backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံး ခြင်ဆေး ရွေးချယ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံး ခြင်ဆေး ရွေးချယ်ကြမယ်

နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခု ပြောပြပေးချင်ပါတယ်။ ရာသီဥတုက မိုးတွင်းစပြီဆိုတော့ ခြင်တွေ ပိုများပြီး ခြင်ကိုက်ခံလာရတာပေါ့။ ခြင်ကိုက်တဲ့အခါ အရေပြားမှာ ယားယံမှုတွေဖြစ်မယ်၊ အဖုအပိမ့်တွေ ထမယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ခြင်တွေ ဆီကနေဇီကာ၊ ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေးလိုမျိုး ရောဂါတွေ ကူးစက်ခံရနိုင်ပါသေးတယ်။ နှစ်စဉ် ခြင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေကြောင့် ကမ္ဘာ့လူဦးရေ သန်း ၇၀၀ကျော် နီးပါး ဝေဒနာ တွေခံစားနေကြရပါတယ်။ ခြင်အန္တရာယ်က ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ရှိပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးဖြစ်မယ့် နည်းလမ်းက ခြင်ဆေး သုံးရမှာပေါ့။ ခြင်ဆေးသုံးပေါ့ ဆိုပေမယ့် ဘယ်လို ခြင်ဆေးမျိုးက ပိုပြီး ထိရောက်မှု ရှိမလဲဆိုတာကတော့ စဉ်းစားရခက်တယ်နော်။ ခြင်ဆေးကို ဘယ်လိုများ ရွေးရမလဲ စဉ်းစားရကြပ်နေရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ခြင်ဆေး မရွေးခင် သိထားသင့်တဲ့ အရာတွေက

ခြင်ဆေး၊ အင်းဆက်တွေကို နှိမ်နှင်းပေးတဲ့ဆေးတွေ ရွေးချယ်တဲ့အခါ အခုပြောပြမယ့် အချက်လေးတွေကို ကြည့်ပြီးရွေးချယ်ရင် ပိုအဆင်ပြေမှာပါ။

DEET

ခြင်ဆေးတွေ နဲ့ ပိုးသတ်ဆေးအများစုမှာ အဓိကပါဝင်နေတဲ့ ဓာတု ပိုးသတ်ဆေးတစ်မျိုးပါ။ ဒီဓာတုပိုးသတ်ဆေးက အခြားပိုးသတ်ဆေးတွေထက် ပိုပြီးထိရောက်မှုရှိပါတယ်။ခြင်ကိုက်မခံရအောင်ကာကွယ်မှုပိုကောင်းပြီး အချိန်တော်တော်ကြာတဲ့အထိခြင်နဲ့အင်းဆက်တွေအန္တရာယ်ကနေကာကွယ်ပေးပါတယ်။

Permethrin

Permethrin ကလည်း ပိုးသတ်ဆေးတစ်မျိုးပါပဲ။ လူ့အသားအရေမှာ အသုံးပြုဖို့အတွက် စိတ်ချရတဲ့အဆင့်တော့မဟုတ်ပါဘူး။ ဒီဆေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ အဝတ်တွေ၊ခြင်ထောင်နဲ့ အခြားသောအရာတွေမှာ စွတ်ပြီး အသုံးပြုတာကောင်းပါတယ်။ အသားအရေမှာ တိုက်ရိုက်အသုံးမပြုသင့်ပါဘူး။ ခြင်အန္တရာယ်ကနေတော့ အပြည့်အဝ ကာကွယ်ပေးနိုင်တာပါ။

Picaridin

ဒီပိုးသတ်ဆေးက ငှက်ဖျားရောဂါသယ်ဆောင်တဲ့ခြင်တွေကို ထိထိရောက်ရောက်နှိမ်နှင်းနိုင်ပါတယ်။ အင်းဆက်တိုင်းကိုတော့ နှိမ်နှင်းပေးနိုင်စွမ်းမရှိပါဘူး။ DEET နဲ့မတူတာတစ်ခုက Picaridin ကအနံ့ မရှိပါဘူး။

Citronella

Citronella ကို နှစ်အတော်ကြာအတွင်း အကြိမ်များစွာလေ့လာခဲ့ပါတယ်။ ဒါက အခြား အရာတွေလောက် အစွမ်းမထက်ပေမယ့် သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတာဖြစ်တာကြောင့် အရေပြားပေါ်မှာ အသုံးပြုလို့ရပါတယ်။ အချိန်အကြာကြီးတော့မခံဘူးပေါ့။ မိနစ် ၃၀ ကနေ အများဆုံးမိနစ် ၆၀ အထိပဲအစွမ်းရှိပါတယ်။

PMD

ဒါက သဘာဝပစ္စည်းတစ်မျိုးပါ။ West Nile virusကို သယ်ဆောင်ထားတဲ့ခြင်တွေကို နှိမ်နှင်းပေးနိုင်စွမ်းရှိပါတယ်။ ၆ နာရီကြာ ခြင်ကိုက်မခံရအောင်ကာကွယ်ပေးနိုင်ပြီး အသားအရေမှာပါ အသုံးပြုလို့ရတဲ့အထိ ဘေးကင်းတဲ့ ခြင်နှိမ်နှင်းရေးဆေးတစ်မျိုးပါ။

Dimefluthrin

ခြင်ရော အင်းဆက်တွေကိုပါ နှိမ်နှင်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခြင်နဲ့အင်းဆက်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အသုံးပြုနိုင်သလို နှိမ်နင်း ထိန်းချုပ်ဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ လူ့အရေပြားမှာ တိုက်ရိုက်အသုံးပြုလို့မရပေမယ့် နေအိမ်အတွင်းပိုင်းမှာရော၊ အပြင်ဘက်မှာပါ အသုံးပြုလို့ရပါတယ်။

ခြင်ဆေး ရွေးတဲ့အခါ အခုပြောခဲ့တဲ့ အရာတွေပါဝင်တာကိုရွေးချယ်တာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါပေမယ့် တစ်ခုအမြဲတမ်းသတိထားရမှာက ဒီပစ္စည်းတွေရဲ့ အချိုးအစားက အရမ်းနည်းလွန်း အရမ်းများလွန်းရင် မကောင်းပါဘူး။ အရမ်းနည်းလွန်းရင် ခြင်ဆေးက အကျိုးအာနိသင်မရှိသလို အရမ်းများလွန်းရင်လည်း လူအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement