backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆေးဝယ်မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆေးဝယ်မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားရမလဲ

ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဒီဆောင်ပုဒ်လေးက တကယ်မှန်တာပါနော်။ လူတိုင်းအတွက် အရေးအကြီးဆုံးက ကျန်းမာဖို့ပါ ခန္ဓာကိုယ်ကျန်းမာမှ အရာရာကို စွမ်းဆောင်နိုင်မှာပါ။ ဒါပေမယ့်လည်း တစ်ခါတလေမှာ နေမကောင်းဖြစ်တာတွေရှိမယ်။ မကျန်းမာတဲ့အချိန်တွေကြုံရလိမ့်မယ်။ အဲဒီအချိန်ဆို ဆေးဝါးတွေဝယ်ယူသုံးစွဲဖို့လိုအပ်လိမ့်မယ်။ ဆေးဝါးဝယ်ယူတဲ့အခါမှာ ဆေးဖြစ်ရင်ပြီးရောဆိုပြီး ဝယ်လို့မရဘူး။ သတိထားသင့်တဲ့အချက်ကလေးတွေရှိတယ်။ ဒီဆောင်းပါးထဲမှာ ဆေးဝယ်တဲ့အခါ ဘာတွေကိုသတိထားသင့်လဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာပါ။

ဈေးကွက်ထဲက ဆေးဝါးတုတွေရဲ့ အန္တရာယ်

မကျန်းမာလို့ ဆေးသောက်ပါမယ်ဆိုမှ ဆေးက အတု၊ အရည်အသွေးမမီဘူးဆိုရင် ဆေးသောက်လို့ နေကောင်းမလာတဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေပါခံစားရနိုင်ပါသးတယ်နော်။ ဆေးတော့သောက်တာပဲ သက်သာမလာဘူး၊ ဆေးသောက်လိုက်မှာ အချို့သောကိုယ်တွင်းအစိတ်အပိုင်းတွေ ထိခိုက်သွားတယ်၊ လူကတစ်နေ့တခြားဆေးဒဏ်ကြောင့်လားမသိ နေရထိုင်ရမကောင်းဘူးဆိုတာတွေက ဆေးဝါးတုတွေရဲ့ ဆိုးကျိုးတွေကို ခံစားနေရတာပေါ့။ ဒီပြဿနာကို အများဆုံးကြုံရတာက မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ။

ဆေးဝါးဝယ်ယူတဲ့အခါ ဒီအချက်တွေကို သတိထားပါ

ဆေးဝါးအတုတွေ စိတ်မချရတဲ့ဆေးဝါးတွေရဲ့ အန္တရာယ်မကြုံတွေ့ရဘဲ အနာနဲ့ဆေးတွေ့ဖို့က အရည်အသွေးကစလို့ အစစအရာရာ စိတ်ချရတဲ့ ဆေးတွေကို ဝယ်ယူနိုင်မှ ဖြစ်မှာပါ။ ဒီတော့ ဆရာဝန်ကညွှန်းလို့ဖြစ်ဖြစ် ကိုယ်တိုင်က လိုအပ်လို့ဖြစ်ဖြစ် ဆေးဝါးတွေဝယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးပါနော်။

  • အရည်အသွေးအာမခံချက်ရှိတာကိုရွေးပါ။
  • စိတ်ချရတဲ့ ဆိုင်ကနေဝယ်ယူပါ။
  • တတ်ကျွမ်းနားလည်သူတွေနဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ ဆိုင်မျိုးကိုရွေးချယ်ပါ။
  • ဆေးရဲ့ သက်တမ်းကို စစ်ဆေးပါ။
  • ကျန်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရရှိထားသလားဆိုတာကို စစ်ဆေးဖို့လည်း မမေ့ပါနဲ့။

ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ပဲဆိုတော့ ကျန်းမာရေးကောင်းစေဖို့ မှီဝဲရတဲ့ ဆေးဝါးတွေကို အရည်အသွေးပြည့်မီပြီး စိတ်ချရတဲ့နေရာကနေ ဝယ်ယူဖို့ တာဝန်အရှိဆုံးကလည်း အထွေအထူးပြောနေစရာမလိုအောင် ကိုယ်တိုင်ပါပဲနော်။ ဒီတော့ အရည်အသွေးပြည့်မီပြီး ခွင့်ပြုချက်ရထားတဲ့ ဆေးဝါးတွေရဲ့ စောင့်ရှောက်မှုနဲ့ ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ အကြံပြုပါရစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement