brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား

လက်ထပ် ထိမ်းမြားခြင်းရော၊ ကွာရှင်း ပြတ်စဲခြင်း ရောဟာ ကိုကို မမ ဦးဦး ဒေါ်ဒေါ် တို့ကို ဝိတ် အတက်အကျ ဖြစ်စေ နိုင်တဲ့ အကြောင်းအရင်းတွေ ထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ စစ်တမ်းတွေ အရတော့ လက်ထပ်ထိမ်းမြား ပြီးရင် ဝိတ်တက် လာလေ့ ရှိတာက မိန်းကလေးတွေ ဖြစ်ပြီး ယောကျာ်းလေးတွေ ကတော့ ကွာရှင်း ပြတ်စဲပြီးနောက်မှာ ဝိတ်တက်တာတွေ ပို ဖြစ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါဆို တကယ်ပဲ လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား ဆိုတာ ကြည့်လိုက် ရအောင်နော်။

လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား

လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား

လက်ထပ်ပြီးရင် အရင်ကထက် ပိုကိတ်လာတတ်ကြသလား ဆိုတော့ အသက်အရွယ် ငယ်တဲ့ သူတွေမှာ ဒီ အဖြစ်အပျက်မျိုး သိသိသာသာ ဖြစ်လေ့ဖြစ်ထ မရှိပေမယ့် အသက် ၃၀ နဲ့ ၅၀ ကြား အမျိုးသား အမျိုးသမီးတွေ မှာတော့ ရာခိုင်နှုန်း တော်တော် များများ ဖြစ်လေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

Ohio State University က သုတေသန ပြုလုပ်သူ ကျောင်းသား Dmitry Tumin က နေပြီး အသက်အရွယ် ကြီးလာတာ နဲ့ အမျှ လက်ထပ်တာပဲ ဖြစ်ဖြစ်၊ ကွာရှင်း ပြတ်စဲတာပဲ ဖြစ်ဖြစ် ဒီ အဖြစ်အပျက် နှစ်ခုလုံးဟာ ဝိတ် အတက် အကျ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ချက် ဖြစ်တယ်လို့ အဆို တင်သွင်း ပြသခဲ့တာ ဖြစ်ပြီး အဲဒီ အဆိုနဲ့ ပတ်သက်တဲ့ သုတေသန စစ်တမ်းတွေလည်း ပြုလုပ်ခဲ့ ပါသေးတယ်။

သုတေသန နဲ့ စစ်တမ်းတွေ ပြီးသွား ချိန်မှာတော့ လက်ထပ်ခြင်း နဲ့ ကွာရှင်း ပြတ်စဲခြင်းဟာ ဝိတ် ပေါင်ချိန် ၂၀ နီးပါးလောက် အတက်အကျအပြောင်းအလဲ ဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပြီး အဲ့လို ဝိတ်အတက်အကျ ဖြစ်ခြင်းကလည်း နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အထိ သက်ရောက်မှုရှိနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ ပါတယ်။

အမျိုးသမီးတွေ အတွက်တော့ လက်ထပ်ပြီး ၂ နှစ်တာ ကာလ အတွင်းမှာ ဝိတ်တက်တာ အများဆုံး ဖြစ်ပြီး အမျိုးသားတွေအတွက်ကတော့ ကွာရှင်း ပြတ်စဲပြီး သိပ်မကြာတဲ့ အချိန်ကာလ တစ်ခုအတွင်းမှာပဲ သိသိသာသာ ဝိတ်တက်လာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါတွေနဲ့ ယေဘုယျအချက်အလက်တွေသာ ဖြစ်ပြီး ဒီထက်ပိုပြီး တိကျတဲ့ လေ့လာချက်တွေ လိုအပ်ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ် ထိမ်းမြားပြီး နောက်ပိုင်းမှာပဲ ဖြစ်စေ၊ ကွာရှင်း ပြတ်စဲပြီး နောက်ပိုင်း မှာပဲ ဖြစ်စေ ပုံမှန် ကိုယ်အလေးချိန်ကို ထိန်းညှိရင်း လေ့ကျင့်ခန်း ပြုလုပ်တာ နဲ့ အစားအသောက် ပုံစံကို ချိန်ညှိ တာက အမျိုးသား အမျိုးသမီးတိုင်းကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင် ပါလိမ့်မယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Hello Sayarwon Panel · 26/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။