အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ

လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ က ဘာတွေလဲဆိုတာကို သိပြီးပြီလား ....လူတော်တော်များများ နေ့စဉ်လုပ်ဆောင်နေရတဲ့ နိစ္စဓူဝ ကိစ္စတွေထဲမှာ အလှအပအတွက် မသင့်လျော်တဲ့ အမှားများစွာ ပါဝင်နေပါတယ်။ ဒီလို အမှားတွေကို ကိုယ်တိုင်က ပိုလှချင်လို့လုပ်ဆောင်လိုက်ပေမဲ့ နည်းစနစ်မမှန်တဲ့အခါမှာ ကိုယ့်ကျန်းမာရေးကို ထိခိုက်တာပဲ အဖတ်တင်ပါတယ်။ အခု ဒီဆောင်းပါးထဲမှာတော့ Hello ဆရာဝန် ပရိတ်သတ်တွေအတွက် လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို လုပ်မိနေတယ်ဆိုရင် အကောင်းဆုံး သတိထားပြီးပြင်ဆင်လိုက်မယ်ဆိုရင် ကျန်းမာရေးနဲ့လည်း လျော်ညီတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်လာကြမှာ ဖြစ်ပါတယ်။ လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ လူအများစု မှားနေကြတဲ့ အလှအပဆိုင်ရာ အလွဲလေးများ ကတော့ ၁။ ဆံပင်ခြောက်သွေ့လျက်နဲ့ ရေကူးခြင်း။ ရေကူးကန်တွေမှာ ရေကို သန့်ရှင်းစေရန်အတွက်ထည့်ထားရတဲ့ […]


အခြေခံကျန်းမာရေး

Body Language တွေရဲ့ အဓိပ္ပါယ်က ဘာလဲ

အချိန်တော်တော်များများမှာ ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ (Body Language) တွေဟာ စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ ကိုယ်ပေးချင်တဲ့ Message ကိုပေးနိုင်စွမ်းရှိကြပါတယ်။ တစ်ခါတစ်ရံမှာ သင့်ရဲ့ ကိုယ်လက်အမူအရာတွေက သင်ကိုယ်တိုင်က ထုတ်မပြချင်ပေမဲ့ သင်ကိုယ်တိုင်တောင်မသိလိုက်ဘဲ တစ်ခြား သူတွေကို သွားပြောနေတတ်ပါတယ်။ နာမည်ကျော်ကြားသူတွေ၊ ဟောပြောသူတွေဟာ Body Language တွေရဲ့ အစွမ်းကို ကောင်းကောင်းကြီးနားလည်တတ်ကြပါတယ်။ လေ့လာချက်တွေအရာတွေ Body Language တွေဟာ သင်ပြောချင်တဲ့ Message ရဲ့ တန်ဖိုးကို ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အခုဒီဆောင်းပါးလေးထဲမှာတော့ Hello Sayarwon ပရိတ်သတ်များအတွက် လူတော်တော်များများ အသုံးပြုနေကြတဲ့ Body Language တွေရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ နှုတ်ခမ်းကို လျှာဖြင့်လျက်ခြင်း။ မနက်ပိုင်း သင်ဟာ နေ့လည်စာစားဖို့အကြောင်းတွေးမိတဲ့အချိန်မှာပဲ […]


