backup og meta

ဖနောင့်တွေနာနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖနောင့်တွေနာနေပြီလား

    တစ်နေကုန်သွားလာပြီး ညနေနားချိန်များရောက်ပြီဆိုရင် ဖနောင့်တွေထဲက နာလိုက်တာဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာကိုဖြေရှင်းပေးမှာပါနော်။

    ဒါတွေကြောင့် ဖနောင့်နာရတာပါ

    ခြေထောက်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ထိန်းထားရတာပါ။ ဒီတော့ တစ်နေ့တာလှုပ်ရှားလိုက်တိုင်းမှာ အဓိက ဝန်ထမ်းထားရတာပေါ့။ ဒီတော့ သတ်မှတ်ထားတဲ့အခြေအနေထက်ပိုလုပ်ရတဲ့အခါခြေဖနောင့်ကနာလာနိုင်ပါတယ်။

    ဘယ်လိုသက်သာအောင်လုပ်မလဲ

    ဖနောင့်နာတာကို သက်သာစေဖို့ ဒီနည်းလေးတွေက အသုံးဝင်မှာပါနော်။

    အနားယူပါ -ခြေထောက်နာတဲ့အခါ မနိုင်ဝန်ထမ်းတာမျိုး မလုပ်ပါနဲ့။ခြေဖနောင့်လေးကို သက်သောင့်သက်ဖြစ်စေဖို့အတွက် အနားယူပေးပါ။

    ရေနွေးစိမ်ပေးပါ -ရေနွေးနွေးလေးထဲကို ဆားကြမ်းထည့်ပြီးရေနွေးစိမ်ပေးတာကလည်း ဖနောင့်နာတာကို သက်သာစေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးစိမ်ပေးပါနော်။

    ရေခဲကပ်ပေးပါ – ဖနောင့်နာတာကို သက်သာစေမယ့် နောက်ထပ်နည်းလမ်းတစ်ခုကရေခဲဝတ်ကပ်ပေးတာပါ။ရေခဲကို တဘက်စလေးထဲမှာထည့်လို့ ဖနောင့်နာတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်ပေးလိုက်ပါ။ ဖနောင့်နာတာကို သက်သာစေမှာအသေအချာပါ။

    သင့်တော်တဲ့ ဖိနပ်ဝတ်ပေးပါ – ဖိနပ်ကလည်း ဖနောင့်နာတာအပေါ်တော်တော်လေးထိရောက်မှုရှိပါတယ်နော်။ ဒါကြောင့် ဖိနပ်ကိုခြေထောက်နဲ့ အသင့်တော်ဆုံးကိုသေချာရွေးဝယ်ပါနော်။

    ခြေထောက်ကို ညတိုင်း အနားပေးပါ – အိပ်တဲ့အခါခြေထောက်ကို ခပ်မြင့်မြင့်လေးထားအိပ်ပေးပါ။ခြေထောက်ကို ဆန့်ဆန့်လေးထားဖို့လည်း မမေ့ပါနဲ့နော်။ ဒီလိုပုံမှန်လုပ်ပေးတာကခြေထောက်က ကြွက်သားတွေကိုပြေလျော့စေနိုင်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ပါတယ်။ ဒီတော့ ဖနောင့်မနာစေဖို့အတွက် ဒီအချက်လေးတွေနဲ့ ကြိုတင်ကာကွယ်လိုက်ပါ။

    • ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။
    • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပါ။
    • ဖိနပ်အမြင့်တွေမစီးပါနဲ့။
    • ခြေထောက်ကို သက်သောင့်သက်သာဖြစ်စေမယ့် ဖိနပ်မျိုးကိုရွေးပါ။
    • တစ်ချိန်လုံး မတ်တတ်ရပ်တာကိုရှောင်ပါ။
    • ညအိပ်ရာမဝင်ခင်ခြေထောက်ကိုနှိပ်နယ်ပေးပါ။
    • အားကစားမလုပ်ခင်သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့။
    • ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ။
    • ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ မမေ့ပါနဲ့။

    ဒီလိုအခြေအနေဆိုရင် ဆရာဝန်နဲ့ သွားပြပါ

    ဖနောင့်နာတာကို အပေါ်ကပြောခဲ့တဲ့အချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ပေမယ့် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သွားပြဖို့လိုပါမယ်။
    • အနာက မသက်သာဘဲ ပိုပြင်းထန်လာမယ်
    • ရုတ်တရက် စူးစူးဝါးဝါးနာလာမယ်
    • ဖနောင့်ကနီရဲနေမယ်
    • ခြေဖနောင့်မှာရောင်နေမယ်
    • လမ်းလျှောက်လို့ မရအောင်နာနေမယ်ဆိုရင်တော့ အမြန်ဆုံး ဆရာဝန်နဲ့ပြသကြည့်ပြီး ကုသမှုကို ခံယူပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement