ပရိုတင်းက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ……….
အသားဓာတ်လို့ သိထားကြတဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်က တစ်ရှူးတွေကို ဖြစ်ပေါ်စေဖို့ နဲ့ ပြုပြင်ပေးရာမှာ အရေးပါပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်မခံရအောင် ကာကွယ်ပေးတဲ့နေရာမှာလည်း အဓိက ပံ့ပိုးပေးတဲ့ အာဟာရဓာတ်ပါ။
ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ဆံပင်တွေ၊ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေနဲ့ လက်သည်းခြေသည်းတွေကို ပရိုတင်းနဲ့ ဖွဲ့စည်းထားတာပါ။ ပရိုတင်းကို တစ်ရှူးတွေ ထိခိုက်ပျက်စီးသွားတဲ့အခါ ပြုပြင်ရာမှာ အသုံးပြုသလို အင်ဇိုင်းတွေ၊ ဟော်မုန်းတွေ နဲ့ ခန္ဓာကိုယ်က အခြားဓာတုပစ္စည်းတွေဖြစ်ပေါ်စေဖို့လည်း ပရိုတင်းကိုပဲ သုံးပါတယ်။
ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ နှလုံး ကျန်းမာရေးကစလို့ ခန္ဓာကိုယ်တစ်ခုလုံးကြီးထွားဖွံ့ဖြိုးဖို့လည်း တာဝန်ယူ ပေးပါသေးတယ်။ ခန္ဓာကိုယ်မှ စီးဆင်းနေတဲ့ သွေးတွေ၊ အရိုး နဲ့ ကြွက်သား၊ အရေပြား နဲ့ အရိုးနုလေးတွေ ဖြစ်ပေါ်စေဖို့လည်း ပရိုတင်းက အားဖြည့်ပေးထားပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။