အခြေခံကျန်းမာရေး

ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများ

ကားမူးတယ် (Motion sickness) ဆိုတာ ဖြစ်လာချိန်မှာတကယ်ကိုခံစားရခက်တဲ့ဝေဒနာပါပဲ။ ခရီးမကြာခဏသွားတတ်သူတွေအဖို့ ဒီလိုဖြစ်တတ်တယ်ဆိုရင်အမြဲအခက်ကြုံနေရမှာပါ။ အဝေးပြေးကား၊ သင်္ဘော၊လေယာဉ်တို့တင်မကဘဲ ဘတ်စ်ကားစီးရင်းဖြစ်တတ်သူတွေလည်းရှိပါတယ်။ တချို့ဆို ကစားကွင်းမှာ ယာဉ်တစ်ခုခုအပျော်စီးရင်းတောင် မူးပြီးအန်တတ်ကြပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်တဲ့အတိုင်း ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓါရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေတာဖြစ်ပါတယ်။ ဘယ်သူတွေမှာပိုဖြစ်တတ်သလဲ အသက် ၂ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးတွေနဲ့ ကိုယ်ဝန်ရှိသူတွေ မှာပိုခံစားရလေ့ရှိပါတယ်။ စိတ်ပူပန်မှုနဲ့ကြောက်စိတ်ပြင်းထန်ခြင်း စီးနင်းလာတဲ့ယာဉ်အတွင်း လေဝင်လေထွက်မကောင်းခြင်း(လှောင်ပိတ်နေခြင်း) အနောက်ဘက်ခြမ်းမှာထိုင်ရခြင်း သို့မဟုတ် ပြတင်းပေါက်ကိုမမြင်ရခြင်း ကားမူးတဲ့အခါ မအီမသာဖြစ်တာ၊ခေါင်းနောက်ပြီးပျို့အန်တာတွေကတော့ အဖြစ်များဆုံးလက္ခဏာတွေပါ။ ချွေးစေးတွေထွက်တာ၊ ခေါင်းကိုက်တာတွေလည်းဖြစ်ပါတယ်။ ကားမူးတာကို ကာကွယ်နိုင်ဖို့အတွက် ခရီးမထွက်ခင် ကောင်းမွန်စွာ အနားယူထားပါ။ အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ခရီးတော့ သွားချင်ပါရဲ့။ ကားမူးလွန်းလို့ ခရီးသွားဖို့ ကြောက်နေတယ် ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါလို့ ပြောပါရစေ။ ကားမူးတာက ခံစားရခက်တဲ့ ဝေဒနာ တစ်ခုပါ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင် အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရပြီလေ။ ပျော်ရွှင်ရတဲ့ ခရီးစဉ် တစ်ခု ဖြစ်စေဖို့ ဒီ ဆောင်းပါးကတဆင့် အကူအညီပေးပါရစေ။ ကဲ ..... ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။ ကားမူးရင် ဘယ်လိုခံစားရလဲ ကားမူးတယ် ဆိုတာက ကားစီးမှ မူးတာ မဟုတ်ပါဘူး။ လေယာဉ် စီးရင် ဖြစ်ဖြစ်၊ ရထား စီးရင်း ဖြစ်ဖြစ်၊ သင်္ဘော စီးရင်း ဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလို ဖြစ်လာတဲ့ အခြေအနေကို ခေါ်တာပါ။ အတိအကျ ပြောရရင်တော့ ခရီးသွားစဉ် […]


ကျန်းမာရေး သတင်းများ

လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား

လက်ထပ် ထိမ်းမြားခြင်းရော၊ ကွာရှင်း ပြတ်စဲခြင်း ရောဟာ ကိုကို မမ ဦးဦး ဒေါ်ဒေါ် တို့ကို ဝိတ် အတက်အကျ ဖြစ်စေ နိုင်တဲ့ အကြောင်းအရင်းတွေ ထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ စစ်တမ်းတွေ အရတော့ လက်ထပ်ထိမ်းမြား ပြီးရင် ဝိတ်တက် လာလေ့ ရှိတာက မိန်းကလေးတွေ ဖြစ်ပြီး ယောကျာ်းလေးတွေ ကတော့ ကွာရှင်း ပြတ်စဲပြီးနောက်မှာ ဝိတ်တက်တာတွေ ပို ဖြစ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါဆို တကယ်ပဲ လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား ဆိုတာ ကြည့်လိုက် ရအောင်နော်။ လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား ဆိုတော့ အသက်အရွယ် ငယ်တဲ့ သူတွေမှာ ဒီ အဖြစ်အပျက်မျိုး […]


