အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပလတ်စတစ်ဟာ ဘာ‌ကြောင့် အန္တရာယ်ရှိတာလဲ

ပလတ်စတစ်တွေရဲ့ သက်တမ်းဟာ အလွန်ကြာရှည်ပါတယ်။    ။ လူသားတွေသုံးစွဲနေကြတဲ့ ပလတ်စတစ်တွေ ပျက်စီးဖို့ နှစ်ပေါင်းများစွာကြာပါတယ်။ (၃၃) ရာခိုင်နှုန်းသော ပလတ်စတစ်အသုံးအဆောင်တွေ (ဥပမာ-ရေသန့်ဘူး၊ ပလတ်စတစ်အိတ်နဲ့ ပိုက် စတဲ့ အရာတွေ)ကို တစ်ခါသုံးပြီးတာနဲ့ လွှင့်ပစ်လိုက်ကြပါတယ်။ ပလတ်စတစ်ဟာ သဘာဝအတိုင်း ပျက်စီးဖို့ရန် အလွန့်အလွန်ကြာပါတယ်။ ပြိုကွဲပျက်စီးခဲ့သည့်တိုင် ပလတ်စတစ်ဒြပ်ပေါင်း အပိုင်းအစလေးတွေအဖြစ် ကျန်ရှိနေဦးမှာပါ။ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။    ။ ပလတ်စတစ်အသုံးအဆောင်တွေက နေထွက်လာတဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေကိုလူတွေရဲ့ သွေးကြောနဲ့ တစ်ရှူးတွေမှာ စမ်းသပ်တွေ့ရှိနိုင်ပါတယ်။ ပလတ်စတစ်ရေသန့်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ပူလောင်နေတဲ့ စားစရာတွေကို သယ်ဆောင်တဲ့ အခါမှာ ပလတ်စတစ်က စိမ့်ထွက်လာတဲ့ဓာတုပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပါတယ်။ ဒီလိုအဆိပ်အတောက်တွေကြောင့် ကင်ဆာရောဂါ၊ မွေးရာပါချို့တဲ့မှုတွေ၊ ကိုယ်လက်အင်္ဂါမစုံမှုတွေ၊ ကိုယ်ခံအားကျဆင်းမှုတွေ၊ ဟော်မုန်းဆိုင်ရာပျက်စီးမှုတွေနဲ့ အစာလမ်းကြောင်းတလျှောက် ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ရေအောက်ရေအရင်းအမြစ်ကိုပျက်စီးစေပါတယ်။     ။ မြောင်းတွေကတစ်ဆင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပြင်းထန်ဆိုးရွားတဲ့ ရောဂါပိုးတွေရန်ကနေ ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း

ရောဂါပိုးတွေ ရန်ကနေ ဘယ်လိုကာကွယ်မလဲ? ဒီမေးခွန်းကို လူတိုင်း ဖြေတတ်မှာပဲပေါ့။ ကိုယ်ခံအား ကောင်းအောင် နေပါလို့လေ။ဒါပေမယ့် အဲဒီ ကိုယ်ခံအားကောင်းအောင် ဘာလုပ်ရမှာလဲ ရော သေချာသိကြပြီးပြီလား။ ကိုယ်ခံအားကောင်းစေဖို့ ဂရုစိုက်ပေးရမယ့် အချက်တွေ ရှိနေပါတယ်နော်။ ဒါတွေကို မမေ့မလျော့ ထိန်းသိမ်းမှသာ ကိုယ်ခံအားစနစ် ကျန်းမာပြီး ရောဂါပိုးတွေကို ခုခံနိုင်မှာပါ။ ဘယ်အချက်တွေလဲ ဆိုတာ ဆက်ပြီး ကြည့်ရအောင်… (၁) လက်ကို စင်ကြယ်အောင် ဆေးပါ။ လက်ကို ရေဆွတ်ရုံဆေးတာမျိုး မဟုတ်ဘဲ ဆပ်ပြာနဲ့ သေချာသန့်စင်ပြီး ဆေးကြောသင့်ပါတယ်။ လက်ကို လက်ဖဝါးအပြင် လက်ချောင်းကြား၊ လက်သည်း၊ လက်ဖနောင့်၊ လက်ကောက်ဝတ်အထိ ဆပ်ပြာနဲ့ စက္ကန့် ၂၀ လောက်ကြာအောင် သေချာပွတ်တိုက်ပြီး ဆေးကြောပါ။ ဒါမှမဟုတ် လက်သန့်ဆေးရည်နဲ့ အထက်ပါအတိုင်း ပွတ်သပ်သန့်စင်ပါ။ အစာမစားခင်၊ အစားအသောက်တွေကို မကိုင်တွယ်ခင် လက်ဆေးပါ။ အိမ်သာက ထွက်ရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သေဆုံးပြီးနောက်မိမိ၏ခန္ဓာကိုယ် အစိတ်အပိုင်း များအားလှူဒါန်းခြင်း

သင်သေသွားပြီးတဲ့အခါမှာ သင့်အတွက် အသုံးမဝင်တော့မယ့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက အခြားအသက်ပေါင်းများစွာနဲ့ ဘဝတွေကို အကျိုးပြုနိုင်တယ်ဆိုတာ သိပါသလား။ အဲ့ဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို လိုအပ်တဲ့ သူတွေဆီကို လှူဒါန်းခြင်းက အရမ်းကို အကျိုးရှိပြီး မွန်မြတ်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလှူဒါန်းမှူမျိုးနဲ့ ပတ်သတ်ပြီး တစ်ချို့ သိချင်တာလေးတွေ ရှိနေတဲ့အခါ၊ ဘယ်လိုတွေဆောင်ရွက်တယ် ဆိုတာမျိုးကို အကျွမ်းတဝင်မရှိတဲ့အခါ လှူဖို့ နှောင့်နှေးနေကြတာလေးတွေ ရှိကြပါတယ်။ ဒါ့ကြောင့်လည်း ကျွန်မ ဒီဆောင်ပါးလေးကိုရေးဖို့ စဉ်းစားမိတာပါ။ ဒါ့အပြင် ဒီသေဆုံးပြီးခန္ဓာကိုယ်လှူဒါန်းခြင်းက ဘယ်လိုတွေအကျိုးပြုနိုင်တယ်ဆိုတာလေးကို ပိုပြီး လေးလေးနက်နက် သတိထားမိအောင်လည်း ရည်ရွယ်ပါတယ်။ (၁) ပထမဦးဆုံးအနေနဲ့ ဘယ်အစိတ်အပိုင်းတွေကို လှူလို့ရလဲပေါ့။ ခန္ဓာကိုယ်တစ်ခုလုံး (သို့) ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမဆို ဥပမာ- ကိုယ်တွင်းကလီစာ ( နှလုံး၊ ကျောက်ကပ်၊ […]


ရောဂါလက္ခဏာများ

အမြဲတမ်းမောပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းများ

ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ လူသားတို့ နေ့စဉ်ဘဝမှာ ကြုံရမယ့်အရာပဲ ဖြစ်ပါတယ်။ ရောဂါဝေဒနာ ဒါမှမဟုတ် ရုန်းကန်လှုပ်ရှားမှုများလို့ ပင်ပန်းနွမ်းနယ်ရတာ ရှိသလို တခါတရံမှာ အကြောင်းအရင်းမယ်မယ်ရရ မရှိဘဲလည်း ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ များသောအားဖြင့် နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပါတယ်။ အခုဆောင်းပါးမှာ ဖော်ပြမယ့်အချက်တွေကတော့ သင့်အနေနဲ့ ဘယ်လိုကိစ္စတွေကြောင့် မောပန်းနွမ်းနယ်နေရသလဲဆိုတာနဲ့ အဆိုပါအချက်တွေကို ဘယ်လိုဖြေရှင်းနိုင်သလဲ ဆိုတာပါပဲ။ ၁။ စားကောင်းအောင် လွန်ကဲစွာ ပြင်ဆင်ထားသော ကာဘိုဟိုက်ဒရိတ်များ အများအပြား စားသုံးခြင်း ကာဘိုဟိုက်ဒရိတ်ဟာ စွမ်းအင်ကို လျင်မြန်စွာ ရရှိနိုင်တဲ့ ရင်းမြစ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ သကြားအဖြစ်ကို ဖြိုခွဲပေးလိုက်ပြီး လောင်စာအနေနဲ့ သုံးပါတယ်။ ဒါပေမယ့် အဆင့်ဆင့်ပြပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ သကြားကို များများစားမိရင် သွေးတွင်းသကြားဓာတ် တက်လာပါတယ်။ အဲဒီအခါ မုန့်ချိုအိတ်ကနေ အင်ဆူလင်ကို ထွက်လာစေပြီး သကြားဓာတ်နည်းအောင် ပြုလုပ်ပါတယ်။ သကြားဓာတ်ကို မြင့်တက်စေပြီး ရုတ်တရက်ပြန်လည်ကျစေခြင်းဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အားလပ်ရက်ရှည် ကာလအတွင်း ဘယ်လိုနေမလဲ

အားလပ်ရက်ရှည် ကြုံလာရင် ဘာတွေလုပ်ရမလဲ စဉ်းစားပြီး စီစဉ်ရတာဟာ အချိန်ပေးသင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ခရီးသွားခြင်း၊ စာဖတ်ခြင်း၊ အပင်စိုက်ခြင်း စသဖြင့် မိမိအားသန်ရာအလိုက် လုပ်ကိုင်ချင်တာတွေကို အစီအစဉ်ဆွဲထားသင့်ပါတယ်။ အကြောင်းကတော့ မိမိကျင်လည်ရာ လုပ်ငန်းခွင်ကနေ ခေတ္တအနားရတဲ့ အခိုက်အတန့်မှာ အချိန်ကို ကျေနပ်နှစ်သိမ့်ဖွယ် ကုန်ဆုံးနိုင်စေဖို့ ဖြစ်ပါတယ်။ အားလပ်ရက်ရှည် ကာလအတွင်း ဘယ်လိုနေမလဲ အောက်ပါနည်းလမ်း ၉ ချက်ကတော့ သင့်ရဲ့အားလပ်ရက်တွေကို ပိုပြီးထူးခြားအောင် ဆောင်ရွက်စေနိုင်မယ့် နည်းလမ်းများပဲ ဖြစ်ပါတယ်။ ၁။ ရေများများသောက်ပါ ရေများများသောက်ခြင်းဟာ ရိုးရှင်းလှတဲ့နည်းလမ်းဖြစ်ပေမယ့် သင့်ကို စွမ်းအင်ပြည့်ဝစေပြီး ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှုတွေကို ပုံမှန်ထိန်းညှိပေးထားနိုင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ပူပြင်းတဲ့ နွေရာသီမှာ ဖြစ်ပါတယ်။ ကောင်းတာကတော့ မနက်စောစောမှာ ရေနှစ်ဖန်ခွက်လောက် သောက်သင့်ပါတယ်။ နေ့လယ်စာစားချိန်မှာ နှစ်ခွက်၊ ညစာစားချိန်မှာလည်း နှစ်ခွက် စသဖြင့် အသီးသီးသောက်သုံးသင့်ပါတယ်။ တနေ့တာမှာ […]


ရောဂါလက္ခဏာများ

ရေဓာတ်ခမ်းခြောက်ခြင်း

သင်သောက်သုံးတဲ့ အရည်ပမာဏထက် ကိုယ်ခန္ဓာကနေ ဆုံးရှုံးတဲ့ ပမာဏက ပိုများနေရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ချွေးအလွန်အမင်းထွက်ခြင်း အန်ခြင်း ဝမ်းပျက်ဝမ်းလျှောခြင်း စတာတွေ ဖြစ်ပါတယ်။ သုတေသနများအရ လူသားတို့အတွက် တနေ့တာ ရေလိုအပ်ချက်ဟာ အမျိုးသမီးများအတွက် ၉၂ အောင်စ (၁၁.၅ ခွက်) ဖြစ်ပြီး အမျိုးသားများအတွက် ၁၂၄ အောင်စ (၁၅.၅ ခွက်) ဖြစ်ပါတယ်။ ဒါက တဦးချင်းပေါ်လည်း မူတည်ပါတယ်။ ဥပမာ အားကစားသမားများနဲ့ သာမန်လူနဲ့ လိုအပ်ချက်မတူပါဘူး။ အပူပိုင်းဒေသကလူတွေအနေနဲ့လည်း အအေးပိုင်းထက် ရေကို ပိုမိုလိုအပ်ပါတယ်။ ကိုယ်ခန္ဓာထဲကနေ ရေအများအပြား ဆုံးရှုံးသွားပြီးတဲ့အခါ ဆဲလ်များ၊ တစ်သျှူးများဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘဲ နောက်ဆက်တွဲပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကို အချိန်မီ မဖြည့်တင်းနိုင်ရင် သွေးလန့်ခြင်းထိ ဖြစ်နိုင်ပါတယ်။ သိပ်ပြီးမပြင်းထန်တဲ့ […]


အခြေခံကျန်းမာရေး

ဆိုဒီယမ်နိုက်ထရိတ်ဟာ ကျန်းမာရေးကို ထိခိုက်စေသလား

ယနေ့အခါမှာ လူသားတို့အနေနဲ့ တနေ့တာအချိန်ရှားပါးလာပြီး အစားအစာများကို လတ်လတ်ဆတ်ဆတ် ပြင်ဆင်ချက်ပြုတ်နိုင်တာ နည်းလာပါတယ်။ အသင့်စားစရာတွေ၊ ရေရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ စားစရာတွေ လူသုံးများလာပြီး တာရှည်ခံဖို့ထည့်သွင်းတဲ့ ဆေးဝါးများလည်း သုံးစွဲလာကြပါတယ်။ အစားအစာများကို ပြင်ဆင်ထုတ်ပိုးရာမှာ တာရှည်ခံဖို့အတွက် ဆိုဒီယမ်နိုက်ထရိတ်ကို အသုံးပြုကြပါတယ်။ ဆိုဒီယမ်နိုက်ထရိတ်ဟာ ဆားတမျိုးဖြစ်ပြီး ဝက်ပေါင်ခြောက်၊ အမဲခြောက်၊ ဝက်အူချောင်း၊ ငါးကြပ်တိုက် စတဲ့ အစားအစာတွေကို ပြုလုပ်ရာမှာ တာရှည်ခံအောင် ထည့်သွင်းပါတယ်။ ထူးခြားတဲ့ အနံ့အရသာတမျိုးရှိပြီး ပိုးမွှားများကိုသေစေတဲ့ သတ္တိရှိပါတယ်။ ဆိုဒီယမ်နိုက်ထရိတ်ကို အပင်များနဲ့ သောက်သုံးရေတချို့မှာ တွေ့နိုင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်ဟာ မြေလွှာထဲမှာ ဆိုဒီယမ်နိုင်ထရိတ်အနေနဲ့ ပြောင်းလဲပြီး အပင်တွေ ကြီးထွားစေဖို့ အထောက်အကူ ပြုပါတယ်။ အပင်များဟာ ဆိုဒီယမ်နိုက်ထရိတ်ကို မြေကြီးထဲကနေ စုပ်ယူပါတယ်။ ဆိုဒီယမ်နိုက်ထရိတ်များတဲ့ အသီးအရွက်တွေကတော့ ဟင်းနုနွယ်၊ မုန်လာဥ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ် […]


အခြေခံကျန်းမာရေး

သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ

သုတေသနအချို့အရ ဘက်တီးရီးယားပိုးမွှားအချို့ဟာ သူတို့အတွက် သင့်တော်တဲ့ အပူချိန်နဲ့ အာဟာရရှိရင် မိနစ်နှစ်ဆယ်ကို တကြိမ် ပွားများနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရောဂါတချို့ဟာ ကူးစက်ခံရပြီးချိန်မှာ မြန်မြန်ဆန်ဆန်ပဲ လက္ခဏာပြလာခြင်း ဖြစ်ပါတယ်။ အမှန်တကယ်တော့ လူသားတို့နေထိုင်ရာ အိမ်ဂေဟာအတွင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ပွားဖို့ သင့်တော်တဲ့နေရာတွေ အများအပြားရှိပါတယ်။ နေအိမ်တွေမှာ ပေါက်ပွားတတ်တဲ့ ရောဂါပိုးတွေကတော့ • Staphylococcus aureus သို့မဟုတ် staph ရောဂါပိုး • မှို • Salmonella ရောဂါပိုး • E. coli ရောဂါပိုး စတာတွေ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးတွေ ဘယ်လိုပျံ့တတ်သလဲ ပိုးမွှားတွေဟာ လူတဦးဆီကနေ တဦးကို တိုက်ရိုက်ဖြစ်စေ၊ လူတဥိးဆီကနေ အရာဝတ္တုတခုခုရဲ့ မျက်နှာပြင်ကို တဆင့်ခံကိုင်တွယ်မိရာကဖြစ်စေ ကူးစက်နိုင်ပါတယ်။ တဆင့်ခံ ကူးစက်စေတတ်တဲ့ အရာဝတ္တုများ၊ နေရာများကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ မီးဖိုခန်း အစားအစာတွေကို သိုလှောင်ရာ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခန္ဓာကိုယ်အပေါ် ကဖိန်းရဲ့ သက်ရောက်မှု

