အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရေးပေါ်အခြေအနေတွေမှာ အဆုံးအဖြတ်ဖြစ်စေနိုင်တဲ့ အချိန်အပိုင်းအခြား (Golden Hour)

လုပ်ငန်းတိုင်း ကဏ္ဍတိုင်းအတွက် အရေးပါတဲ့အချိန်တွေဆိုတာ သူ့နေရာနဲ့သူရှိပါတယ်။ ကျောင်းသားတွေ အတွက်ဆို စာမေးပွဲဖြေနေရတဲ့ အချိန်တွေကအရေးကြီးအချိန်တွေ။ ကုမ္ပဏီတွေအတွက်ဆိုလည်း ပရောဂျက်တွေ၊ တားဂတ်တွေ ပြည့်မီအောင် လုပ်ရတဲ့ အချိန်ကအရေးကြီးအချိန်။ အဲဒီလိုပဲ ဆေးပညာမှာလည်း အရေးကြီးတဲ့အချိန်ဆိုတာရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Golden Hour မြန်မာလိုဆိုရင်တော့ အရေးပေါ်အခြေအနေများမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အဖိုးအတန်ဆုံးအချိန်ပါ။ ဆေးလောကရဲ ့ Golden Hour ဆိုတာဘာလဲ။ Golden Hour ဆိုတာ အသက်ဆုံးရှုံးခြင်း (သို့) တစ်သက်လုံး ပြန်ပြင်ဆင်မရနိုင်တော့တဲ့ ချို့ယွင်းမှြုဖစ်ခြင်းမှ ကယ်တင်နိုင်အောင် အချိန်မီခံယူသင့်တဲ့ ဆေးကုသမှု အချိန်ကိုခေါ်ပါတယ်။ ရောဂါ တစ်ခုခုဖြစ်ပြီဆို အချိန်မီ ဆေးကုသမှု ခံယူနိုင်ရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ကာကွယ်ပြီးသား ဖြစ်တဲ့ အပြင် နောက်ဆုံး အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေကလည်း ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ဆေးရုံရောက်လာတာ […]


