အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်ရှိသူလေးတွေသာရနိုင်တဲ့ ကောင်းကျိုးတွေ

အပြင်ကနေ အိမ်ပြန်ရောက်လို့ ဘယ်သူစောင့်စောင့်၊ မစောင့်စောင့် သူတို့ကတော့စောင့်တယ်နော်။ ဘာတွေပဲဖြစ်နေဖြစ်နေ ဝမ်းပန်းတသာနဲ့ကြိုတတ်တာက သူတို့လေးတွေပါပဲ။ ဘယ်အခြေအနေမှာဖြစ်ဖြစ် မလျှော့တဲ့အချစ်တွေနဲ့ ချစ်တတ်သူတွေပေါ့။ အပျင်းပြေရုံတင်မဟုတ် သူတို့ကြောင့်ပါ ခွန်အားတွေရသေးတယ်နော်။ အိမ်နားရောက်တာနဲ့ ကြိုဖို့ အသင့်ဖြစ်နေတဲ့ အသည်းကျော်လေးတွေ ပိုင်ဆိုင်ထားတာကလည်း ဘဝရဲ့ပျော်စရာတွေထဲကတစ်ခုပါ။ စိန်ခေါ်မှုများစွာနဲ့ ဘဝကိုအကောင်းဆုံးကျော်ဖြတ်နေရချိန်မှာ ပင်ပန်းမှုတွေကို အသေးအဖွဲပါလို့တွေးမိတဲ့အထိ အင်အားပေးတတ်သူလေးတွေက အခြားသူတွေမဟုတ်ပါဘူး။ဘေဘီဆွီတီရယ်လို့ ခေါ်မိလောက်တဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါနော်။ သူတို့ရဲ့ တီတီတာတာချှွဲနွဲ့မှုတွေက ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေကိုပြေပျောက်စေပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးရှိနေတာက အခုလိုအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ် အလုပ်ကနေအိမ်ပြန်ရချိန်မှာ ပင်ပန်းနွမ်းနယ်နေပေမယ့် လက်ထဲမှာပါလာတဲ့ အထုပ်ကို သယ်မလို့ဆိုပြီးပြေးလာကြိုတဲ့ခွေးလေးရဲ့နှုတ်ဆက်မှုက ဝမ်းသာကြည်နူးမှုကိုဖြစ်စေတယ်ဟုတ်။ ဒီခံစားမှုကပြောပြတာထက် လက်တွေ့ကြုံဖူးသူတွေက ပိုသိမှာပါ။ ဒီအချိန် စိတ်မှာရလိုက်တဲ့ ခံစားမှုက အရမ်းကိုကောင်းတာပါ။ ဒီပျော်ရွှင်မှုကနေ့တိုင်းရနေရင်တောင် ရိုးမသွားနိုင်ဘူးနော်။ ဒီလိုရိုးမသွားတဲ့ပျော်ရွှင်မှုလေးတွေက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ် ဓါတ်မတည့်မှုကင်းဝေးစေတယ် အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေသူတွေက အခြားသူတွေထက် ဓါတ်မတည့်မှုဖြစ်နိုင်ခြေပိုနည်းပါတယ်။ သူတို့ရဲ့ အမွှေးတွေနဲ့ထိတွေ့နေရတာကြောင့်တော်ရုံဓါတ်မတည့်မှုလောက်ကို အသာလေးကျော်သွားနိုင်ပြီပေါ့။ သွေးတိုးကျစေနိုင်တယ် တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့မှုကသွေးတိုးကျစေဖို့ အထောက်အကူပြုပေးတယ်၊လို့လေ့လာမှုတွေအရသိရပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း (၇) ခု

လူရယ်လို့ ဖြစ်လာရင် ဖျားတာ၊နာတာ၊ ထိတာခိုက်တာကတော့ ရှိမှာပါ။ ဖျားတဲ့အခါ နေ့စဉ် လုပ်ဆောင်နေကျ အလုပ်တွေမှာ ထိခိုက်မှု ဖြစ်လာစေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုတွေ ဖြစ်မလာစေဖို့အတွက် ဖျားနာတာမျိုး မဖြစ်အောင် ဂရုစိုက်တဲ့ ကြားကပဲ ဖျားနာမှု ဖြစ်လာခဲ့ရင် အဖျား မြန်မြန်ပျောက်ချင်ကြမယ် ထင်ပါတယ်။ ဒီလိုမျိုး ဖျားနာမှုတွေ ဖြစ်လာတဲ့ အခါ အဖျားမြန်မြန်သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေက ဖျားနာမှုတွေ ဖြစ်တိုင်း ဆေးခန်းသွားဖို့ မလိုအပ်ပါဘူး။ နေအိမ်မှာပဲ အဖျား ကျသွားအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ (၁) ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ - ဖျားနေတဲ့အခါ ရေမချိုးရဘူးလို့ ယူဆနေကြတာ များပါတယ်။ ဒီအယူအဆက အပြည့်အဝတော့ မမှန်ပါဘူး။ ဖျားတဲ့အခါ ကိုယ်အပူချိန် ကျသွားစေဖို့အတွက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်နိုင်ဆေး က ဘာအတွက်စွမ်းသလဲ

