ချိုစိမ့်စိမ့် ငုံထားလို့ရတဲ့ သကြားလုံးဟာ လူတိုင်းရဲ့ သည်းခြေကြိုက် စားစရာ တစ်ခုပါ ။ ဒါပေမယ့် သကြားလုံးလို့ဆိုလိုက်တာနဲ့ သွားပိုးစားတယ်၊ အချိုများတယ်၊ ကျန်းမာရေးအတွက် မကောင်းဘူးစတာတွေပဲ ပြေးမြင်တတ်ကြပါတယ်။
ထွက်မှာ သေချာပြီလား။
ချိုစိမ့်စိမ့် ငုံထားလို့ရတဲ့ သကြားလုံးဟာ လူတိုင်းရဲ့ သည်းခြေကြိုက် စားစရာ တစ်ခုပါ ။ ဒါပေမယ့် သကြားလုံးလို့ဆိုလိုက်တာနဲ့ သွားပိုးစားတယ်၊ အချိုများတယ်၊ ကျန်းမာရေးအတွက် မကောင်းဘူးစတာတွေပဲ ပြေးမြင်တတ်ကြပါတယ်။
ပါဝင်တဲ့ပစ္စည်းတွေ ပေါ်မူတည်ပြီးတော့သာ ကျန်းမာရေးအတွက် ကောင်းတယ် မကောင်းဘူး ကွဲပြားသွားတာပါ။ ကလေးတွေကြိုက်ကြတဲ့ အချိုကဲတဲ့ သကြားလုံးလေးတွေက ကျန်းမာရေးကို ထိခိုက်မှုတွေ ရှိတယ်ဆိုပေမယ့် အခြား ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ သကြားလုံးလေးတွေလည်း ရှိပါသေးတယ်။
သူတို့ကတော့ ငုံဆေးပြား( ဆေးသကြားလုံး) တွေပဲ ဖြစ်ပါတယ်။ သကြားလုံးလိုပဲ ငုံထားရတယ် ဆိုပေမယ့် ဆေးပြားဆိုကတည်းက သူ့မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပစ္စည်းတွေပါမယ်ဆိုတာ သံသယဖြစ်စရာလိုမယ် မထင်ပါဘူး။
ငုံဆေးပြားဆိုတဲ့အတိုင်း လည်ချောင်းနဲ့ ခံတွင်းပြဿနာတွေကို သူကအကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတော့
ဆေးလုံးသောက်ချလိုက်မယ်ဆိုရင် အစာအိမ်ကိုအရင်သွားပြီးမှ ပြဿနာဖြစ်နေတဲ့ နေရာကို ရောက်မယ်။ ငုံဆေးပြားကျတော့ ခံတွင်းထဲ ငုံထားလိုက်ရုံနဲ့ ခံတွင်းနဲ့ လည်ချောင်းမှာ ဖြစ်နေတဲ့ ပြဿနာရှိရာ နေရာကို အချိန်အတိုအတွင်း တိုက်ရိုက်ရောက်ပြီး ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
ပြဿနာကို ဖြေရှင်းပေးတဲ့ နေရာမှာ အဓိကကျတာကတော့ ငုံဆေးပြားတွေရဲ့ ပါဝင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ငုံဆေးပြားတော်တော်များများက
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.fgb.com.au/blog/cold-and-flu/throat-lozenges-relief-or-rip
Accessed Date 14.6.2019
https://www.ceenta.com/news-blog/how-do-throat-lozenges-work
Accessed Date 14.6.2019