အခြေခံကျန်းမာရေး

ခြင်နိုင်ဆေးနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆ(၄) ခု

ခြင်တွေက စိတ်ရှုပ်စရာကောင်းပါတယ်၊သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ဆင်ခြေထောက်ရောဂါတို့လို ဆိုးရွားပြင်းထန်တဲ့ရောဂါတွေ ကူးစက်ရရှိနိုင်တဲ့အန္တရာယ်လည်းရှိတယ်လို့ လူတိုင်းလက်ခံထားပါတယ်။ ခြင်မကိုက်အောင် ကာကွယ်ဖို့က နည်းလမ်းအမျိုးမျိုးရှိပေမယ့် တချို့က ဘာနည်းလမ်းမှမသုံးဘဲ ယပ်လေးခတ်ပြီးမောင်းထုတ်ရုံ၊ လက်နဲ့တဖြန်းဖြန်းရိုက်ရုံ၊စောင်ခေါင်းမြီးခြုံထားရုံနဲ့ခြင်အန္တရာယ်ကာကွယ်နိုင်မယ်လို့ထင်နေကြပါတယ်။ခြင်ဆေးမသုံးတာ အန္တရာယ်ကင်းတယ်လို့တွေးပြီးခြင်ကိုက်ခံပစ်လိုက်တာမျိုးလည်း ရှိပါတယ်။ ခြင်တွေကို သွေးလှူတာ ကုသိုလ်ရတယ်လို့တောင်ပြောကြပါသေးတယ်။ အမှန်ကခြင်ကိုက်ခံရရင်သွေးစုပ်ခံရတာ၊ခြင်ကိုက်ဖုထွက်တာထက် ပိုအန္တရာယ်များပြီး အသက်ပါသေစေနိုင်တဲ့ရောဂါပိုးတွေရရှိနိုင်တာ ပိုကြောက်ဖို့ကောင်းပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားမှုကာကွယ်ရေးတွေမလုပ်တဲ့အပြင် ခြင်ဆေးသုံးတာနဲ့ပတ်သက်ပြီး တလွဲအယူအဆတွေနဲ့ကြောက်ရွံ့နေတာထက်ခြင်အန္တရာယ်နှိမ်နင်းနိုင်မယ့်နည်းလမ်းတစ်ခုခုကို အသုံးပြုသင့်ပါတယ်။ အဲဒီတော့ခြင်ဆေးေခွထွန်းမလား၊ အိမ်တွင်းထောင့်တွေနဲ့အိမ်ပြင်ဝန်းကျင် ခြင်ဆေးဖျန်းမလား၊ အိမ်ထဲမှာ ဆေးရည်ပါ ခြင်ပြေးစက်သုံးမလား နည်းလမ်းမျိုးစုံရှိတယ်။ ဉာဏ်ရှိသလို သုံးဖို့တော့လိုပါတယ်။ နည်းစနစ်တကျ အသုံးချရင် ဘေးဥပါဒ်မရှိဘဲ ခြင်အန္တရာယ်ကင်းဝေးနိုင်မှာ သေချာပါတယ်။ ခြင်ပြေးရင်ပြီးရော တစ်အိမ်လုံးခြင်ဆေးခွေပတ်ထွန်းထားတာမျိုး၊ အိမ်အလုံပိတ်ထဲမှာခြင်ဆေးဖျန်းပြီး မရှောင်ဘဲထိုင်ရှူနေတာမျိုး၊ခြင်ဆေး လိမ်းဆေးတွေ အညွှန်းထက်ပိုလူးတာမျိုး၊ခြင်ဆေးခွေရောဖျန်းဆေးရော ဘာညာ နှစ်မျိုးမက သုံးထားတာမျိုးတော့ မလုပ်သင့်မှန်းသိရပါမယ်။ တကယ်ကိုထိရောက်မှုရှိပြီး အသုံးဝင်တဲ့ခြင်နိုင်ဆေးတွေဈေးကွက်မှာ ရနိုင်ပါလျက်နဲ့ စနစ်တကျမသုံးတဲ့သူတွေ ဘာလို့ရှိနေတာလဲ။ အကြောင်းရင်းကတော့ခြင်ဆေးနဲ့ပတ်သက်တဲ့ အယူအဆမှားေတွ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ်

ခေါင်းစဉ်ကို ဖတ်ပြီး ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင် ဆိုတာက ရှိမှ မရှိဘဲ ဘယ်လို ဖြစ်နိုင်မှာလဲလို့များ တွေးနေလား။ ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးယူလို့ ရပါတယ်။ လိုအပ်တဲ့ လုပ်ဆောင်စရာတွေတော့ ရှိတာပေါ့။ ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ် က ဘာတွေများ ဖြစ်မလဲ။ ဖတ်ကြည့်လိုက်ပါနော်။ ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ် ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ် ကတော့ ခြင်လုံဇကာ တပ်ဆင် အသုံးပြုပါ နေအိမ်ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေ တပ်ဆင်ပြီး နေအိမ်ထဲကို ခြင်တွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပါ။ ခြင်လုံဇကာ တပ်ဖို့ အဆင်မပြေဘူး ဆိုရင် ခြင်ထောင် အသုံးပြုပေးလည်း ရပါတယ်။ နောက်ထပ် လုပ်လို့ ရတဲ့ နည်းလမ်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။

ဆေးသောက်ရတယ်။ ။ နေမကောင်းတာပဲ ဖြစ်ဖြစ်၊ အားဆေးသောက်တာပဲ ဖြစ်ဖြစ် လူအများစုက ဆေးသောက်ကြရပါတယ်။ ။ အဲလို သောက်ပြီ ဆိုရင် ဆေးလုံးနင်တာ၊ ဆေးလုံး လည်ချောင်းထဲ တစ်နေတာ၊ ဆေးလုံးက မျိုမကျ တာတွေကို အနည်းနဲ့ အများတော့ ခံစားဖူးကြမှာပါ။ အဲလိုဆို ရေတွေ သောက်ချ ရတာနဲ့တင် ဗိုက်ကြီး အယ်နေပြီး မသက်မသာ ခံစားရပါတယ်။ အဆိုးဆုံးကတော့ အိပ်ခါနီး သောက်ရတဲ့ ဆေးတွေပေါ့။ အိပ်လည်း အိပ်ချင်နေပြီ ဆေးကလည်း မျိုမကျ တစ်နေတယ်။ စိတ်ညစ်ရပါရော။ ဒီတော့ ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။ ခုပြောပြတဲ့ ဆေးသောက်ရင် လိုက်နာသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေကို သိထားပြီး ဆေးသောက်ရင် လွယ်လွယ်နဲ့ မျိုကျမှာပဲ ဖြစ်ပါတယ်။ […]


အခြေခံကျန်းမာရေး

ထိုင်ခုံလွတ် ကုသမှု (The Empty Chair Technique) ဆိုတာ ဘာလဲ

နာမည်လေးက ဆန်းသလို အတော်များများလည်း ကြားဖူးကြမှာ မဟုတ်တဲ့ ခေါင်းစဉ်လေးတခုနဲ့ မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က ထိုင်ခုံလွတ်ကုသမှုလို့ခေါ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ကို ကုသရာမှာ အသုံးပြုတဲ့ စိတ်ရောဂါကုသမှု နည်းလမ်းတမျိုးပဲဖြစ်ပါတယ်။ တကယ်တော့ ဒီထိုင်ခုံလွတ်ကုသမှုဟာ Gestalt ကုထုံးလို့ခေါ်တဲ့ စိတ်ရောဂါကုထုံးတခုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။Gestalt ကုထုံးဟာ သင့်ခန္ဓါကိုယ်တခုလုံးနဲ့ ဘေးပတ်ဝန်းကျင်၊တပါးသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး၊ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံစတာတွေကို ချိတ်ဆက်ကုသပေးတာ ဖြစ်ပါတယ်။ ဒီကုထုံးကို အသုံးပြုရာမှာ အတိတ်က ဖြစ်ခဲ့တာတွေ၊အနာဂါတ်မှာ ဖြစ်လာမှာတွေထက် လက်ရှိပစ္စက္ခမှာ ဖြစ်ပျက်နေတာတွေကိုပဲ အာရုံစိုက်ရပါတယ်။Gestalt ကုထုံးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင်လုပ်ကိုင်ဆောင်ရွက်နေတဲ့အရာတွေကို သတိပြုမိလာစေဖို့၊မိမိကိုယ်မိမိ ပြန်လည်သုံးသပ်မိစေဖို့ ဖြစ်ပါတယ်။ ဒီလို သုံးသပ်သိရှိလာခြင်းအားဖြင့် သင်မနှစ်ခြိုက်တဲ့ အခြေအနေတွေကို ဘယ်လိုပြောင်းလဲရမယ်ဆိုတာ သိရှိလာမှာ ဖြစ်တဲ့အပြင် သင့်ကိုယ်သင် လက်ခံပြီး တန်ဖိုးထားတတ်လာမှာလည်း ဖြစ်ပါတယ်။   ထိုင်ခုံအလွတ်တလုံးနဲ့ ဘာလုပ်ရမှာလဲ   ထိုင်ခုံလွတ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထိခိုက်ဒဏ်ရာရတဲ့အခါ သတိထားရမယ့် မေးခိုင်ရောဂါပိုး အန္တရာယ်

အနာဖြစ်ရင် သေသေချာချာဂရုစိုက်ဖို့ လိုပါတယ်။ အရမ်းမပြင်းထန်ရင် ဆေးလိမ်းတာလောက်နဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဒဏ်ရာက နက်တဲ့အခါ ညစ်ပေတဲ့အရာတွေနဲ့ ထိခိုက်မိတဲ့အခါမျိုးမှာတော့ ဆေးလိမ်းရုံလောက်နဲ့ မသက်သာတော့ပါဘူး။ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်လာပါလိမ့်မယ်။ မေးခိုင်ရောဂါပိုး က ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးဆိုတာကို သင်သိပါရဲ့လား။ ဒီတစ်ခေါက်ဆော့ ထိခိုက်ဒဏ်ရာရတဲ့အခါ သတိထားရမယ့် မေးခိုင်ရောဂါပိုး အန္တရာယ် အကြောင်းလေး ပြောပြပါရစေ။ မေးခိုင်ပိုးဆိုတာ မေးခိုင်ပိုးဆိုတာက Clostridium tetani ဘက်တီးရီးယားကနေ ထုတ်လွှတ်လိုက်တဲ့ အဆိပ်တစ်မျိုးကြောင့် ဖြစ်လာရတာပါ။ မေးခိုင်ရောဂါက ပြင်းထန်တဲ့ဘက်တီးရီးယား ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားအဆိပ်က အာရုံကြောစနစ်ကို ထိခိုက်စေပြီး ကြွက်သားတွေနာကျင်တာ၊ မေးရိုးနဲ့ လည်ပင်းတလျှောက်က ကြွက်သားတွေ တောင့်တင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးက အပူဒဏ်နဲ့ ဓာတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိပြီး တိုက်ဖျက်ဖို့ခက်တဲ့ အဆိပ်တွေကို ထုတ်လုပ်ပေးလိုက်ပါတယ်။ မေးခိုင်ပိုးကြောင့် အသက်ရှူရ ခက်စေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ မေးခိုင်ပိုးက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ ....... နေရာတကာမှာရှောင်မရအောင်ကြုံတွေ့နေရတာခြင်အန္တရာယ်ပါ။ ဘယ်လိုရှောင်ရှောင် ခြင်ကိုတော့ရှောင်ဖို့ခက်တယ်နော်။ ညဘက်များဆိုတော်တော်လေးကိုဆိုးပါတယ်။ခြင်ကိုက်တဲ့အခါ အရေပြားပေါ်မှာ ကျန်နေခဲ့တဲ့ အဖုတွေက ယားယံတဲ့အပြင်ကြည့်ရတာလည်း အရမ်းရုပ်ဆိုးပါတယ်။ ဒီဆောင်းပါးလေးထဲမှာခြင်ကိုက်ဖုတွေဖြစ်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။ ခြင်ကိုက်ဖုတွေဖြစ်ခဲ့ရင် ခြင်အပါအဝင် အင်းဆက်ကိုက်ခံရတဲ့အခါ အရေပြားပေါ်မှာ ယားဖုသေးသေးလေးတွေဖြစ်လာပြီး တစ်ခါတလေ အရည်ကြည်ဖုလေးတွေတောင်ဖြစ်လာပါတယ်။ အချို့ယားဖုတွေက နာရီပိုင်းအတွင်းမှာပျောက်ကင်းသက်သာသွားတတ်ပေမယ့် လူတစ်ယောက်ချင်းစီရဲ့ တုံ့ပြန်ပုံချင်းကတော့ မတူပါဘူး။ တကယ်လို့အသားအရေက တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင် အရေပြားမှာ ယားဖုဖြစ်တာက ရက်တော်တော်လေးကြာတဲ့အထိဖြစ်နိုင်ပါတယ်။ ခြင်ကိုက်ဖုတွေက စိတ်ညစ်စရာကောင်းသလို အရေပြားယားယံမှုကိုဖြစ်စေပါသေးတယ်။ အခန့်မသင့်ရင် အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တွေနောင်ကျန်ရစ်ခဲ့စေနိုင်ပါသေးတယ်။ ဒါကြောင့်အလှပျက်စေမဲ့ခြင်နဲ့အင်းဆက် ကိုက်ဖုလေးတွေမဖြစ်အောင် သူတို့ကိုကြိုတင် ကာကွယ်ထားရပါမယ်။ ခြင်ဆေးထွန်းမယ် -ခြင်ကိုက်မခံရအောင်ကာကွယ်လို့ရတဲ့ နည်းလမ်းတစ်ခုကခြင်ဆေးထွန်းထားတာပါ။ ဒါကြောင့် သင့်မိသားစုကိုခြင်အန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးဖို့အရည်အသွေးအပြည့်အဝရှိတဲ့ အမှတ်တံဆိပ်တွေကိုသုံးရင်းကာကွယ်နိုင်ပါတယ်။ ခြင်ဖျန်းစပရေးအသုံးပြုမယ် -နေအိမ်မှာ ကလေးငယ်လေးတွေရှိလို့ဖြစ်ဖြစ်၊လေအေးပေးစက်တပ်ထားလို့ဖြစ်ဖြစ်ခြင်ဆေးခွေသုံးဖို့အဆင်မပြေသူတွေအတွက် ခြင်ဖျန်း စပရေးကိုအသုံးပြုပေးလို့ရပါတယ်။ ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ ခြင်ကိုက်တာနဲ့အခြားအင်းဆက်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားဖုတွေဖြစ်လာခဲ့ရင် အရင်ဆုံးလိုက်နာရမယ့် အချက်က ယားဖုတွေကို မကုတ်ဖို့ပါ။ ယားဖုတွေကိုကုတ်တဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ

ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ ..... ကိုယ့်မှာ ထိခိုက်အနာတရတစ်ခုခုရှိနေပြီဆိုရင် အမေအမြဲပြောတယ်မလား။ ကြက်သားစားမှ အနာမြန်မြန်ကျက်မှာဆိုပြီးလေ။ ငယ်တုန်းကဆို ခဏခဏဒူးပြဲ၊ နဖူးကွဲ၊ လက်နဲ့ ခြေထောက်ထိခိုက်ပွန်းပဲ့တာတွေ ဖြစ်ဖူးကြမှာပဲဆိုတော့ ကြက်သားတွေစားခဲ့ရမှာ သေချာပါတယ်။ ကိုယ်က သတိမထားမိခဲ့တာပဲရှိမှာပါ။ ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ ဆိုတော့ ကြက်သားစားရင် အနာက အသားတက်တာမြန်တယ်တဲ့။ အရွယ်ရောက်လာတော့ ဒီလိုကြားရရင် သိပ်မယုံချင်တော့ဘူး။ ကြက်သားစားရင် အားရှိတာကလွဲလို့ အနာနဲ့ဘာဆိုင်လို့လဲတွေးမိလာတယ်။ တကယ်က ဒီအချက်က မှန်ပါတယ်။ ကြက်သားမှာ ကြွယ်ဝစွာပါဝင်တဲ့ပရိုတင်းကြောင့်ပါ။ အနာကျက်ခြင်းဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနိုင်တဲ့အချက်တွေက အများကြီးရှိပါတယ်။ ဒါပေမယ့် သန့်ရှင်းမှု၊ မှန်ကန်တဲ့ ဂရုစိုက်မှု၊ ဖုံးအုပ်ကာကွယ်မှုတို့လို အချက်တွေအပြင် စားသောက်မှုအာဟာရကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။ သင့်တင့်လုံလောက်တဲ့ အာဟာရတွေစားသုံးဖို့ ဂရုမစိုက်ရင် အနာကျက်နိုင်စွမ်းကိုနှောင့်နှေးစေပြီး အနာရင်းစေနိုင်၊ အမာရွတ်ဖြစ်စေနိုင်ပါတယ်။ ညီညွတ်မျှတတဲ့ ဂလူးကို့စ်ပမာဏ၊ ဗီတာမင် C […]