ခြင်ဆေး ဘာလို့ သုံးကြတာလဲမေးရင်ခြင်မကိုက်အောင်လို့ လို့ပဲဖြေကြမှာပေါ့နော်။ ဒါဆို ဘာလို့ခြင်ကိုက်မှာကြောက်ရတာလဲ။ခြင်ကိုက်ရင် အရေပြားမှာ ယားစပ်စပ်နဲ့ခံရခက်တဲ့ဝေဒနာ အပြင်ခြင်တွေ သယ်ဆောင်လာတဲ့ ရောဂါပိုးတွေက ကြောက်ဖို့ကောင်းလို့ပါပဲ။ ခြင်ကိုက်ခံရရင်ဆင်တုပ်ကွေး၊ ေသွးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ဆင်ခြေထောက်ရောဂါ နဲ့ ဇီကာဗိုင်းရပ်စ်ေတွကိုခြင်ကတဆင့် ကူးစက်နိုင်ပါတယ်။ရောဂါအဆင့်ပြင်းထန်ရင်ပြင်းထန်သလောက် အသက်ပါဆုံးရှုံးနိုင်တဲ့ရောဂါတွေမို့ အန္တရာယ်ကြီးလွန်းလှပါတယ်။ လူတွေဆီက သွေးစုပ်ပြီး အသက်ရှင်တာ ခြင်အမဖြစ်ပြီး ခြင်ထီးကတော့ အသီးနဲ့အပင်ဝတ်ရည်ကိုသာ သောက်သုံးတာဆိုတဲ့အကြောင်း သိထားပြီးကြပြီ ဖြစ်မှာပါ။ လန့်စရာကောင်းတဲ့အချက်ကတော့ ခြင်အမတွေက တစ်ကြိမ်တည်းမှာ ဥ ၃၀၀အထိ ဥနိုင်ပါတယ်တဲ့။ ခြင်အမတွေရဲ့ သက်တမ်းက (၆) ပတ်ကနေ (၈) ပတ်အထိ အသက်ရှင်နိုင်တာကြောင့် အဲဒီအချိန်အတွင်းမှာ အကောင်ရေများစွာ ထပ်ပွားနိုင်ပါတယ်။ ခြင်မတွေက ရေသေမှာ ဥဥကြတာကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ ရေဝပ်တဲ့ နေရာ မရှိဖို့ သတိထားသင့်ပါတယ်။ နောက်တစ်ချက်က ခြင်ဥတွေက တစ်လက်မလောက်ပဲ ရှိတဲ့ […]


ကျန်းမာရေး သတင်းများ

ကရင်ပြည်နယ်

မြဝတီမြို့     ၁။ ဓမ္မရတနာတရားအလှူတော်အသင်း   ph. 66869342007   မြဝတီမြို့၊ကရင်ပြည်နယ် ။     ၂။ ကြက်ခြေနီ   ph.9783424817   ကြံခိုင်ရေးအနောက်ကလမ်မေတ္တာလမ်း(1)လမ်းဘေး.အမှတ်(၄) ၊ကရင်ပြည်နယ်၊မြဝတီမြို့၊ ကရင်ပြည်နယ်။   ၃။ စေတနာ နာရေး လူမှုကူညီရေးအသင်း     ဖုန်း. ၀၅၈ ၅၀၄၀၀,၀၉၄၉၇၇၇၃၆၀   မေတ္တာလမ်း အမှတ်(၄)ရပ်ကွက် မြဝတီမြို့၊ ကရင်ပြည်နယ် ။       လှိုင်းဘွဲ့မြို့နယ်     ၁။ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း   ph.973760462   ကရင်ပြည်နယ်၊ဂျိုးချောင်းစံပြ ကျေးရွာ၊လှိုင်းဘွဲ့မြိုနယ်၊ ကရင်ပြည်နယ် ။                 ဘားအံမြို့     ၁။ မာဃ လူမှုကူညီရေးအသင်း   ph.98730567, 05823420   သုဝဏ္ဏလမ်း၊အမှတ်(၄)ရပ်ကွက်၊ဘားအံမြို့၊ကရင်ပြည်နယ်။       ၂။ မေတ္တာရှင်ပရဟိတအသင်း   ph.09777275099, 0933390984   (Facebook)[email protected]   ဇာသပြင်ကျေးရွာ ၊ ဇာသပြင်တိုက်နယ်ဆေးရုံအနီး၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ် ။       ကော့ကရိတ်မြို့   ၁။ သုဘောဂလူမှုကူညီရေးအသင်း   Ph.9780010676   ထိုတ်ကောဒ်ကိုး၊ ကောကရိတ်၊ ကရင်ပြည်နယ်။


ကျန်းမာရေး သတင်းများ

မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ       မန္တလေးမြို့   ၁။ အရေပြားရောဂါဌာန (၄၂) ph-02 21511 လမ်း (၃၀)၊ ၇၇ လမ်းထောင့်။ မန္တလေးတိုင်းဒေသကြီး ။ ၂။ ကူးစက်ရောဂါဆေးရုံကြီး ph- 02 21024 Strand Rd, Gaw Wein Jetty မန္တလေးတိုင်းဒေသကြီး ။ ၃။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုဌာနနှင့် ဆေးပေးခန်း ph - 0221574 (၁၂) လမ်း၊ ၇၅-၇၆ လမ်းကြား၊ အောင်မြေသာဇံရပ်ကွက်။ မန္တလေးတိုင်းဒေသကြီး။ ၄။ ဇီဝိတဒါနသံဃဆေးရုံ ph - 36437, 36436 (၆၂) လမ်း၊ နန်းရှေ့၊မန္တလေးတိုင်းဒေသကြီး ။ ၅။ အနာကြီးရောဂါ ပပျောက်ရေးဌာန ph - 02 21568 (၃၅) လမ်း၊ ၆၅-၆၆ လမ်းကြား၊ မန္တလေးတိုင်းဒေသကြီး ။ ၆။ ငှက်ဖျားရောဂါ ပပျောက်ရေးဌာန ph -02 20018 (၃၅) လမ်း၊ ၆၄-၆၅ လမ်းကြား၊ မန္တလေးတိုင်းဒေသကြီး ။     ၇။University […]


ကျန်းမာရေး သတင်းများ

ရန်ကုန်တိုင်းဒေသကြီး

ယခုဖော်ပြထားသည့် သတင်းအချက်အလက်များကို Myanmar First Aid နှင့်ဒေါက်တာငြိမ်းချမ်းကိုကိုတို့ထံမှ ရရှိထားပြီး စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူမှုကူညီရေးအသင်းများ (၁) မူလအနာဂါတ်အလင်းရောင်သွေးနှင့်ပရဟိတအသင်း Ph: 933079568 ရုံးခွဲ ၂ သင်္ဃန်းကျွန်းရဲစခန်းဝင်း ဦးစံဖေလမ်းသင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး (၂) မူလအနာဂါတ်အလင်းရောင်သွေးနှင့်ပရဟိတအသင်း Ph: 9421147063 ရုံးခွဲ ၃ မေသူရိန်ရွာဦးကျောင်း ကန်တော်လမ်း လေးထောင့်ကန်ရပ်ကွက် သင်္ဃန်းကျွန်း ရန်ကုန်တိုင်းဒေသကြီး   (၃) မူလအနာဂါတ်အလင်းရောင်သွေးနှင့်ပရဟိတအသင်း Ph: 9250178616 ရုံးခွဲ A(5) ပတ္တမြားအိမ်ယာ ဦးစံဖေလမ်းသင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး   (၄) လူမှုကူညီရေးအသင်း(သင်္ဃန်းကျွန်း) Ph: 09420011181, 09420011182 ရတနာပုံရိပ်ငြိမ် (ဘုန်းတော်ကြီးပညာရေးကျောင်း)၊သုမင်္ဂလာလမ်းနှင့်ရတနာလမ်းထောင့် ကျိုက္ကဆံအနောက်ရပ်ကွက်၊သင်္ဃန်းကျွန်း ရန်ကုန်တိုင်းဒေသကြီး   (၅) သုတမြတ်မွန် Ph: 9425014693 နှင်းဆီကုန်း (က)ရပ်ကွက်၊သင်္ဃန်းကျွန်း ရန်ကုန်တိုင်းဒေသကြီး       မြောက်ဥက္ကလာပမြို့နယ် (၁) ဌ-နာရေးကူညီမှုအသင်း 9421094903 ဌ-ရပ်ကွက် ဆွယ်တော်လမ်း ခြောက်ကွေ့ ဂစ်ဆိုင်နောက်ကျော၊မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်းဒေသကြီး     (၂) နိဗ္ဗာန်ကူးတို့ဘုရားဖူးပို့ဆောင်ရေးကရုဏာလူငယ်အဖွဲ့ Ph: 95041738 (ဋ)ရပ်ကွက်။ ကရုဏာပိုင်း။ မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်းဒေသကြီး       တိုက်ကြီးမြို့နယ် (၁) နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်း Ph: 09-5520777 ဗောဓိကုန်းရပ်ကွက်၊တိုက်ကြီး ရန်ကုန်တိုင်းဒေသကြီး   (၂) သစ္စာပါရမီ လူမှုကူညီရေးအသင်း တိုက်ကြီးမြို့နယ်၊အဖျောက်မြို့၊တိုက်ကြီး ရန်ကုန်တိုင်းဒေသကြီး   (၃) […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘေးကင်းစိတ်ချရသော အစားအသောက်ဖြစ်စေရန် အကြံပေးချက် (၈) ချက်

