအခြေအနေအကြောင်းကို လူတိုင်းသိချင်မှာ အသေအချာပဲမို့ ဒီဆောင်းပါးမှာ မျှဝေဆွေးနွေးသွားမယ့် အချက်လေးတွေကို ဖတ်ရှုပေးကြပါဦး။ တွေးစရာလေးတွေ၊အသိသစ်လေးတွေ ရသွားမှာပါ။   ၁။ ဆေးခန်း/ဆရာဝန်ကို သေချာစွာ ရွေးချယ်ပါ။ တချို့ဆေးခန်းကြီးတွေ၊ဆရာဝန်ကြီးတွေဟာ လူနာအလွန်များတာမို့ လူနာတဦးချင်းစီကို သေချာဂရုတစိုက် မေးမြန်းတာမျိုး မလုပ်နိုင်ကြပါဘူး။ ဒီလိုအခြေအနေမှာ အငြင်းပွားဖွယ် ပြဿနာတွေ အများဆုံးဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် ကလေးဆရာဝန်တွေမှာ အဓိကတွေ့ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ မိဘတိုင်းဟာ မိမိရဲ့ ရင်နှစ်သည်းချာရင်သွေးလေးကို ဆရာဝန်က ဂရုတစိုက် ကြည့်ရှုစစ်ဆေး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး

နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး ကျွန်တော်တို့ အားလုံး နေမကောင်းဖြစ်ဖူးပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားရင် နေမကောင်းဖြစ်ရင် အလေ့အထတစ်ခုအဖြစ် ကျွန်တော်တို့လုပ်မိနေတဲ့အမှားတွေရှိပါတယ်။ ၁။ စောင်အထူကြီးခြုံတာ၊ အက်ျီအနွေးထည် ထူထူဝတ်တာ။ နွေးနွေးထွေးထွေးနေမှရမယ်လို့ယူဆတာ။ ဒီအယူအဆက ဖျားတယ်ဆိုတာ ရာသီဥတုအေးလို့ဖြစ်ရတာဆိုတာကနေ လာပါတယ်။ တကယ်တော့ဖျားတယ်ဆိုတာ အများအားဖြင့်က ဗိုင်းရပ်စ်တစ်မျိုးမျိုးကြောင့်ဖြစ်တာဖြစ်ပြီး အေးတာနဲ့ တိုက်ရိုက်ကြီးမသက်ဆိုင်ပါဘူး။ တကယ်လို့ ဖျားနေတဲ့အချိန်မှာ ချမ်းနေလို့ဆိုရင်တော့ နွေးထွေးတဲ့အဝတ်အစားတွေဝတ်တာအဆင်ပြေပါတယ်။ ကျန်တဲ့အချိန်မှာတော့ သက်တောင့်သက်သာဖြစ်အောင် ဝတ်စားရင်ရပါပြီ။ ချွေးထွက်အောင်ဆိုပြီးအဝတ်အစားအထူကြီးတွေဝတ်တာက နဂိုမြင့်နေတဲ့ကိုယ်တွင်းအပူချိန်ကိုထပ်မြင့်စေနိုင်တဲ့အတွက် အန္တရာယ်ရှိတတ်ပါတယ်။ ဒါကြောင့် ဖျားပြီဆိုရင် သက်တောင့်သက်သာဖြစ်ရုံလောက်အဝတ်အစားဆိုရပါတယ်။ ၂။ ရေမချိုးတာ သန့်ရှင်းရေးမလုပ်တော့တာ။ ဖျားပြီဆိုတာနဲ့ မလုပ်ကြတော့တဲ့အရာတစ်ခုက ရေချိုးတာပါ။ အဖျားက အေးတာကြောင့်ဖြစ်တယ်လို့ ယူဆထားတော့ ရေချိုးတာက ပိုဆိုးစေနိုင်တယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ တကယ်က သက်ဆိုင်မှုမရှိပါဘူး။ ရေချိုးချင်စိတ်ရှိရင် ချိုးနိုင်ပါတယ်။ မထနိုင်လောက်အောင်ဖြစ်နေတယ်ဆိုရင်တော့ မချိုးသင့်ဘူးပေါ့။ နေမကောင်းတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ လန်းလန်းဆန်းဆန်းဖြစ်နေအောင် ရေချိုးတာက အဖျားတာတိုစေနိုင်ပါတယ်။ ၃။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား

မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား အားဆေးအဖြစ်သွင်းတဲ့ အကြောဆေးဆိုတာ ကျွန်တော်တို့နိုင်ငံက လူနာတော်တော်များများ ဆေးရုံဆေးခန်းသွားတဲ့အခါ…. မကြာမကြာပြောလေ့ရှိတာကတော့…. “ဆရာ.. ကျွန်တော်ခေါင်းမူးလို့ အကြောဆေးသွင်းချင်လို့” “ကျွန်မအားနည်းနေလို့ ဆလိုင်းချိတ်ပေးပါ” “ကျွန်တော်က တစ်လတစ်ခါ အကြောဆေးသွင်းနေကျ… မသွင်းရင် နေမကောင်းဘူး… ခု ဆေးသွင်းဖို့ ရက်ပြည့်နေပြီ ဆိုတော့ လုပ်ပေးပါဦးဆရာ” …. ဒီလိုတွေ ပြောပြီး အကြောဆေးသွင်းပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို တောင်းဆိုလေ့ရှိကြပါတယ်… ဆေးအနီလေးတွေ… အဝါလေးတွေ အကြောထဲဝင်သွားတာ… ပုလင်းကြီးထဲကဆေးရည်တွေ တစက်စက်ကျတာကို မြင်နေ ရရင်ပဲ သဘောကျကြသူအများသား။ ကိုယ်လက်ကိုက်ခဲရင် အကြောဆေးထိုး… ခေါင်းမူးခေါင်းကိုက်ရင် အကြောဆေးထိုး ကြ… အိပ်ရေးပျက်ရင်လည်း အကြောဆေးထိုးကြတယ်။ ထိုးပေးဖို့လည်း တောင်းဆိုကြတယ်။ အကြောဆေးမထိုးရင်ဘဲ ရောဂါမပျောက်သလို ထင်ကြတာလဲရှိ…အကြောဆေးထိုးတာကို စွဲနေသူတွေတောင်ရှိကြပါတယ်..။ တကယ်တော့ အကြောဆေးထဲမှာ ဂလူးကို့စ်အရည်နဲ့ ဗီတာမင် ဘီ ဒါမှမဟုတ် ဗီတာမင်စီနည်းနည်းပဲပါတာပါ..။ ပုလင်း ကြီးချိတ်တယ်ဆိုတဲ့ […]


အခြေခံကျန်းမာရေး

Benign essential tremor (တုန်ခါခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်။Essential tremor ဆိုတာဘာလဲ။ Essential tremorဆိုသည်မှာ ခန္ဓါကိုယ်ရှိအစိတ်အပိုင်းများတွင် ထိန်းမရအောင်တုန်ခါမှုနေစေသည့် အာရုံကြောရောဂါတခုဖြစ် သည်။ အဖြစ်များသောအစိတ်အပိုင်းများတွင် လက်များ၊လက်မောင်း၊ခေါင်း၊အသံအိုး၊လျှာနှင့်မေးစေ့တို့ပါဝင်သည်။ ခန္ဓါကိုယ်အောက်ပိုင်းတွင် ဖြစ်ပွားခဲသည်။ ထိုရောဂါသည် အသက်ဘေးရန်ကိုမထိခိုက်စေသော်လည်း အချိန်ကြာလာသည်နှင့်အမျှပိုဆိုးလာတတ်သည်။ တခါတရံတွင် ပါကင်ဆန် ရောဂါနှင့်မှားယွင်းနိုင်သည်။ Essential tremor ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အမေရိကန်ရှိ လူဆယ်သန်းမှာ ဒီရောဂါရှိပါတယ်။ အဖြစ်များဆုံးသောရောဂါတခုဖြစ်ပါတယ်။ အသက်အရွယ်မျိုးစုံမှာ ဖြစ်ပွားနိုင်ပေမယ့်မြှီးကောင်ပေါက်အရွယ်(သို့)အသက်40-50များတွင် ပထမဦးဆုံးအကြိမ်အဖြစ်မကြာခဏဖြစ်ပွားနေတာတွေ့ရပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။Essential tremor ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Essential tremor ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ယာယီမျှ ထိန်းချုပ်မရအောင် တုန်နေခြင်း အသံတုန်ခြင်း ခေါင်းတဆက်ဆက်ငြိမ့်သွားခြင်း စိတ်ပိုင်းဆိုင်ရာဖိစီးမှုများချိန်တွင် ပို၍ဆိုးဝါးစွာ တုန်ခါခြင်း မိမိမှ စိတ်သဘောဆန္ဒဖြင့်လှုပ်ရှားလိုက်လျှင်ပို၍ဆိုးဝါးစွာ တုန်ခါလာခြင်း ထိုသို့တုန်ခါမှုများသည်နားလိုက်လျှင်သက်သာသွားခြင်း မိမိကိုယ်ကို ငြိမ်အောင်မထိန်းနိုင်ခြင်း(ရှားပါးသည်) အလိုလို ခေါင်းငြိမ့်ခြင်း (သို့)ခေါင်းခါခြင်း စိတ်ဖိစီးမှု၊ပင်ပန်းနွမ်းနယ်ခြင်း၊ကဖီးန်ဓါတ်(သို့)အစွန်းရောက်နေသော အပူချိန်များကြောင့်လည်း ပိုမိုဆိုးဝါးစေနိင်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ […]


ရောဂါလက္ခဏာများ

Water retention (ဖောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်။Water retention ဆိုတာဘာလဲ။ Water retention ဆိုသည်မှာ ခန္ဓါကိုယ်ရှိ သွေးလည်ပတ်မှုစနစ်၊ တစ်ရှူးများ၊ သို့မဟုတ် အခေါင်းပေါက်နေရာလေးများထဲတွင် အရည်များ ပိုလျှံစုပုံလာခြင်း ဖြစ်ပါတယ်။ ဖေါခြင်း ဟုလည်းခေါ်ကြပါတယ်။ ခန္ဓါကိုယ်ရဲ့ မည်သည့်နေရာတွင်မဆို အကြောင်းအမျိုးမျိုးကြောင့် ဖေါနိုင်ပါတယ်။   Water retention ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။Water retention ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Water retention ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရည်များစုပြုံနေသော ခန္ဓါကိုယ်၏ အစိတ်အပိုင်း များ တွင် ဖေါင်းကားလာပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။     ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ (ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ (တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း