သုတေသနအချို့အရ ဘက်တီးရီးယားပိုးမွှားအချို့ဟာ သူတို့အတွက် သင့်တော်တဲ့ အပူချိန်နဲ့ အာဟာရရှိရင် မိနစ်နှစ်ဆယ်ကို တကြိမ် ပွားများနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရောဂါတချို့ဟာ ကူးစက်ခံရပြီးချိန်မှာ မြန်မြန်ဆန်ဆန်ပဲ လက္ခဏာပြလာခြင်း ဖြစ်ပါတယ်။ အမှန်တကယ်တော့ လူသားတို့နေထိုင်ရာ အိမ်ဂေဟာအတွင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ပွားဖို့ သင့်တော်တဲ့နေရာတွေ အများအပြားရှိပါတယ်။