၉။ လက်ဟန်နေထားများ။
သင်ပြောတဲ့ စကားတွေကို တစ်ဖက်သား ပိုပြီး မှတ်မိသွားစေချင်ပါသလား။ လက်ဟန်နဲ့ စကားပြောပါ။ စစ်တမ်းများအရ လူကြည့်အနည်းဆုံး TED Talk တွေမှာ ပြောသူတွေဟာ လက်ဟန်ခြေဟန် ၂၇၂ ခု သုံးကြပါတယ်။ လူကြည့်အများဆုံး TED Talk မှာကျတော့ ပြောသူတွေဟာလက်ဟန် ၄၆၅ ကြိမ်အထိ သုံးကြပါတယ်။ ဒါဟာ လက်ဟန် ၂ ဆ အထိ များသွားတဲ့ ပမာဏ ပါ။ သင်အနေနဲ့ လက်ဟန်ကိုပါ သုံးပြီး စကားပြောတဲ့အခါမှာသင်ပေးချင်တဲ့ Message က တစ်စုံတစ်ယောက်ရဲ့ စိတ်ထဲမှာ ပိုပြီး အချိန်ကြာကြာရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်မကျွံတော့ မဖြစ်ပါစေနဲ့။ လက်ဟန်တွေကို အလွန်အကျွံလှုပ်ခြင်းက သင်ဟာ ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း၊ စိတ်လှုပ်ရှားတတ်သူတစ်ယောက်ဖြစ်ကြောင်း ဖော်ကျူးသွားနိုင်ပါတယ်။
၁၀။ သူငယ်အိမ် ပြန့်ကားလာခြင်း။
Image credit : very well သင်အနေနဲ့ သင်ချစ်ရတဲ့ သူအနားနေရတဲ့အခါမှာ သင့်စိတ်ရဲ့ ပြတင်းပေါက်ဖြစ်တဲ့ မျက်လုံးကနေခံစားချက်ကို ပြနေမှာပါ။ သင့်ဟာ တစ်စုံတစ်ယောက်ကို စိတ်ဝင်စားတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါမှာ သင့်ရဲ့ သူငယ်အိမ်တွေက ပိုကျယ်လာမှာ ဖြစ်ပါတယ်။ ဒီလိ မျက်လုံးကျယ်လာခြင်းကို သင်က ထိန်းချုပ်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ဒီလို မျက်လုံးကျယ်လာတဲ့အခါမှာ တစ်ခြားသူတွေကို ပိုပြီးဆွဲဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
၁၁။ နှုတ်ခမ်းတင်းထားခြင်း။
နှုတ်ခမ်းတင်းတင်းထားတတ်တဲ့အကျင့်ဟာ မှန်မှန်ကန်ကန်ပြောတတ်တဲ့သူတွေထက်လိမ်ပြီး ပြောတတ်တဲ့လူတွေမှာ ပိုတွေ့ရပါတယ်။ ဒါ့အပြင် စကားနည်းခြင်းဟာလည်း သင်ဟာ ယုံကြည်စိတ်ချလို့ ရတဲ့ လူတစ်ယောက်မဟုတ်ကြောင်းကိုပြသနေပါတယ်။
၁၂။ အကွာအဝေး။
လူတစ်ယောက်နဲ့ အကွာအဝေးကို အရမ်း မနီးကပ်တာကောင်းပါတယ်။ ဒါပေမဲ့သင်က လူတစ်ယောက်နဲ့ အရမ်းဝေးနေမယ်ဆိုရင်လည်း တစ်ဖက်လူက ရည်ရွယ်ချက်ကို သံသယ ဝင်တတ်ပါတယ်။ ဒီလိုပဲ ဂနာမငြိမ်ခြင်း၊ လက်ပိုက်ထားခြင်းကလည်း တစ်ဖက်သားကို သံသယဝင်စေပါတယ်။ ခါးရှေ့သို့ ကိုင်းခြင်းက သင်ဟာ လက်တွဲလို့ရတဲ့ လူတစ်ယောက်ဖြစ်ပြီး သူတို့အနေနဲ့ သင့်အပေါ် ယုံကြည်စိတ်ချလို့ရကြောင်း ဖော်ကျူးနေတာ ဖြစ်ပါတယ်။
၁၃။ မျက်နှာလှုပ်ရှားမှုများ။
Image credit : very well သင်အနေနဲ့ သင်ရဲ့ မျက်နှာကို သင်ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်လာဖို့ ဘယ်လောက်ကြိုးစား ကြိုးစား တစ်ခါတစ်ရံ မျက်နှာလှုပ်ရှားမှုတွေက ခံစားချက်ကို ထုတ်ဖော်ပြသွားတတ်ပါတယ်။ ဒီလို ထုတ်ဖော်ပြဖို့ကလည်း တစ်စက္ကန့်လောက်ပဲ ကြာပါတယ်။ ဒီမျက်နှာလှုပ်ရှားမှုတွေဟာ လူသားတွေရဲ့ မျက်နှာမှာ အလိုအလျောက်ဖြစ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပြီး ကိုယ်ခံစားရတဲ့ ခံစားချက်အလိုက် ဒီလှုပ်ရှားမှုတွေဖြစ်ရတာပါ။ တမင်တကာ မျက်နှာနေ ဟန်ထားနဲ့ မတူဘဲ
ဒီမျက်နှာလှုပ်ရှားမှုတွေဟာ ဟန်ဆောင်ပြီး လုပ်ဖို့ ခက်ခဲပါတယ်။ မျက်နှာတစ်ချက်မဲ့သွားခြင်း၊မျက်နှာရှုံ့သွားခြင်း၊ နဖူးကျုံ့သွားခြင်းဟာ တစ်ဖက်သားအပေါ်မှာ ခံစားချက်ကို ချက်ခြင်း ဖြစ်စေပါတယ်။ သင်မကြိုက်တဲ့အရာတစ်ခုအပေါ် ဒီခံစားချက်တွေ ဖြစ်သွားတဲ့အခါမှာ တစ်ဖက်သားက သူတို့အတွင်းစိတ်ထဲကနေ ခံစားနိုင်ကြပါတယ်။
၁၄။ တစ်ဖက်လူကို ပုံရိပ်ပြန်ယူခြင်း။
တစ်ဖက်သားရပ်နေတဲ့ ပုံစံ၊ သူတို့ရဲ့ ကိုယ်ဟန်နေထား နဲ့ လေသံအတူ ပုံတူကူးခြင်းဟာသင်နဲ့ တစ်ဖက်သားအကြား နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ဒီနည်းက အချိန်တိုင်း အလုပ်မဖြစ်ပါဘူး။ အကယ်၍သင်ဟာ သင်ပုံတူကူးနေတဲ့လူရဲ့ အထက်ရာထူးကြီးတဲ့ လူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒါဟာ သူတို့အတွက် ထူးထူးဆန်းဆန်း ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပေါ်က ကြွက်သားတွေကို ထိန်းချုပ်မှု နည်းစေလိုတဲ့အခါမှာ ထိုးသွင်းရတဲ့ Botox လို့ခေါ်တဲ့ အဆိပ်တစ်မျိုးကို မျက်နှာမှာ ထိုးထားတဲ့လူတွေရဲ့ မျက်နှာဟာ မရှုံ့တွနိုင်တော့တဲ့အတွက် လူတစ်ယောက်ရဲ့ ခံစားချက်ကို ပုံတူကူးတဲ့အခါမှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။
Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။