အခြေခံကျန်းမာရေး

ဆေးမသောက်ခင် အစားတစ်ခုခုစားပါလို့ ပြောရတဲ့အကြောင်းက

ကိုယ်လက်တွေ ကိုက်လိုက်တာ။ခေါင်းထဲကတစစ်စစ်ကိုက်နေလို့ ဗိုက်အောင့်လို့ သွားကိုက်လို့၊နေထိုင်မကောင်းလို့ သက်သာသွားအောင်ဆေးသောက်လိုက်ရင်ကောင်းမယ်နော်။ အင်း ...ဆေးမသောက်ခင် တစ်ခုခုတော့စားဦးနော်၊ လို့ပြောတာကိုငယ်ငယ်ကတည်းက ကြားဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို သိတဲ့သူလည်းရှိမှာပါ။ အချို့ကတော့လည်း လုပ်ရိုးလုပ်စဉ်တစ်ခုလိုလုပ်နေကြတာ ရှိပါတယ်။ ဘာကြောင့်ဆေးမသောက်ခင်တစ်ခုခုစားခိုင်းရတာလဲ။ ဒီဆောင်းပါးလေးထဲမှာကြည့်လိုက်နော်။ အစားတစ်ခုခုစားပြီးမှဆေးသောက်သင့်ရတဲ့ အကြောင်းအရင်းက ဆေးတိုင်းကို အစားတစ်ခုခုစားပြီးမှသောက်သင့်တယ်ရယ်တော့ မဟုတ်ပါဘူး။ အချို့ဆေးတွေကတော့ အစားမစားခင်သောက်ဖို့လိုပါတယ်။ ဒါပေမယ့်ဆေးအများစုကတော့ အစားတစ်ခုခုစားပြီးမှသောက်တာ အကောင်းဆုံးပါ။ ဒီအချက်တွေကြောင့် အစားစားပြီးမှဆေးသောက်ခိုင်းရတာပါ။ ဆေးအရှိန်ကြောင့် မအီမသာဖြစ်တာအော့အန်တာတွေ မဖြစ်စေဖို့ - ခန္ဓါကိုယ်မှာ မအီမသာဖြစ်ေစနိုင်တဲ့ဆေးတွေ၊အော့အန်တာကိုဖြစ်စေတဲ့ဆေးတွေ၊ဆေးအာနိသင်ပြင်းတဲ့ဆေးတွေကိုတော့ အစားတစ်ခုခုစားပြီးမှသောက်သင့်ပါတယ်။ အစာအိမ်ထဲကလအောင့်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ဖို့ - အချို့ဆေးတွေက ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်စေနိုင်ပေမယ့် အစားတစ်ခုခုစားပြီးမှ သောက်မယ်ဆိုရင် ဒီလိုဖြစ်နိုင်ခြေ လျော့သွားစေနိုင်ပါတယ်။ ဆေးမသောက်ခင် သိပ်အများကြီးမဟုတ်ရင်တောင် ဘီစကစ်လေးဖြစ်ဖြစ်၊ အသားညှပ်ပေါင်မုန့်လေးတစ်ခုလောက်ဖြစ်ဖြစ် ၊ခေါက်ဆွဲပြုတ်လေးနည်းနည်းလောက်ဖြစ်ဖြစ် စားလိုက်ပါ။ ရင်ပူတာ ၊စားချဉ့်ပြန်တာတွေ ဖြစ်မလာစေဖို့ -နေထိုင်မကောင်းတဲ့အခါ သောက်ရတဲ့ အချို့ဆေးတွေက ရင်ပူတာ နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား

ခန္ဓာကိုယ် တကိုယ်လုံး အနှိပ်ခံတာကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တစ်နေ့တာ ညောင်းညာမောပန်းသမျှကို ပြေလျှော့ဖို့ တော်တော်များများကတော့ အနှိပ်ခံကြပါတယ်။ အိမ်မှာရှိတဲ့သူတွေကို နှိပ်ခိုင်းတာပဲဖြစ်ဖြစ်၊ Spa မှာ နှိပ်တာပဲဖြစ်ဖြစ် နည်းမှန်လမ်းမှန် နှိပ်မယ်ဆိုရင် ကျန်းမာရေးကို အကျိုးပြုပါတယ်။ အကြော၊ အရိုးတွေ မထိခိုက်အောင်တော့ နှိပ်နယ်ပေးဖို့ လိုပါတယ်နော်။ တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေလည်း ပေးစွမ်းနိုင်ပါသေးတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုသလဲ (၁) ခန္ဓာကိုယ် တကိုယ်လုံးကို စနစ်တကျ နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေ ကောင်းမွန်စေဖို့၊ အောက်ဆီဂျင်နဲ့ တခြားအာဟာရတွေ ကြွက်သားတွေဆီ ရောက်ရှိစေဖို့ သွေးလည်ပတ်မှု ကောင်းအောင်လည်း အထောက်အကူပြုပါသေးတယ်။ (၂) နှိပ်နယ်ခြင်းက ခန္ဓာကိုယ်ထဲကို ရောဂါတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း (၇) ခု

