ချွေးထွက်တယ်ဆိုတာက ပုံမှန်အားဖြင့်ဆိုရင် သိပ်ပြီး စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ဆိုရမလားပဲ။ ပူပြင်းခြောက်သွေ့တဲ့ အချိန်တွေမှာ ချွေးထွက်တတ်သလို၊ လှုပ်လှုပ်ရှားရှား ကိုယ်ကာယလှုပ်ရှားမှုတွေ လုပ်ပြီးချိန်တွေမှာ၊ ပင်ပန်းတဲ့ အခြေအနေတွေမှာလည်း ချွေးတရွှဲရွှဲဖြစ်နေတတ်ပါတယ်။