ဘလိတ်ဓါးတစ်ခုတည်းကို မကြာခဏ သုံးနေမယ်ဆိုရင် သင့်အနေနဲ့ အမွှေးရိတ်ရတာ ပိုခက်လာမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ အရေပြားကို ရှနာ အသေးစားလေးတွေ ထြစ်စေနိုင်ပြီး အနာတွေ၊ နီရမ်းရောင်ရမ်းနာတွေ၊ ယားယံမှုတွေသာမက ကူးစက်ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အနည်းဆုံး ၅ ကြိမ်မှ ၆ ကြိမ်လောက် ဘလိတ်ဓါးသုံးပြီးတဲ့အခါတိုင်း ဘလိတ်ဓါးတွေကို အသစ်လဲသင့်ပါတယ်။
၈။ ရေနွေးငွေ့ရေချိုးခန်းတွေမှာ အချိန်ကြာကြာပိုနေခြင်း။
ရေနွေးတွေဟာ သင့်ရဲ့ အရေပြားတွေကို ခြောက်သွေ့စေပါတယ်။ သင့်မှာ နှင်းခူနာ ရှိမယ်ဆိုရင်
အနာကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါ့ကြောင့် ရေနွေငွ့နဲ့ ရေချိုးတဲ့အခါ အကြာကြီးစိမ်မနေပဲ ခပ်မြန်မြန် ချိုးပေးပါ။
၉။ မျက်နှာကို ကြမ်းတမ်းစွာ သန့်ရှင်းခြင်း။
မျက်နှာပေါ်က အညစ်အကြေးတွေကို ရှင်းလင်းဖို့အတွက် မျက်နှာကို သဘတ်နဲ့ အားပြင်းပြင်း သုတ်နေစရာ မလိုပါဘူး။ သင့် မျက်မှာပေါ်က အညစ်အကြေးတွေကိုရှင်းလင်းဖို့ အတွက်
အားပျော့တဲ့ မျက်နှာသစ်ဆေးတွေနဲ့ လက်ချောင်းလေးများကို သုံးပြီး သန့်ရှင်းပေးရုံပါပဲ။ မျက်နှာကို သန့်ရှင်းမယ်ဆိုရင်လည်း တစ်နေ့ တစ်ခါကနေ နှစ်ခါအထိ ကြက်သီးနွေးရေ သို့မဟုတ် ရေအေးနဲ့သာ သန့်ရှင်းသင့်ပါတယ်။ မျက်နှာ သစ်ဆေးသုံးမယ်ဆိုရင်လည်း ပါဝင်ပစ္စည်းတွေကို သေချာစစ်ဆေးသင့်ပြီး အယ်ကိုဟော်လ် နဲ့ ဓါတုပစ္စည်း အပြင်းစားတွေပါဝင်တဲ့ မျက်နှာ သစ်ဆေးတွေကို မသုံးသင့်ပါဘူး။
၁၀။ အရေပြား လှပရေး ပစ္စည်းအများအပြားသုံးထားခြင်း။
မျက်နှာသစ်ဆေး အပျော့စားနဲ့ မျက်နှာကို ဆေးကြောပြီးပြီ ဆိုတာနဲ့ အရေပြားရောဂါ အထူးကု တွေကတော့ အလှဆီနဲ့ နေရောင်ကာ ခရင်မ်တွေလောက်ပဲ ထပ်လိမ်းပေးဖို့လိုပါတော့တယ် လို့ဆိုထားပါတယ်။ တစ်ခြားသော အလှကုန်ပစ္စည်းတွေက ဈေးကြီးတဲ့အပြင် တကယ်အကျိုးရှိလား၊ မရှိလားဆိုတာ မသေချာပါဘူး။ Toner တွေကလည်းအရေပြားကို ခြောက်သွေ့၊ ယားယံစေနိုင်ပါတယ်။ ဝက်ခြံအတွက်ဆိုရင်တော့ salicylic acid နဲ့ benzoyl peroxide ပစ္စည်းတွေ ပါတဲ့ ဝက်ခြံပျောက်ဆေးတွေကို တွဲမသုံးပါနဲ့။ ဒီလို တွဲသုံးခြင်းက အရေပြားကို ယားယံစေနိုင်ပါတယ်။ သင့်မျက်နှာပေါ်က ဝက်ခြံတွေက ဆေးဆိုင်က ဆေးတွေနဲ့ မပျောက်ဘူးဆိုရင် အရေပြားဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။
၁၁။ ခန္ဓါကိုယ်ရဲ့ နူးညံတဲ့ အစိတ်အပိုင်းတွေကို ဆပ်ပြာဖြင့်တိုက်ခြင်း။
အမျိုးသမီးအင်္ဂါ နမိတ်ဝ (vulva) နဲ့ မွေးလမ်းကြောင်း (vagina) တို့ဟာ အင်မတန် နူးညံ့တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အနံ့အသက်ထည့်ထားတဲ့ ဆပ်ပြာတွေနဲ့ ပိုးသတ်ဆေးတွေပါဝင်တဲ့ ဆပ်ပြာအပြင်းစားတွေဟာ ထို ဧရိယာ တစ်ဝိုက်ကို ကျန်းမာအောင်ပြုလုပ်ပေးနေတဲ့ ဘတ်တီးရီးယားပမာဏကို လျော့နည်းစေနိုင်ပါတယ်။ ဒီလိုပဲ အမျိုးသမီးအင်္ဂါအတွင်း သန့်ရှင်းရတဲ့ ဆေးရည်တွေ၊ ပိုးသတ်ဆေး ပါဝင်တဲ့ အဝတ်စတွေနဲ့ မွေးလမ်းကြောင်းဆိုင်ရာ ချွေးနံ့ပျောက်ဆေးတွေ လည်း ဘတ်တီးရီးယားပမာဏကို မညီမမျှ ဖြစ်စေနိုင်ပါတယ်။ ထိုဧရိယာ တစ်ဝိုက်ကို သန့်ရှင်းချင်တယ်ဆိုရင် လုပ်ဖို့လိုတာက အနံ့မပါတဲ့ ဆပ်ပြာနဲ့ ထိုဧရိယာ တစ်ဝိုက်ကို ပုံမှန် ဆေးကြောပေးရုံပါပဲ။
၁၂။ အစားအစာပြီးပြီးခြင်း သွားတိုက်ခြင်း။
ကော်ဖီတွေ၊ ဆိုဒါတွေ၊ သစ်သီးဖျော်ရည်တွေထဲမှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်နဲ့ သကြားဓါတ်တွေက သွားရဲ့ အပေါ်ယံ အလွှာ ဖြစ်တဲ့ အီနာမယ်(Enamel) လို့ ခေါ်တဲ့ သွားအပေါ်ယံက ကြွေလွှာပါးကို ပျက်ဆီးစေနိုင်တယ် ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ကော်ဖီတွေ၊ အအေးတွေ၊ အစားအစာတွေ စားပြီးတိုင်း သွား မတိုက်ပါနဲ့။ ဘာကြောင့်လဲဆို အက်ဆစ်ဓါတ်များတဲ့ အရည်တွေ၊ အစားအစာတွေ စားသုံးပြီးတိုင်း သွားတိုက်မယ်ဆိုရင် အားနည်းတဲ့ အီနာမယ်(Enamel) ကြွေလွှာတွေကို ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွားကျန်းမာရေးအတွက် ဂရုစိုက်ချင်တယ်ဆိုရင် ရေနဲ့သာ ပလုတ်ကျင်းပါ။ ဒါမှမဟုတ် အနည်းဆုံး တစ်နာရီခန့်စောင့်ပြီးတော့မှ သွားတိုက်ပါ။ အကောင်းဆုံးကတော့ မစားခင်သွားတိုက်တာက အကောင်းဆုံးပါပဲ။
၁၃။ ဝိုင်သောက်ချိန်မှာ ရေမသောက်ခြင်း။
ဝိုင်နီဟာ သွားကိုအရောင်စွန်းစေနိုင်ပါတယ်။ ဒါပေမဲ့ ဝိုင်ဖြူတွေကလည်း အက်ဆစ်နဲ့ Tannins လို့ခေါ်တဲ့ ရေထဲပျော်ဝင်နိုင်တဲ့ ဓါတုပစ္စည်းပါဝင်ပါတယ်။ ဝိုင်အရက်တွေက သင့်ရဲ့ အီနာမယ်(Enamel) ကြွေလွှာ ကို ပျက်စီးစေပြီး အရောင်စွန်းစေနိုင်ပါတယ်။ အယ်ကိုဟောလ်တွေဟာ ပါးစပ်ကို ခြောက်သွေ့စေပြီး အက်ဆစ်နဲ့ ဘတ်တီးရီးယားတွေ ရှင်းထုတ်ဖို့ အတွက် တံတွေးနည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် သွားတွေ အရောင်စွန်းခြင်းနဲ့ ပျက်စီးခြင်းမှ ကာကွယ်ဖို့ အတွက် သင်ဝိုင်အရက်တွေ သောက်သုံးပြီးတိုင်း ရေနဲ့ ပလုတ်ကျင်းပေးဖို့ လိုအပ်ပါတယ်။
Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။