လူရယ်လို့ ဖြစ်လာရင် ဖျားတာ၊နာတာ၊ ထိတာခိုက်တာကတော့ ရှိမှာပါ။ ဖျားတဲ့အခါ နေ့စဉ် လုပ်ဆောင်နေကျ အလုပ်တွေမှာ ထိခိုက်မှု ဖြစ်လာစေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုတွေ ဖြစ်မလာစေဖို့အတွက် ဖျားနာတာမျိုး မဖြစ်အောင် ဂရုစိုက်တဲ့ ကြားကပဲ ဖျားနာမှု ဖြစ်လာခဲ့ရင် အဖျား မြန်မြန်ပျောက်ချင်ကြမယ် ထင်ပါတယ်။ ဒီလိုမျိုး ဖျားနာမှုတွေ ဖြစ်လာတဲ့ အခါ အဖျားမြန်မြန်သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေက ဖျားနာမှုတွေ ဖြစ်တိုင်း ဆေးခန်းသွားဖို့ မလိုအပ်ပါဘူး။ နေအိမ်မှာပဲ အဖျား ကျသွားအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ (၁) ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ - ဖျားနေတဲ့အခါ ရေမချိုးရဘူးလို့ ယူဆနေကြတာ များပါတယ်။ ဒီအယူအဆက အပြည့်အဝတော့ မမှန်ပါဘူး။ ဖျားတဲ့အခါ ကိုယ်အပူချိန် ကျသွားစေဖို့အတွက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်ရှိသူလေးတွေသာရနိုင်တဲ့ ကောင်းကျိုးတွေ

အပြင်ကနေ အိမ်ပြန်ရောက်လို့ ဘယ်သူစောင့်စောင့်၊ မစောင့်စောင့် သူတို့ကတော့စောင့်တယ်နော်။ ဘာတွေပဲဖြစ်နေဖြစ်နေ ဝမ်းပန်းတသာနဲ့ကြိုတတ်တာက သူတို့လေးတွေပါပဲ။ ဘယ်အခြေအနေမှာဖြစ်ဖြစ် မလျှော့တဲ့အချစ်တွေနဲ့ ချစ်တတ်သူတွေပေါ့။ အပျင်းပြေရုံတင်မဟုတ် သူတို့ကြောင့်ပါ ခွန်အားတွေရသေးတယ်နော်။ အိမ်နားရောက်တာနဲ့ ကြိုဖို့ အသင့်ဖြစ်နေတဲ့ အသည်းကျော်လေးတွေ ပိုင်ဆိုင်ထားတာကလည်း ဘဝရဲ့ပျော်စရာတွေထဲကတစ်ခုပါ။ စိန်ခေါ်မှုများစွာနဲ့ ဘဝကိုအကောင်းဆုံးကျော်ဖြတ်နေရချိန်မှာ ပင်ပန်းမှုတွေကို အသေးအဖွဲပါလို့တွေးမိတဲ့အထိ အင်အားပေးတတ်သူလေးတွေက အခြားသူတွေမဟုတ်ပါဘူး။ဘေဘီဆွီတီရယ်လို့ ခေါ်မိလောက်တဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါနော်။ သူတို့ရဲ့ တီတီတာတာချှွဲနွဲ့မှုတွေက ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေကိုပြေပျောက်စေပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးရှိနေတာက အခုလိုအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ် အလုပ်ကနေအိမ်ပြန်ရချိန်မှာ ပင်ပန်းနွမ်းနယ်နေပေမယ့် လက်ထဲမှာပါလာတဲ့ အထုပ်ကို သယ်မလို့ဆိုပြီးပြေးလာကြိုတဲ့ခွေးလေးရဲ့နှုတ်ဆက်မှုက ဝမ်းသာကြည်နူးမှုကိုဖြစ်စေတယ်ဟုတ်။ ဒီခံစားမှုကပြောပြတာထက် လက်တွေ့ကြုံဖူးသူတွေက ပိုသိမှာပါ။ ဒီအချိန် စိတ်မှာရလိုက်တဲ့ ခံစားမှုက အရမ်းကိုကောင်းတာပါ။ ဒီပျော်ရွှင်မှုကနေ့တိုင်းရနေရင်တောင် ရိုးမသွားနိုင်ဘူးနော်။ ဒီလိုရိုးမသွားတဲ့ပျော်ရွှင်မှုလေးတွေက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ် ဓါတ်မတည့်မှုကင်းဝေးစေတယ် အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေသူတွေက အခြားသူတွေထက် ဓါတ်မတည့်မှုဖြစ်နိုင်ခြေပိုနည်းပါတယ်။ သူတို့ရဲ့ အမွှေးတွေနဲ့ထိတွေ့နေရတာကြောင့်တော်ရုံဓါတ်မတည့်မှုလောက်ကို အသာလေးကျော်သွားနိုင်ပြီပေါ့။ သွေးတိုးကျစေနိုင်တယ် တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့မှုကသွေးတိုးကျစေဖို့ အထောက်အကူပြုပေးတယ်၊လို့လေ့လာမှုတွေအရသိရပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်နိုင်ဆေး က ဘာအတွက်စွမ်းသလဲ