Time မဂ္ဂဇင်းတွင် ဖော်ပြချက်အရ နှစ်စဉ် လူပေါင်း ၃၅၁,၀၀၀ခန့်သည် အစာအဆိပ်သင့်ခြင်းကြောင့် အသက်ဆုံးရှုံးနေကြသည်။ ထို့အပြင် ကျန်မာရေးနှင့် သင့်တော်သော အစားအစာများကြောင့် လူအများ ဆေးရုံများတွင် ဆေးကုသမှုများ ခံယူကြရပြီး ရေရှည်အတွက် ဆိုးကျိုးများ ဖြစ်စေသည်။ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတစ်ခုမှာ အစားအစာများကို သင့်တော်စွာ ကိုင်တွယ်အသုံးမပြုခြင်းဖြစ်သည်။ ထို့ကြောင့် သင် နှင့် သင့်မိသားစု အစာအဆိပ်သင့်ခြင်းမှ ကင်းဝေးစေရန် အောက်ပါ အကြ့ပြုချက်များကို အလေးစိုက်သင့်သည်။   လက် နှင့် အစားအစာထိတွေ့မည့် နေရာများကို ဆေးကြောပါ။ ဘေးဖြစ်စေမည့် ဘတ်တီးရီးယားများမှ ကာကွယ်ရန် နည်းလမ်းတစ်ခုမှာ လက် နှင့် အစားအသောက်ထိတွေ့မည့် နေရာများကို ဆေးကြောခြင်းဖြစ်သည်။ ပထမဦးစွာ အစားအစာမကိုင်တွယ်မီ နှင့် ကိုင်တွယ်ပြီးချိန်များ၊ သန့်စင်ခန်းသွားပြီးချိန် နှင့် အခြားဘတ်တီးရီးယားပိုးမွှားများနှင့် ထိတွေ့နိုင်သည့် အချိန်များတွင် လက်ကို […]


အခြေခံကျန်းမာရေး

ပြန်ရည်ကြောဖောရောင်ခြင်း

Lymphedema ( ပြန်ရည်ကြောဖောရောင်ခြင်း) Lymphedema ဆိုသည်မှာ ပြန့်ရည်ကြောစနစ် စီးဆင်းမှု့ မမှန်ခြင်းကြောင့် ခြေ/ လက်များ အစုံလိုက်သော်၎င်း၊ တစ်ဖက်ခြင်း သော်၎င်း ဖောခြင်းဖြစ်ပါသည်။ ပြန့်ရည်ကြောစနစ် ဆိုသည်မှာ အဘယ်နည်း။ ပြန့်ရည်ကြောစနစ်ဆိုသည်မှာ ပြန့်ရည်ကြောများကို ခန္ဓါကိုယ် တစ်ခုလုံး ကွန်ရက်သဖွယ် ဆက်သွယ်ထားခြင်းကို ခေါ်ပါသည်။ ယင်းစနစ်၏ ရည်ရွယ်ချက်မှာ တစ်ရှူးများတွင် ပိုလျံနေသော အသားဓါတ်နှင့် အဆီဓါတ်၊ အခြားစွန့်ပစ် ပစ္စည်းများကို သယ်ဆောင်ပေးပါသည်။ ယင်းပြန့်ရည်များကို ပြန့်ရည်ကြော အဖုများသို့ သယ်ဆောင်ပေးပြီး စွန့်ပစ်အဆိပ်အတောက်များနှင့် ရောဂါပိုးမွားများကို lymphocytes များ၏ အကူအညီနှင့် တိုက်ဖျက်ပါသည်။ ထို့သို့ lymphocytes များမှ ရှင်းလင်းပြီး ကျန်သော အကျိုးပြုဓါတ်များကို သွေးကြောထဲသို့ ပြန်လည် ပို့ဆောင်ပေးပါသည်။ သို့သော် အကြောင်းရင်း တစ်ခုခုကြောင့် ယင်းပြန့်ရည်ကြောများ ပိတ်ဆို့နေပါက ယင်းပိတ်ဆို့သော […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများ

ခါးအရိုးကွင်းအတွင်းရှိ အခင်းဆိုတာ ဘာလဲ။ ခါးအရိုးကွင်းအတွင်းရှိ အခင်းဆိုသည်မှာ ကြွက်သားများ၊ အရွတ်များ၊ တွယ်ဆက်တစ်ရှူးများနှင့် အာရုံကြောများ စုဝေးနေပြီး ဆီးအိမ်၊ သဗ္ဗအိမ်နှင့် အရိုးကွင်း အတွင်းရှိ (သားအိမ် စသည့်) ကလီစာများကို ထောက်ပံ့ပေးပြီး ယင်းအင်္ဂါများ အလုပ်ကောင်းစွာ လုပ်နိုင်စေရန် ကူညီပေးထားသော အလွာကို တင်စားခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများ ဆိုတာဘာလဲ။ ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါ အခြေအနေများတွင် အပိုင်းသုံးပိုင်း ရှိပါသည်။ ဆီးမထိန်းနိုင်ခြင်း ဝမ်းမထိန်းနိုင်ခြင်း အရိုးကွင်း အတွင်းရှိ အင်္ဂါများ ကျွံကျခြင်း (သားအိမ်၊ ဆီးအိမ် နှင့် အူစသည့် ကျွံခြင်း) ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါရှိနေခြင်းကို မည်ကဲ့သို့ သိနိုင်သနည်း။ အောက်ပါ ရောဂါများထဲမှ တစ်ခုခု ရှိနေပါက ခါးအရိုးကွင်းအတွင်းရှိ အခင်းနှင့်ပတ်သက်သော ရောဂါရှိနေခြင်းကို သံသယ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပြန်ရည်ကြောပိတ်၍ရောင်ခြင်း နှင့် လေ့ကျင့်ခန်း

ပြန်ရည်ကြောများ ပိတ်၍ ဖောင်းခြင်းအတွက် လေ့ကျင့်ခန်းများပြုလုပ်မည်ဆိုပါက သတိထားပြီး စိတ်ချရသည်များကို လိုက်နာသင့်ပါတယ်။ အချို့သော လေ့ကျင့်ခန်းများမှာ သေချာတိကျစွာ သုတေသနပြုလုပ်ထားခြင်း မရှိပါ။ သည်ဆောင်းပါးတွင် ပြန်ရည်ကြောစနစ်နှင့် ၎င်းအတွက် သတိထားပြုလုပ်ရမည့် လေ့ကျင့်ခန်းများအကြောင်းကို အကျဉ်းချုံး ဖေါ်ပြသွားပါမယ်။ ထို့ပြင် သင့်ရဲ့ ပြန်ရည်ကြောများ ပိတ်၍ ဖောင်းခြင်း ဖြစ်နိုင်ချေ အနည်း၊အများပေါ်မူတည်ပြီး သတိပေးချက်များကို လည်း ဆရာဝန်များက ရွေးချယ်ဆုံးဖြတ်ပေးနိုင်တဲ့ အတွက် သေချာဆွေးနွေးသင့်ပါတယ်။   ပြန်ရည်က ဘယ်လိုအလုပ်လုပ်သလဲ။ ပြန်ရည်ကြောများသည် ခန္ဓါကိုယ် အနှံ့အပြားတွင်ရှိပါတယ်။ လက်မောင်းရှိ ပြန်ရည်ကြောများသည် ပြန်ရည်ကို ချိုင်းအောက်ရှိ ပိုကြီးသော ပြန်ရည်ကြောများသို့ ပို့ဆောင်ပေးပါတယ်။ နောက်ဆုံးတွင် ပင်မသွေးကြောစနစ်ထဲသို့ စီးဝင်သွားကြပါတယ်။ ခွဲစိပ်မှု သို့မဟုတ် ဓါတ်ရောင်ခြည် ကြောင့် ချိုင်းအောက်ရှိ ပြန်ရည်ကြောများနည်းသွားသည့်အခါ ဆက်မစီးနိုင်တော့ဘဲ ထိုချိုင်းတစ်ဝိုက်တွင်သာ ပြန်ရည်များ စုပုံလာပါတယ်။ လက်မောင်းနှင့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း