အခြေခံကျန်းမာရေး

သကြားလုံးတိုင်း ကျန်းမာရေးအတွက် ဆိုးစေတယ်ဆိုတာ မဟုတ်ပါဘူး ။

ချိုစိမ့်စိမ့် ငုံထားလို့ရတဲ့ သကြားလုံးဟာ လူတိုင်းရဲ့ သည်းခြေကြိုက် စားစရာ တစ်ခုပါ ။ ဒါပေမယ့် သကြားလုံးလို့ဆိုလိုက်တာနဲ့ သွားပိုးစားတယ်၊ အချိုများတယ်၊ ကျန်းမာရေးအတွက် မကောင်းဘူးစတာတွေပဲ ပြေးမြင်တတ်ကြပါတယ်။ သကြားလုံးတိုင်း မကောင်းဘူးဆိုတာ ဟုတ်ပါ့မလား ။ ။ ပါဝင်တဲ့ပစ္စည်းတွေ ပေါ်မူတည်ပြီးတော့သာ ကျန်းမာရေးအတွက် ကောင်းတယ် မကောင်းဘူး ကွဲပြားသွားတာပါ။ ကလေးတွေကြိုက်ကြတဲ့ အချိုကဲတဲ့ သကြားလုံးလေးတွေက ကျန်းမာရေးကို ထိခိုက်မှုတွေ ရှိတယ်ဆိုပေမယ့် အခြား ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ သကြားလုံးလေးတွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ ငုံဆေးပြား( ဆေးသကြားလုံး) တွေပဲ ဖြစ်ပါတယ်။ သကြားလုံးလိုပဲ ငုံထားရတယ် ဆိုပေမယ့် ဆေးပြားဆိုကတည်းက သူ့မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပစ္စည်းတွေပါမယ်ဆိုတာ သံသယဖြစ်စရာလိုမယ် မထင်ပါဘူး။ ဒီတော့ ငုံဆေးပြားတွေက ဘယ်လို ကျန်းမာရေးပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာလဲ ။ […]


အခြေခံကျန်းမာရေး

သင့်ရဲ့ နေ့တစ်နေ့ကို ကောင်းမွန်စေတဲ့ ရနံ့များ

ကောင်းမွန်သင်းပျံ့တဲ့ရနံ့ဟာ ကျွန်တော်တို့အပေါ် အများကြီးသက်ရောက်မှုရှိနိုင်တယ်ဆိုတာ သက်သေပြထားပြီး ဖြစ်ပါတယ်။ သင်းပျံ့တဲ့ရနံ့ကို ရှူရှိုက်ရခြင်းအားဖြင့် စိတ်ကိုလန်းဆန်းတက်ကြွစေပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ကြောင်း သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘယ်လိုမွှေးရနံ့မျိုးပဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ အကျိုးရလဒ် ပေးစွမ်းနိုင်တယ်ဆိုပေမယ့် အချို့သောရနံ့တွေကတော့ ပိုမိုအားကောင်းပြီး ပိုမိုကြီးမားတဲ့သက်ရောက်မှုမျိုး ဖြစ်စေနိုင်ပါတယ်။ ထင်းရှူးနံ့ သစ်တောထဲလမ်းလျှောက်ထွက်ရတဲ့ လန်းဆန်းကြည်နူးဖွယ်အရသာကို သင်မှတ်မိပါသလား။ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ shinrin-yoku လို့ အမည်ရတဲ့ သစ်တောထဲက သဘာဝအလှအပတွေကို ခံစားရင်း စိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့ကုထုံးဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကျဝေဒနာနဲ့ စိုးရိမ်စိတ်လွန်ကဲခြင်းကို သက်သာစေတယ်လို့ သိရှိရပါတယ်။ သစ်ကြံပိုးခေါက်နံ့ သစ်ကြံပိုးခေါက်နံ့ကို ရှူရှိုက်ရခြင်းက မှတ်ဉာဏ်၊ နိုးကြားမှုစတဲ့ သိမှုကိုပဓါနအားကိုးရတဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာ အလွန်အကျိုးပြုပါတယ်။ သစ်ကြံပိုးမှာပါတဲ့ စိတ်ကိုလှုံဆော်နိုင်ခြင်း အာနိသင်တွေက စိတ်ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး အာရုံစူးစိုက်နိုင်မှုကို ပိုမိအားကောင်းစေပါတယ်။ သစ်ကြံပိုးခေါက်က အာရုံစုစည်းမှု၊ စင်စစ်နီးပါးပြုလုပ်ထားတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း