ခြင်ဆေး ဘာလို့ သုံးကြတာလဲမေးရင်ခြင်မကိုက်အောင်လို့ လို့ပဲဖြေကြမှာပေါ့နော်။ ဒါဆို ဘာလို့ခြင်ကိုက်မှာကြောက်ရတာလဲ။ခြင်ကိုက်ရင် အရေပြားမှာ ယားစပ်စပ်နဲ့ခံရခက်တဲ့ဝေဒနာ အပြင်ခြင်တွေ သယ်ဆောင်လာတဲ့ ရောဂါပိုးတွေက ကြောက်ဖို့ကောင်းလို့ပါပဲ။ ခြင်ကိုက်ခံရရင်ဆင်တုပ်ကွေး၊ ေသွးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ဆင်ခြေထောက်ရောဂါ နဲ့ ဇီကာဗိုင်းရပ်စ်ေတွကိုခြင်ကတဆင့် ကူးစက်နိုင်ပါတယ်။ရောဂါအဆင့်ပြင်းထန်ရင်ပြင်းထန်သလောက် အသက်ပါဆုံးရှုံးနိုင်တဲ့ရောဂါတွေမို့ အန္တရာယ်ကြီးလွန်းလှပါတယ်။ လူတွေဆီက သွေးစုပ်ပြီး အသက်ရှင်တာ ခြင်အမဖြစ်ပြီး ခြင်ထီးကတော့ အသီးနဲ့အပင်ဝတ်ရည်ကိုသာ သောက်သုံးတာဆိုတဲ့အကြောင်း သိထားပြီးကြပြီ ဖြစ်မှာပါ။ လန့်စရာကောင်းတဲ့အချက်ကတော့ ခြင်အမတွေက တစ်ကြိမ်တည်းမှာ ဥ ၃၀၀အထိ ဥနိုင်ပါတယ်တဲ့။ ခြင်အမတွေရဲ့ သက်တမ်းက (၆) ပတ်ကနေ (၈) ပတ်အထိ အသက်ရှင်နိုင်တာကြောင့် အဲဒီအချိန်အတွင်းမှာ အကောင်ရေများစွာ ထပ်ပွားနိုင်ပါတယ်။ ခြင်မတွေက ရေသေမှာ ဥဥကြတာကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ ရေဝပ်တဲ့ နေရာ မရှိဖို့ သတိထားသင့်ပါတယ်။ နောက်တစ်ချက်က ခြင်ဥတွေက တစ်လက်မလောက်ပဲ ရှိတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း