များသောအားဖြင့် လူသားများရဲ့ တနေ့တာ စအဖွင့်မှာ ကော်ဖီဟာ မပါမဖြစ်ပါကြပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ် အဓိက ပါဝင်ပြီး သောက်သုံးသူများကို တက်ကြွလန်းဆန်းစေတဲ့ အာနိသင်ရှိပါတယ်။ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်စေတဲ့ အာနိသင်ရှိပြီး ကိုယ်ခန္ဓာအပေါ် သက်ရောက်စေတဲ့ တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ ကဖိန်းမှာ သူ့ချည်းသက်သက်ဆိုရင် အာဟာရတန်ဖိုး မရှိပါဘူး။ ဒါပေမယ့် ပမာဏနည်းနည်းပါဝင်ရုံနဲ့ သင့်ကို စွမ်းအင်ပြည့်ဝစေပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကဖိန်းများများ သောက်သုံးမိရင် မသောက်ရမနေနိုင်ဖြစ်သလို ကြုံလာရပါတယ်။ သုတေသနလေ့လာချက်များအရ အရွယ်ရောက်ပြီး ကျန်းမာသူတယောက်ဟာ တနေ့ကို ကဖိန်း ၄၀၀ မီလီဂရမ်ထိ ဘေးကင်းစိတ်ချစွာ သောက်သုံးနိုင်ပါတယ်။ ပုံမှန် ကော်ဖီတခွက်ဆိုရင် ၈အောင်စ ပါဝင်ပါတယ်။ သင်ဟာ ကော်ဖီကို နေ့တိုင်းသောက်သွားမယ်ဆိုရင် သင့်ကိုယ်ခန္ဓာဟာ ကဖိန်းဓာတ်ကို ယဉ်ပါးသွားပါပြီ။ အသက်အရွယ်၊ ကိုယ်ခန္ဓာအချိုးအဆ၊ တကိုယ်ရေကျန်းမာရေး စတာတွေပေါ်မူတည်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ

ဗီတာမင်ဒီ လွန်ကဲရင် ဘာတွေဖြစ်မလဲ ..... ဗီတာမင်ဒီဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးလှပါတယ်။ ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပုံမှန်လည်ပတ်နိုင်စေဖို့် မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် အရိုးများ သန်မာကြီးထွားဖို့ လိုအပ်ပါတယ်။ အရိုးများဖွဲ့စည်းရာမှာ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူပေးပါတယ်။ ကိုယ်ခံအားမြှင့်တင်ခြင်း၊ အရိုး ကြွက်သားများနဲ့ နှလုံး ကျန်းမာရေးကို မြှင့်တင်ခြင်း စတဲ့နေရာတွေမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ဗီတာမင်ဒီ အလွန်အမင်း များပြားသွားရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဗီတာမင်ဒီ လွန်ကဲတဲ့အခါ ဖြစ်ပေါ်လာနိုင်မယ့် ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဗီတာမင်ဒီကိုမှာ D2 ဆိုပြီး D3 ဆိုပြီး ခွဲခြားနိုင်ပါသေးတယ်။ D3 ကို နေရောင်ခြည်နဲ့ အသားစားရာကနေ ရနိုင်ပြီး D2 ကိုတော့ အပင်တွေမှာ ဖွဲ့စည်းတာပါတယ်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း